======

YBS ယာဉ်တိုက်မှုတွင် ကွယ်လွန်ခဲ့သည့် ကျောင်းသူ၏အိမ်သို့ လွှတ်တော်ကိုယ်စားလှယ် သွားရောက်အားပေး


ယာဉ်တိုက်မှုတွင် ကွယ်လွန်ခဲ့သော မခင်ပွင့်ဖြူ၏ ရုပ်အလောင်းထည့်ထားရာ ခေါင်းတလားနှင့် နေအိမ်သို့ လာရောက်မေးမြန်းနေကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ − အောင်ကျော်ဇင်)
YBS (၅၅) ယာဉ်နှင့် (၃၇) ယာဉ်တို့ တိုက်မှုတွင် ပွဲချင်း ပြီးသေဆုံးခဲ့သည့် နည်းပညာ တက္ကသိုလ် (မှော်ဘီ) ကျောင်းသူ မခင်ပွင့်ဖြူ၏ မိသားစုများထံသို့ အင်းစိန်မြို့နယ် လွှတ်တော်ကိုယ် စားလှယ်များက ဇူလိုင် ၈ ရက်၌ သွားရောက်အားပေးစကား ပြောကြားကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည့် အင်းစိန်အမှတ် (၁)မှ ဦးသာအောင်နှင့် အင်းစိန်အမှတ် (၂)မှ ဦးဝေဖြိုးဟန်တို့သွားရောက်အားပေးခဲ့ခြင်းဖြစ်သည်။
ဇူလိုင် ၇ ရက်က မှော်ဘီ နည်းပညာတက္ကသိုလ်မှ ကျောင်း သားများ ပါဝင်သည့် ယင်းယာဉ် တိုက်မှုဖြစ်စဉ်တွင် ဇူလိုင် ၈ ရက် ညနေအထိ နောက်ဆုံးသတင်း အရ စုစုပေါင်း လူ ၁၀ ဦး သေဆုံး မှု၌ မခင်ပွင့်ဖြူ ပါဝင်ခဲ့သည်။
မခင်ပွင့်ဖြူ စီးနင်းခဲ့သည့် YBS (၅၅) ယာဉ်သည် မှော်ဘီ မြို့နယ်ရှိ နည်းပညာတက္က သိုလ် ကျောင်းသားများ စီးနင်းသည့် ယာဉ်လိုင်းဖြစ်သည်။ ထို့ကြောင့် ဇူလိုင် ၇ ရက်က ဖြစ်ပွားသည့် ယာဉ်တိုက်မှုတွင် မခင်ပွင့်ဖြူ သေဆုံးမှုနှင့် တက္ကသိုလ်ကျောင်း သားများ ထိခိုက်မှုကြောင့် လူမှု ကွန်ရက်ပေါ်၌ ကျောင်းသားများ နှင့် ကျောင်းသားမိဘများက အ စိုးရ၏ YBS ယာဉ်လိုင်းအပေါ် တာဝန်ယူမှုကို မေးခွန်းထုတ်လာ ကြသည်။
အင်းစိန်မြို့နယ်တွင် နေ ထိုင်သော မခင်ပွင့်ဖြူ၏ မိဘများ က ဇူလိုင် ၈ ရက် နေ့လယ်တွင်၎င်းတို့နေထိုင်ရာသို့ အင်းစိန်မြို့နယ်  လွှတ်တော်ကိုယ်စားလှယ်များ လာရောက် အားပေးခြင်း၊ နှစ် သိမ့်ခြင်းကလွဲ၍ YBS ယာဉ်လိုင်း မှ တာဝန်ရှိသူများ၊ ယာဉ်တိုက်မှု နှင့်သက်ဆိုင်သည့် မည်သည့် အ ဖွဲ့အစည်းများကမျှ လာရောက် ခြင်းမရှိသေးဟုဆိုသည်။
မခင်ပွင့်ဖြူသည် အားက စားတွင် ထူးချွန်သူဖြစ်ပြီး မှော်ဘီ နည်းပညာတက္ကသိုလ် စစ်တုရင် လက်ရွေးစင်ဖြစ်သည်။
အသက်(၂၁)နှစ်အရွယ် တွင် ဆုံးပါးခဲ့သည့် မခင်ပွင့်ဖြူကို ဇူလိုင် ၉ ရက် (ယနေ့) မွန်းတည့် ၁၂ နာရီ၌ ရေဝေးခရစ်ယာန်ဂိုဏ်း ပေါင်းစုံ ဥယျာဉ်တော်ခန်းမတွင် ၀တ်ပြုဆုတောင်းပြီး ဂူသွင်း သဂြုင်္ိဟ်မည်ဖြစ်ကြောင်း ကျန်ရစ် သူမိသားစုထံမှ သိရသည်။

7daydaily

Admin Apann Pyay

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...