======

ေယာကၤ်ားေလးတိုင္းကို ဆင္ျခင္ႏိုင္ေစဖို႔ ေမာင္ နဲ႔ မ ဇာတ္လမ္း

“ခဏပါကြာ…. ဆယ္မိနစ္.. ဆယ္မိနစ္..ပဲ...” ” ေမာင္ကလဲကြာ .... ေန႔စဥ္လုပ္ေနၾကအစီအစဥ္တို႔အတိုင္း မနက္ ငါးနာရီခြဲတြင္ ထကာ ေမာင္အတြက္ နံနက္စာကို ျပင္ဆင္ထားသည္။ ေန႔လည္စာ အတြက္ ထမင္းဘူးထည့္ရန္ ထမင္းအိုးကို ခလုတ္ ႏွိပ္ထားလိုက္သည္။ မေန႔ ညေနက ခ်က္ကာ ေရခဲေသတၱာထဲ ထည့္ထားေသာ ၾကက္သားဟင္းကို မိုက္က႐ိုေဝ့(ဖ္) လွ်ပ္စစ္ မီးဖိုထဲသို႔ ထည့္လိုက္သည္။ ခလုတ္ကို ႏိွပ္ထားလိုက္သည္။ ေျခာက္နာရီတြင္ေမာင့္ကို အနမ္းဖြဖြေလးျဖင့္ ႏိုးထေစသည္။ ေမာင္က အိပ္ေနလွ်င္ စူစူေလး ျဖစ္ေနေသာ ႏႈတ္ခမ္းေလးကိုမ်က္ႏွာသစ္ၿပီးစ ကြ်န္မပါးေလးႏွင့္ ထိကပ္လိုက္ေသာ အခါတြင္..” မ.. ေျခာက္နာရီ ထိုးၿပီလားကြာ…အိပ္ေရး မဝေသးဘူးကြာ…” “ထိုးေနၿပီ.. ထေတာ့ဆရာ… အလုပ္ေနာက္က် ေနအံုးမယ္…” “ခဏကြာ…. ဆယ္မိနစ္.. ဆယ္မိနစ္..” ” ေမာင္ကလဲကြာ မနက္ျဖန္ စေနပဲ ေရာက္ေတာ့မယ္.. စေန၊ တနဂၤေႏြမွ ဝေအာင္ အိပ္ေနာ္” ကြ်န္မ အတင္းႏႈိးေသာ အခါမွ ေမာင္သည္ သူ႔ခႏၶာကိုယ္ တစ္ခုလံုးကို ဆန္႔တန္းကာ ဝါးခနဲ တစ္ခ်က္ သမ္းလိုက္ျပန္သည္။

