======

မိန္းကေလး တို႕ သတိထားသင့္ေသာ ေယာက်ၤားမ်ား ၏ ထိုုခဏ


၁ ။ ခဏေလးပါကြာ …. မေၾကာက္ပါနဲ႕ .. တကယ္ကိုုခဏေလး ပါပဲ
ခပ္တုုိးတိုုး နဲ႕ ေလသံကခြ်ဲပစ္ၿပီး ၾကက္သီးထဖြယ္ေကာင္းေလာက္ေအာင္ သာမက ရင္ေတြ တစ္ဒိုုင္းဒိုုင္း ခုုန္ လာေစေသာ ထိုုစကားသံ ႏွင့္အတူ တစ္ဆတ္ဆတ္တုုန္ရီေနတဲ့ အပ်ိဳစင္မေလး ရဲ႕ ခႏၵာေပၚက စုုန္ဆန္ခ်ည္ အလုုပ္မ်ားေနတဲ့ လက္တစ္စံုု ပိုုင္ရွင္ ရဲ႕ စကားေလး တစ္ခြန္းက ညီမ တိုု႕ ဘဝတစ္ခုုလံုုးကိုု စုုတ္ၿပတ္ေၾကမြ သြားေစနုုိင္တယ္ ဆိုုတာ သတိထားေစ လိုုပါတယ္။
တစ္သက္စာ ထိန္းသိမ္းလာခဲ့ရတဲ့ အပ်ိဳစင္ ဘဝ ဟာ ထိုု ပုုရိသ ရဲ႕ ခြင့္ေတာင္းလိုုဟန္ေႏွာေပမယ့္ အမိန္႕ ေပးသံေပ်ာ့ေပ်ာ့ ရဲ႕ ထုုိ ခဏ ေအာက္မွာ တစ္သက္စာ ေၾကမြ ပ်က္သုုန္းသြား နုုိင္တယ္။တစ္မိနစ္အတြင္းမွာတင္ အပ်ိဳစင္ဘဝ ေပ်ာက္ကြယ ္ပ်က္စီးသြားနုုိင္တယ္ဆိုုတာ သတိခ်ပ္ေစလိုုပါတယ္။
မိန္းကေလး တိုု႕ သိထားဖိုု႕ က အပ်ိဳစင္ဘဝ ကိုု မဂၤလာရွိေသာ မဂၤလာဦးည တိုုင္ ထိန္းသိမ္းဖိုု႕ ၊တန္ဖိုုးထားဖိုု႕ အင္မတန္ ခ်ဳပ္တည္း ထိန္းသိမ္းခဲ့ရ တာ ကိုုက ဘဝ တစ္သက္စာ အတြက္ တန္ဖိုုးရွိေသာ၊ မဂၤလာရွိေသာ သတိုု႕ သမီးအၿဖစ္ ခင္ပြန္းသည္ရဲ႕ တန္ဖိုုးထားမႈ၊ၿမတ္ႏုုိးမႈ ၊ ေလးစားမႈ ကိုု တစ္သက္စာ ပိုုင္ဆိုုင္ႏုုိင္ဖိုု႕ ၿဖစ္ပါတယ္။
မိမိကိုု လက္ထပ္မည္၊ လက္မထပ္မည္ မေသခ်ာ ေသးတဲ့ ခ်စ္သူရည္းစား တစ္ေယာက္ ရဲ႕
ခဏေလး ပါကြာ ဆိုုတဲ့ အေလးမထားတဲ့စကား တစ္ခြန္းေအာက္မွာ သင္အရည္ေပ်ာ္နစ္မြန္းခဲ့ မိရင္ေတာ့.. သင္ေပးဆပ္ရမယ့္ တန္ဖိုုးက ထိုုခဏေလး အတြက္ တန္ပါရဲ႕ လား လုုိ႕ ထိုုစကားၾကားစဥ္ ခဏမွာ ေတြးမိ စဥ္းစားမိေစခ်င္ပါတယ္။
၂ ။ ခဏေလး လိုုက္ခဲ့ပါကြာေနာ္
ခဏေလး ဟိုုနားလိုုက္ခဲ့ပါ ။ ဒီနားလာခဲ့ပါဆိုုတဲ့ ခ်ိန္းဆိုုမႈ ေတြ ေအာက္မွာ အပ်ိဳစင္ဘယ္ႏွစ္ေယာက္ ေလာက္ လမ္းေပ်ာက္ခဲ့ၾက ၿပီးၿပီလဲ ။
