Search
Credit.ဒီခေတ် မီဒီယာ
ရွှေဝတ်စုံဝတ်တာ တောဆန်တယ်ပြောလို့ ပြန်ရှင်းလိုက်တဲ့ မန်းလေး ဝိန့်စိန်သမီးလေး
ရွှေဝတ်စုံဝတ်ကြတာ ဝါဝါဝင်းဝင်းကြီး တောဆန်တယ်ပြောကြလွန်းလို့ ကျက်သရေတိုးအောင် ဝတ်ပြလိုက်တာပါဆိုပြီး ရွှေဝတ်စုံအကြောင်း ပြောပြလိုက်တဲ့ မန်းလေးဝန့်စိန်သမီးလေး
ရွှေဝတ်စုံတွေဝတ်ပြီး မင်္ဂလာဆောင်ရတဲ့ အကြောင်းပြောပြလိုက်တဲ့ ရွှေ ၃ ပိဿာဝတ်စုံနဲ့ မင်္ဂလာဆောင်ခဲ့သော မန်းလေး ဝိန့်စိန်သမီးလေး
ပြီးခဲ့တဲ့ ၂၀၁၇ နိုဝင်ဘာလက ဒီဝိန့်စိန်သမီးလေး မင်္ဂဆောင်မှာ သတို့သမီး ဝတ်စုံက ရွှေ ၃ ပိဿာနဲ့ ဖန်တီးထားလို့ မီဒီယာတွေကြားမှာ ရေပန်းစားခဲ့ပါတယ်။ အချို့ကလည်း အားကျသူ ရှိကြသလို အချိုကလည်း မလိုအပ်ပါဘူး ဆိုပြီး ဝေဖန်ကြပါတယ်။ ဒါနဲ့ ပတ်သတ်ပြီးဒီနေ့ သူမရဲ့ Facebook ကနေ ရွှေဝတ်စုံဝတ်ရတဲ့ အကြောင်းကို ဒီလို ရှင်းပြထားပါတယ်။
ရွှေဝတ်စုံတွေဝတ်ပြီး မင်္ဂလာဆောင်တဲ့ရည်ရွယ်ချက်က ရှင်းရှင်းလေးပါ ။ မိဘလုပ်ငန်းက ရွှေဆိုင်ဖြစ်လို့ အကျႌပေါ်မှာ ရွှေဆင်ဝတ်နိုင်တာ မဆန်းပါဘူး ။ ကြွားစရာလည်းမလိုဘူး ။ရွှေဆိုတာ ၁ ခါသုံးမှမဟုတ်ဘဲ ။ ပြန်ကျိုပြီး ပစ္စည်းပြန်ခက်လို့ရတဲ့ ရတနာပစ္စည်းပါ ။ အဓိကရည်ရွယ်ချက်က အထူးသဖြင့်မြို့ပေါ်ကလူတွေက ရွှေဆိုရင် နယ်ကလူတွေဝတ်တာ ၊ ဝါဝါဝင်းဝင်းကြီး တောဆန်တယ်လို့ပြောကြလွန်းလို့ ရွှေဆိုတာ တကယ်ဖန်တီးဝတ်ဆင်တတ်ရင် ဘယ်လောက်ထိအောင် လှပြီးကျက်သရေတိုးစေကြောင်း သက်သေပြတဲ့ရည်ရွယ်ချက်ပါ ။
တကယ်တော့ မြန်မာလူမျိုးတွေရဲ့ အသားရေက ရွှေနဲ့အလိုက်ဖက်ဆုံးပါ ။ ကိုယ့်အသားရောင်တောင် ရွှေရောင်အသားရေလို့တင်စားတတ်ကြတာမဟုတ်လား ? ပြီးတော့ရွှေဆိုတာ မြင်နေကျ ဆွဲကြိုးကြီးကြီးတွေ လက်ကောက်အကြီးကြီးတွေပဲလုပ်ဝတ်လို့ရတာမဟုတ်ပါဘူး ။လက်မှု့ပညာထွန်းကားလှတဲ့ ကျွန်မတို့နိုင်ငံကပန်းတိမ်နဲ့ပန်းပုပညာရှင်တွေက ရွှေကိုအများနဲ့မတူ တမူထူးခြားအောင် အနု့စိတ်ပုံဖော်နိုင်တယ်ဆိုတာ ပြသချင်တာပါ
Credit.ဒီခေတ် မီဒီယာ
=
Loading...
=
Related posts
Leave a Comment