======

သူငယ်ပြန်နေတဲ့ လူနာအဖိုးကြီးကို လက်သီးနဲ့ ကြိမ်ကြိမ် ထိုးတဲ့သူနာပြု ရုပ်​သံ




ကနေဒါနိုင်ငံမှာ သူနာပြုဝန်ထမ်းအဖြစ်နဲ့ အသက်မွေးဝမ်းကြောင်း ပြုနေတဲ့ Jie Xiao လို့ အမည်ရတဲ့ အမျိုးသား သူနာပြုတစ်ယောက်ဟာ သူနာပြုကျင့်ဝတ်နဲ့မလျှော်ညီစွာ သူ ပြုစုစောင့်ရှောက်နေရတဲ့ အသက် 89 နှစ်အရွယ် သူငယ်ပြန်ဝေဒနာ ခံစားနေရသူ Georges Karam ကို လက်သီးနဲ့ 11 ကြိမ်အထိ ထိုးနှက်ခဲ့ပါတယ်။
Jie ဟာ Hidden Cam တပ်ဆင်ထားတာကို သိရှိခဲ့ခြင်း မရှိဘဲ၊ လူနာအဖိုးကြီး Georges ကို သိသိသာသာ ခပ်ဆက်ဆက် လက်သီးနဲ့ ထိုးနှက်ခဲ့တာကို စိတ်မကောင်းဖွယ်ရာ မြင်တွေ့ရပါတယ်။ သူဟာ အော့တ်တာဝါမြို့၊ Garry J Armstrong ပြုစုစောင့်ရှောက်ရေး ဂေဟာမှာ တာဝန်ထမ်းဆောင်သူ ဖြစ်ပါတယ်။ 
တကယ်တော့ Georges ရဲ့ သားသမီးတွေဟာ ဖခင်ဆီကို အလည်လာတဲ့အခါတိုင်း၊ သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ထူးဆန်းတဲ့ ဒဏ်ရာတွေ တွေ့နေခဲ့လို့ မသင်္ကာခဲ့တာ အတော်ကြာနေပါပြီ။ ဖခင်ကို မေးတော့လည်း Dementia ဖြစ်နေလို့ ဘာကိုမှ မှတ်မှတ်ရရ ပြန်မပြောနိုင်ပါဘူး။
ဒါကြောင့် Georges ရဲ့ မြေးကြီးဖစ်သူ Daniel Nassrallah က ကင်မရာတစ်လုံး လျှို့ဝှက်တပ်ဆင်ပြီး၊ အခြေနေကို စောင့်ကြည့်ခဲ့ပါတယ်။ ဒီမှာတင် လူမဆန်တဲ့၊ အလုပ်နဲ့အကျင့်စာရိတ္တ လုံးဝ မလိုက်ဖတ်တဲ့ Jie ရဲ့ ရိုင်းပြတဲ့အပြုအမူကို သိရှိခဲ့ရတာပါ။အခင်းဖြစ်စဉ်ဟာ မေလ 8 ရက်နေ့က ဖြစ်ပြီး Jie ဟာ သူရဲ့ ၀တ္တရားအရ အဖိုး Georges ထံကို အ၀တ်လဲပေးဖို့ ရောက်လာခဲ့ပါတယ်။ စိတ်နဲ့ကိုယ်နဲ့ မကပ်တဲ့ အဖိုး Georges က သူလုပ်သမျှကို ငြင်းဆန်ခဲ့လို့ Jie က လက်သီးနဲ့ ထိုးခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဗွီဒီယိုဖိုင်ထဲမှာ နောက်တစ်ခါ ကလန်ကဆန်မလုပ်နဲ့ လက်သီး-ဆိုတဲ့ အမူအယာနဲ့ မျက်နှာဆီကို လက်သီးကပ်ပြီး ပြခဲ့ပါသေးတယ်။
မိသားစုဝင်တွေဟာ ချက်ချင်းပဲ ရဲကိုခေါ်ကာ စောင့်ရှောက်ရေးဂေဟာဆီကို သွားရောက်ခဲ့ပြီး၊ Jie ကို ဖမ်းဆီးစေခဲ့ပါတယ်။ အဖိုးရဲ့ဒဏ်ရာတွေကို စစ်ဆေးတဲ့အခါမှာ စိုးရိမ်ရလောက်ဖွယ်ရာတော့ မရှိဘူးလို့ ဆရာဝန်က ဆိုပါတယ်။ Jie ဟာ သူရဲ့အပြစ်ကို ၀န်ခံခဲ့ပြီး၊ ပြစ်ဒဏ်မှ သက်ညှာဖို့ တောင်းဆိုခဲ့ပေမယ့်၊ အနည်းဆုံး Care Worker အဖြစ်မှ ရာသက်ပန် ပိတ်ပင်ခံရဖွယ်ရှိပြီး၊ ထောင်ဒဏ်လည်း ကျခံရဖို့ ရှိနေပါတယ်။

mmmyanmarnews

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...