ကြ်န္မက လက္ႏွစ္ဖက္ကို တန္းကာ ေပးလိုက္ေတာ့ ကေလးငယ္တစ္ေယာက္လို ေပကပ္ကပ္ လုပ္ေနျပန္သည္။ ေနာက္ေတာ့ ႐ုတ္တရက္ ထထိုင္ကာ “ေမာင္ မ်က္ႏွာသစ္ ေရခ်ိဳးေတာ့မယ္..မ မီးဖိုမွာ လုပ္စရာရိွစရာ သြားလုပ္ေတာ့” ဆိုကာ ကြ်န္မ နဖူးေလးကို သူ႔ႏႈတ္ခမ္းျဖင့္ ထိကပ္ကာ နမ္းလိုက္သည္။ ကြ်န္မလည္း အိပ္ခန္းမွ ထြက္ကာ ေမာင့္ ေနလည္စာ ထမင္းဘူးကို ျပင္ဆင္ရသည္။ ထမင္းအိုးထဲမွ ထမင္းကို ဘူးထဲသို႔ ထည့္ကာ အေငြ႕ သတ္ေစလိုက္သည္။ အေငြ႕ကုန္ကာမွ ေႏြးထားသည့္ ၾကက္သားဟင္းကို ထည့္လိုက္သည္။ ထို႔ေနာက္ျပင္ဆင္ထားေသာ ေပါင္မုန္႔ ၾကက္ဥေၾကာ္ ႏွင့္ ေကာ္ဖီကို ထမင္းစား စားပြဲေပၚသို႔ တင္ထားလိုက္သည္။ ေမာင္ကေရခ်ိဳးၿပီးစ တဘက္တစ္ထည္ကို ခါးမွာပတ္ တဘက္တစ္ထည္ကို ေခါင္းမွာသုတ္ကာ ထမင္းစားခန္းသို႔ဝင္လာသည္။ “အဲဒါေတြေၾကာင့္မိန္းမကို ခ်စ္ေနရတာ” ဆိုၿပီး ပါးျပင္ေပၚသို႔ အနမ္းတင္ ျပန္သည္…”ကဲ ျမန္ျမန္လုပ္ အဘ တံုးလံုးႀကီးနဲ႕ အေအးပတ္ေနအံုးမယ္” “မ..ေရာ မစားဘူးလား…” “ခုနက ေပါင္မုန္႔ တစ္ခ်ပ္ ျမည္းရင္းနဲ႔ စားထားတယ္ေမာင္ ၊ ေမာင္ ယူနီေဖာင္း သြားထုတ္လိုက္ အံုးမယ္၊ စားၿပီး အကၤ်ီျမန္ျမန္ဝတ္ၿပီး သြားေတာ့ေနာ္..ဘတ္(စ္)ကား ကလည္း ေစာင့္ရဦးမွာနဲ႔ ျမန္ျမန္စား..” ဟုေျပာကာ ေမာင့္အတြက္ အကၤ်ီကို ဘီ႐ိုတြင္းမွ ထုတ္ရန္ အိပ္ခန္းတြင္းသို႔ ဝင္လိုက္သည္။ “မကေလ.. အဖြားႀကီးေပါက္စနဲ႔ ေတာ္ေတာ္တူတာပဲ… ပြစိပြစိနဲ႔ ေျပာတယ္…ဟဲ..” ဟု ထမင္းစားခန္းမွ ေအာ္ေျပာေလသည္။ “ေအာင္မယ္…အခုေတာ့ အဖြားႀကီးေပါက္စလို႔ ေျပာၿပီေပါ့ေလ.. အရင္က ဒီေလသံမ်ိဳး မဟုတ္ပါဘူးေနာ္..” ဟု အသံကိုထိန္းကာ ေျပာလိုက္ေသာ္လည္း ေမာင္က ကြ်န္မ စိတ္မေကာင္း ျဖစ္သြားသည္ကို သိသည္။ ေပါင္မုန္႔ ၾကက္ဥေၾကာ္ကို ပလုတ္ပေလာင္း စားၿပီး ေကာ္ဖီခြက္ကို ကိုင္ကာ အိပ္ခန္းတြင္းသို႔ ဝင္လာေလသည္။ “မ..ကလည္းကြာ.. စတဲ့ဟာကို.. ေမာင္စတတ္တာကို သိသားနဲ႔ကြာ.. စိတ္မေကာင္း မျဖစ္နဲ႔ေနာ္..” “ရပါတယ္ ေမာင္ရယ္.. မ .. သိပါတယ္…ေကာ္ဖီကုန္ေအာင္ေသာက္.. ခြက္ေပး..ေနာက္ၿပီး အကၤ်ီ လဲေတာ့ေနာ္.. ” “အင္း.. ေရာ့..” လက္က်န္ ေကာ္ဖီကို ေမာ့ေသာက္လိုက္ကာ ခြက္အား ကြ်န္မကို ေပးလိုက္သည္။ ေကာ္ဖီခြက္ကို မွန္တင္ခုံေပၚတြင္ တင္ကာ ေမာင္ အကၤ်ီလဲေနသည္ကို ကြ်န္မ အိပ္ရာေပၚမွ ထိုင္ကာ ၾကည့္ေနသည္။ ကြ်န္မ၏ ေမာင္သည္ အေတာ္ၾကည့္၍ ေကာင္းသည္။ ခ်စ္ေသာမ်က္စိႏွင့္ ၾကည့္လို႔ေတာ့ မဟုတ္ပါ။ ေမာင့္တြင္ စူးရွရွ မ်က္ဝန္းတစ္စံု ရိွသည္။ ေယာက်္ားပီသေသာ ေမး႐ိုးကားကား ရွိသည္။ စြဲေဆာင္မႈရိွေသာ ပုရိသကိုယ္လံုး ရိွသည္။ ကြ်န္မ ခိုဝင္လိုက္ေသာ အခါတိုင္း အရာရာကို ရင္ဆိုင္ရဲသည့္ ခြန္အားတို႔ကို ရရိွေစေသာ ရင္ခြင္တစ္ခုႏွင့္ လက္ေမာင္း တစ္စံုတို႔ကို ေမာင္ ပိုင္ဆိုင္ေလသည္။ စကားေျပာတိုင္း အသက္ပါေအာင္ ၿပံဳးတတ္ေသာ ႏႈတ္ခမ္းတစ္စံု ရွိသည္။ “ေဟ.. ေဘာင္းဘီ ဝတ္မလို႔ အျပင္ထြက္ေပးမလား…” “မထြက္ေပးေပါင္… ကိုယ့္ေယာက္်ား အဝတ္လဲတာ မၾကည့္ရဘူးလို႔ ဘယ္တရား ဥပေဒမွာမွ မရွိဘူး..” “မ .. ကေတာ့ လုပ္ၿပီ.. အဲဒါဆိုလဲ ပုဆိုးအရင္ဝတ္ၿပီးမွ လဲတာေပါ့..” ပုဆိုးစကို ပါးစပ္ႏွင့္ကိုက္ကာ ေမာင္က ေဘာင္းဘီကို ဝတ္ေလသည္။ မ်က္ဝန္းတို႔၌ ရႊန္းလဲ့ေသာ အခ်စ္တို႔ျဖင့္ ထံုမႊမ္းေနသည္။ “ေမာင္ရယ္.. အရမ္းခ်စ္လိုက္တာ…” ” အင္း… ေမာင္လည္း အတူတူပါပဲ.. ခ်စ္တယ္..ကဲ.. ၿပီးၿပီ.. သြားေတာ့မယ္.. ညေန ျပန္လာမွ အဲဒီ ခ်စ္တဲ့အေၾကာင္း ေသခ်ာေျပာမယ္” “ေမာင္.. ေနာ္.. ” အဲဒီလို ၿပီတီတီႏွင့္ ေမာင္ စလွ်င္ ကြ်န္မ ရွက္သည္။ ေမာင့္ကို ကားမွတ္တိုင္အထိ လိုက္ပို႔ကာ ဘတ္စ္ကားကို အတူတူ ေစာင့္သည္။ ကားေရာက္လာေသာ အခါတြင္ ေမာင္ကကြ်န္မ နဖူးကို တစ္ခ်က္နမ္းၿပီး ႏႈတ္ဆက္ကာ ကားေပၚ တက္သြားေလၿပီ..။ ကားအဆံုးထိသို႔ လိုက္ၾကည့္ေနကာကြ်န္မ သက္ျပင္းခ်လိုက္ မိျပန္သည္။ ဤလို က်န္ရစ္ေနေသာ ေန႔မ်ား ဘာလိုလိုႏွင့္ ႏွစ္လေက်ာ္သံုးလနီးပါး ေရာက္ရိွလာၿပီ.. ေရာက္ကတည္းက အလုပ္ကို ႀကိဳးစား ရွာခဲ့ေသာ္လည္း ျမန္မာျပည္မွMBA မဟာစီးပြားေရး ဘြဲ႕ရ ကြ်န္မအတြက္ ဤစကၤာပူတြင္ အလုပ္ရွာရ အေတာ္ခက္ေပသည္။ ေမာင္ႏွင့္လက္ထပ္ မွတ္ပံုတင္ၿပီး PR ဆိုသည့္ အၿမဲတမ္း ေနထိုင္ခြင့္ ေလွ်ာက္ထား သည္မွာလည္း မက်ေသးေပ။အင္းေလ.. ဒီလိုပဲ ႐ုန္းကန္ရမွာေပါ့ လို႔ အားတင္းကာ ေမာင့္ကိုျပဳစု ထမင္းဟင္းခ်က္ေပးရင္အခ်ိန္ကုန္ လာခဲ့သည္။ အခုလည္းအလုပ္ေၾကာ္ျငာမ်ား ပါတတ္ေသာ Straits Time သတင္းစာကို ဝယ္ရန္ တိုက္တစ္တုိက္ေက်ာ္ရိွ ကုလားဆိုင္ေလးသို႔ လာခဲ့သည္။ သတင္းစာ တစ္ေစာင္ကို ဝယ္ကာ ကြ်န္မအိမ္သို႔ ျပန္လာခဲ့သည္။ သတင္းစာ မ်က္ႏွာဖံုးတြင္ HIV/AIDS ကူးစက္ျခင္းမ်ား အေၾကာင္းကို စာလံုးႀကီးႀကီးႏွင့္ ပါရိွသည္။ အိုလံပစ္ပြဲတြင္ ယွဥ္ၿပိဳင္မည့္ စကၤာပူ ႏိုင္ငံသားမ်ား အေၾကာင္းလည္း ပါသည္။ သို႔ေသာ္ ကြ်န္မ မဖတ္အားေသးပါ။ ပထမဆံုး ဖတ္သည္က အလုပ္ေၾကာ္ျငာ ျဖစ္သည္။ ဒီေန႔ ေသာၾကာေန႔တြင္အလုပ္ေၾကာ္ျငာ နည္းသည္။ မနက္ျဖန္ စေနေန႔တြင္ေတာ့ အလုပ္ေၾကာ္ျငာ အပိုတစ္အုပ္ သက္သက္ပါေလသည္။ ဒီေန႔လည္း ကြ်န္မႏွင့္ သက္ဆိုင္သည့္ အလုပ္ရွာ မေတြ႕ေပ။ အလုပ္ေၾကာ္ျငာ ဖတ္ၿပီးကာမွသတင္းစာကို ဖတ္သည္။

