ဒါေလးကေတာ့ ညီ/ညီမငယ္ေတြအတြက္ပါ သိထားသင့္တယ္

လက္ရွိ က်ေနာ့ပတ္ဝန္းက်င္မွာ အြန္လိုင္းကေန ေတြ႔ျပီး အျပင္မွာ တကယ္ ညားသြား ၾကတဲ့ အတြဲေတြ လက္ခ်ိဳးေရလို႔ မရေအာင္ မ်ားျပားေနပါျပီ။ျမန္မာျပည္လည္း ေနာက္ဆိုရင္ဖြံ႔ျဖိဳးျပီး တိုင္းျပည္ေတြလို ျဖစ္လာမလား စဥ္းစားစရာေတြ အင္မတန္ မ်ားလာ ပါတယ္။ အခ်ိဳ ႔က ေျပာပါတယ္။ အြန္လိုင္းမွာေတြ႔တာ မယံုၾကနဲ႔။

အားလံုးက အလိမ္အညာေတြ။ အညာခံသြားရ လိမ့္မယ္။ အစရွိသျဖင့္ေပါ့။ က်ေနာ္လည္း အစက အဲ့လိုပဲ အဆုိးျမင့္တဲ့ ဘက္မွာ ပါခဲ့ ဖူးပါတယ္။ ခုေတာ့ ေျပာင္းလဲသြား ပါျပီ။ ေခတ္ၾကီးက ေျပာင္းလဲေနတာေလ။

အြန္လိုင္းမွာ ေတြ႔ျပီး အျပင္မွာ မခ်ိန္းပါနဲ႔လို႔ ကေလးေတြကိုလည္း သြားတားလို႔ မရဘူးေလ။ ခက္တာက ကေလးေတြတင္ မကပဲ လူလတ္ပိုင္း၊ လူၾကီးေတြအတြက္ထိပါ Online Dating က အေရးပါလာပါတယ္။ ဒီေတာ့ ျမန္မာျပည္မွာ အြန္လိုင္းကေနေတြ႔ျပီး အျပင္မွာ ခ်ိန္းေတြတာကို သာမန္ Dating တစ္ခုလို႔ပဲ ျမင္မိပါေတာ့တယ္။

သုိ႔ေပမယ့္ ဆင္ျခင္ရမယ့္ အပိုင္းေတြ အမ်ားၾကီး ရွိပါတယ္။ မေတြ႔ခင္ကတည္းက တစ္ေယာက္ အေၾကာင္း တစ္ေယာက္သိဖို႔ အျပန္လွန္ေမးထားဖို႔ လိုပါတယ္။ အြန္လိုင္း မွာကတည္းက ေျပာဆုိဆက္ ဆံတာ အဆင္မေျပရင္ အျပင္မွာ ေတြ႔ဖို႔ဆုိတာ ေဝလာေဝးေလ။ ဒီေတာ့ အြန္လိုင္း မွာကတည္းက တစ္ေယာက္နဲ႔ တစ္ေယာက္ စကားေျပာ ေျပျပစ္မွု ရွိမရွိကို အရင္သံုးသပ္ရပါမယ္။

Chatting တြင္ စကားေျပာပါ

Chatting မွာ စကားေျပာတာေတာ့ သင္ေပးစရာမလိုဘူးေလ။ လူတိုင္းေျပာတတ္ေနတာပဲ။ တစ္ေယာက္ နဲ႔ တစ္ေယာက္ ေျပာပံုဆုိ ပံု၊ ျပဳမွုဆက္ဆံပံုက မတူေတာ့ ဘယ္လိုေျပပါ။

ဘာညေတာ့ ေျပာလို႔မရ ပါဘူး။ သုိ႔ေပမယ့္ ေျပာဆုိမွုထဲမွာ အမည္၊ အသက္၊ ပညာအရည္အခ်င္း၊ အလုပ္အကိုင္၊ လက္ရွိေနရပ္၊ အိမ္ေထာင္ ေရး အရွုပ္အရွင္း၊ အခ်စ္ေရး အရွုပ္အရွင္း ရွိမရွိ အစရွိတဲ့ အေရးၾကီး အခ်က္မ်ားကို ေမးျမန္းဖို႔လို ပါတယ္။ ေမးျမန္း ေျပာဆုိခ်က္မ်ားအရ Single ျဖစ္မယ္။ အရွုပ္အရွင္းကင္းမယ္ဆုိရင္ Chatting level မွာ ေအာင္ျမင္ပါျပီ။

