======

YBS ယာဥ္တုိက္မႈေၾကာင့္ လူ ၁၀ ဦးေသဆုံးမႈႏွင့္ ျပည္သူ႕အသံ


ဇူလုိင္ ၇ ရက္က ေထာက္ၾကန္႔တြင္ YBS (၅၅)ယာဥ္က တစ္ဖက္ယာဥ္ေၾကာမွ YBS (၃၇)ယာဥ္ကုိ ၀င္တိုက္မိရာမွ လူ ၁၀ ဦးေသဆုံးၿပီး လူ ၃၀ ေက်ာ္ဒဏ္ရာရရွိခဲ့သည္။ အဆုိပါယာဥ္တိုက္မႈသည္ YBS (၅၅)ယာဥ္၏အမွားျဖစ္ၿပီး ကုိယ္ရကုိယ္ယူစနစ္ျဖင့္ ေမာင္းႏွင္သည့္ ယာဥ္မ်ားအားလုံးကုိ ျပင္းထန္စြာသတိေပးေၾကာင္း ရန္ကုန္တုိင္းေဒသ ႀကီးလမ္းပန္းဆက္သြယ္ေရး၀န္ႀကီးေဒၚနီလာေက်ာ္က ေျပာၾကားခဲ့သည္။

ထုိ႔ေနာက္ယာဥ္တုိက္မႈျဖစ္ၿပီး ေနာက္တစ္ရက္တြင္ (၅၅)ယာဥ္လုိင္းကုိ ဖ်က္သိမ္းခဲ့ သည္။ အဆိုပါယာဥ္တိုက္မႈသည္ YBS စနစ္သစ္ေျပာင္းလဲၿပီး ေျခာက္လခန္႔ အတြင္း အဆုိးရြားဆုံးေသာယာဥ္တိုက္မႈတစ္ခုျဖစ္ခဲ့ရာ ယင္းျဖစ္စဥ္တြင္ တာ၀န္အရွိဆုံးႏွင့္ စနစ္အေျပာင္းအလဲထိေရာက္မႈရွိ၊မရွိႏွင့္ပတ္သက္၍ ျပည္သူမ်ား၏အသံကုိစုစည္း ေဖာ္ျပလိုက္ပါသည္။

ဦးေနဘုန္းလတ္ (ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ကုိယ္စားလွယ္)

YRTA (ရန္ကုန္ၿမိဳ႕သယ္ယူပုိ႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈအာဏာ ပုိင္အဖြဲ႕)မွာ တာ၀န္ရွိတာေပါ့။ နစ္နာတဲ့လူေတြကုိ ေတာင္းပန္ဖုိ႔နဲ႔ စည္း ကမ္းေဖာက္တဲ့လူေတြကုိ တာ၀န္ယူဖုိ႔လုပ္သင့္ပါတယ္။ ဘာေၾကာင့္ျဖစ္ လဲဆုိတဲ့အေၾကာင္းရင္းကုိ ရွာဖုိ႔လုိတယ္။ (၅၅)ယာဥ္လုိင္းကုိ စံနမူနာ အေနနဲ႔လုပ္တာမ်ိဳးေပါ့။ ဒါေပမဲ့ (၅၅)ယာဥ္လိုင္းလုိ ခရီးသည္ေတြကုိ ႐ုိင္း႐ုိင္းစုိင္းစုိင္းလုပ္တာေတြကုိ ေျဖရွင္းဖုိ႔လုိတယ္။ ယာဥ္လုိင္းပိတ္ တယ္ဆုိတာလည္း လုိအပ္ရင္ေတာ့လုပ္သင့္ပါတယ္။ ဒီ YBS ဆုိတာ ျပည္သူ႕၀န္ေဆာင္မႈလုပ္ငန္းေလ။ အဓိကကျပည္သူကုိ၀န္ေဆာင္မႈေပး တယ္ဆုိတဲ့ အသိ၀င္ေအာင္လုပ္ရမွာ။ YBS ကုိ လုပ္ေဆာင္ေနတဲ့သူေတြေရာ ဒါဟာျပည္သူလူထုကုိ ၀န္ ေဆာင္မႈေပးေနတယ္ဆုိတဲ့အသိမ်ိဳး ၀င္ေအာင္လုပ္ရမွာ။ အဲဒီစိတ္နဲ႔သာလုပ္ၾကရင္ အၿပိဳင္အဆုိင္ေမာင္းတာ ေတြ၊ စီးပြားေရးလုိပုိက္ဆံမ်က္ႏွာတစ္ခုတည္းၾကည့္တာမ်ိဳးေတြ မျဖစ္ေတာ့ဘူး။

ၿငိမ္းခ်မ္းညီညီ (နည္းပညာတကၠသုိလ္ ေနာက္ဆုံးႏွစ္)

ဒီျဖစ္ရပ္မွာ အဓိကတာ၀န္ရွိတာကေတာ့ (၅၅)ယာဥ္ေမာင္းေပါ့။ တခ်ိဳ႕ကားဆရာေတြက ခရီးသည္ေတြအားလုံးရဲ႕အသက္က သူ႔လက္ထဲ မွာဆုိတဲ့အသိ သူတို႔မွာမရွိဘူး။ သူတို႔ငါးရာ၊ တစ္ေထာင္ပုိရဖုိ႔အတြက္ ကားေတြၿပိဳင္ေမာင္းၾကတယ္။ (၅၅)ယာဥ္လုိင္းက အေ၀းႀကီးသြားရတာ ဗ်ာ။ ယာဥ္ရဲဲ႕ႀကံ႕ခုိင္မႈကုိလည္း အၿမဲစစ္ေဆးေနသင့္တယ္။ ကြၽန္ေတာ္ တို႔လုိ ၿမိဳ႕ေ၀းနယ္ေ၀းေက်ာင္းသြားတက္ရတဲ့ေက်ာင္းသားေတြ အရမ္း ဒုကၡေရာက္တယ္။ (၅၅) ယာဥ္လုိင္းကုိဖ်က္သိမ္းတာ ေကာင္းတဲ့ေျဖရွင္း နည္းလုိ႔မထင္ဘူး။ (၅၅) ယာဥ္လုိင္းမွာ မေကာင္းတဲ့သူလည္းရွိသလုိ ေကာင္းတဲ့ယာဥ္ေမာင္းေတြလည္း ရွိမွာပဲ။ ျဖစ္ေစခ်င္တာက အရင္ (၂၁) လုိင္း၊ ကုိတ႐ုတ္ေလး(ယာဥ္ပိုင္ရွင္)ကားလုိမ်ိဳး သူမ်ားေက်ာ္တက္လည္း လုိက္ၿပိဳင္မေမာင္းဘူး။ ေအးေအးေဆးေဆးပုံမွန္ေမာင္းတာမ်ိဳး ျဖစ္ေစခ်င္တယ္။ ယာဥ္ေမာင္းေတြ စည္းစနစ္တက်စိတ္ရွည္ရွည္နဲ႔ ေမာင္းမယ္ဆုိရင္ အခုလုိမ်ိဳးျဖစ္လာစရာ မရွိပါဘူး။ (၅၅)ကားစီးၿပီး ေက်ာင္းတက္ခဲ့တာ လုံး၀မလုံၿခံဳပါဘူး။ အစုိးရအေနနဲ႔ ေက်ာင္းသား ေတြအတြက္ လုံၿခံဳစိတ္ခ်ရတဲ့ေက်ာင္းကားစနစ္ေလးလုပ္ေပးဖုိ႔လည္း ေတာင္းဆုိခ်င္ပါတယ္။

ဦးျမင့္ဦး (သု၀ဏၰ)

အခုရန္ကုန္လုိင္းကားေတြအေၾကာင္းေျပာမယ္ဆုိရင္ ကြၽန္ေတာ္ ကေတာ့ လူေတြအက်ႌလဲ၀တ္သလုိပဲျမင္တာေပါ့ဗ်ာ။ ကားေတြ ေျပာင္း ေပမယ့္တိက်တဲ့ စနစ္နဲ႔သတ္မွတ္ထားခ်က္ေတြ မရွိေတာ့ ခရီးသြားအား လုံးအဆင္ေျပတာက နည္းနည္း၊ စုိးရိမ္ပူပန္ရတာက မ်ားမ်ားျဖစ္လာတာ ေပါ့။ ဘယ္လုိေမာင္းရမယ္၊ မွတ္တိုင္မွာ ဘယ္ႏွမိနစ္ရပ္ရမယ္ဆုိတာ မ်ိဳးကအစ လမ္းေၾကာင္းသတ္မွတ္တာ၊ စည္းကမ္းေဖာက္ဖ်က္မႈအတြက္ အေရးယူတာေတြရွိထားရမယ္။ အခုဒီ YBS ယာဥ္ႏွစ္စီးတုိက္မႈအတြက္ သက္ဆုိင္ရာယာဥ္လုိင္းေတြက လူမႈေရးအရ ေထာက္ပံ့တာ၀န္ယူဖုိ႔ကုိ ေတာ့ ေမွ်ာ္လင့္ပါတယ္။ ခရီးသြားျပည္သူေတြအတြက္ လုံၿခံဳစိတ္ခ်ရတဲ့ သယ္ယူပုိ႔ေဆာင္ေရးစနစ္ျဖစ္ဖုိ႔ကုိ အားလုံး၀ုိင္း၀န္းအေျဖရွာေစခ်င္တယ္။ အစုိးရ၊ ပညာရွင္ေတြနဲ႔ယာဥ္လုိင္းဌာနေတြ အားလုံးေပါ့။ ျပည္ သူေတြအျမင္ကုိ ေတာင္းခံသင့္တယ္။ ကုိယ္တုိင္ကြင္းဆင္းေလ့လာသင့္တယ္။