 “ေအအိုင္ဒီအက္စ္တိုးပြားႏႈန္းက ကမာၻမွာ ပိုမိုတိုးပြားလာသည္။ ၿပီးခဲ့သည့္ႏွစ္ ၂၀၀၇ တြင္ စကၤာပူႏိုင္ငံ၌ HIV ေရာဂါျဖစ္သူ ၄၂၃ ေယာက္ ထပ္တိုးသည္။ ၉၃ ရာခိုင္ႏႈန္းမွာ ေယာက္်ားမ်ား ျဖစ္ၾကသည္။ စကၤာပူတြင္၃၄၈၃ ေယာက္၌ HIV ပိုးရိွသည္။ ကူးစက္သူမ်ား၏ ၉၅ ရာႏႈန္းမွာ လိင္ဆက္ဆံျခင္းမွ ကူးျခင္းျဖစ္သည္။”ဖတ္ရင္းဖတ္ရင္းႏွင့္ ကြ်န္မ လန္႔လာသည္။ ကြ်န္မမွာမ်ား ရွိေနမည္လားဟု စိတ္မွ လန္႔လာသည္။ရိွစရာေတာ့ အေၾကာင္း မရွိေပ။ ကြ်န္မမွာ ေမာင္ တစ္ေယာက္တည္းပဲ ရွိတာပဲေလ။ တကယ္လို႔ ေမာင့္မွာအဲဒီပိုး ရွိေနခဲ့ရင္ေရာ… ဟဲ့.. ဖြဟဲ့..ဖြဟဲ့.. မေတြးေကာင္းတာေတြ ကြ်န္မ ေတြးေနမိပါလား…။ “ကြ်န္မကလင္ေယာက္်ား အေပၚမွာ သစၥာရိွတာပဲ.. စိတ္ပူစရာမလိုပါဘူး” လုိ႔ အေမးအေျဖ က႑မွာ ေတြ႕လိုက္ရသည္။စိတ္ဝင္တစား ဖတ္ၾကည့္လိုက္ေတာ့ အေျဖမွာ “ဝမ္းနည္းစရာေတာ့ ေကာင္းပါတယ္၊ ေရာဂါကူးစက္သူ အမ်ိဳးသမီးအမ်ားစုဟာ သူတို႔ လင္ေယာက္်ားေတြက တဆင့္ ကူးစက္တာကို ေတြ႕ရပါတယ္။ သူတို႔ေတြဟာ လင္ေယာကၤ်ား အေပၚမွာ သစၥာရိွေပမယ့္ သူတို႔ လင္ေယာကၤ်ား ေတြကေတာ့ သူတို႔အေပၚမွာ သစၥာမရိွခဲ့ၾကဘူး” … ကြ်န္မ ေခါင္းမိုက္ခနဲ ျဖစ္သြားသည္။ ေမာင္ေရာ.. ကြ်န္မအေပၚ ဘယ္အတိုင္း အတာထိ သစၥာရိွပါသလဲ.. သစၥာရွိခဲ့ပါသလဲ.. ကြ်န္မႏွင့္ ေဝးေနခ်ိန္မ်ားမွာ ေမာင္ ဘယ္လိုေနပါသလဲ…ေမာင္ မေဖာက္ ျပန္ႏိုင္ဘူးလား…ေယာက္်ားပဲေလ ဆိုၿပီး စိတ္ေျဖရာ ရွာၾကသူမ်ားထဲမွာ ေမာင္မပါႏိုင္ဘူးလား…။

တကယ္လို႔ ေမာင့္မွာ ရွိေနရင္.. ကြ်န္မမွာပါ ႐ိွေနၿပီေပါ့… ဒါဆို.. ေနာက္ ဆယ္ႏွစ္ေလာက္ဆို.. ေသရေတာ့ မယ္ေပါ့… ကြ်န္မ ရင္ေတြပူလာသည္။ ေရခဲေသတၱာထဲမွ ေရပုလင္းကိုယူကာ ေမာ့ေသာက္ လုိက္သည္။ သတင္းစာကို ဆက္မဖတ္ေတာ့ဘဲ ကြ်န္မ အေတြးေတြ ေယာက္ယက္ ခက္ေနသည္။ ေမာင့္ကို ကြ်န္မ ေမးၾကည့္ရင္ ေကာင္းမလား… ဘယ္လို ေမးရပါမလဲ… ေမးဖို႔ရာ မရဲ..။ ေဆးခန္းကို သြားစစ္ၾကည့္ရင္ ေကာင္းမလား.. ဒါေပမယ့္..အဲဒီ HIV ဆိုတဲ့ ပိုးက ၃ လ ကေန ၆ လၾကား မေပၚဘဲ ေနတတ္သတဲ့..။ ေမာင့္ကိုအရင္ စစ္ၾကည့္ခိုင္းရင္ ေကာင္းမလား… ဘယ္လို ေျပာၿပီး ေဆးစစ္ခိုင္းရမလဲ…။ ကြ်န္မအိမ္ဖုန္းကို ေကာက္ကိုင္လိုက္ကာ ေမာင့္ ဖုန္းနံပါတ္ကို ႏွိပ္လိုက္သည္။ တတီတီ ျမည္သံကို ခဏတာမွ် ၾကားရၿပီး ” မ လား.. “ေမာင့္ အသံထြက္လာသည္။ ” မ.. ဘာျဖစ္ေနတာလဲ.. စကားေျပာေလ..” “ေမာင္…” “ေျပာေလ.. မ.. ရဲ႕..အလုပ္ နည္းနည္း႐ႈပ္ေနတယ္” “အဲဒါဆိုေနာက္မွ ေျပာေတာ့မယ္..” “ရပါတယ္ကြာ.. ခုေျပာပါ.. ဘာျဖစ္ေနတာလဲ..” “ေမာင့္ကို ေမးစရာ ရိွလို႔..” “ေအာင္မယ္.. ငါ့မိန္းမက စကားေတြခံလို႔ .. ေမး.. ဘာေမးမွာလဲ..” “စိတ္မဆိုးနဲ႔ေနာ္.. ေမာင္.. ေမာင္ HIV ရွိမ႐ိွ စစ္ဖူးလားလို႔.. ေမးမလို႔..” “အမ္… မ.. ဘာျဖစ္လို႔ အဲဒီေမးခြန္း ေမးတာလဲ..” “မဟုတ္ပါဘူး… ဒီမွာ HIV အေၾကာင္း သတင္းစာမွာ ဖတ္မိလို႔ ေမာင့္ကို ေမးၾကည့္တာ.. အေရးမႀကီး ပါဘူး..” “အရင္၂၀၀၆ ေလာက္ကေတာ့ စစ္ဖူးတယ္..” “ဘာလို႔ စစ္တာလဲဟင္.. ေမာင္… ေမာင္က အေပ်ာ္အပါး လုိက္စားမိလို႔လား..” “ေအာ္.. မိန္းမႏွယ္… ဘာေတြ လာေမးေနမွန္း မသိပါဘူး…” “ထားပါ…မ နားလည္ႏိုင္ပါတယ္… အဲလိုစစ္ၿပီးတဲ့ ေနာက္ေရာ ေမာင္ကင္းရွင္းရဲ႕လား…” ” မ ရယ္.. သဝန္တို ေနတာလား… ေမာင္က မရဲ႕ ေယာက္်ား ျဖစ္ေနၿပီေလ..” “သဝန္တိုတာ မဟုတ္ဘူး ေမာင္… စိတ္ထဲမွာ ရွင္းရွင္းလင္းလင္း သိခ်င္လို႔ပါ….မ ကို နားလည္ေပးပါ..” “ဒါဆုိ.. မနက္ျဖန္ သြားစစ္မယ္.. ဟုတ္လား.. စိတ္ခ်မ္းခ်မ္း သာသာေန..” “ေက်းဇူးပါ.. ေမာင္..” “အဲဒါဆို.. ဖုန္းခ် လိုက္ေတာ့မယ္ေနာ္.. ေလွ်ာက္ေတြး မေနနဲ႕ဦး..” “ဟုတ္…” ဖံုးကိုခ်လိုက္ၿပီးမွ ကြ်န္ေတာ္ ေတြးမိသည္။ မ.. စိတ္ပူမွ အဲဒီကိစၥ စိတ္ပူရမွန္း သတိရမိသည္။

