Search

လိင္အၾကမ္းဖက္ခံခဲ့ရေသာ္လည္း ဘဝမုန္တိုင္းၾကမ္းေတြထဲ ၾကဳိးစား႐ုန္းကန္ေနသည့္ ေလးစားစရာ ထိုက္ထိုက္

ေယာက္်ားလ်ာ မိခင္တဦး

လူတဦး လသားအ႐ြယ္ ကေလးငယ္ကို ခ်ီပိုး၍ လမ္းေလွ်ာက္လာသည္။ အေဝးက လွမ္းၾကည့္လွ်င္ အေဖႏွင့္ သား ကဲ့သို႔၊ ဦးေလးႏွင့္ တူကဲ့သို႔ သဏၭာန္ပင္။ဖခင္ဟု ထင္ရသူ၏ ဆံပင္တို႔သည့္ နီၾကဥ္ၾကဥ္ျဖစ္လို႔ေနေသာ္လည္း လက္အတြင္းမွ ကေလးငယ္မွာ တေသြးတေမြး ရွိေနသည္။

ေဘာင္းဘီတို အပြ ရွပ္အက်ၤ ီ ပြေရာင္းေရာင္း အသား ညိဳညိဳညစ္ညစ္ျဖင့္ ထိုသူသည္ မ်က္စိ အျမင္တြင္ အမ်ိဳးသား တေယာက္ အသြင္ျဖစ္ေသာ္လည္း စင္စစ္ ထိုက္ထိုက္ အမည္ရွိ အမ်ိဳးသမီးျဖစ္ေလသည္။

ပဲခူတိုင္းေဒသႀကီး ေက်ာက္တံခါးၿမိဳ႕နယ္ ပဲႏြယ္ကုန္းၿမိဳ႕သည္ အမ်ိဳးသားကဲ့သို႔ ေျပာင္းလဲ ဝတ္ဆင္ ျပဳမူ ေနထိုင္သည့္ ေယာက်္ားလ်ာ ထိုက္ထိုက္ ေနထိုင္ရာ ၿမိဳ႕ျဖစ္သည္။ထိုက္ထိုက္သည္ လယ္ယာ အလုပ္လုပ္သည္။ ေဈးထဲတြင္ ကုန္ထမ္းသည္။ ၿခံရွင္းေပးသည္။ ေဈးေရာင္းသည္။ ပန္းရံ လုပ္သည္။ ေရထမ္းေရာင္းသည္။ ႀကဳံရာ က်ပန္းအလုပ္ျဖင့္ အသက္ေမြးဝမ္းေက်ာင္း ျပဳေနသူျဖစ္သည္။

အမ်ိဳးသားတေယာက္ကဲ့သို႔ အၿမဲတေစ ေနထိုင္တတ္ၿပီး အပြင့္႐ိုက္ JJ ေဘာင္းဘီပြကို ဝတ္ဆင္ထားကာ သြားတို႔ သည္ ကြမ္းစားသည့္ ဒဏ္ေၾကာင့္ မည္းညစ္ေနသည္။အျပဳအမူအေနအထိုင္ႏွင့္ အေျပာအဆို ႐ုပ္ရည္ကို ၾကည့္မည္ ဆိုလွ်င္ လုံး၀ အမ်ိဳးသားတေယာက္ ပုံစံအျပည့္ ျဖစ္သည္။

သူသည္ ထိုကဲ့သို႔ ဝတ္ဆင္ျပဳမူ ေနထိုင္ေသာ္လည္း ေယာက်္ားတို႔၏ ကာမ မာယာႏြံေတာမွ မလြတ္ေျမာက္ႏိုင္ခဲ့ေပ။ ထိုက္ထိုက္ အသက္ ၃၅ ႏွစ္အေရာက္တြင္ လိင္အၾကမ္းဖက္မႈ ခံခဲ့ရသည္။“က်ေနာ္ အလုပ္ထဲက သူငယ္ခ်င္းေတြနဲ႔ ရံဖန္ရံခါ အရက္ ေသာက္ျဖစ္ပါတယ္။ ဒါေပမယ့္ က်ေနာ္ ဘယ္ေတာ့မွ မူးေအာင္ မေသာက္ဘူး။ မမူးေအာင္ အၿမဲထိမ္းၿပီး ေသာက္တယ္။အဲဒီေန႔ကေတာ့ က်ေနာ္ နည္းနည္းေလးေသာက္ၿပီး သတိလစ္သြားတာ။ ဘာမွ သတိမရေတာ့ဘူး။ ဒီေကာင္ သက္သက္ယုတ္မာတာ” ဟု ထိုက္ထိုက္က ေျပာျပသည္။