Profile စစ္ေဆးပါ

ေနာက္တစ္ဆင့္ကေတာ့ Profile စစ္ေဆးတဲ့ အဆင့္ပါ။ ဒီေခတ္က Facebook ေခတ္ေလ။ Facebook ဝင္ၾကည့္ရင္ အကုန္သိတယ္။ Timeline ကို ဒီေန႔ကစလုိ႔ အေကာင့္စဖြင့္တဲ့ေန႔အထိ ေတာက္ေလွ်ာက္စစ္ေဆး။

Info မွာ သူ႔ရဲ ႔ အလုပ္အကိုင္၊ ပညာအရည္အခ်င္း ေတြကို ေျပာထားတဲ့ အတိုင္းထည့္ထားလား၊ သုိ႔မဟုတ္ ဘာမထည့္ထားဘူးလား။ ထည့္ထားတာ နဲ႔ ေျပာတာနဲ ႔ လြဲေနလား အားလံုး စစ္ေဆးဖု႔ိ လိုပါတယ္။ Chatting နဲ႔ Profile Check ႏွစ္ခုလံုးက Virtual world မွာပါ။ ဒီႏွစ္ဆင့္လံုး မွာ ေျပာစရာမရွိေအာင္ အျပစ္ကင္းေနရင္ ေနာက္တစ္ဆင့္ အေနနဲ႔ Real World ကိုတက္ႏိုင္ပါျပီ။

ဖုန္းေျပာပါ

အြန္လိုင္းမွာ စကားေျပာလို႔က အဆင္ေျပသြားျပီ စုိပါဆုိ႔။ ေနာက္တစ္ဆင့္က ဖုန္းဆက္တာေပါ့။ လူကုိ ဓာတ္ပံုထဲမွာသာ ျမင္ဖူးျပီး စကားအေျပာအဆုိ ဘယ္လိုရွိမယ္ဆုိတာ မသိဘူးေလ။

ဒီေတာ့ ဒုတိယ အဆင့္ လုပ္ရမွာပါ။ အြန္လိုင္းမွာ သိထားတဲ့ အခ်က္အလက္၊ Chat ထဲက ေျပာဆုိမွု နဲ႔ အျပင္မွာ တကယ္ ဖုန္းေျပာ ရတာနဲ႔က ကြဲႏိုင္ပါတယ္။ အသံေနအထားကို မူတည္ျပီးေတာ့ ဒီလူ လိမ္ေနတာလား၊ အတည္လား ဆုိတာကို အေျခခံအားျဖင့္ လူကဲခတ္ေလးေတာ့ တတ္ဖု႔ိလိုပါမယ္။ ဒါလည္း အားလံုး သိမွာပါ။ ဖုန္းဆက္လို႔ အဆင္ေျပသြားျပီဆုိရင္ ေနာက္တစ္ဆင့္ ကေတာ့ ေတြ႔ဆံုရန္ ခ်ိန္းဆုိျခင္း ျဖစ္ပါတယ္။

အျပင္မွာ ေတြ႔ပါ

အြန္လိုင္းမွာကေတာ့ ေျပာလို႔အဆင္ေျပေနပါျပီ။ အျပင္မွာေတြ႔ဖို႔ ခ်ိန္းၾကေတာ့မယ္ဆုိပါစုိ႔။ Public Place ေတြကိုပဲ ေရြးရမွာပါ။ သတိထားရမွာတစ္ခုက မိမိရဲ ႔ေနရပ္လိပ္စာအနီးအနားကို မေခၚမိေစဖို႔ပါပဲ။ ဒါက အမ်ိဳးသမီးမ်ားရဲ ႔Personal Safety အတြက္ စုိးရိမ္ရႏိုင္ပါတယ္။ ဒါေၾကာင့္ လူျမင္ကြင္း၊ လူသိမ်ား စားေသာက္ ဆိုင္တို႔ အေအးဆိုင္ တို႔လို ေနရာမွာ ခ်ိန္းရမွာ ျဖစ္ပါတယ္။