မဇင္မာဦး (ထိခုိက္ဒဏ္ရာရရွိသူတစ္ဦး၏ ဇနီး)

ညီမအမ်ိဳးသား ကားေပၚမွာပါလာတာမသိပါဘူး။ လမ္းထိပ္ကဆုိင္ ကယ္ကယ္ရီေမာင္းတဲ့သူက ကုိရာဇာႀကီးကားတိုက္တဲ့အထဲမွာပါတယ္ ဆုိတာေျပာမွသိရတာပါ။ ကြၽန္မတို႔မွာ ကေလးႏွစ္ေယာက္ရွိပါတယ္။ အမ်ိဳးသားနဲ႔ကြၽန္မႏွစ္ေယာက္စလုံးေစ်းေရာင္းေပမယ့္ ေယာက်္ားကုိ အားကုိးေနရတာပါ။ ကေလးအငယ္က အခုမွတစ္ႏွစ္ခြဲေက်ာ္ပဲရွိေသး ေတာ့ ညီမက ေစ်းသိပ္မထြက္ႏုိင္ပါဘူး။ အခုလုိအမ်ိဳးသားကဒဏ္ရာေတြ ရေနေတာ့ စိတ္ပူပါတယ္။ ေစ်းေရာင္းလုိ႔ရတဲ့ေငြေတြလည္း ကားတိုက္ မႈျဖစ္ၿပီး ေပ်ာက္သြားလုိ႔တစ္ျပားမွ ျပန္မရပါဘူး။ ေထာက္ၾကန္႔မွာေန ေတာ့ YBS (၃၇)စီးရတာအဆင္ေျပပါတယ္။ အခုလုိကားေတြတုိက္ေအာင္ေတာ့ ဘယ္သူမွရည္ရြယ္ၿပီး ေမာင္းမယ္ေတာ့ မထင္မိပါဘူး။ လူတိုင္းမိသားစုအတြက္ ေငြရွာရင္းအခုလုိျဖစ္ရတယ္လု႔ိ ျမင္မိပါတယ္။ ကားေတြကုိ သတ္မွတ္ထားတဲ့မုိင္ႏႈန္းအတိုင္း၊ သတ္မွတ္ထားတဲ့လမ္းေတြက ေမာင္းၾကပါ။ ေသဆုံးသြားတဲ့မိသားစုေတြအတြက္လည္း စိတ္မေကာင္းျဖစ္ရပါတယ္။

ကုိထင္လင္းေအာင္ (ပုလဲအရန္မီးသတ္တပ္ဖြဲ႕)

၂၀၁၇ ခုႏွစ္ထဲမွာေတာ့ ဒီယာဥ္တုိက္မႈက အႀကီးမားဆုံးနဲ႔ လူေသ မႈအမ်ားဆုံးလုိ႔ေျပာလို႔ရပါတယ္။ ကားသမားေတြကလည္း သတ္မွတ္ ေၾကးရဖုိ႔အတြက္ အၿပိဳင္အဆုိင္ေမာင္းၾကတယ္။ ဒီလုိမျဖစ္ရေအာင္ သူ တို႔မိသားစုစား၀တ္ေနေရးေျပလည္မယ့္ လစာေပးဖို႔လုိပါတယ္။ ကြၽန္ ေတာ္တို႔ကူညီကယ္ဆယ္ေရးလုပ္ေပးတဲ့အခါမွာလည္း တခ်ိဳ႕အဖြဲ႕ေတြ က ပူးေပါင္းမႈအားနည္းတယ္။ လူနာတင္ယာဥ္ေပၚလူေသအေလာင္း မတင္ဘူး။ နာေရးကားေပၚလူနာမတင္ဘူးဆုိတာေလးေတြရွိတယ္။ ေသဆုံးသြားတဲ့မိသားစု၀င္ေတြ၊ ထိခုိက္ဒဏ္ရာရတဲ့မိသားစု၀င္ေတြနဲ႔ ထပ္တူ၀မ္းနည္းရပါတယ္။ ယာဥ္ေမာင္းေတြ သတ္မွတ္မုိင္ႏႈန္းအတုိင္း ေမာင္းဖုိ႔လုိတယ္။ ယာဥ္ေမာင္းေတြကုိ ေသခ်ာစိစစ္ေရြးခ်ယ္ၿပီး ေရွးဦး သူနာျပဳစုနည္းတတ္ဖုိ႔လည္းလုိမယ္။ ယာဥ္မေတာ္တဆမႈျဖစ္ရင္ အနီးဆုံး လူနာေတြနားမွာရွိတာ ယာဥ္ေမာင္းနဲ႔ယာဥ္ေနာက္လုိက္ပါ။

ကုိမ်ိဳးမင္းဦး (သန္လ်င္ၿမိဳ႕နယ္တြင္ ေနထုိင္သူ)

အဓိကကေတာ့ ယာဥ္လုိင္းမွာတာ၀န္ရွိတယ္။ ဦးၿဖိဳးမင္းသိန္းက အမ်ားပုိင္ကုမၸဏီေတြေထာင္ၿပီး YBS စနစ္ထူေထာင္တယ္။ လခေပး စနစ္ကုိ က်င့္သုံးေနေပမယ့္ အခုျဖစ္တာက ကုိယ္ရကုိယ္ယူစနစ္နဲ႔ေျပး ဆြဲေနတဲ့ ယာဥ္လုိင္းေၾကာင့္ျဖစ္တာဆုိေတာ့ ယာဥ္လုိင္းႀကီးၾကပ္ တဲ့သူေတြ၊ စပယ္ယာေတြ၊ ယာဥ္ေမာင္းေတြမွာလည္း တာ၀န္ရွိတယ္။ ယာဥ္လုိင္းေတြ စည္းကမ္းမဲ့ေမာင္းႏွင္မႈမလုပ္ေအာင္ စည္းကမ္းထိန္း သိမ္းေရးကုိလည္း ထိထိေရာက္ေရာက္လုပ္ေပးသင့္တယ္။ အေရးယူ သင့္တယ္။ ယာဥ္လုိင္းအမွတ္ (၅၅)ကုိ ပိတ္သိမ္းလုိက္ၿပီဆုိတာကုိေတာ့ ၾကားတယ္။ ျပႆနာကုိေျဖရွင္းဖုိ႔က အခုအခ်ိန္မွာေတာ့ ဒီေလာက္ပဲ လုပ္လုိ႔ရဦးမယ္။ ဒီထက္ေကာင္း မြန္ေအာင္ေျဖရွင္းဖုိ႔ကေတာ့ ယာဥ္ေမာင္းေတြ၊ စပယ္ယာေတြကုိ စည္းကမ္းလုိက္နာဖုိ႔အတြက္ သင္တန္း ေတြေပးရမယ္။ အေျပာအဆုိယဥ္ေက်းေအာင္ သင္တန္းေတြေပးရမယ္။ ကုိယ္ရကုိယ္ယူစနစ္ကေန အမ်ားပုိင္စနစ္ကုိေျပာင္းလဲေပးဖုိ႔လုိတယ္။ ဥပမာ BRT လုိမ်ိဳးေပါ့။ BRT တုန္းကဆုိရင္ ယာဥ္ေမာင္းကိုသင္တန္း ေတြေပးထားေတာ့ ျပႆနာတက္တာမရွိခဲ့ဘူး။ ခရီးသြားျပည္သူေတြ လုံၿခံဳဖုိ႔အတြက္ ခုိင္ခံ့မႈရွိတဲ့ကားေတြတင္သြင္းဖုိ႔လုိတယ္။ အခုျဖစ္ေနတာက ကားအစီးေရက လုံေလာက္မႈမရွိေတာ့ ၿမိဳ႕တြင္းကုိ ကားသစ္ေတြ ေျပးဆြဲခြင့္ေပးၿပီး ၿမိဳ႕ျပင္ကုိေတာ့ ကားေဟာင္းေတြေျပးဆြဲခြင့္ေပးတယ္။ ကားေဟာင္းေတြက ႀကံ႕ခုိင္မႈက လည္း အားနည္းတယ္။ ၿမိဳ႕ျပင္ဆုိေတာ့ ယာဥ္ေၾကာက်ပ္တည္းမႈက မရွိဘူး။ လမ္းကလည္းရွင္းေတာ့ အခ်င္း ခ်င္းၿပိဳင္ေမာင္းၾကတာမ်ားတယ္။ ေမွာက္တဲ့အခါမွာ ကားေတြရဲ႕ႀကံ႕ခုိင္မႈအားနည္းခ်က္ေၾကာင့္ ေသဆုံးသူ မ်ားၾကတာပါ။ ဒါေၾကာင့္ ကားသစ္ေတြကုိ အစားထုိးေစခ်င္တယ္။ YBS ကုိေအာင္ျမင္ေစခ်င္တယ္။ေအာင္ျမင္ေအာင္ အဓိကစည္းကမ္းထိန္းသိမ္းေရးပုိင္းကုိ ဦးစားေပးဖုိ႔လည္းလုိတယ္။ လခစားစနစ္လုပ္မယ္၊ စြမ္း ေဆာင္ရည္ေတြျမႇင့္တင္ေပး မယ္၊ ဆုေပးဒဏ္ေပးစနစ္ကုိ က်င့္သုံးမယ္ဆုိရင္ေတာ့ ေအာင္ျမင္မွာပါ။