၂၀၀၆ ေလာက္က ေဆးစစ္ ထားတုန္းကေတာ့ ဘာမွမ႐ိွ။ HIV လည္း မ႐ိွ။ HB လည္း မ႐ိွ။ ဒါေပမယ့္.. ဟိုတစ္ေခါက္ ရန္ကုန္ျပန္တုန္းကေတာ့ အေပ်ာ္တစ္ခါ လိုက္မိေသးသည္။ ရန္ကုန္မွာက အေပ်ာ္ မိန္းကေလးေတြက တစ္ႏွစ္ထက္ တစ္ႏွစ္ ေပါလာသည္။ ႏိုင္ငံျခားက အလည္ ျပန္လာတာ ဆိုေတာ့လည္း ရန္ကုန္တြင္ ေငြသံုးရ လြယ္သည္။ ဘီယာေလး အရက္ကေလး ဝင္လာေတာ့ ႐ိႈးေလွ်ာက္တဲ့ မိန္းကေလးမ်ားကလည္း လွမွလွ ဆိုေတာ့ ေပ်ာ္မိတာေပါ့… ။ ေနာက္တစ္ေန႔မွ သူငယ္ခ်င္း တစ္ေယာက္နဲ႔ ေတြ႕ေတာ့.. “ေဟ့ေကာင္.. အဲဒီက ေကာင္မေလးေတြကို သတိထားဟ.. A ကိုက္လိမ့္မယ္.. ငါ့သူငယ္ခ်င္းေတြ ေတာ္ေတာ္မ်ားမ်ားေတာ့ တျဖဳတ္ျဖဳတ္နဲ႔ ေၾကြကုန္ၿပီ..” လို႔ သတိေပးေပမယ့္ လြန္ၿပီးမွေတာ့ မတတ္ႏိုင္ေတာ့ဘူး။ ေနာက္ေလးငါးလၾကာေတာ့မွ မ က စကၤာပူကို ေရာက္လာၿပီး လက္ထပ္ျဖစ္တယ္။ လက္မထပ္ခင္က ေသြးစစ္ ၾကည့္မလို႔ကို မစစ္ျဖစ္ခဲ့ဘူး။ အခု.. မ ေျပာမွ စိတ္ေတာင္ ပူလာၿပီ.. ဒီရက္ပိုင္း ေတာင္မွ ဝမ္းပ်က္သလို ခဏ ခဏ ျဖစ္ေနတာ အဲဒါေၾကာင့္မို႔လား မသိဘူး.. ။ ျမန္မာ ျပည္မွာကလည္း A ကိုက္သူက လူဦးေရ၏ ၂ ရာခိုင္ႏႈန္းရိွတယ္လုိ႔ အင္တာနက္ တစ္ေနရာမွာ ဖတ္ဖူးတယ္..။

 ဟူး… ရိွေနခဲ့ရင္….။ ေဆးခန္းထဲကိုကြ်န္မတို႔ ႏွစ္ေယာက္တူတူ ေလွ်ာက္ဝင္ လာခဲ့သည္။ တစ္ေယာက္ လက္ကို တစ္ေယာက္ တင္းတင္းဆုပ္ကိုင္ထားသည္။ ေကာင္တာကို ဝင္ၿပီး HIV စစ္ခ်င္လို႔လို ေျပာေတာ့ ေမာင့္ အသံေတြ တုန္ေနသလိုပါပဲ..။ “မ HB အသဲေရာင္ အသားဝါ ကူးစက္ေရာဂါ ပိုးလည္း စစ္လုိက္မယ္ေနာ္..” ” အင္း .. ေကာင္းတာေပါ့..” “HB ပါ စစ္ခ်င္တယ္…” လို႔ ေမာင္က ေကာင္တာက ေကာင္မေလးကို ထပ္ေျပာလုိက္သည္။ စကၤာပူမွာက HIV စစ္မယ္ဆို ဆရာဝန္ႏွင့္ ေတြ႕ၿပီး ေဆြးေႏြးရသည္။ ဆရာဝန္ႏွင့္ ေတြ႕ဖို႔ ေစာင့္ေနရသည္။ ဒစ္ဂ်စ္တယ္ နံပါတ္ေလးမွာ ေမာင္ယူထားသည့္ နံပါတ္ ေပၚလာၿပီ ျဖစ္သည္။ ကြ်န္မတို႔ ႏွစ္ေယာက္ ဆရာဝန္ အခန္းထဲသို႔ တံခါးေခါက္ကာ ဝင္လုိုက္သည္။ “ထုိင္ပါ.. ကြ်န္ေတာ္ ဘာ ကူညီရမလဲ” “ကြ်န္ေတာ္ HIV နဲ႕ HB ရိွမရိွ စစ္ခ်င္လို႔ပါ..” “ရပါတယ္.. ဘာလို႔မ်ား စစ္ခ်င္တာလဲ..” “သူက စစ္ခိုင္းလို႔..” “ဟား..ဟာ.. သူက စစ္ခိုင္းတယ္ ဆိုေတာ့.. ခင္ဗ်ားတို႔က မဂၤလာေဆာင္ေတာ့ မွာေပါ့.. ကြန္ဂရက္ က်ဴေလးရွင္းဗ်ာ” “ကြ်န္ေတာ္တို႔ လင္မယားပါ ေဒါက္တာ..” “ေၾသာ္… အဲဒါဆို ခင္ဗ်ားတို႔ မယူခင္က ဘာလို႔ မစစ္တာလဲ” ” အဲဒီတုန္းက စစ္ဖို႔ သတိမရဘူး ခင္ဗ်.. မေန႔ကမွ သူက သတင္းစာ ဖတ္ၿပီးေျပာလို႔ လာစစ္တာပါ” “အင္း.. ေကာင္းပါတယ္ဗ်ာ.. HIV, HB အျပင္ တျခား STD ေတြေရာ မစစ္ခ်င္ဘူးလား..” “ဟုတ္ကဲ့.. စစ္ခ်င္ပါတယ္.. ဒါနဲ႔ ေဒါက္တာ.. အရင္ ၂၀၀၇ ေလာက္က ကြ်န္ေတာ္ ေသြးလွဴေတာ့ ေသြးလွဴဘဏ္က ကြ်န္ေတာ့္ ေသြးမွာ HBC အသည္းေရာင္ အသားဝါ C ပိုး ရိွလို႔လား ဘာလို႔လည္း မသိဘူး.. သံုးလို႔မရဘူးလို႔ ေျပာတယ္ခင္ဗ်..” “ဟုတ္လား.. တကယ္က HBC က ကာမဆက္ဆံျခင္း ကလည္း ကူးႏိုင္တယ္.. ဒါေပမယ့္ ေသြးလွဴဘဏ္က Full blood count နည္းတဲ့ေသြးကို မသံုးတတ္ဘူး..အဲဒါပါ စစ္လို႔ရတယ္.. စစ္မလား..” “ဟုတ္ကဲ့.. စစ္ခ်င္ပါတယ္..” “အေျဖက ေနာက္တစ္ပတ္ေနမွ သိရမယ္…။ ေရာဂါပိုး မေတြ႕ပါေစနဲ႔လို႔ ဆုေတာင္း ေပးပါတယ္.. ခင္ဗ်ားမိန္းမ ေပၚမွာ သစၥာရွိရွိ ေနပါ..” “ဟုတ္ကဲ့” “တကယ္လို႔ ပိုး ရိွခဲ့ရင္ေတာ့ ဒီက ညီမလည္း ေသြးလာစစ္ ရလိမ့္မယ္ေနာ္၊ ႀကိဳၿပီး သတိ ေပးထားတာပါ..” “ဟုတ္ကဲ့ရွင့္ ရပါတယ္..” “ကဲ.. ဒါဆိုရင္..ေသြးေဖာက္တဲ့ေနရာကို သြားလို႔ရပါၿပီ.. ကံေကာင္းပါေစဗ်ာ..” နာစ့္မ က ေမာင့္ လက္ဖ်ံကို ဂြမ္းႏွင့္သုတ္အၿပီး ေသြးစုတ္ထုတ္ရန္ အပ္ကို စိုက္ထည့္လိုက္သည္။ နီရဲေသာ ေသြးတုိ႔ ဘူးေလးထဲသို႔ တရိွန္ထိုး ဝင္ေရာက္ သြားၾကသည္။ တစ္ဘူး.. ႏွစ္ဘူး…သံုးဘူး…။ ေနာက္ၿပီး STD အတြက္ ဆီးကို လည္းယူသည္။ အားလံုးၿပီးေတာ့ ကြ်န္မတို႔ ႏွစ္ေယာက္ ေဆးခန္း အတြင္းမွ ထြက္လာခဲ့သည္။ ေမာင္က ကြ်န္မနဖူးကုိ အသာ နမ္းကာ “ေဆာရီးပဲမ.. ေမာင္သာ ကင္းကင္းရွင္းရွင္း ေနရင္ ဒီလို စိတ္ပူေနရမွာ မဟုတ္ဘူး” လို႔ တိုးတုိးေလး ဆိုသည္။ “ေမာင္ရယ္.. ရပါတယ္… တကယ္လို႔သာ ေသျခင္းတရားဆိုတာကို ရင္ဆိုင္ရတဲ့ အခါ ေမာင္နဲ႔ တူတူရင္ဆုိင္ရတာပဲ… မ..ေက်နပ္ပါတယ္ အေျဖက ေနာက္တစ္ပတ္မွ သိရမွာပါ.. ဘာပဲျဖစ္ျဖစ္ပါ ေမာင္ရယ္.. ကြ်န္မ ေမာင့္ကို အရမ္းခ်စ္ပါတယ္” ေနာက္တစ္ပတ္ကို ကြ်န္မတို႔ ႏွစ္ေယာက္ ရင္ထိတ္စြာႏွင့္ပင္ ေစာင့္စားလ်က္ ရိွၾကသည္…။ အေျဖ.. ဘာျဖစ္လာမည္နည္း ဆိုတာကို ကြ်န္မ မေတြးေတာ ေနခ်င္ေတာ့ပါ.. အေကာင္းဆံုးကိုေတာ့ ေမွ်ာ္လင့္ထားသလို အဆိုးဆံုး ဆိုတာကိုလည္း….။ ကြ်န္မေဘးတြင္ ေမာင္ရိွေနသည္။ ေမာင္ႏွင့္အတူ အရာရာကို ရင္ဆိုင္ႏိုင္ရမည္… ေမာင့္ရင္ခြင္တြင္းမွာ ေမွးစက္ခြင့္ေလးေတြ ရႏိုင္သေလာက္ ကြ်န္မ ေမွးစက္ခ်င္ေသးသည္။