ေစာင့္ၾကည့္စစ္ေဆးပါ

အျပင္မွာေတြ႕တဲ့အခါလည္း ေျပာဆုိဆက္ဆံရတာ အဆင္ေျပတယ္။ ဓာတ္ပံုေတြလည္း အင္တနက္ ေပၚက အတိုင္းပဲ ဆုိပါစုိ႔။ ဒါနဲ႔ပဲ အဆင္ေျပျပီလို႔ မမွတ္လိုက္ပါနဲ႔။ ပထမဆံုး ေတြ႔ဆံုမွုက ဖူးစာရွင္လို႔ မွတ္ယူရင္ မွားသြား ႏိုင္ပါတယ္။ ပထမဆံုး ေတြ႔ဆံုမွုက ေရွးေရ စက္ေၾကာင့္မို႔ ေတြ႔ရတယ္လို႔ မွတ္ယူျပီး ေနာက္ပိုင္း အၾကိမ္ၾကိမ္ အခါခါေတြ႔ဖို႔လိုပါမယ္။

ဒါက်ေတာ့ Real World မွာေလ။ Real World မွာ ေကာင္ေလး တစ္ေယာက္ အေနနဲ႔၊ ေကာင္မေလး တစ္ေယာက္နဲ႔ တစ္ခါေတြ႔ျပီးရင္၊ ဖုန္းနံပါတ္ေတြလည္း ရွိသြားျပီ ဆုိရင္ ဘယ္လို စစ္ေဆး၊အကဲခတ္၊ ေလ့လာရမယ္ဆုိတာ လူတိုင္းသိမွာပါ။ ခုက လူငယ္ေတြေတာင္ မဟုတ္ေတာ့ ပါဘူး။ လူၾကီးေတြအတြက္လည္း၊ အလုပ္မ်ားတာေၾကာင့္ Romantic ဆန္ဖို႔အတြက္ အခ်ိန္ မေပးႏိုင္သူ မ်ားက အြန္လိုင္းကေတာ့ ဘဝလက္တြဲေဖာ္မ်ား ေတြ႔ေလမလားလို႔ ရွာလာ တတ္ၾကပါတယ္။

အႏွစ္ခ်ဳပ္

အခ်ိဳ ႔ေတြမ်ား အမွန္အကန္နဲ႔ေတြ႔သြားတာ ရွိေပမယ့္ အခ်ိဳ ႔အညာမိသြားတဲ့ ဇာတ္လမ္းေတြလည္း အမ်ားၾကီးမွ အမ်ားၾကီးပါ။ အိမ္ေထာင္ရွိလ်က္နဲ႔ အပ်ိဳ၊လူပ်ဳိ ဇာတ္ခင္းျပီး ကြဲကြဲျပဲျပဲ ျဖစ္သြားတဲ့ အခ်စ္ဇာတ္လမ္း ေတြ လည္း ျမင္ေတြ႔ေနရပါတယ္။ သူတို႔ အဓိက လြဲသြားတဲ့ အဆင့္ကေတာ့ ေစာင့္ၾကည့္ စစ္ေဆးတဲ့ အခ်ိန္ကာလမွာပါ။ အြန္လိုင္း မွာေတြ႔ျပီး အျပင္မွာေတြ႔တာက တစ္လေတာင္ မရွိေသးဘူး။

အိမ္ေထာင္ျပဳ လိုက္ တာမ်ိဳးက် လြန္တယ္ေလ။ Online Dating လုပ္တယ္ဆုိတာက ရည္းစားျဖစ္ၾကပါ၊ အိမ္ေထာင္ျပၾကပါဆုိတာမ်ိဳး မဟုတ္ပါဘူး။ အျပင္ မွာ ေတြ႔ဆံုျပီး ကိုယ္နဲ႔ မိတ္ေဆြျဖစ္ဖို႔ သင့္မသင့္ စတင္ စစ္ေဆးတဲ့ Stage မွာပဲ ရွိပါေသးတယ္။ အြန္လိုင္းမွာတုန္းက ေျပာထားတဲ့ အခ်က္ေတြ အားလံုးက ဟုတ္ေနျပီ။ အျပင္မွာ ရုပ္ေလး ေတြ႔ျပီး ဆံုးျဖတ္လို႔ရ ျပီးေရာ ဆုိရင္ေတာ့ ဒုကၡေရာက္သြား ႏုိင္ပါတယ္။ အလုပ္အရမ္းမ်ားျပီး ဘဝအတြက္ လက္တြဲေဖာ္ ရွာဖု႔ိ အခိ်န္ေပးႏိုင္သူမ်ားအတြက္ ရည္ရြယ္ပါတယ္။
.
ေအာင္ခမ္း (TSJ team)