ပုိင္ဇင္ဦး (နည္းပညာတကၠသုိလ္ေနာက္ဆုံးႏွစ္၊ (၅၅) ယာဥ္လုိင္းစီးၿပီး ေက်ာင္းတက္ရသူ)

ဘယ္သူေတြမွာတာ၀န္ရွိလဲဆုိေတာ့ အခုကျဖစ္ၿပီးသြားၿပီေလ။ ေနာက္ကုိ ကားဆရာေတြဘက္က ေကာင္းေကာင္းမြန္မြန္ေမာင္းဖုိ႔လုိ တယ္။ တကယ္တမ္းဆုိရင္ ယာဥ္လုိင္းဖ်က္သိမ္းတယ္ဆုိတာထက္ စည္းကမ္းတင္းက်ပ္ဖုိ႔လုိတာေပါ့။ ကားသမားေတြ စည္းကမ္းရွိရွိေမာင္းဖုိ႔ လုိတာေပါ့။ မထသနဲ႔ YBS ဆုိၿပီးနာမည္ေျပာင္း႐ုံနဲ႔ေတာ့ လူေတြက မေျပာင္းသြားႏုိင္ဘူးေလ။ ကားေတြေက်ာ္တက္ၿပီးေမာင္းမယ္ဆုိတာ ထက္ စနစ္တက်ေမာင္းမယ္၊ သြားမယ္ဆုိရင္ အမ်ားျပည္သူေတြအ တြက္ လုံၿခံဳစိတ္ခ်ရတဲ့ ယာဥ္လုိင္းျဖစ္လာမွာပါ။

ေဒါက္တာေက်ာ္မင္းဦး (ကထိက၊ စိတ္ပညာဌာန၊ ဒဂုံတကၠသုိလ္)

အခုယာဥ္တုိက္မႈျဖစ္စဥ္မွာ အဖြဲ႕အစည္းတစ္ခု၊ လူတစ္ဦးတစ္ ေယာက္ကုိပဲ လက္ညႇိဳးထုိးအျပစ္ေျပာလုိ႔မရပါဘူး။ စနစ္တစ္ခုကုိလုပ္ ေဆာင္တဲ့အခါမွာ သက္ဆိုင္ရာအဖြဲ႕အစည္းအဆင့္ဆင့္က တာ၀န္ယူ လုပ္ေဆာင္ရတဲ့အတြက္ေၾကာင့္ျဖစ္ပါတယ္။ YBS (၅၅)ယာဥ္လုိင္းကုိ လုံး၀ဖ်က္သိမ္းလုိက္ျခင္းက လတ္တေလာေျဖရွင္းနည္းျဖစ္ၿပီး ေရရွည္ အတြက္ေတာ့ မထိေရာက္ႏုိင္ပါဘူး။ ယာဥ္ေမာင္းလစာေပးစနစ္နဲ႔ ယာဥ္စီးခကတ္စနစ္တို႔ကုိ တစ္ေျပးညီက်င့္သုံးမယ္ဆုိရင္ ယာဥ္အခ်င္း ခ်င္းလည္း လုေမာင္းစရာမလုိေတာ့ပါဘူး။ ခရီးသြားျပည္သူေတြရဲ႕ အသက္အႏၲရာယ္နဲ႔လုံၿခံဳစိတ္ခ်ေစေရးအတြက္ YBS ယာဥ္လုိင္းေတြနဲ႔ ပတ္သက္ၿပီးရန္ကုန္တိုင္းယာဥ္လုိင္းႀကီးၾကပ္တဲ့အဖြဲ႕ကစည္းမ်ဥ္းဥပေဒ ေတြကုိ ရွင္းရွင္းလင္းလင္းခ်မွတ္ၿပီး ေဖာက္ဖ်က္တဲ့ယာဥ္လုိင္းေတြကုိ ထိထိေရာက္ေရာက္အေရးယူဖုိ႔လုိအပ္ပါတယ္။ ယာဥ္ထိန္းရဲေတြက လည္း လမ္းေပၚစည္းကမ္းေဖာက္တဲ့ယာဥ္ေတြကုိ တိတိက်က်အေရးယူရပါမယ္။ သက္ဆိုင္ရာယာဥ္လုိင္းပုိင္ကုမၸဏီေတြကလည္း ယာဥ္ ေမာင္းခန္႔တဲ့ေနရာမွာ ကြၽမ္းက်င္မႈရွိၿပီး ယာဥ္ေမာင္းသူရဲ႕ စိတ္ပုိင္းဆုိင္ ရာအေျခအေနကုိ (Psychological Test) စစ္ၿပီး ခန္႔အပ္သင့္ပါတယ္။ ယာဥ္နဲ႔ပတ္သက္ၿပီး လုံၿခံဳေရးနဲ႔ယာဥ္ႀကံ႕ခုိင္မႈနဲ႔ယာဥ္ေမာင္းေတြရဲ႕ စည္းကမ္းလုိက္နာမႈေတြကုိ အၿမဲတမ္းစစ္ေဆးၾကပ္မတ္ေနဖုိ႔လုိပါတယ္။ ဒီလုိလုပ္ေဆာင္တဲ့အခါမွာ မထသက YBS အမည္ေျပာင္း႐ုံ သက္သက္မဟုတ္ဘဲ ခရီးသြားျပည္သူေတြကုိ အေကာင္းဆုံး၀န္ေဆာင္ မႈေပးႏုိင္ဖုိ႔နဲ႔ လုိအပ္ခ်က္ေတြကုိ အၿမဲျဖည့္ဆည္းေပးႏုိင္ဖုိ႔ အၿမဲတမ္းႀကိဳတင္ေဆာင္ရြက္သင့္ပါတယ္။

ထက္ေ၀ယံဦး (နည္းပညာတကၠသုိလ္(ေမွာ္ဘီ)ေနာက္ဆုံးႏွစ္)

ဒီကိစၥမွာ ဒီကားရဲ႕ယာဥ္ေမာင္းမွာေရာ၊ ပုိင္ရွင္မွာေရာ အဓိက တာ၀န္ရွိတယ္လုိ႔ ထင္ပါတယ္။ ေနာက္ေနာင္ဒါမ်ိဳးမျဖစ္ေအာင္ လုပ္ရ မွာေပါ့။ အခု (၅၅)ယာဥ္လုိင္းကိုလည္း ပိတ္သိမ္းလုိက္ၿပီေျပာတယ္။ ကုမၸဏီစနစ္ကုိသြားမယ္လည္းေျပာတယ္။ အဲဒီအတုိင္းအမွန္တကယ္ လုပ္ႏုိင္ရင္ေကာင္းပါတယ္။ ဒ႐ုိင္ဘာေတြကုိလည္း လစာေပးမယ္။ ေငြ ေပးေခ်မႈကုိလည္း ပုိက္ဆံပုံးနဲ႔ျဖစ္ျဖစ္သိမ္းမယ္ဆုိရင္ လုေမာင္းတာေတြ အထုိက္အေလ်ာက္ေလ်ာ့ပါးသြားမယ္လုိ႔ထင္ပါတယ္။ ရန္ကုန္တုိုင္း တစ္တိုင္းလုံးအေနနဲ႔ အမ်ားပုိင္ယာဥ္လုိင္းစနစ္ကုိ စနစ္တက်တကယ္ သြားဖုိ႔လုိတယ္။ လုယက္ေမာင္းတ့ဲစည္းကမ္းမဲ့တာမ်ိဳးေတြကုိ အေရးယူဖုိ႔လုိတယ္။

ဦးစိုး၀င္း (တုိင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီ-ဗဟုိေကာ္မတီ၀င္) (လမ္းမေတာ္ ၂- တုိင္းေဒသႀကီးလႊတ္ေတာ္ကုိယ္စားလွယ္ေဟာင္း)

