မင္းသမီးၾကီး၀ါ၀ါ၀င္းေရႊရဲ ့စပြန္ဆာရွင္ ၊ CIA က လက္သပ္ေမြးခဲ့တဲ့ ေရႊႀတိဂံဘိန္းဘုရင္


သူမကို ျမန္မာႏုိင္ငံ ကိုလုိနီလက္ေအာက္က်ေရာက္ေနတ့ဲအခ်ိန္မွာ ေမြးဖြားခ့ဲပါတယ္။ ဒါေပမ့ဲလည္း သူမဘ၀က မိန္းကေလးတစ္ေယာက္လုိ ႏူးညံ့မႈေတြနဲ႔ႀကီးျပင္းခ့ဲတာမဟုတ္ပါဘူး။
မူးယစ္ေဆး၀ါးနဲ႔ တရားမ၀င္ ေမွာင္ခိုပစၥည္းေတြ ေရာင္း၀ယ္ေဖာက္ကားတ့ဲေဒသတစ္ခုျဖစ္တ့ဲ ေရႊႀတိဂံလုိေနရာမ်ိဳးမွာ ဘိန္းဘုရင္မအျဖစ္နဲ႔ နာမည္ေက်ာ္ခ့ဲသူ၊ ေယာက္်ားေတြနဲ႔ရင္ေဘာင္တန္းၿပီး ၾကမ္းျပ ရမ္းျပႏုိင္သူတစ္ေယာက္ပါ။ သူမမွာ အေမရိကန္ ေထာက္လွမ္းေရးအဖြဲ႕ႀကီးျဖစ္တ့ဲ စီအုိင္ေအရဲ႕ေက်ာေထာက္ေနာက္ခံနဲ႔ တည္ေထာင္ထားတ့ဲ စစ္တပ္တစ္ခု လည္းရွိပါတယ္။

လြန္ခ့ဲတ့ဲ တစ္ပတ္ကပဲ အသက္ ၉၀ ျပည့္သြားတ့ဲသူမဟာ အခုေတာ့လည္း ဘယ္သူမွမလြန္ ဆန္ႏုိင္တ့ဲ ေသျခင္းတရားစီမွာ ဒူးေထာက္အည့ံခံခ့ဲရပါၿပီ။ အဲဒီသူမကေတာ့ ျမန္မာျပည္အေရွ႕ဖ်ားက လူတုိင္း သိၾကတ့ဲ ဘိန္းဘုရင္မ ေအာလစ္ဗ္ယန္း(Olive Yang) ပဲျဖစ္ပါတယ္။ လက္နက္ကုိင္လူအင္အားရာခ်ီကို ဦးေဆာင္ခ့ဲတ့ဲ သူမဟာ ေရႊႀတိဂံေဒသမွာ နာမည္ႀကီးသူတစ္ဦးျဖစ္သလုိ ျမန္မာအစုိးရနဲ႔ တုိင္းရင္းသားလက္နက္ကုိင္တပ္ဖြဲ႕ ေတြၾကားမွာလည္း အပစ္အခတ္ရပ္စဲေအာင္ ေစ့စပ္ညိႇႏိႈင္းေပးႏုိင္ခ့ဲသူျဖစ္ပါတယ္။

ေအာလစ္ဗ္ယန္းကို တ႐ုတ္မိသားစုတစ္စုမွာ ေမြးဖြားခ့ဲၿပီး ေမြးခ်င္းကေတာ့ (၁၁)ေယာက္ရွိပါတယ္။ ရွမ္းျပည္နယ္၊ ကိုးကန္႔ကိုယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသေခါင္းေဆာင္ရဲ႕ မိသားစု၀င္လည္းျဖစ္ပါတယ္။ သူမက လူမွန္းသိတတ္ ကတည္းက ေယာက္်ားေလးတစ္ေယာက္လုိပဲ ၀တ္ဆင္ပါတယ္။ အဲဒီအခ်ိန္မွာ ျပည္မႀကီးမွာ ျပဳလုပ္ေလ့ရွိတ့ဲ အမ်ိဳးသမီးေတြကို ေျခစည္းတ့ဲအေလ့အထကိုလည္း သူမက ျငင္းပယ္ခ့ဲပါတယ္။ သူမရဲ႕ အစ္ကိုေမာင္ေတြ ႀကိဳက္တာေတြကို လုိက္ႀကိဳက္တ့ဲအထိ ေယာက္်ားတစ္ေယာက္လုိ ေနထိုင္ခ့ဲသူျဖစ္ပါတယ္။

ပံုမွန္မိန္းကေလး တစ္ေယာက္လုိမေနတ့ဲသူမကို မိဘေတြက ေယာက်္ားလ်ာျဖစ္မွာစုိးရိမ္တ့ဲအတြက္ အမ်ိဳးထဲက ၀မ္းကြဲေမာင္တစ္ေယာက္နဲ႔ လက္ထပ္ေပးခ့ဲပါတယ္။ ဒါေပမ့ဲလည္း သူမကိုယ္၀န္ရွိလာခ်ိန္မွာေတာ့ သူမရဲ႕ေယာက္်ားျဖစ္သူကုိ ထားခ့ဲၿပီး ဘိန္းကုန္ကူးတ့ဲ ဓားျပေတြနဲ႔ပူးေပါင္းခ့ဲပါေတာ့တယ္။ သူမရဲ႕ သားျဖစ္သူ ဒူအန္ဂ်ီပူကိုေတာ့ ဒုတိယကမၻာစစ္မီးအရွိန္ေကာင္းေနတ့ဲအခ်ိန္ တ႐ုတ္ႏုိင္ငံကူမင္းၿမဳိ႕မွာ ေမြးဖြားခ့ဲပါတယ္။