Unicode

လက်ရှိ ကျနော့ပတ်ဝန်းကျင်မှာ အွန်လိုင်းကနေ တွေ့ပြီး အပြင်မှာ တကယ် ညားသွား ကြတဲ့ အတွဲတွေ လက်ချိုးရေလို့ မရအောင် များပြားနေပါပြီ။မြန်မာပြည်လည်း နောက်ဆိုရင်ဖွံ့ဖြိုးပြီး တိုင်းပြည်တွေလို ဖြစ်လာမလား စဉ်းစားစရာတွေ အင်မတန် များလာ ပါတယ်။ အချို ့က ပြောပါတယ်။ အွန်လိုင်းမှာတွေ့တာ မယုံကြနဲ့။

အားလုံးက အလိမ်အညာတွေ။ အညာခံသွားရ လိမ့်မယ်။ အစရှိသဖြင့်ပေါ့။ ကျနော်လည်း အစက အဲ့လိုပဲ အဆိုးမြင့်တဲ့ ဘက်မှာ ပါခဲ့ ဖူးပါတယ်။ ခုတော့ ပြောင်းလဲသွား ပါပြီ။ ခေတ်ကြီးက ပြောင်းလဲနေတာလေ။

အွန်လိုင်းမှာ တွေ့ပြီး အပြင်မှာ မချိန်းပါနဲ့လို့ ကလေးတွေကိုလည်း သွားတားလို့ မရဘူးလေ။ ခက်တာက ကလေးတွေတင် မကပဲ လူလတ်ပိုင်း၊ လူကြီးတွေအတွက်ထိပါ Online Dating က အရေးပါလာပါတယ်။ ဒီတော့ မြန်မာပြည်မှာ အွန်လိုင်းကနေတွေ့ပြီး အပြင်မှာ ချိန်းတွေတာကို သာမန် Dating တစ်ခုလို့ပဲ မြင်မိပါတော့တယ်။

သို့ပေမယ့် ဆင်ခြင်ရမယ့် အပိုင်းတွေ အများကြီး ရှိပါတယ်။ မတွေ့ခင်ကတည်းက တစ်ယောက် အကြောင်း တစ်ယောက်သိဖို့ အပြန်လှန်မေးထားဖို့ လိုပါတယ်။ အွန်လိုင်း မှာကတည်းက ပြောဆိုဆက် ဆံတာ အဆင်မပြေရင် အပြင်မှာ တွေ့ဖို့ဆိုတာ ဝေလာဝေးလေ။ ဒီတော့ အွန်လိုင်း မှာကတည်းက တစ်ယောက်နဲ့ တစ်ယောက် စကားပြော ပြေပြစ်မှု ရှိမရှိကို အရင်သုံးသပ်ရပါမယ်။

Chatting တွင် စကားပြောပါ

Chatting မှာ စကားပြောတာတော့ သင်ပေးစရာမလိုဘူးလေ။ လူတိုင်းပြောတတ်နေတာပဲ။ တစ်ယောက် နဲ့ တစ်ယောက် ပြောပုံဆို ပုံ၊ ပြုမှုဆက်ဆံပုံက မတူတော့ ဘယ်လိုပြေပါ။