ေလ်ာ့ရိေလ်ာ့ရဲလုပ္ကိုင္ေစတဲ့ ေဂဟစနစ္ႀကီးတစ္ခုလုံးမွာလည္း အျပစ္မကင္းဘူးလုိ႔ဆုိရမွာပါ။ ေသဆုံးသြားသူေတြနဲ႔ပတ္သက္ၿပီး ယာဥ္ ပုိင္ရွင္နဲ႔ ယာဥ္လိုင္းကေန လူမႈေရးအရေထာက္ပံ့ကူညီသင့္ပါတယ္။ အဲဒီလုိ လူမႈေရးအရ ကူညီတာမ်ိဳးမဟုတ္ဘဲ ဒီကိစၥကုိအေၾကာင္းျပဳၿပီး ေနာက္ေနာင္ ဘယ္ေတာ့မွဒီလုိမျဖစ္ေအာင္ စီမံေဆာင္ရြက္ေပးျခင္းဟာ အေကာင္းဆုံးတာ၀န္ယူမႈလုိ႔ျမင္ပါတယ္။ YBS (၅၅) ဖ်က္သိမ္းအေရးယူ ႐ုံေလာက္နဲ႔ေတာ့ ျပႆနာေျဖရွင္းရာမွာထိေရာက္မယ္လုိ႔ မျမင္ပါဘူး။ အမွန္ေတာ့ ဒီထက္စည္းကမ္းပုိမိုတင္းက်ပ္မႈမ်ိဳးလုပ္ရမွာပါ။ စီမံခန္႔ခြဲမႈပုိင္းလည္း ျပဳျပင္သင့္တာကုိ ျပဳျပင္ ရပါမယ္။ လုိအပ္ရင္ ဥပေဒမွာ ျပစ္မႈျပစ္ဒဏ္ေတြ ျပင္ဆင္ရမယ္။ နည္းဥပေဒမွာ အေသးစိတ္စည္းကမ္း သတ္မွတ္ခ်က္ေတြ ထည့္ရမယ္။ ပုဂၢလိကလုပ္ငန္းရွင္မ်ားကုိ ပုတ္ျပတ္ ေပးစနစ္မ်ိဳးခြင့္မျပဳတဲ့အခ်က္ေတြ ထည့္သြင္းသင့္ပါတယ္။ အခုဟာက ဂိတ္မွာထုိင္ေနတဲ့ ယာဥ္ႀကီးၾကပ္ေတြကလည္း ေရွ႕ကားဘယ္အခ်ိန္က ထြက္သြားတယ္ဆုိတာမ်ိဳးပဲေျပာေနေတာ့ ယာဥ္ၿပိဳင္ေမာင္းခုိင္းသလုိျဖစ္ေနပါတယ္။ မထသနဲ႔အတူတူလုိျဖစ္ ေနတယ္။ ရန္ကုန္ၿမိဳ႕တြင္း သယ္ယူပုိ႔ေဆာင္ေရးစနစ္ကုိခရီးသြားျပည္သူေတြ အသက္အႏၲရာယ္လုံၿခံဳ စိတ္ခ် ေစေရး စီမံေဆာင္ရြက္သင့္တာက လႊတ္ေတာ္ကုိယ္စားလွယ္ မ်ား၊ ယာဥ္ေျပးဆြဲမႈဆုိင္ရာ ဌာနဆုိင္ရာမ်ား၊ ပညာရွင္မ်ားအားလုံးစုေပါင္းအေျဖရွာရင္ ပုိၿပီးေအာင္ျမင္မယ္ထင္ပါတယ္။ ယာဥ္တုိက္မႈနဲ႔႔ ပတ္သက္ၿပီး ေဖ့စ္ဘြတ္ခ္ေပၚမွာေတာ့ အစုိးရပုိင္းကုိ အမ်ားႀကီးအျပစ္တင္ေ၀ဖန္ေနတာေတြေတြ႕ရပါတယ္။ ကြၽန္ေတာ့္ အျမင္ကေတာ့ အဓိကတာ၀န္ရွိသူက ယာဥ္ေမာင္းနဲ႔ယာဥ္ေနာက္လုိက္ပါပဲ။ ယာဥ္ရဲ႕ႀကံ႕ခုိင္မႈကုိကားသိမ္းခ်ိန္နဲ႔ ကားမထြက္ခင္မွာ အၿမဲစစ္ေဆးရပါတယ္။ ျပင္ဆင္ဖုိ႔လုိအပ္ရင္ ကားမထြက္ဘဲ ျပည့္စုံေအာင္ ျပင္ဆင္ရပါတယ္။

ကုိုတိုးေ၀လင္း (ယာဥ္တိုက္မႈတြင္ ထိခုိက္ဒဏ္ရာရရွိသူ)

ကားခ်င္းတိုက္မိေတာ့ ကြၽန္ေတာ့္ေျခေထာက္ႏွစ္ဖက္စလုံးက်ိဳး တယ္။ ဘယ္လက္က က်ိဳးၿပီး အ႐ုိးေတာင္ထြက္သြားတယ္။ (၃၇) YBS မွာ ေနာက္ေျခာက္ေယာက္တန္းမွာ ထုိင္စီးတာပါ။ ေရႊတိဂုံဘုရားမွာ ပန္းေတြပုိ႔ၿပီးျပန္လာတာပါ။ ကားတိုက္မႈျဖစ္ေတာ့ ကြၽန္ေတာ့္မွာ ပါလာ တဲ့ပုိက္ဆံသုံးသိန္းေက်ာ္နဲ႔ ဖုန္းႏွစ္လုံးေပ်ာက္သြားတယ္။ အခုလုိလူေတြ ဒုကၡေရာက္ေနခ်ိန္မွာ သူမ်ားပစၥည္းယူတာေတာ့ မေကာင္းပါဘူး။ ကြၽန္ ေတာ္တို႔မွာ ဒဏ္ရာကလည္း ရေသးတယ္။ ကုိယ္ရွာထားတဲ့ေစ်းရင္း ေလးလည္း ေပ်ာက္သြားေတာ့ စိတ္မေကာင္းဘူး။ ကားသမားေတြကုိ ေတာ့ သတ္မွတ္စည္းကမ္းအတိုင္း ေမာင္းၾကပါလုိ႔ေျပာခ်င္ပါတယ္။ အခုလုိျဖစ္ၿပီးမွေတာ့ ဘယ္သူ႕ကုိမွ အျပစ္မတင္ခ်င္ေပမယ့္ ကြၽန္ေတာ့္ေျခေထာက္ေတြ အရင္လုိျပန္ေကာင္းပါ့မလားေတာ့ စုိးရိမ္မိပါတယ္။

မေခါန္ဆုိင္းဂ်ာ (အင္းစိန္)

ယာဥ္ေမာင္းေတြက သတ္မွတ္ႏႈန္းအတုိင္းဆုိတာထက္ ပုိၿပီးဂ႐ုတ စုိက္နဲ႔ေမာင္းေပးရင္ ပုိေကာင္းမယ္ထင္ပါတယ္။ ေန႔စဥ္သြားေနရတဲ့ လူေတြရဲ႕အသက္ေတြက သူတို႔အေပၚမူတည္ေနတယ္။ အဓိကကေတာ့ ၿမိဳ႕ထဲစည္တဲ့ေနရာေတြမဟုတ္ေတာ့ရင္ ကားေတြက အရမ္းေမာင္း တယ္။ ဒီရက္ပုိင္းျဖစ္သြားတဲ့ YBS ယာဥ္တုိက္မႈက စိတ္မေကာင္းစရာ ပါ။ ဒါဟာ ယူတတ္ရင္သင္ခန္းစာပါ။ ကားပုိင္ရွင္ေတြက ကားေတြကုိ အာမခံထား၊ မထားေတာ့ မသိဘူးေလ။ သာမန္ျပည္သူေတြမွာ အသက္ အာမခံထားတာမ်ိဳးေတာ့ သိပ္မရွိဘူးေပါ့။ အဲဒီေတာ့ သက္ဆိုင္ရာက အေကာင္းဆုံးအဆင္ေျပေအာင္လုပ္ေပးႏုိင္ရင္ ေကာင္းမယ္ထင္တယ္။ လူ႕အသက္ေတြက အစားထုိးလုိ႔မရ ေတာ့ေပမယ့္ ေနာက္ထပ္မျဖစ္ေအာင္ေတာ့ တားဆီးလုိ႔၊ ကာကြယ္လုိ႔ေတာ့ရမယ္ေလ။

ဦးရဲမုိးဟိန္း (ယာဥ္ေမာင္း)