ခဏေလး လိုုက္ခဲ့ပါ ကြာ ေနာ္ ဆိုုတဲ့စကားေနာက္မွာ ေကာက္ေကာက္ပါေအာင္ လိုုက္ခဲ့မိတဲ့ အပ်ိဳမေလး တိုု႕ ေရာက္သြားနုုိင္တဲ့ အေပါစားတည္းခိုုခန္း ေတြ၊ထူထပ္တဲ့ၿခံဳဖုုတ္ေတြ၊လူၿပတ္တဲ့လမ္းၾကားေတြ၊စသည္စသည္ ေနရာမ်ား ကိုု အလြယ္တကူ အေလ်ာ့ေပးအလိုုမလိုက္ အားမနာပဲၿငင္းဆန္နုုိင္တဲ့သတၱိ နဲ႕ ခြန္းအား ၿပည့္ဝ ေနေစလိုုပါတယ္။
မိမိ ယံုုၾကည္ေလးစားရတဲ့ ခ်စ္သူ ပင္ၿဖစ္လင့္ကစား ပံုုမမွန္တဲ့ ေနရာေဒသေတြ ကိုု ခ်ိန္းဆိုုေခၚေဆာင္သြားတဲ့အခါ မိမိတန္းဖိုုးထား ရတဲ့ အပ်ိဳစင္ဘဝကိုု အစြမ္းကုုန္ထိန္းသိမ္းကာကြယ္ဖိုု႕ သတိေလးကပ္ၿပီး အလိမၼာစကားႏွင့္ၿငင္းပယ္ နုုိင္ဖိုု႕ ၾကိဳတင္စဥ္းစား ၿပင္ဆင္ထားသင့္ပါတယ္။
၃ ။ ခဏေတာ့ ေစာင့္ပါကြာ
တစ္ခ်ိဳ႕ ေယာက်ၤားေတြဟာ ရည္မွန္းခ်က္တစ္စံုုတစ္ရာ အတြက္ ၾကိဳးပန္းခ်ိန္မွာ ၄င္းတိုု႔ရဲ႕ ခ်စ္သူ မိန္းကေလးမ်ားကိုု စိတ္ရွည္လက္ရွည္ေစာင့္စား ေနဖိုု႕ ခြင့္ပန္ေလ့ရွိပါတယ္။သိပ္ေကာင္းပါတယ္။ ဒါေပမယ့္ တစ္ခ်ိဳ႕ေသာ ကတိမတည္တဲ့ေယာက်ၤားအခ်ိဳ႕ ကိုု ေစာင့္ေမွ်ာ္ရင္း တန္ဖိုုးရွိတဲ့ ပ်ိဳၿမစ္ၿခင္းေတြ ကိုုေပးဆပ္လုုိက္ရတဲ့ အညာခံ အပ်ိဳၾကီးေတြ လဲအမ်ားၾကီး ရွိေနတယ္ဆိုုတာ ေတာ့မေမ့ေစခ်င္ဘူး။
ဒါဆိုု မေစာင့္ပဲေနဖိုု႕ လားဆိုုေတာ့လဲ မဟုုုုတ္ပါဘူး။ေစာင့္ေမွ်ာ္ပါ ။ မိမိခ်စ္သူ ရည္မွန္းခ်က္ပန္းတိုုင္ေရာက္သည္အထိ တတ္နုုိင္ရင္ ပါရမီၿဖည့္သင့္ရင္ၿဖည့္ၿပီးေစာင့္ေမွ်ာ္ပါ။ ဒါေပမယ့္ ညီမတိုု႕ ရဲ႕ ႏွလံုုးသားတံခါး ကိုုသာ ခ်စ္သူအတြက္ေသာ့ခတ္ ထားေပးၿပီး ညီမတိုု႕ မ်က္လံုုးေတြကိုုဖြင့္၊ နားေတြကိုု စြင့္ ၿပီး အေဝးေရာက္ခ်စ္သူကိုု မ်က္ေခ်မၿပတ္ဖိုု႕ လဲလိုုတယ္ဆိုုတာ မေမ့ေစခ်င္ဘူး။
မိမိတုုိ႕ ခ်စ္သူရဲ႕ ခဏေလာက္ေစာင့္ ေပးပါကြာ ဆိုုတဲ့စကားကိုု နာခံေနစဥ္ ထိုုခဏ မွာလဲ မိမိတုုိ႕ တတ္စြမ္းသေလာက္ ကိုုယ္ေရကိုုယ္ေသြးၿပည့္ဝေနေအာင္လဲ ၾကိဳးစားထားဖိုု႕ လိုုတယ္။