ဘာညတော့ ပြောလို့မရ ပါဘူး။ သို့ပေမယ့် ပြောဆိုမှုထဲမှာ အမည်၊ အသက်၊ ပညာအရည်အချင်း၊ အလုပ်အကိုင်၊ လက်ရှိနေရပ်၊ အိမ်ထောင် ရေး အရှုပ်အရှင်း၊ အချစ်ရေး အရှုပ်အရှင်း ရှိမရှိ အစရှိတဲ့ အရေးကြီး အချက်များကို မေးမြန်းဖို့လို ပါတယ်။ မေးမြန်း ပြောဆိုချက်များအရ Single ဖြစ်မယ်။ အရှုပ်အရှင်းကင်းမယ်ဆိုရင် Chatting level မှာ အောင်မြင်ပါပြီ။

Profile စစ်ဆေးပါ

နောက်တစ်ဆင့်ကတော့ Profile စစ်ဆေးတဲ့ အဆင့်ပါ။ ဒီခေတ်က Facebook ခေတ်လေ။ Facebook ဝင်ကြည့်ရင် အကုန်သိတယ်။ Timeline ကို ဒီနေ့ကစလို့ အကောင့်စဖွင့်တဲ့နေ့အထိ တောက်လျှောက်စစ်ဆေး။

Info မှာ သူ့ရဲ ့ အလုပ်အကိုင်၊ ပညာအရည်အချင်း တွေကို ပြောထားတဲ့ အတိုင်းထည့်ထားလား၊ သို့မဟုတ် ဘာမထည့်ထားဘူးလား။ ထည့်ထားတာ နဲ့ ပြောတာနဲ ့ လွဲနေလား အားလုံး စစ်ဆေးဖို့ လိုပါတယ်။ Chatting နဲ့ Profile Check နှစ်ခုလုံးက Virtual world မှာပါ။ ဒီနှစ်ဆင့်လုံး မှာ ပြောစရာမရှိအောင် အပြစ်ကင်းနေရင် နောက်တစ်ဆင့် အနေနဲ့ Real World ကိုတက်နိုင်ပါပြီ။

ဖုန်းပြောပါ

အွန်လိုင်းမှာ စကားပြောလို့က အဆင်ပြေသွားပြီ စိုပါဆို့။ နောက်တစ်ဆင့်က ဖုန်းဆက်တာပေါ့။ လူကို ဓာတ်ပုံထဲမှာသာ မြင်ဖူးပြီး စကားအပြောအဆို ဘယ်လိုရှိမယ်ဆိုတာ မသိဘူးလေ။

ဒီတော့ ဒုတိယ အဆင့် လုပ်ရမှာပါ။ အွန်လိုင်းမှာ သိထားတဲ့ အချက်အလက်၊ Chat ထဲက ပြောဆိုမှု နဲ့ အပြင်မှာ တကယ် ဖုန်းပြော ရတာနဲ့က ကွဲနိုင်ပါတယ်။ အသံနေအထားကို မူတည်ပြီးတော့ ဒီလူ လိမ်နေတာလား၊ အတည်လား ဆိုတာကို အခြေခံအားဖြင့် လူကဲခတ်လေးတော့ တတ်ဖို့လိုပါမယ်။ ဒါလည်း အားလုံး သိမှာပါ။ ဖုန်းဆက်လို့ အဆင်ပြေသွားပြီဆိုရင် နောက်တစ်ဆင့် ကတော့ တွေ့ဆုံရန် ချိန်းဆိုခြင်း ဖြစ်ပါတယ်။

အပြင်မှာ တွေ့ပါ

အွန်လိုင်းမှာကတော့ ပြောလို့အဆင်ပြေနေပါပြီ။ အပြင်မှာတွေ့ဖို့ ချိန်းကြတော့မယ်ဆိုပါစို့။ Public Place တွေကိုပဲ ရွေးရမှာပါ။ သတိထားရမှာတစ်ခုက မိမိရဲ ့နေရပ်လိပ်စာအနီးအနားကို မခေါ်မိစေဖို့ပါပဲ။ ဒါက အမျိုးသမီးများရဲ ့Personal Safety အတွက် စိုးရိမ်ရနိုင်ပါတယ်။ ဒါကြောင့် လူမြင်ကွင်း၊ လူသိများ စားသောက် ဆိုင်တို့ အအေးဆိုင် တို့လို နေရာမှာ ချိန်းရမှာ ဖြစ်ပါတယ်။