တၿမိဳ႕တည္းသားခ်င္း ငယ္ေပါင္းမ်ားထဲမွပင္ ျပန္လည္ေစာ္ကားခဲ့ျခင္းျဖစ္ကာ ကူညီေဖးမသလိုႏွင့္ တမင္ရည္႐ြယ္ခ်က္ ရွိရွိ အႏိုင္က်င့္ ခံခဲ့ရသည္။ စားဝတ္ေနေရး မေျပလည္၍ ဝမ္းစာေရးအတြက္ အရက္အတူတူ ေသာက္မိရာမွ ေစာ္ကား ခံခဲ့ရျခင္း ျဖစ္သည္။

ထိုသို႔ လိင္အၾကမ္းဖက္ ခံရၿပီးေနာက္ ၄ လခန႔္အၾကာ ကိုယ္ဝန္ရွိေၾကာင္း ထိုက္ထိုက္ သိလာသည္။ ထိုအခါ ကေလး အေဖနာမည္ ေဖာ္ရန္အတြက္ ေစာ္ကားခဲ့သူကို ဖြင့္ဟေတာင္းပန္ရာ ထိုသူက အျခားတၿမိဳ႕ တ႐ြာသို႔ ထြက္ေျပး တိမ္းေရွာင္သြားခဲ့သည္။

ယခုခ်ိန္အထိ ထိုသူ ဘယ္ေရာက္၍ ဘယ္ေပါက္ေနမွန္းပင္ မသိရေတာ့၊ ယေန႔အခ်ိန္ထိ ထိုက္ထိုက္ကို ေစာ္ကားခဲ့သူ သည္ မည္သူ မည္ဝါျဖစ္ေၾကာင္းကို ထိုက္ထိုက္မွ လြဲ၍ မည္သူမွ် မသိရေပ။

အမ်ိဳးသားကဲ့သို႔ ေနထိုင္သည့္ အမ်ိဳးသမီးတေယာက္ အတြက္ ကိုယ္ဝန္ေဆာင္ ကေလးေမြးဖြားရန္သည္ သာမန္ အမ်ိဳးသမီး တဦးထက္ ပိုခက္ခဲခဲ့သည္။သို႔ေသာ္ ထိုကေလးကို ဖ်က္ခ်မည့္အေတြး တႀကိမ္တခါမွ် မေတြးမိဘဲ သတၱိရွိရွိ ေမြးဖြားရန္သာ ထိုက္ထိုက္ ႀကိဳးစား ေနခဲ့သည္။ သူ႔ကို ပတ္ဝန္းက်င္က ကဲ့ရဲ႕သည္။ ေဖးမသူ မရွိ၊ ကူညီသူ မဲ့ေနခဲ့သည္။

“ေျပာေတာ့ ေယာက်္ာေလးလိုေနတယ္၊ အခုေတာ့ ဗိုက္ႀကီးေနၿပီေလ၊ ေယာက်္ားစိတ္သာ ေပါက္ေနတာ အခုေတာ့ ၾကည့္ပါလားလို႔ က်ေနာ့္ကို ကဲ့ရဲ႕တယ္။ အဲဒီ အခ်ိန္မွာ ကိုယ္လုပ္မွ ကိုယ္စားရမွာ၊ ကိုယ္မိုက္လို႔ ကိုယ္ခံရတာဆိုၿပီး အလုပ္ေတြ ေလွ်ာက္လုပ္ေနတယ္။ သူမ်ား အိမ္လည္း သြားမလည္ဘူး၊ သူမ်ားေတြနဲ႔လည္း မေတြ႕ေတာ့ဘူး” ဟု ထိုက္ထိုက္ က ေျပာျပသည္။သူသည္ လူမွန္း သိတတ္စကတည္းက အမ်ိဳးသားကဲ့သို႔ ေနထိုင္ႀကီးျပင္းခဲ့ၿပီး အမ်ိဳးသားစိတ္သာ ရွိခဲ့သူျဖစ္သည္။ ေယာက်္ားမက် မိန္းမမက် ပုံစံျဖစ္သျဖင့္ ပတ္ဝန္းက်င္က ႏွိမ္ခ်ဆက္ဆံသည္။ ေက်ာင္းမတက္ခဲ့ရသျဖင့္ စာမေရးတတ္ မဖတ္တတ္၊ သူတပါး ခိုင္းဖတ္ အျဖစ္ ႀကီးျပင္းခဲ့ရသည္။