တစ္ခ်ိဳ႕ ကရွိတတ္တယ္။ ကိုုယ့္ခ်စ္သူက နုုိင္ငံၿခားမွာပါရဂူဘြဲ႕ ၊ သိုု႕ ၊ စီးပြားေရးအတြက္ အတြက္ၾကိဳးပန္းေနစဥ္ခဏမွာ ၿပန္လာရင္ ပါရဂူၾကီး ပေရာ္ဖက္ဆာၾကီး ၊ သူေဌးၾကီး ၿဖစ္မွာမိုု႕ ငါကေတာ့ အလွအပပဲ ၿပင္ထားမယ္ က်န္တဲ့အရည္အခ်င္းေတြ ရွိစရာမလုုိဘူးလိုု႕ ေတြးရင္း အခ်ိန္ေတြၿဖဳန္းတီးေနတဲ့ မိန္းမငယ္တစ္ခ်ိဳ႕အတြက္ ေတာ့ ရင္ေလးစရာပါပဲ။
ရုုပ္ခႏၵာ အလွအပ သည္ ၾကာရွည္ မတည္ၿမဲ ၊ ပညာအလွသည္သာ ထာဝရ ၿမဲၿမံပါတယ္။
တစ္ခ်ိဳ႕ ေယာက်ၤားေတြ မ်ားက်ေတာ့လည္း ခဏေတာ့ေစာင့္ပါကြာ ဆိုုတဲ့စကားေနာက္မွာ စုုန္းစုုန္းၿမဳတ္ေပ်ာက္ကြယ္ရင္း အိပ္မက္ေတြ အဖန္ဖန္ေပး ေၾကေအးဖိုု႕ေတးေတြ ခဏခဏ ဆိုုေနဆဲပဲေပါ့။
ဘာပဲၿဖစ္ၿဖစ္ ပါ…လူ႕ ဘဝက သိပ္တိုုပါတယ္။ တကယ္ကိုု ခဏေလး ပါပဲ။
ထုုိခဏေလး မ်ားစြာေတြထဲမွာ မွ ေယာက်ၤားမ်ားရဲ႕ ထိုုခဏ အတြက္ေတာ့ ညီမတိုု႕ ရဲ႕ အပ်ိဳစင္ဘဝနဲ႕ မိမိတိုု႕ ကိုုယ္ပိုုင္ဖန္းတီးတည္ေဆာက္ႏိုု္င္စြမ္းေတြကိုု အယံုုမလြယ္ပဲ အေလးအနက္ထား ၾကိဳးပမ္းထိန္းသိမ္းသင့္တယ္ လိုု႕ အၾကံၿပဳ လုုိက္ပါရေစေနာ္။
ေလးစားခ်စ္ခင္လ်က္
မနတ္သမီး
Unicode
၁ ။ ခဏလေးပါကွာ …. မကြောက်ပါနဲ့ .. တကယ်ကိုခဏလေး ပါပဲ
ခပ်တိုးတိုး နဲ့ လေသံကချွဲပစ်ပြီး ကြက်သီးထဖွယ်ကောင်းလောက်အောင် သာမက ရင်တွေ တစ်ဒိုင်းဒိုင်း ခုန် လာစေသော ထိုစကားသံ နှင့်အတူ တစ်ဆတ်ဆတ်တုန်ရီနေတဲ့ အပျိုစင်မလေး ရဲ့ ခန္ဒာပေါ်က စုန်ဆန်ချည် အလုပ်များနေတဲ့ လက်တစ်စုံ ပိုင်ရှင် ရဲ့ စကားလေး တစ်ခွန်းက ညီမ တို့ ဘဝတစ်ခုလုံးကို စုတ်ပြတ်ကြေမွ သွားစေနိုင်တယ် ဆိုတာ သတိထားစေ လိုပါတယ်။
တစ်သက်စာ ထိန်းသိမ်းလာခဲ့ရတဲ့ အပျိုစင် ဘဝ ဟာ ထို ပုရိသ ရဲ့ ခွင့်တောင်းလိုဟန်နှောပေမယ့် အမိန့် ပေးသံပျော့ပျော့ ရဲ့ ထို ခဏ အောက်မှာ တစ်သက်စာ ကြေမွ ပျက်သုန်းသွား နိုင်တယ်။တစ်မိနစ်
အတွင်းမှာတင် အပျိုစင်ဘဝ ပျောက်ကွယ ်ပျက်စီးသွားနိုင်တယ်ဆိုတာ သတိချပ်စေလိုပါတယ်။