ကိစၥတစ္ခုျဖစ္ရင္ ဘယ္သူ႕မွာ တာ၀န္ရွိသလဲဆုိတာကို တရားခံ ေဖာ္ေပးရတာ ကြၽန္ေတာ္တုိ႔ရဲ႕ လူ႕အဖြဲ႕အစည္းမွာ အင္မတန္မွ႐ုပ္ဆုိး တ့ဲ ျဖစ္ရပ္တစ္ခုလုိ႔ပဲ သုံးသပ္မိပါတယ္။ ေနာက္ၿပီး သက္ဆုိင္ရာတာ၀န္ ရွိသူကုိယ္တုိင္က ဘယ္ယာဥ္လုိင္းက ကုိယ္ရကုိယ္ယူျဖစ္တယ္၊ ဘယ္ ယာဥ္လုိင္းက အမ်ားပုိင္ျဖစ္တယ္။ သတိေပးလုိက္ပါတယ္ဆုိတဲ့စကား ကလည္း ပုံမက်ဘူးလုိ႔တဲ့(ဒဲ့)ေ၀ဖန္ပါတယ္။ ယာဥ္အုိယာဥ္ေဟာင္းျဖစ္ ေစ၊ ယာဥ္သစ္ျဖစ္ေစ ျပဳျပင္ထိန္းသိမ္းမႈ၊ မွတ္တမ္းစည္းကမ္းအတုိင္း လုိက္နာေစရမွာျဖစ္ပါတယ္။ ခရီးသည္တင္ယာဥ္အမ်ားစုႀကံ႕ခုိင္ေရးစစ္ေဆးျပဳျပင္ေစမႈနဲ႔ပတ္သက္လုိ႔ ယာဥ္ပုိင္ရွင္၊ ယာဥ္ေမာင္း၊ ယာဥ္ ေနာက္လုိက္နဲ႔ယာဥ္လုိင္းအုပ္ခ်ဳပ္သူမ်ား အားလုံးေလးလတစ္ႀကိမ္ခန္႔ စစ္ေဆးသင့္ ပါတယ္။ မပ်က္မခ်င္း လမ္းေပၚနင္းကိစၥဟာေျပာင္းလဲခ်ိန္ တန္ၿပီလုိ႔ အႀကံျပဳလုိပါတယ္။ YBS ရဲ႕ခရီးစဥ္ေျပးဆြဲမႈပုံစံ၊ ယာဥ္လိုုင္း၀န္ထမ္းမ်ား၊ ယာဥ္ေမာင္းရဲ႕ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းလုိက္နာ ေဆာင္ရြက္မႈအမွားနဲ႔ ေမာ္ေတာ္ယာဥ္ရဲ႕စက္ပုိင္းဆိုင္ရာ ခြၽတ္ ယြင္းမႈ၊ ႀကံ႕ခိုင္မႈစစ္ေဆးဖုိ႔ အားနည္းမႈႏွစ္ပုိင္းစလုံးဟာ သက္ဆုိင္ရာတာ၀န္ရွိ အႀကီးအကဲတို႔အဆင့္ဆင့္ တာ၀န္ခံမႈ၊ တာ၀န္ယူမႈပ်က္ကြက္လုိ႔ဆုိတာ ျငင္းလုိ႔မရပါဘူး။ (၅၅) ယာဥ္လုိင္းပိတ္သိမ္းတယ္ဆုိတာက အေရးယူ မႈ၊ အျပစ္ေပးမႈဆုိရင္ မတရားပါဘူး။ (၅၅)ယာဥ္လုိင္းမွာ မဆိုင္တဲ့ယာဥ္ပုိင္ရွင္၊ ယာဥ္ေမာင္း၊ ယာဥ္ေနာက္လုိက္ေတြ အားလုံးသာတကယ္တာ၀န္ယူေၾကးဆုိရင္ လမ္းပန္းဆက္သြယ္ေရး၀န္ႀကီးပါ တာ၀န္ယူႏုတ္ထြက္သင့္ပါတယ္လုိ႔ ေျဖၾကားလုိပါတယ္။

Credit: 7daydaily

#Unicode Version#
ဇူလိုင် ၇ ရက်က ထောက်ကြန့်တွင် YBS (၅၅)ယာဉ်က တစ်ဖက်ယာဉ်ကြောမှ YBS (၃၇)ယာဉ်ကို ဝင်တိုက်မိရာမှ လူ ၁၀ ဦးသေဆုံးပြီး လူ ၃၀ ကျော်ဒဏ်ရာရရှိခဲ့သည်။ အဆိုပါယာဉ်တိုက်မှုသည် YBS (၅၅)ယာဉ်၏အမှားဖြစ်ပြီး ကိုယ်ရကိုယ်ယူစနစ်ဖြင့် မောင်းနှင်သည့် ယာဉ်များအားလုံးကို ပြင်းထန်စွာသတိပေးကြောင်း ရန်ကုန်တိုင်းဒေသ ကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်က ပြောကြားခဲ့သည်။

ထို့နောက်ယာဉ်တိုက်မှုဖြစ်ပြီး နောက်တစ်ရက်တွင် (၅၅)ယာဉ်လိုင်းကို ဖျက်သိမ်းခဲ့ သည်။ အဆိုပါယာဉ်တိုက်မှုသည် YBS စနစ်သစ်ပြောင်းလဲပြီး ခြောက်လခန့် အတွင်း အဆိုးရွားဆုံးသောယာဉ်တိုက်မှုတစ်ခုဖြစ်ခဲ့ရာ ယင်းဖြစ်စဉ်တွင် တာဝန်အရှိဆုံးနှင့် စနစ်အပြောင်းအလဲထိရောက်မှုရှိ၊မရှိနှင့်ပတ်သက်၍ ပြည်သူများ၏အသံကိုစုစည်း ဖော်ပြလိုက်ပါသည်။

ဦးနေဘုန်းလတ် (ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)

YRTA (ရန်ကုန်မြို့သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာ ပိုင်အဖွဲ့)မှာ တာဝန်ရှိတာပေါ့။ နစ်နာတဲ့လူတွေကို တောင်းပန်ဖို့နဲ့ စည်း ကမ်းဖောက်တဲ့လူတွေကို တာဝန်ယူဖို့လုပ်သင့်ပါတယ်။ ဘာကြောင့်ဖြစ် လဲဆိုတဲ့အကြောင်းရင်းကို ရှာဖို့လိုတယ်။ (၅၅)ယာဉ်လိုင်းကို စံနမူနာ အနေနဲ့လုပ်တာမျိုးပေါ့။ ဒါပေမဲ့ (၅၅)ယာဉ်လိုင်းလို ခရီးသည်တွေကို ရိုင်းရိုင်းစိုင်းစိုင်းလုပ်တာတွေကို ဖြေရှင်းဖို့လိုတယ်။ ယာဉ်လိုင်းပိတ် တယ်ဆိုတာလည်း လိုအပ်ရင်တော့လုပ်သင့်ပါတယ်။ ဒီ YBS ဆိုတာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းလေ။ အဓိကကပြည်သူကိုဝန်ဆောင်မှုပေး တယ်ဆိုတဲ့ အသိဝင်အောင်လုပ်ရမှာ။ YBS ကို လုပ်ဆောင်နေတဲ့သူတွေရော ဒါဟာပြည်သူလူထုကို ဝန် ဆောင်မှုပေးနေတယ်ဆိုတဲ့အသိမျိုး ဝင်အောင်လုပ်ရမှာ။ အဲဒီစိတ်နဲ့သာလုပ်ကြရင် အပြိုင်အဆိုင်မောင်းတာ တွေ၊ စီးပွားရေးလိုပိုက်ဆံမျက်နှာတစ်ခုတည်းကြည့်တာမျိုးတွေ မဖြစ်တော့ဘူး။

ငြိမ်းချမ်းညီညီ (နည်းပညာတက္ကသိုလ် နောက်ဆုံးနှစ်)

ဒီဖြစ်ရပ်မှာ အဓိကတာဝန်ရှိတာကတော့ (၅၅)ယာဉ်မောင်းပေါ့။ တချို့ကားဆရာတွေက ခရီးသည်တွေအားလုံးရဲ့အသက်က သူ့လက်ထဲ မှာဆိုတဲ့အသိ သူတို့မှာမရှိဘူး။ သူတို့ငါးရာ၊ တစ်ထောင်ပိုရဖို့အတွက် ကားတွေပြိုင်မောင်းကြတယ်။ (၅၅)ယာဉ်လိုင်းက အဝေးကြီးသွားရတာ ဗျာ။ ယာဉ်ရဲ့ကြံ့ခိုင်မှုကိုလည်း အမြဲစစ်ဆေးနေသင့်တယ်။ ကျွန်တော် တို့လို မြို့ဝေးနယ်ဝေးကျောင်းသွားတက်ရတဲ့ကျောင်းသားတွေ အရမ်း ဒုက္ခရောက်တယ်။ (၅၅) ယာဉ်လိုင်းကိုဖျက်သိမ်းတာ ကောင်းတဲ့ဖြေရှင်း နည်းလို့မထင်ဘူး။ (၅၅) ယာဉ်လိုင်းမှာ မကောင်းတဲ့သူလည်းရှိသလို ကောင်းတဲ့ယာဉ်မောင်းတွေလည်း ရှိမှာပဲ။ ဖြစ်စေချင်တာက အရင် (၂၁) လိုင်း၊ ကိုတရုတ်လေး(ယာဉ်ပိုင်ရှင်)ကားလိုမျိုး သူများကျော်တက်လည်း လိုက်ပြိုင်မမောင်းဘူး။ အေးအေးဆေးဆေးပုံမှန်မောင်းတာမျိုး ဖြစ်စေချင်တယ်။ ယာဉ်မောင်းတွေ စည်းစနစ်တကျစိတ်ရှည်ရှည်နဲ့ မောင်းမယ်ဆိုရင် အခုလိုမျိုးဖြစ်လာစရာ မရှိပါဘူး။ (၅၅)ကားစီးပြီး ကျောင်းတက်ခဲ့တာ လုံးဝမလုံခြုံပါဘူး။ အစိုးရအနေနဲ့ ကျောင်းသား တွေအတွက် လုံခြုံစိတ်ချရတဲ့ကျောင်းကားစနစ်လေးလုပ်ပေးဖို့လည်း တောင်းဆိုချင်ပါတယ်။

ဦးမြင့်ဦး (သုဝဏ္ဏ)