မိဘ အိမ္ေထာင္ေရးသည္လည္း ဖခင္ျဖစ္သူက အိမ္ေထာင္ေရး ေဖာက္ျပန္သျဖင့္ ငယ္စဥ္ကတည္းက အေမႏွင့္သာ ႀကီးျပင္းခဲ့ရသည္။ ေကာက္စိုက္စားခဲ့ရသည္။ အ႐ြယ္ ေရာက္လာသည့္အခါ ပန္းရံလိုက္လုပ္သည္။

မိဘႏွစ္ပါးလုံး ကြယ္လြန္ခဲ့ၿပီးေနာက္ သူ႔တြင္ အစ္မတေယာက္သာ ရွိေတာ့သည္။ အစ္မေနအိမ္တြင္ ခိုကပ္ေနထိုင္ရင္း အစ္မ ျဖစ္သူ၏ ေယာက်္ားႏွင့္ အဆင္မေျပသျဖင့္ အသိတေယာက္၏ ေဈးထိပ္က ကြမ္းယာတဲတြင္ သြားေရာက္ ေနထိုင္ရသည္။

ထိုသို႔ မိသားစု၏ အျပင္ဘက္တြင္ သြားေရာက္ ေနထိုင္ရသည့္အခါ အေပါင္းအသင္းသည္သာ မိသားစုျဖစ္လာခဲ့ သည္။ ကာကြယ္ ေစာင့္ေရွာက္ေပးမည့္ မိသားစု မရွိေတာ့သည့္အခါ အႏၲရာယ္က တံခါးမရွိ ဓားမရွိ ဝင္ေရာက္လာခဲ့ ေတာ့သည္။

ေစာ္ကားခံရၿပီးေနာက္ ကိုယ္ဝန္ ရွိလာသည့္အခါ မိသားစုက မေစာင့္ေရွာက္ေပးသည့္ အျပင္ မိသားစုကို အရွက္ခြဲ သည္ ဟူ၍ ထပ္မံ စြပ္စြဲခံရျပန္သည္။ မိသားစု၏ ေႏြးေထြးမႈ၊ ႏွစ္သိမ့္အားေပးမႈ မရရွိခဲ့ပါ။ ပတ္ဝန္းက်င္၏ ရႈတ္ခ်မႈ တို႔ျဖင့္ ထိုက္ထိုက္၏ ကိုယ္ဝန္ေဆာင္သည္ ဘ၀ ခါးသီးခဲ့သည္။

သို႔ႏွင့္ ထိုက္ထိုက္တေယာက္ ကိုယ္ဝန္လရင့္လာသည္။ ပဲႏုတ္၊ လယ္လုပ္၍ စားဝတ္ေနေရးကို ေျဖရွင္းေနရင္း ကိုယ္ဝန္ ၇ လ ေရာက္လာသည့္အခါ ဖဒိုၿမိဳ႕မွ ကိုစိုးထိုက္ ဆိုသူ၏ အကူအညီျဖင့္ သန္လ်င္ၿမိဳ႕က “ျမင့္မိုလ္ေမတၱာ ခိုနားရာေဂဟာ” ေခၚသည့္ Single Mother တို႔ ေဂဟာသို႔ ေရာက္ရွိလာခဲ့သည္။ သူႏွင့္ အလားသဏၭာန္ခ်င္း ဆင္တူ သည့္ ဖခင္အမည္မေဖာ္ႏိုင္သူ မိခင္ေလာင္းမ်ားႏွင့္အတူ ၂ လခြဲ ေနထိုင္ခြင့္ ရခဲ့သည္။