မိန်းကလေး တို့ သိထားဖို့ က အပျိုစင်ဘဝ ကို မင်္ဂလာရှိသော မင်္ဂလာဦးည တိုင် ထိန်းသိမ်းဖို့ ၊တန်ဖိုးထားဖို့ အင်မတန် ချုပ်တည်း ထိန်းသိမ်းခဲ့ရ တာ ကိုက ဘဝ တစ်သက်စာ အတွက် တန်ဖိုးရှိသော၊ မင်္ဂလာရှိသော သတို့ သမီးအဖြစ် ခင်ပွန်းသည်ရဲ့ တန်ဖိုးထားမှု၊မြတ်နိုးမှု ၊ လေးစားမှု ကို တစ်သက်စာ ပိုင်ဆိုင်နိုင်ဖို့ ဖြစ်ပါတယ်။
မိမိကို လက်ထပ်မည်၊ လက်မထပ်မည် မသေချာ သေးတဲ့ ချစ်သူရည်းစား တစ်ယောက် ရဲ့
ခဏလေး ပါကွာ ဆိုတဲ့ အလေးမထားတဲ့စကား တစ်ခွန်းအောက်မှာ သင်အရည်ပျော်နစ်မွန်းခဲ့ မိရင်တော့.. သင်ပေးဆပ်ရမယ့် တန်ဖိုးက ထိုခဏလေး အတွက် တန်ပါရဲ့ လား လို့ ထိုစကားကြားစဉ် ခဏမှာ တွေးမိ စဉ်းစားမိစေချင်ပါတယ်။
၂ ။ ခဏလေး လိုက်ခဲ့ပါကွာနော်
ခဏလေး ဟိုနားလိုက်ခဲ့ပါ ။ ဒီနားလာခဲ့ပါဆိုတဲ့ ချိန်းဆိုမှု တွေ အောက်မှာ အပျိုစင်ဘယ်နှစ်ယောက် လောက် လမ်းပျောက်ခဲ့ကြ ပြီးပြီလဲ ။
ခဏလေး လိုက်ခဲ့ပါ ကွာ နော် ဆိုတဲ့စကားနောက်မှာ ကောက်ကောက်ပါအောင် လိုက်ခဲ့မိတဲ့ အပျိုမလေး တို့ ရောက်သွားနိုင်တဲ့ အပေါစားတည်းခိုခန်း တွေ၊ထူထပ်တဲ့ခြုံဖုတ်တွေ၊လူပြတ်တဲ့လမ်းကြားတွေ၊စသည်စသည် နေရာများ ကို အလွယ်တကူ အလျော့ပေးအလိုမလိုက် အားမနာပဲငြင်းဆန်နိုင်တဲ့သတ္တိ နဲ့ ခွန်းအား ပြည့်ဝ နေစေလိုပါတယ်။
မိမိ ယုံကြည်လေးစားရတဲ့ ချစ်သူ ပင်ဖြစ်လင့်ကစား ပုံမမှန်တဲ့ နေရာဒေသတွေ ကို ချိန်းဆိုခေါ်ဆောင်သွားတဲ့အခါ မိမိတန်းဖိုးထား ရတဲ့ အပျိုစင်ဘဝကို အစွမ်းကုန်ထိန်းသိမ်းကာကွယ်ဖို့ သတိလေးကပ်ပြီး အလိမ္မာစကားနှင့်ငြင်းပယ် နိုင်ဖို့ ကြိုတင်စဉ်းစား ပြင်ဆင်ထားသင့်ပါတယ်။
၃ ။ ခဏတော့ စောင့်ပါကွာ
တစ်ချို့ ယောင်္ကျားတွေဟာ ရည်မှန်းချက်တစ်စုံတစ်ရာ အတွက် ကြိုးပန်းချိန်မှာ ၄င်းတို့ရဲ့ ချစ်သူ မိန်းကလေးများကို စိတ်ရှည်လက်ရှည်စောင့်စား နေဖို့ ခွင့်ပန်လေ့ရှိပါတယ်။သိပ်ကောင်းပါတယ်။ ဒါပေမယ့် တစ်ချို့သော ကတိမတည်တဲ့ယောင်္ကျားအချို့ ကို စောင့်မျှော်ရင်း တန်ဖိုးရှိတဲ့ ပျိုမြစ်ခြင်းတွေ ကိုပေးဆပ်လိုက်ရတဲ့ အညာခံ အပျိုကြီးတွေ လဲအများကြီး ရှိနေတယ်ဆိုတာ တော့မမေ့စေချင်ဘူး။