အခုရန်ကုန်လိုင်းကားတွေအကြောင်းပြောမယ်ဆိုရင် ကျွန်တော် ကတော့ လူတွေအကျႌလဲဝတ်သလိုပဲမြင်တာပေါ့ဗျာ။ ကားတွေ ပြောင်း ပေမယ့်တိကျတဲ့ စနစ်နဲ့သတ်မှတ်ထားချက်တွေ မရှိတော့ ခရီးသွားအား လုံးအဆင်ပြေတာက နည်းနည်း၊ စိုးရိမ်ပူပန်ရတာက များများဖြစ်လာတာ ပေါ့။ ဘယ်လိုမောင်းရမယ်၊ မှတ်တိုင်မှာ ဘယ်နှမိနစ်ရပ်ရမယ်ဆိုတာ မျိုးကအစ လမ်းကြောင်းသတ်မှတ်တာ၊ စည်းကမ်းဖောက်ဖျက်မှုအတွက် အရေးယူတာတွေရှိထားရမယ်။ အခုဒီ YBS ယာဉ်နှစ်စီးတိုက်မှုအတွက် သက်ဆိုင်ရာယာဉ်လိုင်းတွေက လူမှုရေးအရ ထောက်ပံ့တာဝန်ယူဖို့ကို တော့ မျှော်လင့်ပါတယ်။ ခရီးသွားပြည်သူတွေအတွက် လုံခြုံစိတ်ချရတဲ့ သယ်ယူပို့ဆောင်ရေးစနစ်ဖြစ်ဖို့ကို အားလုံးဝိုင်းဝန်းအဖြေရှာစေချင်တယ်။ အစိုးရ၊ ပညာရှင်တွေနဲ့ယာဉ်လိုင်းဌာနတွေ အားလုံးပေါ့။ ပြည် သူတွေအမြင်ကို တောင်းခံသင့်တယ်။ ကိုယ်တိုင်ကွင်းဆင်းလေ့လာသင့်တယ်။

မဇင်မာဦး (ထိခိုက်ဒဏ်ရာရရှိသူတစ်ဦး၏ ဇနီး)

ညီမအမျိုးသား ကားပေါ်မှာပါလာတာမသိပါဘူး။ လမ်းထိပ်ကဆိုင် ကယ်ကယ်ရီမောင်းတဲ့သူက ကိုရာဇာကြီးကားတိုက်တဲ့အထဲမှာပါတယ် ဆိုတာပြောမှသိရတာပါ။ ကျွန်မတို့မှာ ကလေးနှစ်ယောက်ရှိပါတယ်။ အမျိုးသားနဲ့ကျွန်မနှစ်ယောက်စလုံးဈေးရောင်းပေမယ့် ယောကျ်ားကို အားကိုးနေရတာပါ။ ကလေးအငယ်က အခုမှတစ်နှစ်ခွဲကျော်ပဲရှိသေး တော့ ညီမက ဈေးသိပ်မထွက်နိုင်ပါဘူး။ အခုလိုအမျိုးသားကဒဏ်ရာတွေ ရနေတော့ စိတ်ပူပါတယ်။ ဈေးရောင်းလို့ရတဲ့ငွေတွေလည်း ကားတိုက် မှုဖြစ်ပြီး ပျောက်သွားလို့တစ်ပြားမှ ပြန်မရပါဘူး။ ထောက်ကြန့်မှာနေ တော့ YBS (၃၇)စီးရတာအဆင်ပြေပါတယ်။ အခုလိုကားတွေတိုက်အောင်တော့ ဘယ်သူမှရည်ရွယ်ပြီး မောင်းမယ်တော့ မထင်မိပါဘူး။ လူတိုင်းမိသားစုအတွက် ငွေရှာရင်းအခုလိုဖြစ်ရတယ်လု့ိ မြင်မိပါတယ်။ ကားတွေကို သတ်မှတ်ထားတဲ့မိုင်နှုန်းအတိုင်း၊ သတ်မှတ်ထားတဲ့လမ်းတွေက မောင်းကြပါ။ သေဆုံးသွားတဲ့မိသားစုတွေအတွက်လည်း စိတ်မကောင်းဖြစ်ရပါတယ်။

ကိုထင်လင်းအောင် (ပုလဲအရန်မီးသတ်တပ်ဖွဲ့)

၂၀၁၇ ခုနှစ်ထဲမှာတော့ ဒီယာဉ်တိုက်မှုက အကြီးမားဆုံးနဲ့ လူသေ မှုအများဆုံးလို့ပြောလို့ရပါတယ်။ ကားသမားတွေကလည်း သတ်မှတ် ကြေးရဖို့အတွက် အပြိုင်အဆိုင်မောင်းကြတယ်။ ဒီလိုမဖြစ်ရအောင် သူ တို့မိသားစုစားဝတ်နေရေးပြေလည်မယ့် လစာပေးဖို့လိုပါတယ်။ ကျွန် တော်တို့ကူညီကယ်ဆယ်ရေးလုပ်ပေးတဲ့အခါမှာလည်း တချို့အဖွဲ့တွေ က ပူးပေါင်းမှုအားနည်းတယ်။ လူနာတင်ယာဉ်ပေါ်လူသေအလောင်း မတင်ဘူး။ နာရေးကားပေါ်လူနာမတင်ဘူးဆိုတာလေးတွေရှိတယ်။ သေဆုံးသွားတဲ့မိသားစုဝင်တွေ၊ ထိခိုက်ဒဏ်ရာရတဲ့မိသားစုဝင်တွေနဲ့ ထပ်တူဝမ်းနည်းရပါတယ်။ ယာဉ်မောင်းတွေ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းဖို့လိုတယ်။ ယာဉ်မောင်းတွေကို သေချာစိစစ်ရွေးချယ်ပြီး ရှေးဦး သူနာပြုစုနည်းတတ်ဖို့လည်းလိုမယ်။ ယာဉ်မတော်တဆမှုဖြစ်ရင် အနီးဆုံး လူနာတွေနားမှာရှိတာ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်ပါ။

ကိုမျိုးမင်းဦး (သန်လျင်မြို့နယ်တွင် နေထိုင်သူ)

အဓိကကတော့ ယာဉ်လိုင်းမှာတာဝန်ရှိတယ်။ ဦးဖြိုးမင်းသိန်းက အများပိုင်ကုမ္ပဏီတွေထောင်ပြီး YBS စနစ်ထူထောင်တယ်။ လခပေး စနစ်ကို ကျင့်သုံးနေပေမယ့် အခုဖြစ်တာက ကိုယ်ရကိုယ်ယူစနစ်နဲ့ပြေး ဆွဲနေတဲ့ ယာဉ်လိုင်းကြောင့်ဖြစ်တာဆိုတော့ ယာဉ်လိုင်းကြီးကြပ် တဲ့သူတွေ၊ စပယ်ယာတွေ၊ ယာဉ်မောင်းတွေမှာလည်း တာဝန်ရှိတယ်။ ယာဉ်လိုင်းတွေ စည်းကမ်းမဲ့မောင်းနှင်မှုမလုပ်အောင် စည်းကမ်းထိန်း သိမ်းရေးကိုလည်း ထိထိရောက်ရောက်လုပ်ပေးသင့်တယ်။ အရေးယူ သင့်တယ်။ ယာဉ်လိုင်းအမှတ် (၅၅)ကို ပိတ်သိမ်းလိုက်ပြီဆိုတာကိုတော့ ကြားတယ်။ ပြဿနာကိုဖြေရှင်းဖို့က အခုအချိန်မှာတော့ ဒီလောက်ပဲ လုပ်လို့ရဦးမယ်။ ဒီထက်ကောင်း မွန်အောင်ဖြေရှင်းဖို့ကတော့ ယာဉ်မောင်းတွေ၊ စပယ်ယာတွေကို စည်းကမ်းလိုက်နာဖို့အတွက် သင်တန်း တွေပေးရမယ်။ အပြောအဆိုယဉ်ကျေးအောင် သင်တန်းတွေပေးရမယ်။ ကိုယ်ရကိုယ်ယူစနစ်ကနေ အများပိုင်စနစ်ကိုပြောင်းလဲပေးဖို့လိုတယ်။ ဥပမာ BRT လိုမျိုးပေါ့။ BRT တုန်းကဆိုရင် ယာဉ်မောင်းကိုသင်တန်း တွေပေးထားတော့ ပြဿနာတက်တာမရှိခဲ့ဘူး။ ခရီးသွားပြည်သူတွေ လုံခြုံဖို့အတွက် ခိုင်ခံ့မှုရှိတဲ့ကားတွေတင်သွင်းဖို့လိုတယ်။ အခုဖြစ်နေတာက ကားအစီးရေက လုံလောက်မှုမရှိတော့ မြို့တွင်းကို ကားသစ်တွေ ပြေးဆွဲခွင့်ပေးပြီး မြို့ပြင်ကိုတော့ ကားဟောင်းတွေပြေးဆွဲခွင့်ပေးတယ်။ ကားဟောင်းတွေက ကြံ့ခိုင်မှုက လည်း အားနည်းတယ်။ မြို့ပြင်ဆိုတော့ ယာဉ်ကြောကျပ်တည်းမှုက မရှိဘူး။ လမ်းကလည်းရှင်းတော့ အချင်း ချင်းပြိုင်မောင်းကြတာများတယ်။ မှောက်တဲ့အခါမှာ ကားတွေရဲ့ကြံ့ခိုင်မှုအားနည်းချက်ကြောင့် သေဆုံးသူ များကြတာပါ။ ဒါကြောင့် ကားသစ်တွေကို အစားထိုးစေချင်တယ်။ YBS ကိုအောင်မြင်စေချင်တယ်။အောင်မြင်အောင် အဓိကစည်းကမ်းထိန်းသိမ်းရေးပိုင်းကို ဦးစားပေးဖို့လည်းလိုတယ်။ လခစားစနစ်လုပ်မယ်၊ စွမ်း ဆောင်ရည်တွေမြှင့်တင်ပေး မယ်၊ ဆုပေးဒဏ်ပေးစနစ်ကို ကျင့်သုံးမယ်ဆိုရင်တော့ အောင်မြင်မှာပါ။