အဲဒီအခ်ိန္ကစတင္ၿပီး သူမဟာ ျပည္သူ႕စစ္ေခါင္းေဆာင္တစ္ဦးအျဖစ္ ဘိန္းျဖဴေမွာင္ခုိကုန္ကူးတ့ဲသူတစ္ဦးျဖစ္လာခ့ဲကာ အဲဒီအလုပ္ကို စြဲစြဲလမ္းလမ္း တစုိက္မတ္မတ္လုပ္ေဆာင္ခ့ဲပါေတာ့တယ္။ ေဆြမ်ိဳးေတြၾကားထဲမွာေရာ၊ ေဒသတြင္းမွာပါ က်ားမခြဲျခားမႈကို ေတာ္လွန္ခ့ဲသူျဖစ္ပါတယ္။ ” အဲဒီအလုပ္ေတြက သူ႕ကိုလံုး၀မ႐ုန္းထြက္ ႏုိင္ေအာင္ ျဖားေယာင္းဆြဲေဆာင္ခ့ဲတာပါပဲ ” လုိ႔ ၁၉၉၇ ခုႏွစ္မွာ ထုတ္ေ၀ခ့ဲတ့ဲ ‘House of Yang’ ဆိုတ့ဲ စာအုပ္ထဲမွာ သူမရဲ႕တူမျဖစ္သူ ဂ်က္ကီယန္းက ေရးသားခ့ဲပါတယ္။

ေအာလစ္ဗ္အသက္ ၂၅ ႏွစ္မွာေတာ့ စစ္သားရာခ်ီကိုဦးေဆာင္ကာ နယ္စပ္ေတာင္တန္းေတြကိုျဖတ္ေက်ာ္ၿပီး လားေတြ၊ ထရပ္ကားေတြနဲ႔ ဘိန္းျဖဴထုတ္လုပ္မယ့္ ကုန္ၾကမ္းပစၥည္းေတြကိုသယ္ေဆာင္ကာ ထုိင္းနယ္စပ္ လမ္းေၾကာင္းကုိ စတင္ခ်ဲ႕ထြင္ခ့ဲပါတယ္။ သူစတင္ ေဖာက္လုပ္ခ့ဲတ့ဲ ဘိန္းကုန္သြယ္လမ္းေၾကာင္းဟာ ကမၻာ့ဘိန္းျဖဴ ထုတ္လုပ္ေရာင္းခ်မႈအမ်ားဆံုး ေနရာျဖစ္လာခ့ဲပါတယ္။ သန္႔စင္တ့ဲဘိန္းျဖဴထုတ္လုပ္ႏုိင္ဖို႔အတြက္ အဓိကကုန္ၾကမ္းပစၥည္းေတြကို အဲဒီကုန္သြယ္ေရးလမ္းေၾကာင္းကေန သယ္ေဆာင္ၿပီး အေမရိကန္နဲ႔ ဥေရာပကိုပုိ႔ေဆာင္ေပးပါတယ္။

ေအာလစ္ဗ္ရဲ႕ အဓိကပါတနာကေတာ့ တ႐ုတ္ႏုိင္ငံတြင္းက ကြန္ျမဴနစ္အစုိးရေမာ္စီတုန္းရဲ႕တပ္ဖြဲ႕၀င္ေတြ တုိက္ထုတ္လုိက္တ့ဲ တ႐ုတ္မ်ိဳးခ်စ္တပ္ဖြဲ႕အၾကြင္းအက်န္ေတြျဖစ္ပါတယ္။ အဲဒီအဖြဲ႕ေတြက ေမာ္စီတုန္းတပ္ဖြဲ႕ေတြလုိက္တုိက္ေတာ့ ျမန္မာႏုိင္ငံအထဲထိ ၀င္ေျပးၿပီး ခုခံၾကပါတယ္။ ဒါေၾကာင့္ ျမန္မာႏုိင္ငံက ေထာက္လွမ္းေရးေတြက သူမေၾကာင့္ ၿငိမ္းခ်မ္းေရးထိခုိက္လာႏုိင္တာေၾကာင့္ သူမကုိ အႏၱရာယ္ရွိတ့ဲတစ္ေယာက္အျဖစ္ သတ္မွတ္ခ့ဲပါတယ္။

အဲဒီတ႐ုတ္မ်ိဳးခ်စ္တပ္ဖြဲ႕၀င္ေတြကလည္း စီအုိင္ေအရဲ႕ ေထာက္ပံ့မႈေတြ အေျမာက္အမ်ားရရွိခ့ဲပါတယ္။ စစ္ေအးတုိက္ပြဲကာလအေစာပုိင္းမွာ အေမရိကန္က ကြန္ျမဴနစ္၀ါဒ ဆက္လက္မႀကီးထြားေစဖို႔အတြက္ ၎တို႔ကို ဆန္႔က်င္တ့ဲအဖြဲ႕မွန္သမွ်ကို ေထာက္ပံ့မႈေတြေပးခ့ဲတာေၾကာင့္ပဲျဖစ္ပါတယ္။ အဲဒီအခ်ိန္က စီအုိင္ေအရဲ႕ ညႊန္ၾကားမႈနဲ႔ ကြန္ျမဴနစ္တပ္ေတြနဲ႔ ထိေတြ႕တ့ဲေနရာတုိင္းကုိ အေမရိကန္က ေလတပ္အကူအညီနဲ႔ လက္နက္ေတြပုိ႔ေပးခ့ဲတယ္လုိ႔ သိရပါတယ္။ အဲဒီတ႐ုတ္မ်ိဳးခ်စ္ေတြနဲ႔ ေအာလစ္ဗ္တို႔ကေတာ့ သူတို႔ရဲ႕ဘ႑ာေရးအတြက္ ဘိန္းကိုထုတ္လုပ္ေရာင္းခ်မႈေတြ ဆက္လုပ္ခ့ဲပါတယ္။