ဒါဆို မစောင့်ပဲနေဖို့ လားဆိုတော့လဲ မဟုတ်ပါဘူး။စောင့်မျှော်ပါ ။ မိမိချစ်သူ ရည်မှန်းချက်ပန်းတိုင်ရောက်သည်အထိ တတ်နိုင်ရင် ပါရမီဖြည့်သင့်ရင်ဖြည့်ပြီးစောင့်မျှော်ပါ။ ဒါပေမယ့် ညီမတို့ ရဲ့ နှလုံးသားတံခါး ကိုသာ ချစ်သူအတွက်သော့ခတ် ထားပေးပြီး ညီမတို့ မျက်လုံးတွေကိုဖွင့်၊ နားတွေကို စွင့် ပြီး အဝေးရောက်ချစ်သူကို မျက်ချေမပြတ်ဖို့ လဲလိုတယ်ဆိုတာ မမေ့စေချင်ဘူး။
မိမိတို့ ချစ်သူရဲ့ ခဏလောက်စောင့် ပေးပါကွာ ဆိုတဲ့စကားကို နာခံနေစဉ် ထိုခဏ မှာလဲ မိမိတို့ တတ်စွမ်းသလောက် ကိုယ်ရေကိုယ်သွေးပြည့်ဝနေအောင်လဲ ကြိုးစားထားဖို့ လိုတယ်။
တစ်ချို့ ကရှိတတ်တယ်။ ကိုယ့်ချစ်သူက နိုင်ငံခြားမှာပါရဂူဘွဲ့ ၊ သို့ ၊ စီးပွားရေးအတွက် အတွက်ကြိုးပန်းနေစဉ်ခဏမှာ ပြန်လာရင် ပါရဂူကြီး ပရော်ဖက်ဆာကြီး ၊ သူဌေးကြီး ဖြစ်မှာမို့ ငါကတော့ အလှအပပဲ ပြင်ထားမယ် ကျန်တဲ့အရည်အချင်းတွေ ရှိစရာမလိုဘူးလို့ တွေးရင်း အချိန်တွေဖြုန်းတီးနေတဲ့ မိန်းမငယ်တစ်ချို့အတွက် တော့ ရင်လေးစရာပါပဲ။
ရုပ်ခန္ဒာ အလှအပ သည် ကြာရှည် မတည်မြဲ ၊ ပညာအလှသည်သာ ထာဝရ မြဲမြံပါတယ်။
တစ်ချို့ ယောင်္ကျားတွေ များကျတော့လည်း ခဏတော့စောင့်ပါကွာ ဆိုတဲ့စကားနောက်မှာ စုန်းစုန်းမြုတ်ပျောက်ကွယ်ရင်း အိပ်မက်တွေ အဖန်ဖန်ပေး ကြေအေးဖို့တေးတွေ ခဏခဏ ဆိုနေဆဲပဲပေါ့။
ဘာပဲဖြစ်ဖြစ် ပါ…လူ့ ဘဝက သိပ်တိုပါတယ်။ တကယ်ကို ခဏလေး ပါပဲ။
ထိုခဏလေး များစွာတွေထဲမှာ မှ ယောင်္ကျားများရဲ့ ထိုခဏ အတွက်တော့ ညီမတို့ ရဲ့ အပျိုစင်ဘဝနဲ့ မိမိတို့ ကိုယ်ပိုင်ဖန်းတီးတည်ဆောက်နိ်ုင်စွမ်းတွေကို အယုံမလွယ်ပဲ အလေးအနက်ထား ကြိုးပမ်းထိန်းသိမ်းသင့်တယ် လို့ အကြံပြု လိုက်ပါရစေနော်။
လေးစားချစ်ခင်လျက်
မနတ်သမီး

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...