Credit: HIM
===========

“ခဏပါကွာ…. ဆယ်မိနစ်.. ဆယ်မိနစ်..ပဲ...” ” မောင်ကလဲကွာ .... နေ့စဉ်လုပ်နေကြအစီအစဉ်တို့အတိုင်း မနက် ငါးနာရီခွဲတွင် ထကာ မောင်အတွက် နံနက်စာကို ပြင်ဆင်ထားသည်။ နေ့လည်စာ အတွက် ထမင်းဘူးထည့်ရန် ထမင်းအိုးကို ခလုတ် နှိပ်ထားလိုက်သည်။ မနေ့ ညနေက ချက်ကာ ရေခဲသေတ္တာထဲ ထည့်ထားသော ကြက်သားဟင်းကို မိုက်ကရိုဝေ့(ဖ်) လျှပ်စစ် မီးဖိုထဲသို့ ထည့်လိုက်သည်။ ခလုတ်ကို နှိပ်ထားလိုက်သည်။ ခြောက်နာရီတွင်မောင့်ကို အနမ်းဖွဖွလေးဖြင့် နိုးထစေသည်။ မောင်က အိပ်နေလျှင် စူစူလေး ဖြစ်နေသော နှုတ်ခမ်းလေးကိုမျက်နှာသစ်ပြီးစ ကျွန်မပါးလေးနှင့် ထိကပ်လိုက်သော အခါတွင်..” မ.. ခြောက်နာရီ ထိုးပြီလားကွာ…အိပ်ရေး မဝသေးဘူးကွာ…” “ထိုးနေပြီ.. ထတော့ဆရာ… အလုပ်နောက်ကျ နေအုံးမယ်…” “ခဏကွာ…. ဆယ်မိနစ်.. ဆယ်မိနစ်..” ” မောင်ကလဲကွာ မနက်ဖြန် စနေပဲ ရောက်တော့မယ်.. စနေ၊ တနင်္ဂနွေမှ ဝအောင် အိပ်နော်” ကျွန်မ အတင်းနှိုးသော အခါမှ မောင်သည် သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ဆန့်တန်းကာ ဝါးခနဲ တစ်ချက် သမ်းလိုက်ပြန်သည်။