စီအုိင္ေအက ေအာလစ္ဗ္တုိ႔အဖြဲ႕ကို လက္နက္စတင္ေထာက္ပံ့ခ့ဲတာကေတာ့ ၁၉၅၂ ခုႏွစ္မွာလုိ႔သိရပါတယ္။ အဲဒီလုိ ေထာက္ပံ့ေပးတာကို ျမန္မာအစိုးရက အေထာက္အထားအခုိင္အမာနဲ႔အတူ အဲဒီႏွစ္မွာျပဳလုပ္တ့ဲ ကမၻာ့ကုလသမဂၢအေထြေထြညီလာခံမွာ ကန္႔ကြက္ေၾကာင္း အဆိုတင္သြင္းခ့ဲပါတယ္။ ေအာလစ္ဗ္တို႔အဖြဲ႕ နယ္စပ္မွာ သြားလာရအဆင္ေျပေစဖို႔အတြက္လည္း ထုိင္းႏုိင္ငံအတြင္းမွာ ေလယာဥ္ကြင္းတစ္ခုေဆာက္လုပ္ခဲ့ၿပီး C-47 ေလယာဥ္တစ္စင္းကို ထုိင္၀မ္ႏုိင္ငံက ေပးပုိ႔ခဲ့ပါတယ္။ အဲဒီအခ်ိန္မွာေတာ့ တ႐ုတ္မ်ိဳးခ်စ္အဖြဲ႕ေတြက အေ၀းေရာက္တ႐ုတ္ႏုိင္ငံအစုိးရကုိ ထုိင္၀မ္ႏုိင္ငံမွာဖြဲ႕စည္းခ့ဲပါတယ္။

သိပ္မၾကာခင္မွာေတာ့ ေအာလစ္ဗ္တစ္ေယာက္ ျမန္မာ့တပ္မေတာ္ရဲ႕ ၾကားျဖတ္တုိက္ခိုက္တာကိုခံခ့ဲရပါတယ္။ အဲဒီအခ်ိန္က သူမက ကားတစ္စင္းနဲ႔ထုိင္းနယ္စပ္မွာ သူမရဲ႕လက္ေထာက္ျဖစ္သူနဲ႔အတူ သြားေနစဥ္အတုိက္ခံခ့ဲ ရတာပါ။ အဲဒီအခ်ိန္က သူမရဲ႕လက္ေထာက္ကေတာ့ ေလာ္စစ္ဟန္ ျဖစ္ပါတယ္။ သူမကို ဖမ္းဆီးခ့ဲၿပီး မႏၱေလးအက်ဥ္းေထာင္မွာ ေထာင္ဒဏ္ငါးႏွစ္ခ်မွတ္ခ့ဲပါတယ္။ တ႐ုတ္မ်ိဳးခ်စ္အဖြဲ႕ေတြကို တရားမ၀င္နယ္စပ္ျဖတ္ေက်ာ္ ခြင့္ေပးလုိ႔ဆုိတ့ဲ ျပစ္မႈနဲ႔ျဖစ္ပါတယ္။ ဒါဟာ ေအာလစ္ဗ္နဲ႔ ေလာ္စစ္ဟန္တို႔အတြက္ ပထမဆံုးအႀကိမ္ ေထာင္ဒဏ္အျပစ္ေပးခံရတာလည္းျဖစ္ပါတယ္။

ေနာက္ပုိင္းမွာေတာ့ ေလာစစ္ဟန္က ဘိန္းကုန္ကူးတာကို ပံုစံသစ္ေျပာင္းလဲခ့ဲၿပီး အေရွ႕ေတာင္အာရွအတြင္းမွာ ပိုၿပီးေတာ့ ျဖန္႔ျဖဴးခ့ဲပါတယ္။ အေမရိကန္ႏုိင္ငံက ဘိန္းကုန္ကူးတာကို တရား၀င္တုိက္ဖ်က္ႏွိမ္နင္းလာတာေၾကာင့္လည္းျဖစ္ပါတယ္။ (ဒါအျပင္ ၎ဟာ ျမန္မာအစုိးရနဲ႔လည္း နားလည္မႈရယူခ့ဲၿပီး ဘိန္းကုန္ကူးတ့ဲအလုပ္ကို ဆက္လက္လုပ္ကိုင္ခြင့္ရခ့ဲပါတယ္။ အျပန္အလွန္အေနနဲ႔ အစုိးရတပ္ေတြက သူပုန္တပ္ေတြကိုႏွိမ္နင္းတ့ဲ အခ်ိန္က်ရင္ အစုိးရဘက္က ပါ၀င္ကူညီေပးရပါတယ္။