ပိုင်ဇင်ဦး (နည်းပညာတက္ကသိုလ်နောက်ဆုံးနှစ်၊ (၅၅) ယာဉ်လိုင်းစီးပြီး ကျောင်းတက်ရသူ)

ဘယ်သူတွေမှာတာဝန်ရှိလဲဆိုတော့ အခုကဖြစ်ပြီးသွားပြီလေ။ နောက်ကို ကားဆရာတွေဘက်က ကောင်းကောင်းမွန်မွန်မောင်းဖို့လို တယ်။ တကယ်တမ်းဆိုရင် ယာဉ်လိုင်းဖျက်သိမ်းတယ်ဆိုတာထက် စည်းကမ်းတင်းကျပ်ဖို့လိုတာပေါ့။ ကားသမားတွေ စည်းကမ်းရှိရှိမောင်းဖို့ လိုတာပေါ့။ မထသနဲ့ YBS ဆိုပြီးနာမည်ပြောင်းရုံနဲ့တော့ လူတွေက မပြောင်းသွားနိုင်ဘူးလေ။ ကားတွေကျော်တက်ပြီးမောင်းမယ်ဆိုတာ ထက် စနစ်တကျမောင်းမယ်၊ သွားမယ်ဆိုရင် အများပြည်သူတွေအ တွက် လုံခြုံစိတ်ချရတဲ့ ယာဉ်လိုင်းဖြစ်လာမှာပါ။

ဒေါက်တာကျော်မင်းဦး (ကထိက၊ စိတ်ပညာဌာန၊ ဒဂုံတက္ကသိုလ်)

အခုယာဉ်တိုက်မှုဖြစ်စဉ်မှာ အဖွဲ့အစည်းတစ်ခု၊ လူတစ်ဦးတစ် ယောက်ကိုပဲ လက်ညှိုးထိုးအပြစ်ပြောလို့မရပါဘူး။ စနစ်တစ်ခုကိုလုပ် ဆောင်တဲ့အခါမှာ သက်ဆိုင်ရာအဖွဲ့အစည်းအဆင့်ဆင့်က တာဝန်ယူ လုပ်ဆောင်ရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ YBS (၅၅)ယာဉ်လိုင်းကို လုံးဝဖျက်သိမ်းလိုက်ခြင်းက လတ်တလောဖြေရှင်းနည်းဖြစ်ပြီး ရေရှည် အတွက်တော့ မထိရောက်နိုင်ပါဘူး။ ယာဉ်မောင်းလစာပေးစနစ်နဲ့ ယာဉ်စီးခကတ်စနစ်တို့ကို တစ်ပြေးညီကျင့်သုံးမယ်ဆိုရင် ယာဉ်အချင်း ချင်းလည်း လုမောင်းစရာမလိုတော့ပါဘူး။ ခရီးသွားပြည်သူတွေရဲ့ အသက်အန္တရာယ်နဲ့လုံခြုံစိတ်ချစေရေးအတွက် YBS ယာဉ်လိုင်းတွေနဲ့ ပတ်သက်ပြီးရန်ကုန်တိုင်းယာဉ်လိုင်းကြီးကြပ်တဲ့အဖွဲ့ကစည်းမျဉ်းဥပဒေ တွေကို ရှင်းရှင်းလင်းလင်းချမှတ်ပြီး ဖောက်ဖျက်တဲ့ယာဉ်လိုင်းတွေကို ထိထိရောက်ရောက်အရေးယူဖို့လိုအပ်ပါတယ်။ ယာဉ်ထိန်းရဲတွေက လည်း လမ်းပေါ်စည်းကမ်းဖောက်တဲ့ယာဉ်တွေကို တိတိကျကျအရေးယူရပါမယ်။ သက်ဆိုင်ရာယာဉ်လိုင်းပိုင်ကုမ္ပဏီတွေကလည်း ယာဉ် မောင်းခန့်တဲ့နေရာမှာ ကျွမ်းကျင်မှုရှိပြီး ယာဉ်မောင်းသူရဲ့ စိတ်ပိုင်းဆိုင် ရာအခြေအနေကို (Psychological Test) စစ်ပြီး ခန့်အပ်သင့်ပါတယ်။ ယာဉ်နဲ့ပတ်သက်ပြီး လုံခြုံရေးနဲ့ယာဉ်ကြံ့ခိုင်မှုနဲ့ယာဉ်မောင်းတွေရဲ့ စည်းကမ်းလိုက်နာမှုတွေကို အမြဲတမ်းစစ်ဆေးကြပ်မတ်နေဖို့လိုပါတယ်။ ဒီလိုလုပ်ဆောင်တဲ့အခါမှာ မထသက YBS အမည်ပြောင်းရုံ သက်သက်မဟုတ်ဘဲ ခရီးသွားပြည်သူတွေကို အကောင်းဆုံးဝန်ဆောင် မှုပေးနိုင်ဖို့နဲ့ လိုအပ်ချက်တွေကို အမြဲဖြည့်ဆည်းပေးနိုင်ဖို့ အမြဲတမ်းကြိုတင်ဆောင်ရွက်သင့်ပါတယ်။

ထက်ဝေယံဦး (နည်းပညာတက္ကသိုလ်(မှော်ဘီ)နောက်ဆုံးနှစ်)

ဒီကိစ္စမှာ ဒီကားရဲ့ယာဉ်မောင်းမှာရော၊ ပိုင်ရှင်မှာရော အဓိက တာဝန်ရှိတယ်လို့ ထင်ပါတယ်။ နောက်နောင်ဒါမျိုးမဖြစ်အောင် လုပ်ရ မှာပေါ့။ အခု (၅၅)ယာဉ်လိုင်းကိုလည်း ပိတ်သိမ်းလိုက်ပြီပြောတယ်။ ကုမ္ပဏီစနစ်ကိုသွားမယ်လည်းပြောတယ်။ အဲဒီအတိုင်းအမှန်တကယ် လုပ်နိုင်ရင်ကောင်းပါတယ်။ ဒရိုင်ဘာတွေကိုလည်း လစာပေးမယ်။ ငွေ ပေးချေမှုကိုလည်း ပိုက်ဆံပုံးနဲ့ဖြစ်ဖြစ်သိမ်းမယ်ဆိုရင် လုမောင်းတာတွေ အထိုက်အလျောက်လျော့ပါးသွားမယ်လို့ထင်ပါတယ်။ ရန်ကုန်တိုင်း တစ်တိုင်းလုံးအနေနဲ့ အများပိုင်ယာဉ်လိုင်းစနစ်ကို စနစ်တကျတကယ် သွားဖို့လိုတယ်။ လုယက်မောင်းတဲ့စည်းကမ်းမဲ့တာမျိုးတွေကို အရေးယူဖို့လိုတယ်။

ဦးစိုးဝင်း (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ-ဗဟိုကော်မတီဝင်) (လမ်းမတော် ၂- တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း)