ကျွန်မက လက်နှစ်ဖက်ကို တန်းကာ ပေးလိုက်တော့ ကလေးငယ်တစ်ယောက်လို ပေကပ်ကပ် လုပ်နေပြန်သည်။ နောက်တော့ ရုတ်တရက် ထထိုင်ကာ “မောင် မျက်နှာသစ် ရေချိုးတော့မယ်..မ မီးဖိုမှာ လုပ်စရာရှိစရာ သွားလုပ်တော့” ဆိုကာ ကျွန်မ နဖူးလေးကို သူ့နှုတ်ခမ်းဖြင့် ထိကပ်ကာ နမ်းလိုက်သည်။ ကျွန်မလည်း အိပ်ခန်းမှ ထွက်ကာ မောင့် နေလည်စာ ထမင်းဘူးကို ပြင်ဆင်ရသည်။ ထမင်းအိုးထဲမှ ထမင်းကို ဘူးထဲသို့ ထည့်ကာ အငွေ့ သတ်စေလိုက်သည်။ အငွေ့ကုန်ကာမှ နွေးထားသည့် ကြက်သားဟင်းကို ထည့်လိုက်သည်။ ထို့နောက်ပြင်ဆင်ထားသော ပေါင်မုန့် ကြက်ဥကြော် နှင့် ကော်ဖီကို ထမင်းစား စားပွဲပေါ်သို့ တင်ထားလိုက်သည်။ မောင်ကရေချိုးပြီးစ တဘက်တစ်ထည်ကို ခါးမှာပတ် တဘက်တစ်ထည်ကို ခေါင်းမှာသုတ်ကာ ထမင်းစားခန်းသို့ဝင်လာသည်။ “အဲဒါတွေကြောင့်မိန်းမကို ချစ်နေရတာ” ဆိုပြီး ပါးပြင်ပေါ်သို့ အနမ်းတင် ပြန်သည်…”ကဲ မြန်မြန်လုပ် အဘ တုံးလုံးကြီးနဲ့ အအေးပတ်နေအုံးမယ်” “မ..ရော မစားဘူးလား…” “ခုနက ပေါင်မုန့် တစ်ချပ် မြည်းရင်းနဲ့ စားထားတယ်မောင် ၊ မောင် ယူနီဖောင်း သွားထုတ်လိုက် အုံးမယ်၊ စားပြီး အင်္ကျီမြန်မြန်ဝတ်ပြီး သွားတော့နော်..ဘတ်(စ်)ကား ကလည်း စောင့်ရဦးမှာနဲ့ မြန်မြန်စား..” ဟုပြောကာ မောင့်အတွက် အင်္ကျီကို ဘီရိုတွင်းမှ ထုတ်ရန် အိပ်ခန်းတွင်းသို့ ဝင်လိုက်သည်။ “မကလေ.. အဖွားကြီးပေါက်စနဲ့ တော်တော်တူတာပဲ… ပွစိပွစိနဲ့ ပြောတယ်…ဟဲ..” ဟု ထမင်းစားခန်းမှ အော်ပြောလေသည်။ “အောင်မယ်…အခုတော့ အဖွားကြီးပေါက်စလို့ ပြောပြီပေါ့လေ.. အရင်က ဒီလေသံမျိုး မဟုတ်ပါဘူးနော်..” ဟု အသံကိုထိန်းကာ ပြောလိုက်သော်လည်း မောင်က ကျွန်မ စိတ်မကောင်း ဖြစ်သွားသည်ကို သိသည်။ ပေါင်မုန့် ကြက်ဥကြော်ကို ပလုတ်ပလောင်း စားပြီး ကော်ဖီခွက်ကို ကိုင်ကာ အိပ်ခန်းတွင်းသို့ ဝင်လာလေသည်။ “မ..ကလည်းကွာ.. စတဲ့ဟာကို.. မောင်စတတ်တာကို သိသားနဲ့ကွာ.. စိတ်မကောင်း မဖြစ်နဲ့နော်..” “ရပါတယ် မောင်ရယ်.. မ .. သိပါတယ်…ကော်ဖီကုန်အောင်သောက်.. ခွက်ပေး..နောက်ပြီး အင်္ကျီ လဲတော့နော်.. ” “အင်း.. ရော့..” လက်ကျန် ကော်ဖီကို မော့သောက်လိုက်ကာ ခွက်အား ကျွန်မကို ပေးလိုက်သည်။ ကော်ဖီခွက်ကို မှန်တင်ခုံပေါ်တွင် တင်ကာ မောင် အင်္ကျီလဲနေသည်ကို ကျွန်မ အိပ်ရာပေါ်မှ ထိုင်ကာ ကြည့်နေသည်။ ကျွန်မ၏ မောင်သည် အတော်ကြည့်၍ ကောင်းသည်။ ချစ်သောမျက်စိနှင့် ကြည့်လို့တော့ မဟုတ်ပါ။ မောင့်တွင် စူးရှရှ မျက်ဝန်းတစ်စုံ ရှိသည်။ ယောကျ်ားပီသသော မေးရိုးကားကား ရှိသည်။ စွဲဆောင်မှုရှိသော ပုရိသကိုယ်လုံး ရှိသည်။ ကျွန်မ ခိုဝင်လိုက်သော အခါတိုင်း အရာရာကို ရင်ဆိုင်ရဲသည့် ခွန်အားတို့ကို ရရှိစေသော ရင်ခွင်တစ်ခုနှင့် လက်မောင်း တစ်စုံတို့ကို မောင် ပိုင်ဆိုင်လေသည်။ စကားပြောတိုင်း အသက်ပါအောင် ပြုံးတတ်သော နှုတ်ခမ်းတစ်စုံ ရှိသည်။ “ဟေ.. ဘောင်းဘီ ဝတ်မလို့ အပြင်ထွက်ပေးမလား…” “မထွက်ပေးပေါင်… ကိုယ့်ယောက်ျား အဝတ်လဲတာ မကြည့်ရဘူးလို့ ဘယ်တရား ဥပဒေမှာမှ မရှိဘူး..” “မ .. ကတော့ လုပ်ပြီ.. အဲဒါဆိုလဲ ပုဆိုးအရင်ဝတ်ပြီးမှ လဲတာပေါ့..” ပုဆိုးစကို ပါးစပ်နှင့်ကိုက်ကာ မောင်က ဘောင်းဘီကို ဝတ်လေသည်။ မျက်ဝန်းတို့၌ ရွှန်းလဲ့သော အချစ်တို့ဖြင့် ထုံမွှမ်းနေသည်။ “မောင်ရယ်.. အရမ်းချစ်လိုက်တာ…” ” အင်း… မောင်လည်း အတူတူပါပဲ.. ချစ်တယ်..ကဲ.. ပြီးပြီ.. သွားတော့မယ်.. ညနေ ပြန်လာမှ အဲဒီ ချစ်တဲ့အကြောင်း သေချာပြောမယ်” “မောင်.. နော်.. ” အဲဒီလို ပြီတီတီနှင့် မောင် စလျှင် ကျွန်မ ရှက်သည်။ မောင့်ကို ကားမှတ်တိုင်အထိ လိုက်ပို့ကာ ဘတ်စ်ကားကို အတူတူ စောင့်သည်။ ကားရောက်လာသော အခါတွင် မောင်ကကျွန်မ နဖူးကို တစ်ချက်နမ်းပြီး နှုတ်ဆက်ကာ ကားပေါ် တက်သွားလေပြီ..။ ကားအဆုံးထိသို့ လိုက်ကြည့်နေကာကျွန်မ သက်ပြင်းချလိုက် မိပြန်သည်။ ဤလို ကျန်ရစ်နေသော နေ့များ ဘာလိုလိုနှင့် နှစ်လကျော်သုံးလနီးပါး ရောက်ရှိလာပြီ.. ရောက်ကတည်းက အလုပ်ကို ကြိုးစား ရှာခဲ့သော်လည်း မြန်မာပြည်မှMBA မဟာစီးပွားရေး ဘွဲ့ရ ကျွန်မအတွက် ဤစင်္ကာပူတွင် အလုပ်ရှာရ အတော်ခက်ပေသည်။ မောင်နှင့်လက်ထပ် မှတ်ပုံတင်ပြီး PR ဆိုသည့် အမြဲတမ်း နေထိုင်ခွင့် လျှောက်ထား သည်မှာလည်း မကျသေးပေ။အင်းလေ.. ဒီလိုပဲ ရုန်းကန်ရမှာပေါ့ လို့ အားတင်းကာ မောင့်ကိုပြုစု ထမင်းဟင်းချက်ပေးရင်အချိန်ကုန် လာခဲ့သည်။ အခုလည်းအလုပ်ကြော်ငြာများ ပါတတ်သော Straits Time သတင်းစာကို ဝယ်ရန် တိုက်တစ်တိုက်ကျော်ရှိ ကုလားဆိုင်လေးသို့ လာခဲ့သည်။ သတင်းစာ တစ်စောင်ကို ဝယ်ကာ ကျွန်မအိမ်သို့ ပြန်လာခဲ့သည်။ သတင်းစာ မျက်နှာဖုံးတွင် HIV/AIDS ကူးစက်ခြင်းများ အကြောင်းကို စာလုံးကြီးကြီးနှင့် ပါရှိသည်။ အိုလံပစ်ပွဲတွင် ယှဉ်ပြိုင်မည့် စင်္ကာပူ နိုင်ငံသားများ အကြောင်းလည်း ပါသည်။ သို့သော် ကျွန်မ မဖတ်အားသေးပါ။ ပထမဆုံး ဖတ်သည်က အလုပ်ကြော်ငြာ ဖြစ်သည်။ ဒီနေ့ သောကြာနေ့တွင်အလုပ်ကြော်ငြာ နည်းသည်။ မနက်ဖြန် စနေနေ့တွင်တော့ အလုပ်ကြော်ငြာ အပိုတစ်အုပ် သက်သက်ပါလေသည်။ ဒီနေ့လည်း ကျွန်မနှင့် သက်ဆိုင်သည့် အလုပ်ရှာ မတွေ့ပေ။ အလုပ်ကြော်ငြာ ဖတ်ပြီးကာမှသတင်းစာကို ဖတ်သည်။