၁၉၅၉ ခုႏွစ္မွာေတာ့ ေအာလစ္ဗ္ရဲ႕ အစ္ကုိႀကီးျဖစ္သူ အဒ္၀ပ္နန္းစြန္ခ့ဲပါတယ္။ အဲဒီေနာက္မွာေတာ့ ေအာလစ္ဗ္က သူမရဲ႕လက္နက္ကိုင္တပ္အကူအညီနဲ႔ ေဒသတြင္းအုပ္ခ်ဳပ္ေရးကိုပါ ထိန္းခ်ဳပ္လုိက္ပါတယ္။ သူမရဲ႕ ေဆြမ်ိဳးေတြေျပာၾကားခ်က္အရ အဲဒီအခ်ိန္မွာ ေအာလစ္ဗ္ဟာ ေယာက္်ားတစ္ေယာက္လုိပဲ ေျပာဆုိေနထုိင္ခ့ဲတ့ဲအျပင္ ေယာက္်ားတစ္ေယာက္လုိပါခံစားၿပီး အမ်ိဳးသမီးတစ္ဦးကို ခ်စ္ႀကိဳက္ခ့ဲပါတယ္။ ေအာလစ္ဗ္ခ်စ္ႀကိဳက္ခ့ဲသူကေတာ့ ျမန္မာ႐ုပ္ရွင္မင္းသမီး၀ါ၀ါ၀င္းေရႊျဖစ္ၿပီး လက္ေဆာင္ေတြအမ်ားအျပားေပးခ့ဲတ့ဲအျပင္ ပုိးေၾကးပန္းေၾကးအေနနဲ႔ ၀ါ၀ါ၀င္းေရႊ နာမည္နဲ႔အိမ္တစ္လံုးကိုပါ ရန္ကုန္မွာ၀ယ္ေပးခ့ဲတယ္လုိ႔သိရပါတယ္။ ေအာလစ္ဗ္ရဲ႕အသုိင္းအ၀ုိင္းက သူတို႔ႏွစ္ဦးဟာ စံုတြဲေတြျဖစ္ခ့ဲတယ္လုိ႔ သံုးသပ္ခ့ဲၾကေပမယ့္ ၂၀၁၅ ခုႏွစ္မွာ အဆုိပါအိမ္မွာ ေနထုိင္ေနတ့ဲ မင္းသမီးႀကီးကေတာ့ အဆုိပါျဖစ္ရပ္ကို ျငင္းဆန္ခ့ဲပါတယ္။ ဒါေပမ့ဲလည္း သူတို႔ႏွစ္ဦးရဲ႕ ဇာတ္လမ္းက ဗိုလ္ခ်ဳပ္ေန၀င္းအမိန္႔နဲ႔ ေအာလစ္ဗ္ကို ရဲတပ္ဖြဲ႕၀င္ေတြလာေရာက္ဖမ္းဆီးခ့ဲတ့ဲ ၁၉၆၃ ခုႏွစ္မွာ တစ္ခန္းရပ္သြားပါတယ္။ အဲဒီအခ်ိန္က ဗုိလ္ခ်ဳပ္ေန၀င္းက ႏုိင္ငံေတာ္အာဏာကို သိမ္းယူၿပီးေနာက္ တစ္ႏွစ္အၾကာမွာျဖစ္ပါတယ္။ သူမကိုရန္ကုန္အင္းစိန္ေထာင္မွာ ၆ ႏွစ္အက်ဥ္းခ်ခ့ဲပါတယ္။ ေထာင္အတြင္းမွာ ညႇင္းပမ္းႏွိပ္စက္မႈေတြကိုလည္းခံခ့ဲရေပမယ့္ ႀကံ႕ႀကံ႕ခံခ့ဲတယ္လုိ႔ သူမကေနာက္ပိုင္းမွာ ေျပာျပပါတယ္။

သူမရဲ႕ ဘ၀ဟာ ၁၉၈၉ ခုႏွစ္မွာေတာ့ တဆစ္ခ်ိဳးေျပာင္းလဲခ့ဲျပန္ပါတယ္။ အဲဒီအခ်ိန္မွာ သူမရဲ႕အသက္က ၆၀ ရွိၿပီျဖစ္ကာ လက္နက္ကိုင္ေခါင္းေဆာင္ေနရာကေန အနားယူခ့ဲပါတယ္။ ဒါေပမ့ဲလည္း သူမကုိ အျခားေသာ လက္နက္ကုိင္အဖြဲ႕ေတြက ေလးေလးစားစားဆက္ဆံၾကပါတယ္။ အဲဒီေနာက္မွာေတာ့ ေအာလစ္ဗ္ဟာ ေလာ္စစ္ဟန္နဲ႔အတူ ျမန္မာႏုိင္ငံတပ္မေတာ္ေထာက္လွမ္းေရးအဖြဲ႕ေခါင္းေဆာင္ျဖစ္သူ ဗုိလ္ခင္ညြန္႔ရဲ႕ လက္နက္နဲ႔ၿငိမ္းခ်မ္းေရးလဲလွယ္ႏုိင္ရန္အတြက္ ေဆြးေႏြးပြဲျပဳလုပ္ဖို႔ ဖိတ္ၾကားခံခ့ဲရပါတယ္။ အဲဒီေနာက္မွာေတာ့ ေအာလစ္ဗ္ရဲ႕အဖြဲ႕ေတြနဲ႔အတူ ပန္ဂ်ီရွန္ရဲ႕ ကုိးကန္႔တပ္ေတြကိုပူးေပါင္းၿပီး ျမန္မာအမ်ိဳးသားဒီမိုကရက္တစ္ညႊန္႔ေပါင္းတပ္မေတာ္အျဖစ္ တရား၀င္ဖြဲ႕စည္းခြင့္ရခ့ဲၿပီး ၂၀၀၉ ခုႏွစ္မတုိင္ခင္အထိ အပစ္အခတ္ရပ္စဲခ့ဲၾက ပါတယ္။

ေအာလစ္ဗ္ယန္းရဲ႕ ဘ၀ေန၀င္ခ်ိန္ေတြမွာေတာ့ ဘီးတပ္ကုလားထုိင္ေပၚမွာပဲ အခ်ိန္ေတြကုန္လြန္ခ့ဲပါတယ္။ သူမရဲ႕ေနာက္ပုိင္းႏွစ္ေတြကို သူမရဲ႕ေမြးစားသား၊ သူမရဲ႕တပ္ဖြဲ႕၀င္ေဟာင္းအခ်ိဳ႕နဲ႔အတူ မူဆယ္ၿမိဳ႕က အိမ္၀ုိင္းတစ္ခုမွာပဲကုန္လြန္ခ့ဲပါတယ္။ ၂၀၁၅ ခုႏွစ္မွာေတာ့ သူမေလျဖတ္သြားခ့ဲတယ္လုိ႔သိရပါတယ္။ ေအာလစ္ဗ္က သူမေဘးနားမွာ အခုအခ်ိန္ထိ သစၥာရွိရွိနဲ႔ အတူေစာင့္ေရွာက္ေပးေနတ့ဲ သူ႕ရဲ႕တပ္ဖြဲ႕၀င္ေတြနဲ႔ေနရတာ စိတ္ခ်မ္းသာေပ်ာ္ရႊင္တယ္လုိ႔ ဆုိခ့ဲပါတယ္။ သူမကုိ မင္းသမီး၀ါ၀ါ၀င္းေရႊရဲ႕ပံုကို ျပလုိက္တ့ဲအခ်ိန္မွာေတာ့ ေအာလစ္ဗ္က သူမသာအဓိပါၸယ္ေဖာ္ႏုိင္မယ့္အၿပံဳးေတြနဲ႔အတူ ဟက္ဟက္ပက္ပက္ရယ္လုိက္ပါတယ္။ တ႐ုတ္စီးကရက္ကို လက္ၾကားညႇပ္ထားရင္းက သူမေျပာလိုက္တာကေတာ့ (‘သူမပုိင္ဆုိင္တာေတြအကုန္လံုးက ငါ့ဟာေတြပါေလ’) ပဲျဖစ္ပါတယ္။

