======

ဘဏ်ဝန်ဆောင်မှုအပေါ် တုန့်ပြန်လိုက်တဲ့ customer တစ်ယောက်


KBZဘဏ်​ဝန်​ထမ်းက KBZဘဏ်​မှာ​ငွေလာထုတ်​သူကို ​”စောက်​လုပ်​​တွေကိုရှုတ်​​နေတာပဲလို့ ​ပြောရ​အောင်​ ​စောက်​လုပ်​ရှုတ်​တဲ့ အလုပ်​လုပ်​ဖို့သူ လစာယူထားတာမဟုတ်​ဘူးလား?? ” လ်ို့ ​​ကျမမေးပါရ​စေ…(လှိုင်​သာယာ ၅ထိပ်​မှတ်​တိုင်​ KBZ ဘဏ်​ခွဲ က ကိုယ်​ဝန်​​ဆောင်​ဝန်​ထမ်းအမျိုးသမီး​ပြောတာပါ)
ကျမ ဘဏ်​စာအုပ်​​ပေးလိုက်​တယ်​ မှတ်​ပုံတင်​​ မူရင်းပေးလိုက်ပါတယ်
ကျမတပည့်​ကို လှိုင်​သာယာ ၅ထိပ်​က KBZဘဏ်မှာ ​ငွေထုတ်ယူဖို့လွှတ်​လိုက်​တယ် ဖြည့်​စရာ​တွေအကုန်​ပီး​တော့ ​ငွေစုစာအုပ်​ထဲက လက်​မှတ်​နဲ့အပြင်​က လက်​မှတ်​နဲ့မတူလို့ လူကိုယ်​တိုင်​လာခဲ့တဲ့ ဆိုပီး ဘဏ်​စာအုပ်​​ရော မှတ်​ပုံတင်​​ရော ပြန်​မ​ပေးလိုက်​ပဲ ယူထားတယ်​…ကျမတပည့်​လူချည်​ပြန်​လာရတယ်​.ဟုတ်​ကဲ့ ကျမလုံးဝမအားလို့ လူလွှတ်​လိုက်​တာပါ…(ကျမအ​တော်​​လေးစိတ်​ကသိက​အောက်​ဖြစ်​သွားပါတယ်​…)
ဒါပထမဆုံးအကြိမ်​ ကိုယ်​စား​ငွေသွားထုတ်​ခိုင်းခြင်းမို့ပါ။
ထို့​နောက်​ ကျမ နံမည၊်​ မှတ်​ပုံတင၊်​ ဖုန်းနံပါတ်​ နှင့်​တကွ passportပါထည့်​​ပေးပြီး ကျမလက်​မှတ်​ပါထိုး​ပေးလိုက်​တဲ့ စာရေး​ပေးလိုက်​တယ်​ လိုအပ်​ရင်​ (အသုံးမဝင်​မှန်းသိ​ပေမဲ့)ဘွဲ့လက်​မှတ်​နဲ့ ခြံ​မြေအ​ရောင်းအဝယ်​စာချုပ်​​တွေပါ ထည့်​​ပေးလိုက်​မယ်​လို့ စာ​ရေးပြီး ​လက်​မှတ်​ထိုး​ပေးလိုက်​ပြီး ဒုတိယအကြိမ်​ ထပ်​လွှတ်​လိုက်​ပါတယ်​..(လွှဲ​ပြောင်းထုတ်​ယူသူကို ဘာမှ​သေချာစွာရှင်းမပြ ထိုစာကိုလဲမလိုအပ်​ဟု​ပြော​)
ကျမ မသိလို့​ထပ်​​မေးပါရ​စေဦး ..မြန်​မာနိုင်​ငံလုံးဆိုင်​ရာနဲ့ အလုပ်​လုပ်​​နေတဲ့ KBZဘဏ်​မှာ သူတ်ို့ဘဏ်​​မှာ ငွေစုသူ​တွေအ​ပေါ် ဒါဝန်​​ဆောင်​မှု့အကုန်​လား?? ကျမတပည့်​ ​ငွေမပါ စာအုပ်​ပြန်​မပါ မှတ်​ပုံတင်​ပြန်​မပါ လက်​ဗလာနဲ့ ကားမှတ်​တိုင်​ ၄မှတ်​တိုင်​ကို ဒီတိုင်း ဒုတိယအကြိမ်​ ထပ်​ပြန်​လာပါတယ်​။
စာရွက်​တစ်​ရွက်​ထည့်​​ပေးလိုက်​ပါတယ်
“လွှဲ​ပြောင်းယူသူ စာရွက်​လို့​ရေးထားပါတယ်​ ” ကျမလက်​မှတ်၃ခုထိုးရတဲ့ စာရွက်​ဖြတ်​ပိုင်း​လေးပါ…ဟုတ်​ပီ ဒီလိုလုပ်​​ပေးလို့ရပါတယ်​လို့ ပထမဆုံးအ​ခေါက်​ကတည်းက ဘာ့​ကြောင့်​မ​ပြောလိုက်​တာလဲ..??
ok ရ​သေးတယ်​..​ပေးလိုက်​တဲ့ဖြတ်​ပိုင်း​ပေါ်မှာ ဖြည့်​စရာဖြည့်​ လက်​မှတ်​ ၃ခုလုံးထိုးပြီး တတိယအကြိမ်​ ပြန်​​ပေးလိုက်​ပါတယ်​။အသွားအပြန်​ ၆​ခေါက်​ရှိ​နေပါပြီ။
ကျမတပည့်​ ​၄ကြိမ်​​မြောက်​ ကျမဆိုင်​ပြန်​​ရောက်​လာတယ်​..