 “အေအိုင်ဒီအက်စ်တိုးပွားနှုန်းက ကမ္ဘာမှာ ပိုမိုတိုးပွားလာသည်။ ပြီးခဲ့သည့်နှစ် ၂၀၀၇ တွင် စင်္ကာပူနိုင်ငံ၌ HIV ရောဂါဖြစ်သူ ၄၂၃ ယောက် ထပ်တိုးသည်။ ၉၃ ရာခိုင်နှုန်းမှာ ယောက်ျားများ ဖြစ်ကြသည်။ စင်္ကာပူတွင်၃၄၈၃ ယောက်၌ HIV ပိုးရှိသည်။ ကူးစက်သူများ၏ ၉၅ ရာနှုန်းမှာ လိင်ဆက်ဆံခြင်းမှ ကူးခြင်းဖြစ်သည်။”ဖတ်ရင်းဖတ်ရင်းနှင့် ကျွန်မ လန့်လာသည်။ ကျွန်မမှာများ ရှိနေမည်လားဟု စိတ်မှ လန့်လာသည်။ရှိစရာတော့ အကြောင်း မရှိပေ။ ကျွန်မမှာ မောင် တစ်ယောက်တည်းပဲ ရှိတာပဲလေ။ တကယ်လို့ မောင့်မှာအဲဒီပိုး ရှိနေခဲ့ရင်ရော… ဟဲ့.. ဖွဟဲ့..ဖွဟဲ့.. မတွေးကောင်းတာတွေ ကျွန်မ တွေးနေမိပါလား…။ “ကျွန်မကလင်ယောက်ျား အပေါ်မှာ သစ္စာရှိတာပဲ.. စိတ်ပူစရာမလိုပါဘူး” လို့ အမေးအဖြေ ကဏ္ဍမှာ တွေ့လိုက်ရသည်။စိတ်ဝင်တစား ဖတ်ကြည့်လိုက်တော့ အဖြေမှာ “ဝမ်းနည်းစရာတော့ ကောင်းပါတယ်၊ ရောဂါကူးစက်သူ အမျိုးသမီးအများစုဟာ သူတို့ လင်ယောက်ျားတွေက တဆင့် ကူးစက်တာကို တွေ့ရပါတယ်။ သူတို့တွေဟာ လင်ယောင်္ကျား အပေါ်မှာ သစ္စာရှိပေမယ့် သူတို့ လင်ယောင်္ကျား တွေကတော့ သူတို့အပေါ်မှာ သစ္စာမရှိခဲ့ကြဘူး” … ကျွန်မ ခေါင်းမိုက်ခနဲ ဖြစ်သွားသည်။ မောင်ရော.. ကျွန်မအပေါ် ဘယ်အတိုင်း အတာထိ သစ္စာရှိပါသလဲ.. သစ္စာရှိခဲ့ပါသလဲ.. ကျွန်မနှင့် ဝေးနေချိန်များမှာ မောင် ဘယ်လိုနေပါသလဲ…မောင် မဖောက် ပြန်နိုင်ဘူးလား…ယောက်ျားပဲလေ ဆိုပြီး စိတ်ဖြေရာ ရှာကြသူများထဲမှာ မောင်မပါနိုင်ဘူးလား…။

တကယ်လို့ မောင့်မှာ ရှိနေရင်.. ကျွန်မမှာပါ ရှိနေပြီပေါ့… ဒါဆို.. နောက် ဆယ်နှစ်လောက်ဆို.. သေရတော့ မယ်ပေါ့… ကျွန်မ ရင်တွေပူလာသည်။ ရေခဲသေတ္တာထဲမှ ရေပုလင်းကိုယူကာ မော့သောက် လိုက်သည်။ သတင်းစာကို ဆက်မဖတ်တော့ဘဲ ကျွန်မ အတွေးတွေ ယောက်ယက် ခက်နေသည်။ မောင့်ကို ကျွန်မ မေးကြည့်ရင် ကောင်းမလား… ဘယ်လို မေးရပါမလဲ… မေးဖို့ရာ မရဲ..။ ဆေးခန်းကို သွားစစ်ကြည့်ရင် ကောင်းမလား.. ဒါပေမယ့်..အဲဒီ HIV ဆိုတဲ့ ပိုးက ၃ လ ကနေ ၆ လကြား မပေါ်ဘဲ နေတတ်သတဲ့..။ မောင့်ကိုအရင် စစ်ကြည့်ခိုင်းရင် ကောင်းမလား… ဘယ်လို ပြောပြီး ဆေးစစ်ခိုင်းရမလဲ…။ ကျွန်မအိမ်ဖုန်းကို ကောက်ကိုင်လိုက်ကာ မောင့် ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။ တတီတီ မြည်သံကို ခဏတာမျှ ကြားရပြီး ” မ လား.. “မောင့် အသံထွက်လာသည်။ ” မ.. ဘာဖြစ်နေတာလဲ.. စကားပြောလေ..” “မောင်…” “ပြောလေ.. မ.. ရဲ့..အလုပ် နည်းနည်းရှုပ်နေတယ်” “အဲဒါဆိုနောက်မှ ပြောတော့မယ်..” “ရပါတယ်ကွာ.. ခုပြောပါ.. ဘာဖြစ်နေတာလဲ..” “မောင့်ကို မေးစရာ ရှိလို့..” “အောင်မယ်.. ငါ့မိန်းမက စကားတွေခံလို့ .. မေး.. ဘာမေးမှာလဲ..” “စိတ်မဆိုးနဲ့နော်.. မောင်.. မောင် HIV ရှိမရှိ စစ်ဖူးလားလို့.. မေးမလို့..” “အမ်… မ.. ဘာဖြစ်လို့ အဲဒီမေးခွန်း မေးတာလဲ..” “မဟုတ်ပါဘူး… ဒီမှာ HIV အကြောင်း သတင်းစာမှာ ဖတ်မိလို့ မောင့်ကို မေးကြည့်တာ.. အရေးမကြီး ပါဘူး..” “အရင်၂၀၀၆ လောက်ကတော့ စစ်ဖူးတယ်..” “ဘာလို့ စစ်တာလဲဟင်.. မောင်… မောင်က အပျော်အပါး လိုက်စားမိလို့လား..” “အော်.. မိန်းမနှယ်… ဘာတွေ လာမေးနေမှန်း မသိပါဘူး…” “ထားပါ…မ နားလည်နိုင်ပါတယ်… အဲလိုစစ်ပြီးတဲ့ နောက်ရော မောင်ကင်းရှင်းရဲ့လား…” ” မ ရယ်.. သဝန်တို နေတာလား… မောင်က မရဲ့ ယောက်ျား ဖြစ်နေပြီလေ..” “သဝန်တိုတာ မဟုတ်ဘူး မောင်… စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သိချင်လို့ပါ….မ ကို နားလည်ပေးပါ..” “ဒါဆို.. မနက်ဖြန် သွားစစ်မယ်.. ဟုတ်လား.. စိတ်ချမ်းချမ်း သာသာနေ..” “ကျေးဇူးပါ.. မောင်..” “အဲဒါဆို.. ဖုန်းချ လိုက်တော့မယ်နော်.. လျှောက်တွေး မနေနဲ့ဦး..” “ဟုတ်…” ဖုံးကိုချလိုက်ပြီးမှ ကျွန်တော် တွေးမိသည်။ မ.. စိတ်ပူမှ အဲဒီကိစ္စ စိတ်ပူရမှန်း သတိရမိသည်။

၂၀၀၆ လောက်က ဆေးစစ် ထားတုန်းကတော့ ဘာမှမရှိ။ HIV လည်း မရှိ။ HB လည်း မရှိ။ ဒါပေမယ့်.. ဟိုတစ်ခေါက် ရန်ကုန်ပြန်တုန်းကတော့ အပျော်တစ်ခါ လိုက်မိသေးသည်။ ရန်ကုန်မှာက အပျော် မိန်းကလေးတွေက တစ်နှစ်ထက် တစ်နှစ် ပေါလာသည်။ နိုင်ငံခြားက အလည် ပြန်လာတာ ဆိုတော့လည်း ရန်ကုန်တွင် ငွေသုံးရ လွယ်သည်။ ဘီယာလေး အရက်ကလေး ဝင်လာတော့ ရှိုးလျှောက်တဲ့ မိန်းကလေးများကလည်း လှမှလှ ဆိုတော့ ပျော်မိတာပေါ့… ။ နောက်တစ်နေ့မှ သူငယ်ချင်း တစ်ယောက်နဲ့ တွေ့တော့.. “ဟေ့ကောင်.. အဲဒီက ကောင်မလေးတွေကို သတိထားဟ.. A ကိုက်လိမ့်မယ်.. ငါ့သူငယ်ချင်းတွေ တော်တော်များများတော့ တဖြုတ်ဖြုတ်နဲ့ ကြွေကုန်ပြီ..” လို့ သတိပေးပေမယ့် လွန်ပြီးမှတော့ မတတ်နိုင်တော့ဘူး။ နောက်လေးငါးလကြာတော့မှ မ က စင်္ကာပူကို ရောက်လာပြီး လက်ထပ်ဖြစ်တယ်။ လက်မထပ်ခင်က သွေးစစ် ကြည့်မလို့ကို မစစ်ဖြစ်ခဲ့ဘူး။ အခု.. မ ပြောမှ စိတ်တောင် ပူလာပြီ.. ဒီရက်ပိုင်း တောင်မှ ဝမ်းပျက်သလို ခဏ ခဏ ဖြစ်နေတာ အဲဒါကြောင့်မို့လား မသိဘူး.. ။ မြန်မာ ပြည်မှာကလည်း A ကိုက်သူက လူဦးရေ၏ ၂ ရာခိုင်နှုန်းရှိတယ်လို့ အင်တာနက် တစ်နေရာမှာ ဖတ်ဖူးတယ်..။