ေအာလစ္ဗ္ယန္းဟာ ၿပီးခ့ဲတ့ဲ ဇူလုိင္လ ၁၃ ရက္က ကြယ္လြန္သြားခ့ဲပါတယ္။ သူမကြယ္လြန္ခ်ိန္မွာေတာ့ သူမအိမ္မွာ သားျဖစ္သူနဲ႔ သူမရဲ႕ညီမႏွစ္ေယာက္က်န္ခ့ဲပါတယ္။ သူမအတြက္ ကုိးကန္႔ေဒသမွာ အမွတ္တရ အထိမ္းအမွတ္အုတ္ဂူတစ္လံုး တည္ေဆာက္ခ့ဲၾကပါတယ္။ ‘ကုိးကန္႔တစ္နယ္လံုးက သူ႕အတြက္၀မ္းနည္းၾကတယ္’ လုိ႔ သူမရဲ႕အနီးကပ္တပ္ဖြဲ႕၀င္ေဟာင္းျဖစ္သူ လြီကုခ်ီက ေျပာခ့ဲပါတယ္။ သူမအတြက္လည္း နယ္သူ နယ္သားအားလံုးနဲ႔ တပ္ဖြဲ႕၀င္အားလံုးက အမွတ္တရႏႈတ္ဆက္ခ့ဲၾကတယ္လို႔ သိရပါတယ္။

၀ဏၰမင္း
ေဂဘရီယယ္လ္ပါ့လ္ခ်္ – Ref; NewYork Times
မွတ္ခ်က္။ ။ မင္းသမီး၀ါ၀ါ၀င္းေရႊနဲ႔ကိစၥရပ္မ်ားသည္ မူရင္းေဆာင္းပါးေရးသူရဲ႕ အာေဘာ္သာျဖစ္ပါသည္။
https://akonthi.com/atk-wwws/
___________________________
UNICODE

သူမကို မြန်မာနိုင်ငံ ကိုလိုနီလက်အောက်ကျရောက်နေတဲ့အချိန်မှာ မွေးဖွားခဲ့ပါတယ်။ ဒါပေမဲ့လည်း သူမဘဝက မိန်းကလေးတစ်ယောက်လို နူးညံ့မှုတွေနဲ့ကြီးပြင်းခဲ့တာမဟုတ်ပါဘူး။

မူးယစ်ဆေးဝါးနဲ့ တရားမဝင် မှောင်ခိုပစ္စည်းတွေ ရောင်းဝယ်ဖောက်ကားတဲ့ဒေသတစ်ခုဖြစ်တဲ့ ရွှေတြိဂံလိုနေရာမျိုးမှာ ဘိန်းဘုရင်မအဖြစ်နဲ့ နာမည်ကျော်ခဲ့သူ၊ ယောက်ျားတွေနဲ့ရင်ဘောင်တန်းပြီး ကြမ်းပြ ရမ်းပြနိုင်သူတစ်ယောက်ပါ။ သူမမှာ အမေရိကန် ထောက်လှမ်းရေးအဖွဲ့ကြီးဖြစ်တဲ့ စီအိုင်အေရဲ့ကျောထောက်နောက်ခံနဲ့ တည်ထောင်ထားတဲ့ စစ်တပ်တစ်ခု လည်းရှိပါတယ်။

လွန်ခဲ့တဲ့ တစ်ပတ်ကပဲ အသက် ၉၀ ပြည့်သွားတဲ့သူမဟာ အခုတော့လည်း ဘယ်သူမှမလွန် ဆန်နိုင်တဲ့ သေခြင်းတရားစီမှာ ဒူးထောက်အည့ံခံခဲ့ရပါပြီ။ အဲဒီသူမကတော့ မြန်မာပြည်အရှေ့ဖျားက လူတိုင်း သိကြတဲ့ ဘိန်းဘုရင်မ အောလစ်ဗ်ယန်း(Olive Yang) ပဲဖြစ်ပါတယ်။ လက်နက်ကိုင်လူအင်အားရာချီကို ဦးဆောင်ခဲ့တဲ့ သူမဟာ ရွှေတြိဂံဒေသမှာ နာမည်ကြီးသူတစ်ဦးဖြစ်သလို မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တွေကြားမှာလည်း အပစ်အခတ်ရပ်စဲအောင် စေ့စပ်ညှိနှိုင်းပေးနိုင်ခဲ့သူဖြစ်ပါတယ်။

အောလစ်ဗ်ယန်းကို တရုတ်မိသားစုတစ်စုမှာ မွေးဖွားခဲ့ပြီး မွေးချင်းကတော့ (၁၁)ယောက်ရှိပါတယ်။ ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခေါင်းဆောင်ရဲ့ မိသားစုဝင်လည်းဖြစ်ပါတယ်။ သူမက လူမှန်းသိတတ် ကတည်းက ယောက်ျားလေးတစ်ယောက်လိုပဲ ၀တ်ဆင်ပါတယ်။ အဲဒီအချိန်မှာ ပြည်မကြီးမှာ ပြုလုပ်လေ့ရှိတဲ့ အမျိုးသမီးတွေကို ခြေစည်းတဲ့အလေ့အထကိုလည်း သူမက ငြင်းပယ်ခဲ့ပါတယ်။ သူမရဲ့ အစ်ကိုမောင်တွေ ကြိုက်တာတွေကို လိုက်ကြိုက်တဲ့အထိ ယောက်ျားတစ်ယောက်လို နေထိုင်ခဲ့သူဖြစ်ပါတယ်။

