======

YBS ႏွစ္စီးတိုက္မိ ၇ ဦးေသဆံုး ခန္႔မွန္းလူ အေယာက္ ၄၀ ထိခိုက္ဒဏ္ရာရ


ဇူလိုင္ ၇။ရန္ကုန္။ YBS 37နဲ႔ YBS 55ယာဥ္ ႏွစ္စီးတိုက္မိရာမွ လူ၇ဦးေသဆံုးၿပီး ခန္႔မွန္း လူအေယာက္၄၀ ထိခိုက္ဒဏ္ရာ ရရွိခဲ႔တယ္လို႔ပုလဲ အရန္မီးသတ္တပ္ဖြဲ႔မွသိရပါတယ္။
ရန္ကုန္-ျပည္လမ္းမၾကီး၊ပ်ဥ္းမပင္ေက်းရြာအုပ္စု၊ေရႊေညာင္ပင္ဘိုးဘိုးၾကီးနတ္နန္းအေဟာင္းအေရွ႕မွာ သည္႔ကေန ၁နာရီ ၄၀မိ္နစ္က ျဖစ္ပြားခဲ႔တာျဖစ္တယ္လို႔သိရပါတယ္။
“လူနာေတြကိုေတာ႔ ေမဓါ၀ီေဆးရံု ပို႔ထားတယ္။အခုေလာေလာဆယ္ေတာ႔ တိတိက်က် ေျပာလိို႔မရေသးဘူး။ခန္႔မွန္းပဲ ေျပာရတယ္။လူကအရမ္းမ်ားေတာ႔ မတြက္ႏိုင္ေသးဘူး။”လို႔ ပုလဲ အရံမီးသတ္တပ္ဖြဲ႕မွ တာ၀န္ရွိသူ တစ္ဦးကေျပာပါတယ္။ေထာက္ၾကန္႔မီးသတ္စခန္းက မီးျငိမ္းသတ္ယာဥ္ ၁စီး၊အင္းစိန္ၿမိဳ႕နယ္ မီးသတ္စခန္းက ရွာေဖြေရးယာဥ္ ၁စီး၊လူနာတင္ယာဥ္၁စီး၊ပုလဲအရန္မီးသတ္ စခန္းက လူနာတင္ယာဥ္၃စီး နဲ႔ ရွာေဖြ ကယ္ဆယ္ခဲ႔တယ္လို႔သိရပါတယ္။
kumudranews

Image may contain: outdoor
Image may contain: food
Image may contain: one or more people and outdoor
Unicode
YBS နှစ်စီးတိုက်မိ ၇ဦးသေဆုံး ခန့်မှန်းလူအယောက်၄၀ထိခိုက်ဒဏ်ရာရ
ဇူလိုင် ၇။ရန်ကုန်။ YBS 37နဲ့ YBS 55ယာဉ် နှစ်စီးတိုက်မိရာမှ လူ၇ဦးသေဆုံးပြီး ခန့်မှန်း လူအယောက်၄၀ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ပုလဲ အရန်မီးသတ်တပ်ဖွဲ့မှသိရပါတယ်။
ရန်ကုန်-ပြည်လမ်းမကြီး၊ပျဉ်းမပင်ကျေးရွာအုပ်စု၊ရွှေညောင်ပင်ဘိုးဘိုးကြီးနတ်နန်းအဟောင်းအရှေ့မှာ သည့်ကနေ ၁နာရီ ၄၀မိ်နစ်က ဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။
“လူနာတွေကိုတော့ မေဓါဝီဆေးရုံ ပို့ထားတယ်။အခုလောလောဆယ်တော့ တိတိကျကျ ပြောလို့မရသေးဘူး။ခန့်မှန်းပဲ ပြောရတယ်။လူကအရမ်းများတော့ မတွက်နိုင်သေးဘူး။”လို့ ပုလဲ အရံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ထောက်ကြန့်မီးသတ်စခန်းက မီးငြိမ်းသတ်ယာဉ် ၁စီး၊အင်းစိန်မြို့နယ် မီးသတ်စခန်းက ရှာဖွေရေးယာဉ် ၁စီး၊လူနာတင်ယာဉ်၁စီး၊ပုလဲအရန်မီးသတ် စခန်းက လူနာတင်ယာဉ်၃စီး နဲ့ ရှာဖွေ ကယ်ဆယ်ခဲ့တယ်လို့သိရပါတယ်။
Author / မို့မို့သန္တာ
Photo / Nan San Khun
Image may contain: one or more people and people sitting

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...