 ဟူး… ရှိနေခဲ့ရင်….။ ဆေးခန်းထဲကိုကျွန်မတို့ နှစ်ယောက်တူတူ လျှောက်ဝင် လာခဲ့သည်။ တစ်ယောက် လက်ကို တစ်ယောက် တင်းတင်းဆုပ်ကိုင်ထားသည်။ ကောင်တာကို ဝင်ပြီး HIV စစ်ချင်လို့လို ပြောတော့ မောင့် အသံတွေ တုန်နေသလိုပါပဲ..။ “မ HB အသဲရောင် အသားဝါ ကူးစက်ရောဂါ ပိုးလည်း စစ်လိုက်မယ်နော်..” ” အင်း .. ကောင်းတာပေါ့..” “HB ပါ စစ်ချင်တယ်…” လို့ မောင်က ကောင်တာက ကောင်မလေးကို ထပ်ပြောလိုက်သည်။ စင်္ကာပူမှာက HIV စစ်မယ်ဆို ဆရာဝန်နှင့် တွေ့ပြီး ဆွေးနွေးရသည်။ ဆရာဝန်နှင့် တွေ့ဖို့ စောင့်နေရသည်။ ဒစ်ဂျစ်တယ် နံပါတ်လေးမှာ မောင်ယူထားသည့် နံပါတ် ပေါ်လာပြီ ဖြစ်သည်။ ကျွန်မတို့ နှစ်ယောက် ဆရာဝန် အခန်းထဲသို့ တံခါးခေါက်ကာ ဝင်လိုုက်သည်။ “ထိုင်ပါ.. ကျွန်တော် ဘာ ကူညီရမလဲ” “ကျွန်တော် HIV နဲ့ HB ရှိမရှိ စစ်ချင်လို့ပါ..” “ရပါတယ်.. ဘာလို့များ စစ်ချင်တာလဲ..” “သူက စစ်ခိုင်းလို့..” “ဟား..ဟာ.. သူက စစ်ခိုင်းတယ် ဆိုတော့.. ခင်ဗျားတို့က မင်္ဂလာဆောင်တော့ မှာပေါ့.. ကွန်ဂရက် ကျူလေးရှင်းဗျာ” “ကျွန်တော်တို့ လင်မယားပါ ဒေါက်တာ..” “သြော်… အဲဒါဆို ခင်ဗျားတို့ မယူခင်က ဘာလို့ မစစ်တာလဲ” ” အဲဒီတုန်းက စစ်ဖို့ သတိမရဘူး ခင်ဗျ.. မနေ့ကမှ သူက သတင်းစာ ဖတ်ပြီးပြောလို့ လာစစ်တာပါ” “အင်း.. ကောင်းပါတယ်ဗျာ.. HIV, HB အပြင် တခြား STD တွေရော မစစ်ချင်ဘူးလား..” “ဟုတ်ကဲ့.. စစ်ချင်ပါတယ်.. ဒါနဲ့ ဒေါက်တာ.. အရင် ၂၀၀၇ လောက်က ကျွန်တော် သွေးလှူတော့ သွေးလှူဘဏ်က ကျွန်တော့် သွေးမှာ HBC အသည်းရောင် အသားဝါ C ပိုး ရှိလို့လား ဘာလို့လည်း မသိဘူး.. သုံးလို့မရဘူးလို့ ပြောတယ်ခင်ဗျ..” “ဟုတ်လား.. တကယ်က HBC က ကာမဆက်ဆံခြင်း ကလည်း ကူးနိုင်တယ်.. ဒါပေမယ့် သွေးလှူဘဏ်က Full blood count နည်းတဲ့သွေးကို မသုံးတတ်ဘူး..အဲဒါပါ စစ်လို့ရတယ်.. စစ်မလား..” “ဟုတ်ကဲ့.. စစ်ချင်ပါတယ်..” “အဖြေက နောက်တစ်ပတ်နေမှ သိရမယ်…။ ရောဂါပိုး မတွေ့ပါစေနဲ့လို့ ဆုတောင်း ပေးပါတယ်.. ခင်ဗျားမိန်းမ ပေါ်မှာ သစ္စာရှိရှိ နေပါ..” “ဟုတ်ကဲ့” “တကယ်လို့ ပိုး ရှိခဲ့ရင်တော့ ဒီက ညီမလည်း သွေးလာစစ် ရလိမ့်မယ်နော်၊ ကြိုပြီး သတိ ပေးထားတာပါ..” “ဟုတ်ကဲ့ရှင့် ရပါတယ်..” “ကဲ.. ဒါဆိုရင်..သွေးဖောက်တဲ့နေရာကို သွားလို့ရပါပြီ.. ကံကောင်းပါစေဗျာ..” နာစ့်မ က မောင့် လက်ဖျံကို ဂွမ်းနှင့်သုတ်အပြီး သွေးစုတ်ထုတ်ရန် အပ်ကို စိုက်ထည့်လိုက်သည်။ နီရဲသော သွေးတို့ ဘူးလေးထဲသို့ တရှိန်ထိုး ဝင်ရောက် သွားကြသည်။ တစ်ဘူး.. နှစ်ဘူး…သုံးဘူး…။ နောက်ပြီး STD အတွက် ဆီးကို လည်းယူသည်။ အားလုံးပြီးတော့ ကျွန်မတို့ နှစ်ယောက် ဆေးခန်း အတွင်းမှ ထွက်လာခဲ့သည်။ မောင်က ကျွန်မနဖူးကို အသာ နမ်းကာ “ဆောရီးပဲမ.. မောင်သာ ကင်းကင်းရှင်းရှင်း နေရင် ဒီလို စိတ်ပူနေရမှာ မဟုတ်ဘူး” လို့ တိုးတိုးလေး ဆိုသည်။ “မောင်ရယ်.. ရပါတယ်… တကယ်လို့သာ သေခြင်းတရားဆိုတာကို ရင်ဆိုင်ရတဲ့ အခါ မောင်နဲ့ တူတူရင်ဆိုင်ရတာပဲ… မ..ကျေနပ်ပါတယ် အဖြေက နောက်တစ်ပတ်မှ သိရမှာပါ.. ဘာပဲဖြစ်ဖြစ်ပါ မောင်ရယ်.. ကျွန်မ မောင့်ကို အရမ်းချစ်ပါတယ်” နောက်တစ်ပတ်ကို ကျွန်မတို့ နှစ်ယောက် ရင်ထိတ်စွာနှင့်ပင် စောင့်စားလျက် ရှိကြသည်…။ အဖြေ.. ဘာဖြစ်လာမည်နည်း ဆိုတာကို ကျွန်မ မတွေးတော နေချင်တော့ပါ.. အကောင်းဆုံးကိုတော့ မျှော်လင့်ထားသလို အဆိုးဆုံး ဆိုတာကိုလည်း….။ ကျွန်မဘေးတွင် မောင်ရှိနေသည်။ မောင်နှင့်အတူ အရာရာကို ရင်ဆိုင်နိုင်ရမည်… မောင့်ရင်ခွင်တွင်းမှာ မှေးစက်ခွင့်လေးတွေ ရနိုင်သလောက် ကျွန်မ မှေးစက်ချင်သေးသည်။

Credit: HIM

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...