ပုံမှန်မိန်းကလေး တစ်ယောက်လိုမနေတဲ့သူမကို မိဘတွေက ယောကျ်ားလျာဖြစ်မှာစိုးရိမ်တဲ့အတွက် အမျိုးထဲက ၀မ်းကွဲမောင်တစ်ယောက်နဲ့ လက်ထပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း သူမကိုယ်ဝန်ရှိလာချိန်မှာတော့ သူမရဲ့ယောက်ျားဖြစ်သူကို ထားခဲ့ပြီး ဘိန်းကုန်ကူးတဲ့ ဓားပြတွေနဲ့ပူးပေါင်းခဲ့ပါတော့တယ်။ သူမရဲ့ သားဖြစ်သူ ဒူအန်ဂျီပူကိုတော့ ဒုတိယကမ္ဘာစစ်မီးအရှိန်ကောင်းနေတဲ့အချိန် တရုတ်နိုင်ငံကူမင်းမြို့မှာ မွေးဖွားခဲ့ပါတယ်။

အဲဒီအချိန်ကစတင်ပြီး သူမဟာ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးအဖြစ် ဘိန်းဖြူမှောင်ခိုကုန်ကူးတဲ့သူတစ်ဦးဖြစ်လာခဲ့ကာ အဲဒီအလုပ်ကို စွဲစွဲလမ်းလမ်း တစိုက်မတ်မတ်လုပ်ဆောင်ခဲ့ပါတော့တယ်။ ဆွေမျိုးတွေကြားထဲမှာရော၊ ဒေသတွင်းမှာပါ ကျားမခွဲခြားမှုကို တော်လှန်ခဲ့သူဖြစ်ပါတယ်။ ” အဲဒီအလုပ်တွေက သူ့ကိုလုံးဝမရုန်းထွက် နိုင်အောင် ဖြားယောင်းဆွဲဆောင်ခဲ့တာပါပဲ ” လို့ ၁၉၉၇ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ‘House of Yang’ ဆိုတဲ့ စာအုပ်ထဲမှာ သူမရဲ့တူမဖြစ်သူ ဂျက်ကီယန်းက ရေးသားခဲ့ပါတယ်။

အောလစ်ဗ်အသက် ၂၅ နှစ်မှာတော့ စစ်သားရာချီကိုဦးဆောင်ကာ နယ်စပ်တောင်တန်းတွေကိုဖြတ်ကျော်ပြီး လားတွေ၊ ထရပ်ကားတွေနဲ့ ဘိန်းဖြူထုတ်လုပ်မယ့် ကုန်ကြမ်းပစ္စည်းတွေကိုသယ်ဆောင်ကာ ထိုင်းနယ်စပ် လမ်းကြောင်းကို စတင်ချဲ့ထွင်ခဲ့ပါတယ်။ သူစတင် ဖောက်လုပ်ခဲ့တဲ့ ဘိန်းကုန်သွယ်လမ်းကြောင်းဟာ ကမ္ဘာ့ဘိန်းဖြူ ထုတ်လုပ်ရောင်းချမှုအများဆုံး နေရာဖြစ်လာခဲ့ပါတယ်။ သန့်စင်တဲ့ဘိန်းဖြူထုတ်လုပ်နိုင်ဖို့အတွက် အဓိကကုန်ကြမ်းပစ္စည်းတွေကို အဲဒီကုန်သွယ်ရေးလမ်းကြောင်းကနေ သယ်ဆောင်ပြီး အမေရိကန်နဲ့ ဥရောပကိုပို့ဆောင်ပေးပါတယ်။

အောလစ်ဗ်ရဲ့ အဓိကပါတနာကတော့ တရုတ်နိုင်ငံတွင်းက ကွန်မြူနစ်အစိုးရမော်စီတုန်းရဲ့တပ်ဖွဲ့ဝင်တွေ တိုက်ထုတ်လိုက်တဲ့ တရုတ်မျိုးချစ်တပ်ဖွဲ့အကြွင်းအကျန်တွေဖြစ်ပါတယ်။ အဲဒီအဖွဲ့တွေက မော်စီတုန်းတပ်ဖွဲ့တွေလိုက်တိုက်တော့ မြန်မာနိုင်ငံအထဲထိ ၀င်ပြေးပြီး ခုခံကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက ထောက်လှမ်းရေးတွေက သူမကြောင့် ငြိမ်းချမ်းရေးထိခိုက်လာနိုင်တာကြောင့် သူမကို အန္တရာယ်ရှိတဲ့တစ်ယောက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

အဲဒီတရုတ်မျိုးချစ်တပ်ဖွဲ့ဝင်တွေကလည်း စီအိုင်အေရဲ့ ထောက်ပံ့မှုတွေ အမြောက်အများရရှိခဲ့ပါတယ်။ စစ်အေးတိုက်ပွဲကာလအစောပိုင်းမှာ အမေရိကန်က ကွန်မြူနစ်ဝါဒ ဆက်လက်မကြီးထွားစေဖို့အတွက် ၎င်းတို့ကို ဆန့်ကျင်တဲ့အဖွဲ့မှန်သမျှကို ထောက်ပံ့မှုတွေပေးခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ အဲဒီအချိန်က စီအိုင်အေရဲ့ ညွှန်ကြားမှုနဲ့ ကွန်မြူနစ်တပ်တွေနဲ့ ထိတွေ့တဲ့နေရာတိုင်းကို အမေရိကန်က လေတပ်အကူအညီနဲ့ လက်နက်တွေပို့ပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီတရုတ်မျိုးချစ်တွေနဲ့ အောလစ်ဗ်တို့ကတော့ သူတို့ရဲ့ဘဏ္ဍာရေးအတွက် ဘိန်းကိုထုတ်လုပ်ရောင်းချမှုတွေ ဆက်လုပ်ခဲ့ပါတယ်။