လျော့ရိလျော့ရဲလုပ်ကိုင်စေတဲ့ ဂေဟစနစ်ကြီးတစ်ခုလုံးမှာလည်း အပြစ်မကင်းဘူးလို့ဆိုရမှာပါ။ သေဆုံးသွားသူတွေနဲ့ပတ်သက်ပြီး ယာဉ် ပိုင်ရှင်နဲ့ ယာဉ်လိုင်းကနေ လူမှုရေးအရထောက်ပံ့ကူညီသင့်ပါတယ်။ အဲဒီလို လူမှုရေးအရ ကူညီတာမျိုးမဟုတ်ဘဲ ဒီကိစ္စကိုအကြောင်းပြုပြီး နောက်နောင် ဘယ်တော့မှဒီလိုမဖြစ်အောင် စီမံဆောင်ရွက်ပေးခြင်းဟာ အကောင်းဆုံးတာဝန်ယူမှုလို့မြင်ပါတယ်။ YBS (၅၅) ဖျက်သိမ်းအရေးယူ ရုံလောက်နဲ့တော့ ပြဿနာဖြေရှင်းရာမှာထိရောက်မယ်လို့ မမြင်ပါဘူး။ အမှန်တော့ ဒီထက်စည်းကမ်းပိုမိုတင်းကျပ်မှုမျိုးလုပ်ရမှာပါ။ စီမံခန့်ခွဲမှုပိုင်းလည်း ပြုပြင်သင့်တာကို ပြုပြင် ရပါမယ်။ လိုအပ်ရင် ဥပဒေမှာ ပြစ်မှုပြစ်ဒဏ်တွေ ပြင်ဆင်ရမယ်။ နည်းဥပဒေမှာ အသေးစိတ်စည်းကမ်း သတ်မှတ်ချက်တွေ ထည့်ရမယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်များကို ပုတ်ပြတ် ပေးစနစ်မျိုးခွင့်မပြုတဲ့အချက်တွေ ထည့်သွင်းသင့်ပါတယ်။ အခုဟာက ဂိတ်မှာထိုင်နေတဲ့ ယာဉ်ကြီးကြပ်တွေကလည်း ရှေ့ကားဘယ်အချိန်က ထွက်သွားတယ်ဆိုတာမျိုးပဲပြောနေတော့ ယာဉ်ပြိုင်မောင်းခိုင်းသလိုဖြစ်နေပါတယ်။ မထသနဲ့အတူတူလိုဖြစ် နေတယ်။ ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးစနစ်ကိုခရီးသွားပြည်သူတွေ အသက်အန္တရာယ်လုံခြုံ စိတ်ချ စေရေး စီမံဆောင်ရွက်သင့်တာက လွှတ်တော်ကိုယ်စားလှယ် များ၊ ယာဉ်ပြေးဆွဲမှုဆိုင်ရာ ဌာနဆိုင်ရာများ၊ ပညာရှင်များအားလုံးစုပေါင်းအဖြေရှာရင် ပိုပြီးအောင်မြင်မယ်ထင်ပါတယ်။ ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ အစိုးရပိုင်းကို အများကြီးအပြစ်တင်ဝေဖန်နေတာတွေတွေ့ရပါတယ်။ ကျွန်တော့် အမြင်ကတော့ အဓိကတာဝန်ရှိသူက ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်ပါပဲ။ ယာဉ်ရဲ့ကြံ့ခိုင်မှုကိုကားသိမ်းချိန်နဲ့ ကားမထွက်ခင်မှာ အမြဲစစ်ဆေးရပါတယ်။ ပြင်ဆင်ဖို့လိုအပ်ရင် ကားမထွက်ဘဲ ပြည့်စုံအောင် ပြင်ဆင်ရပါတယ်။

ကိုတိုးဝေလင်း (ယာဉ်တိုက်မှုတွင် ထိခိုက်ဒဏ်ရာရရှိသူ)

ကားချင်းတိုက်မိတော့ ကျွန်တော့်ခြေထောက်နှစ်ဖက်စလုံးကျိုး တယ်။ ဘယ်လက်က ကျိုးပြီး အရိုးတောင်ထွက်သွားတယ်။ (၃၇) YBS မှာ နောက်ခြောက်ယောက်တန်းမှာ ထိုင်စီးတာပါ။ ရွှေတိဂုံဘုရားမှာ ပန်းတွေပို့ပြီးပြန်လာတာပါ။ ကားတိုက်မှုဖြစ်တော့ ကျွန်တော့်မှာ ပါလာ တဲ့ပိုက်ဆံသုံးသိန်းကျော်နဲ့ ဖုန်းနှစ်လုံးပျောက်သွားတယ်။ အခုလိုလူတွေ ဒုက္ခရောက်နေချိန်မှာ သူများပစ္စည်းယူတာတော့ မကောင်းပါဘူး။ ကျွန် တော်တို့မှာ ဒဏ်ရာကလည်း ရသေးတယ်။ ကိုယ်ရှာထားတဲ့ဈေးရင်း လေးလည်း ပျောက်သွားတော့ စိတ်မကောင်းဘူး။ ကားသမားတွေကို တော့ သတ်မှတ်စည်းကမ်းအတိုင်း မောင်းကြပါလို့ပြောချင်ပါတယ်။ အခုလိုဖြစ်ပြီးမှတော့ ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ပေမယ့် ကျွန်တော့်ခြေထောက်တွေ အရင်လိုပြန်ကောင်းပါ့မလားတော့ စိုးရိမ်မိပါတယ်။

မခေါန်ဆိုင်းဂျာ (အင်းစိန်)

ယာဉ်မောင်းတွေက သတ်မှတ်နှုန်းအတိုင်းဆိုတာထက် ပိုပြီးဂရုတ စိုက်နဲ့မောင်းပေးရင် ပိုကောင်းမယ်ထင်ပါတယ်။ နေ့စဉ်သွားနေရတဲ့ လူတွေရဲ့အသက်တွေက သူတို့အပေါ်မူတည်နေတယ်။ အဓိကကတော့ မြို့ထဲစည်တဲ့နေရာတွေမဟုတ်တော့ရင် ကားတွေက အရမ်းမောင်း တယ်။ ဒီရက်ပိုင်းဖြစ်သွားတဲ့ YBS ယာဉ်တိုက်မှုက စိတ်မကောင်းစရာ ပါ။ ဒါဟာ ယူတတ်ရင်သင်ခန်းစာပါ။ ကားပိုင်ရှင်တွေက ကားတွေကို အာမခံထား၊ မထားတော့ မသိဘူးလေ။ သာမန်ပြည်သူတွေမှာ အသက် အာမခံထားတာမျိုးတော့ သိပ်မရှိဘူးပေါ့။ အဲဒီတော့ သက်ဆိုင်ရာက အကောင်းဆုံးအဆင်ပြေအောင်လုပ်ပေးနိုင်ရင် ကောင်းမယ်ထင်တယ်။ လူ့အသက်တွေက အစားထိုးလို့မရ တော့ပေမယ့် နောက်ထပ်မဖြစ်အောင်တော့ တားဆီးလို့၊ ကာကွယ်လို့တော့ရမယ်လေ။

ဦးရဲမိုးဟိန်း (ယာဉ်မောင်း)

ကိစ္စတစ်ခုဖြစ်ရင် ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာကို တရားခံ ဖော်ပေးရတာ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းမှာ အင်မတန်မှရုပ်ဆိုး တဲ့ ဖြစ်ရပ်တစ်ခုလို့ပဲ သုံးသပ်မိပါတယ်။ နောက်ပြီး သက်ဆိုင်ရာတာဝန် ရှိသူကိုယ်တိုင်က ဘယ်ယာဉ်လိုင်းက ကိုယ်ရကိုယ်ယူဖြစ်တယ်၊ ဘယ် ယာဉ်လိုင်းက အများပိုင်ဖြစ်တယ်။ သတိပေးလိုက်ပါတယ်ဆိုတဲ့စကား ကလည်း ပုံမကျဘူးလို့တဲ့(ဒဲ့)ဝေဖန်ပါတယ်။ ယာဉ်အိုယာဉ်ဟောင်းဖြစ် စေ၊ ယာဉ်သစ်ဖြစ်စေ ပြုပြင်ထိန်းသိမ်းမှု၊ မှတ်တမ်းစည်းကမ်းအတိုင်း လိုက်နာစေရမှာဖြစ်ပါတယ်။ ခရီးသည်တင်ယာဉ်အများစုကြံ့ခိုင်ရေးစစ်ဆေးပြုပြင်စေမှုနဲ့ပတ်သက်လို့ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ ယာဉ် နောက်လိုက်နဲ့ယာဉ်လိုင်းအုပ်ချုပ်သူများ အားလုံးလေးလတစ်ကြိမ်ခန့် စစ်ဆေးသင့် ပါတယ်။ မပျက်မချင်း လမ်းပေါ်နင်းကိစ္စဟာပြောင်းလဲချိန် တန်ပြီလို့ အကြံပြုလိုပါတယ်။ YBS ရဲ့ခရီးစဉ်ပြေးဆွဲမှုပုံစံ၊ ယာဉ်လိုုင်းဝန်ထမ်းများ၊ ယာဉ်မောင်းရဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာ ဆောင်ရွက်မှုအမှားနဲ့ မော်တော်ယာဉ်ရဲ့စက်ပိုင်းဆိုင်ရာ ချွတ် ယွင်းမှု၊ ကြံ့ခိုင်မှုစစ်ဆေးဖို့ အားနည်းမှုနှစ်ပိုင်းစလုံးဟာ သက်ဆိုင်ရာတာဝန်ရှိ အကြီးအကဲတို့အဆင့်ဆင့် တာဝန်ခံမှု၊ တာဝန်ယူမှုပျက်ကွက်လို့ဆိုတာ ငြင်းလို့မရပါဘူး။ (၅၅) ယာဉ်လိုင်းပိတ်သိမ်းတယ်ဆိုတာက အရေးယူ မှု၊ အပြစ်ပေးမှုဆိုရင် မတရားပါဘူး။ (၅၅)ယာဉ်လိုင်းမှာ မဆိုင်တဲ့ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေ အားလုံးသာတကယ်တာဝန်ယူကြေးဆိုရင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးပါ တာဝန်ယူနုတ်ထွက်သင့်ပါတယ်လို့ ဖြေကြားလိုပါတယ်။

Credit: 7daydaily

Admin Apann Pyay

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...