စောင့်ကြည့်စစ်ဆေးပါ

အပြင်မှာတွေ့တဲ့အခါလည်း ပြောဆိုဆက်ဆံရတာ အဆင်ပြေတယ်။ ဓာတ်ပုံတွေလည်း အင်တနက် ပေါ်က အတိုင်းပဲ ဆိုပါစို့။ ဒါနဲ့ပဲ အဆင်ပြေပြီလို့ မမှတ်လိုက်ပါနဲ့။ ပထမဆုံး တွေ့ဆုံမှုက ဖူးစာရှင်လို့ မှတ်ယူရင် မှားသွား နိုင်ပါတယ်။ ပထမဆုံး တွေ့ဆုံမှုက ရှေးရေ စက်ကြောင့်မို့ တွေ့ရတယ်လို့ မှတ်ယူပြီး နောက်ပိုင်း အကြိမ်ကြိမ် အခါခါတွေ့ဖို့လိုပါမယ်။

ဒါကျတော့ Real World မှာလေ။ Real World မှာ ကောင်လေး တစ်ယောက် အနေနဲ့၊ ကောင်မလေး တစ်ယောက်နဲ့ တစ်ခါတွေ့ပြီးရင်၊ ဖုန်းနံပါတ်တွေလည်း ရှိသွားပြီ ဆိုရင် ဘယ်လို စစ်ဆေး၊အကဲခတ်၊ လေ့လာရမယ်ဆိုတာ လူတိုင်းသိမှာပါ။ ခုက လူငယ်တွေတောင် မဟုတ်တော့ ပါဘူး။ လူကြီးတွေအတွက်လည်း၊ အလုပ်များတာကြောင့် Romantic ဆန်ဖို့အတွက် အချိန် မပေးနိုင်သူ များက အွန်လိုင်းကတော့ ဘဝလက်တွဲဖော်များ တွေ့လေမလားလို့ ရှာလာ တတ်ကြပါတယ်။

အနှစ်ချုပ်

အချို ့တွေများ အမှန်အကန်နဲ့တွေ့သွားတာ ရှိပေမယ့် အချို ့အညာမိသွားတဲ့ ဇာတ်လမ်းတွေလည်း အများကြီးမှ အများကြီးပါ။ အိမ်ထောင်ရှိလျက်နဲ့ အပျို၊လူပျို ဇာတ်ခင်းပြီး ကွဲကွဲပြဲပြဲ ဖြစ်သွားတဲ့ အချစ်ဇာတ်လမ်း တွေ လည်း မြင်တွေ့နေရပါတယ်။ သူတို့ အဓိက လွဲသွားတဲ့ အဆင့်ကတော့ စောင့်ကြည့် စစ်ဆေးတဲ့ အချိန်ကာလမှာပါ။ အွန်လိုင်း မှာတွေ့ပြီး အပြင်မှာတွေ့တာက တစ်လတောင် မရှိသေးဘူး။

အိမ်ထောင်ပြု လိုက် တာမျိုးကျ လွန်တယ်လေ။ Online Dating လုပ်တယ်ဆိုတာက ရည်းစားဖြစ်ကြပါ၊ အိမ်ထောင်ပြကြပါဆိုတာမျိုး မဟုတ်ပါဘူး။ အပြင် မှာ တွေ့ဆုံပြီး ကိုယ်နဲ့ မိတ်ဆွေဖြစ်ဖို့ သင့်မသင့် စတင် စစ်ဆေးတဲ့ Stage မှာပဲ ရှိပါသေးတယ်။ အွန်လိုင်းမှာတုန်းက ပြောထားတဲ့ အချက်တွေ အားလုံးက ဟုတ်နေပြီ။ အပြင်မှာ ရုပ်လေး တွေ့ပြီး ဆုံးဖြတ်လို့ရ ပြီးရော ဆိုရင်တော့ ဒုက္ခရောက်သွား နိုင်ပါတယ်။ အလုပ်အရမ်းများပြီး ဘဝအတွက် လက်တွဲဖော် ရှာဖို့ အချိန်ပေးနိုင်သူများအတွက် ရည်ရွယ်ပါတယ်။
.
အောင်ခမ်း (TSJ team)

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...