စီအိုင်အေက အောလစ်ဗ်တို့အဖွဲ့ကို လက်နက်စတင်ထောက်ပံ့ခဲ့တာကတော့ ၁၉၅၂ ခုနှစ်မှာလို့သိရပါတယ်။ အဲဒီလို ထောက်ပံ့ပေးတာကို မြန်မာအစိုးရက အထောက်အထားအခိုင်အမာနဲ့အတူ အဲဒီနှစ်မှာပြုလုပ်တဲ့ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကန့်ကွက်ကြောင်း အဆိုတင်သွင်းခဲ့ပါတယ်။ အောလစ်ဗ်တို့အဖွဲ့ နယ်စပ်မှာ သွားလာရအဆင်ပြေစေဖို့အတွက်လည်း ထိုင်းနိုင်ငံအတွင်းမှာ လေယာဉ်ကွင်းတစ်ခုဆောက်လုပ်ခဲ့ပြီး C-47 လေယာဉ်တစ်စင်းကို ထိုင်ဝမ်နိုင်ငံက ပေးပို့ခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ တရုတ်မျိုးချစ်အဖွဲ့တွေက အဝေးရောက်တရုတ်နိုင်ငံအစိုးရကို ထိုင်ဝမ်နိုင်ငံမှာဖွဲ့စည်းခဲ့ပါတယ်။

သိပ်မကြာခင်မှာတော့ အောလစ်ဗ်တစ်ယောက် မြန်မာ့တပ်မတော်ရဲ့ ကြားဖြတ်တိုက်ခိုက်တာကိုခံခဲ့ရပါတယ်။ အဲဒီအချိန်က သူမက ကားတစ်စင်းနဲ့ထိုင်းနယ်စပ်မှာ သူမရဲ့လက်ထောက်ဖြစ်သူနဲ့အတူ သွားနေစဉ်အတိုက်ခံခဲ့ ရတာပါ။ အဲဒီအချိန်က သူမရဲ့လက်ထောက်ကတော့ လော်စစ်ဟန် ဖြစ်ပါတယ်။ သူမကို ဖမ်းဆီးခဲ့ပြီး မန္တလေးအကျဉ်းထောင်မှာ ထောင်ဒဏ်ငါးနှစ်ချမှတ်ခဲ့ပါတယ်။ တရုတ်မျိုးချစ်အဖွဲ့တွေကို တရားမဝင်နယ်စပ်ဖြတ်ကျော် ခွင့်ပေးလို့ဆိုတဲ့ ပြစ်မှုနဲ့ဖြစ်ပါတယ်။ ဒါဟာ အောလစ်ဗ်နဲ့ လော်စစ်ဟန်တို့အတွက် ပထမဆုံးအကြိမ် ထောင်ဒဏ်အပြစ်ပေးခံရတာလည်းဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ လောစစ်ဟန်က ဘိန်းကုန်ကူးတာကို ပုံစံသစ်ပြောင်းလဲခဲ့ပြီး အရှေ့တောင်အာရှအတွင်းမှာ ပိုပြီးတော့ ဖြန့်ဖြူးခဲ့ပါတယ်။ အမေရိကန်နိုင်ငံက ဘိန်းကုန်ကူးတာကို တရားဝင်တိုက်ဖျက်နှိမ်နင်းလာတာကြောင့်လည်းဖြစ်ပါတယ်။ (ဒါအပြင် ၎င်းဟာ မြန်မာအစိုးရနဲ့လည်း နားလည်မှုရယူခဲ့ပြီး ဘိန်းကုန်ကူးတဲ့အလုပ်ကို ဆက်လက်လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။ အပြန်အလှန်အနေနဲ့ အစိုးရတပ်တွေက သူပုန်တပ်တွေကိုနှိမ်နင်းတဲ့ အချိန်ကျရင် အစိုးရဘက်က ပါ၀င်ကူညီပေးရပါတယ်။

၁၉၅၉ ခုနှစ်မှာတော့ အောလစ်ဗ်ရဲ့ အစ်ကိုကြီးဖြစ်သူ အဒ်ဝပ်နန်းစွန်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အောလစ်ဗ်က သူမရဲ့လက်နက်ကိုင်တပ်အကူအညီနဲ့ ဒေသတွင်းအုပ်ချုပ်ရေးကိုပါ ထိန်းချုပ်လိုက်ပါတယ်။ သူမရဲ့ ဆွေမျိုးတွေပြောကြားချက်အရ အဲဒီအချိန်မှာ အောလစ်ဗ်ဟာ ယောက်ျားတစ်ယောက်လိုပဲ ပြောဆိုနေထိုင်ခဲ့တဲ့အပြင် ယောက်ျားတစ်ယောက်လိုပါခံစားပြီး အမျိုးသမီးတစ်ဦးကို ချစ်ကြိုက်ခဲ့ပါတယ်။ အောလစ်ဗ်ချစ်ကြိုက်ခဲ့သူကတော့ မြန်မာရုပ်ရှင်မင်းသမီးဝါ၀ါ၀င်းရွှေဖြစ်ပြီး လက်ဆောင်တွေအများအပြားပေးခဲ့တဲ့အပြင် ပိုးကြေးပန်းကြေးအနေနဲ့ ၀ါ၀ါ၀င်းရွှေ နာမည်နဲ့အိမ်တစ်လုံးကိုပါ ရန်ကုန်မှာဝယ်ပေးခဲ့တယ်လို့သိရပါတယ်။ အောလစ်ဗ်ရဲ့အသိုင်းအဝိုင်းက သူတို့နှစ်ဦးဟာ စုံတွဲတွေဖြစ်ခဲ့တယ်လို့ သုံးသပ်ခဲ့ကြပေမယ့် ၂၀၁၅ ခုနှစ်မှာ အဆိုပါအိမ်မှာ နေထိုင်နေတဲ့ မင်းသမီးကြီးကတော့ အဆိုပါဖြစ်ရပ်ကို ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း သူတို့နှစ်ဦးရဲ့ ဇာတ်လမ်းက ဗိုလ်ချုပ်နေဝင်းအမိန့်နဲ့ အောလစ်ဗ်ကို ရဲတပ်ဖွဲ့ဝင်တွေလာရောက်ဖမ်းဆီးခဲ့တဲ့ ၁၉၆၃ ခုနှစ်မှာ တစ်ခန်းရပ်သွားပါတယ်။ အဲဒီအချိန်က ဗိုလ်ချုပ်နေဝင်းက နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် တစ်နှစ်အကြာမှာဖြစ်ပါတယ်။ သူမကိုရန်ကုန်အင်းစိန်ထောင်မှာ ၆ နှစ်အကျဉ်းချခဲ့ပါတယ်။ ထောင်အတွင်းမှာ ညှင်းပမ်းနှိပ်စက်မှုတွေကိုလည်းခံခဲ့ရပေမယ့် ကြံ့ကြံ့ခံခဲ့တယ်လို့ သူမကနောက်ပိုင်းမှာ ပြောပြပါတယ်။