မှတ်​ပုံတင်​နဲ့ ​ငွေစုစာအုပ်​ပြန်​​ပေးလိုက်​တယ်​ လက်​မှတ်​၃ခုလုံးထိုး​ပေးရတဲ့ ဖြတ်​ပိုင်း​လေးပြန်​ထည့်​​ပေးလိုက်​တယ်​..ထ်ု့​နောက်​ သူတို့ဘဏ်​မှာ ​ငွေလွှဲ​ပြောင်းထုတ်​ယူလို့မရလို့ ​ငွေစစုတဲ့ လှိုင်​သာယာ၈၆ ဂိတ်​ KBZဘဏ်မှာ သွားထုတ်​ပါတဲ့ ..
ကျမတပည့်​​လေးက “အကိုတို့ ဒါဆိုရပြီလား တခြားဘာ​တွေလို​သေးလဲ” ​လို့​မေး​တော့ “ရပြီ” လို့​ဖြေလိုက်​တယ်​တဲ့(ထိုကိစ္စအစအဆုံးကို တစ်​ခါသွား ဝန်​ထမ်းတစ်​​ယောက်​​ပြောင်းပြီး ​ဆောင်​ရွက်​​နေခြင်းဖြစ်​သည်​)..
ကဲ့ ..ကြည့်​ ..အ​စောကတည်းကဘာလို့ ဒီလိုမ​ပြောလဲ.??.​ကျမဆိုင်​ကောင်​မ​လေး မိုး​ရေထဲ အသွားအပြန်​ ၈​ခေါက်​တိတိပါ(ကားမှတ်​တိုင်​ ၄မှတ်​တိုင်​အကွာပါ)
ငွေစစု​သော​KBZဘဏ်​ခွဲ (လှိုင်​သာယာ၈၆)ကို ​ ဟိုဘက်​က ​ပြန်​​ပေးလိုက်​တဲ့ စာရွက်​စာတန်း ဘဏ်​စာအုပ်​ မှတ်​ပုံတင်​​တွေနဲ့ ​ရောက်​​တော့ ဘဏ်​ဝန်​ထမ်း​တွေ လာထုတ်​တဲ့သူ မှတ်​ပုံတင်​မပါလို့ မရပါဘူး တဲ့
ဟော……..ကြည့်​….
ဒါဆို KBZဘဏ်​(၅ထိပ်​လှိုင်​သာယာဘဏ်​ခွဲ)က
၁)..ကိုယ်​စားထုတ်​မရလျှင်​ ဘာ့​ကြောင့်​ ​ငွေစုစာအုပ်​နဲ့ မှတ်​ပုံတင်​ပြန်​မ​ပေးလိုက်​သနည်း? [မှတ်​ပုံတင်​နှင့်​တကွ ဘဏ်​စာအုပ်​ကိုပါ ခိုးယူလာသည်​ဟု သံသယရှိ​သော​ကြောင့်​လား???] ထား​ပါတော့…
၂)..ပိုင်​ရှင်​ကိုယ်​တိုင်​ လာ​ရောက်​ထုတ်​ယူခိုင်းခြင်းအမှန်​ကို သိသွားသည့်​​နောက်​ ​လိုအပ်​​သော တိကျသည့်​အချက်​များအားအဘယ့်​​ကြောင့်​ တစ်​ခါတည်းမ​ပြောလိုက်​သနည်း?
၃..မည်​သို့​သော အ​ကြောင်းပြချက်​များ​ကြောင့်​ မိမိဘဏ်​ KBZတွင်​ ​ငွေစုသူအ​ပေါ် အချိန်​နှင့်​ လူ ပင်​ပန်းအကျိုးမရှိ​အောင်​ လုပ်​ရသနည်း?
KBZ ဘဏ်​(လှိုင်​သာယာ၅ထိပ်​)မှ ယ​နေ့လုပ်​ရပ်​နှင့်​ပက်​သက်​​သော သက်​ဆိုင်​ရာ ဝန်​ထမ်းများ အားလုံးကို သိပ်​စိတ်​ပျက်​စွာ ရှုံ့ချပါသည်​။
#စုစု​ပေါင်း အသွားအပြန်​ မိုး​ရေထဲ ၁၂​ခေါက်​တိတိပါ
ကျမ ဘယ်​​တော့မှ မည်​သည့်​ KBZဘဏ်​များနှင့်​ မည်​သို့​သော ​ငွေစု ​ငွေထုတ်​ ​ငွေလွှဲ အလုပ်​ကိစ္စများ လုပ်​​တော့မည်​မဟုတ်​ပါ ။ ​။
ညံ့ဖျင်း​သောဝန်​​ဆောင်​မှု့ထက်​ ​မိမိဘဏ်​အ​ပေါ် ယုံကြည်​စွာ အလုပ်​လုပ်​သူအ​ပေါ် ​စော်​ကားခြင်းဖြစ်​သည်​လို့ပဲ ကျမမြင်​မိပါသည်​.
နောက်​ဆုံး ကျမကိုယ်​တိုင်​ ထုတ်​လို့ရတဲ့အထိ အကုန်​သွားထုတ်​ ဘဏ်​စာအုပ်​ပါ မီး​မွှေး ပစ်​လိုက်​ပါတယ်​..
ဘဏ်​၏ imageသည်​ ဘဏ်​ဝန်​ထမ်းများနှင့်​ အပြည့်​အဝသက်​ဆိုင်​ပါသည်​။
ကျမ KBZဘဏ်​ကို လုံးဝမုန်းသွားပါပြီ။
Thae Su Mön
Source – https://www.facebook.com/thaesu.mon.967422/posts/249390788900036
Credit – မြန်မာ့သတင်း


Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...