သူမရဲ့ ဘဝဟာ ၁၉၈၉ ခုနှစ်မှာတော့ တဆစ်ချိုးပြောင်းလဲခဲ့ပြန်ပါတယ်။ အဲဒီအချိန်မှာ သူမရဲ့အသက်က ၆၀ ရှိပြီဖြစ်ကာ လက်နက်ကိုင်ခေါင်းဆောင်နေရာကနေ အနားယူခဲ့ပါတယ်။ ဒါပေမဲ့လည်း သူမကို အခြားသော လက်နက်ကိုင်အဖွဲ့တွေက လေးလေးစားစားဆက်ဆံကြပါတယ်။ အဲဒီနောက်မှာတော့ အောလစ်ဗ်ဟာ လော်စစ်ဟန်နဲ့အတူ မြန်မာနိုင်ငံတပ်မတော်ထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင်ဖြစ်သူ ဗိုလ်ခင်ညွန့်ရဲ့ လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်နိုင်ရန်အတွက် ဆွေးနွေးပွဲပြုလုပ်ဖို့ ဖိတ်ကြားခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ အောလစ်ဗ်ရဲ့အဖွဲ့တွေနဲ့အတူ ပန်ဂျီရှန်ရဲ့ ကိုးကန့်တပ်တွေကိုပူးပေါင်းပြီး မြန်မာအမျိုးသားဒီမိုကရက်တစ်ညွှန့်ပေါင်းတပ်မတော်အဖြစ် တရားဝင်ဖွဲ့စည်းခွင့်ရခဲ့ပြီး ၂၀၀၉ ခုနှစ်မတိုင်ခင်အထိ အပစ်အခတ်ရပ်စဲခဲ့ကြ ပါတယ်။

အောလစ်ဗ်ယန်းရဲ့ ဘဝနေဝင်ချိန်တွေမှာတော့ ဘီးတပ်ကုလားထိုင်ပေါ်မှာပဲ အချိန်တွေကုန်လွန်ခဲ့ပါတယ်။ သူမရဲ့နောက်ပိုင်းနှစ်တွေကို သူမရဲ့မွေးစားသား၊ သူမရဲ့တပ်ဖွဲ့ဝင်ဟောင်းအချို့နဲ့အတူ မူဆယ်မြို့က အိမ်ဝိုင်းတစ်ခုမှာပဲကုန်လွန်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ သူမလေဖြတ်သွားခဲ့တယ်လို့သိရပါတယ်။ အောလစ်ဗ်က သူမဘေးနားမှာ အခုအချိန်ထိ သစ္စာရှိရှိနဲ့ အတူစောင့်ရှောက်ပေးနေတဲ့ သူ့ရဲ့တပ်ဖွဲ့ဝင်တွေနဲ့နေရတာ စိတ်ချမ်းသာပျော်ရွှင်တယ်လို့ ဆိုခဲ့ပါတယ်။ သူမကို မင်းသမီးဝါ၀ါ၀င်းရွှေရဲ့ပုံကို ပြလိုက်တဲ့အချိန်မှာတော့ အောလစ်ဗ်က သူမသာအဓိပါ္ပယ်ဖော်နိုင်မယ့်အပြုံးတွေနဲ့အတူ ဟက်ဟက်ပက်ပက်ရယ်လိုက်ပါတယ်။ တရုတ်စီးကရက်ကို လက်ကြားညှပ်ထားရင်းက သူမပြောလိုက်တာကတော့ (‘သူမပိုင်ဆိုင်တာတွေအကုန်လုံးက ငါ့ဟာတွေပါလေ’) ပဲဖြစ်ပါတယ်။

အောလစ်ဗ်ယန်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်က ကွယ်လွန်သွားခဲ့ပါတယ်။ သူမကွယ်လွန်ချိန်မှာတော့ သူမအိမ်မှာ သားဖြစ်သူနဲ့ သူမရဲ့ညီမနှစ်ယောက်ကျန်ခဲ့ပါတယ်။ သူမအတွက် ကိုးကန့်ဒေသမှာ အမှတ်တရ အထိမ်းအမှတ်အုတ်ဂူတစ်လုံး တည်ဆောက်ခဲ့ကြပါတယ်။ ‘ကိုးကန့်တစ်နယ်လုံးက သူ့အတွက်ဝမ်းနည်းကြတယ်’ လို့ သူမရဲ့အနီးကပ်တပ်ဖွဲ့ဝင်ဟောင်းဖြစ်သူ လွီကုချီက ပြောခဲ့ပါတယ်။ သူမအတွက်လည်း နယ်သူ နယ်သားအားလုံးနဲ့ တပ်ဖွဲ့ဝင်အားလုံးက အမှတ်တရနှုတ်ဆက်ခဲ့ကြတယ်လို့ သိရပါတယ်။

၀ဏ္ဏမင်း
ဂေဘရီယယ်လ်ပါ့လ်ချ် – Ref; NewYork Times
မှတ်ချက်။ ။ မင်းသမီးဝါ၀ါ၀င်းရွှေနဲ့ကိစ္စရပ်များသည် မူရင်းဆောင်းပါးရေးသူရဲ့ အာဘော်သာဖြစ်ပါသည်။
https://akonthi.com/atk-wwws/

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...