သန္လ်င္ၿမိဳ႕သို႔ ေရာက္ၿပီးေနာက္ ပထမဆုံး ကိုယ္ဝန္အပ္ခ်ိန္သို႔ ေရာက္ရွိလာခဲ့သည္။ သန္လ်င္ေဆး႐ုံး၌ ဗိုက္အပ္ရန္ အတြက္ ဖခင္နာမည္ အလုပ္အကိုင္ ေမးျမန္းခ်ိန္ ထိုက္ထိုက္ တေယာက္ ေခါင္းမီးေတာက္ခဲ့သည္။

“ေဆး႐ုံက အေဖနာမည္ေမးေတာ့ ဘယ္သူ႔ ေျပာလို႔ ေျပာရမွန္း မသိဘူး။ ဒါနဲ႔ အတူသြားတဲ့ ဗိုက္ႀကီးသည္ေတြကို ေဟ့ေကာင္ေတြ ငါ့ေယာက်္ား နာမည္ ဘယ္သူလဲလို႔ လွမ္းေမးရတယ္။ အဲဒီ အခါ အတူလာတဲ့လူေတြက ကိုစိုးထိုက္ လို႔ ေျပာလိုက္လို႔ ေျပာလို႔ အေဖ နာမည္ ကိုစိုးထိုက္လို႔ ေျပာလိုက္ရတယ္။ ေနာက္တခါ ဘာလုပ္လဲ ေမးေတာ့ သူတို႔ ကို ပဲ လွမ္းေမးရျပန္တယ္။ သူတို႔ကလည္း ပန္းရံလုပ္တယ္ ေျပာလိုက္ဆိုလို႔ အဲဒီလို ေျပာလိုက္ေတာ့ က်ေနာ့္ ကေလး အေဖက ပန္းရံလုပ္တဲ့ စိုးထိုက္ ျဖစ္သြားတယ္” ဟု ထိုက္ထိုက္ က ေျပာျပသည္။ထိုက္ထိုက္သည္ ကိုယ္ဝန္ေဆာင္သည္ ျဖစ္ေနေသာ္လည္း လမ္းေလွ်ာက္ပုံမွအစ အျပဳအမူ အားလုံးသည္ ေယာက်္ား တေယာက္ ေနထိုင္ပုံအတိုင္း ျဖစ္ေနခဲ့ၿပီး အျခား ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးမ်ားႏွင့္အတူ ေနထိုင္ရ၍ “မိန္းမေတာထဲ ေနရတာ စိတ္ညစ္ဖို႔ ေကာင္းတယ္”ဟု အၿမဲ ညည္းညဴ တတ္သည္ဟု Single Mother ေဂဟာမွ တာဝန္ခံ ေဒါက္တာ ျမတ္စႏၵာသက္က ေျပာျပသည္။

“ထိုက္ထိုက္က အျခားသူေတြနဲ႔ မတူဘူး။ သူက ႐ိုးသားတယ္။ ဗိုက္သြားအပ္တဲ့ေန႔က ဘိုေကနဲ႔ ဗိုက္ႀကီးသည္ ဆို ေတာ့ အျခားလူနာေတြက ဘယ္ကလာတာလဲ ဘာညာနဲ႔ စပ္စုၾကတယ္။ အဲဒီေတာ့ သူက ခိုနားရာက မဗိုက္ေတြ အားလုံးကို လက္ညိဳးေလးနဲ႔ဝိုင္းျပၿပီး က်ေနာ္တို႔အားလုံးက ေယာက်္ားမရွိဘဲ ဗိုက္ႀကီးရင္လာေနၿပီး ကေလးေမြးတဲ့ေဂဟာက လာတာလို႔ေျပာတာ” ဟု ေဒါက္တာ ျမတ္စႏၵာသက္ က ေျပာသည္။

ေမြးလာမည့္ ကေလးသည္ မိန္းကေလးျဖစ္ပါက သူ႔ကဲ့သို႔ မလုံၿခဳံမည္စိုး၍ Single Mother ေဂဟာတြင္ ထားရစ္ခဲ့မည္ ျဖစ္ၿပီး ေယာက်္ားေလးျဖစ္ပါက ကေလးလက္ဆြဲက ဘဝတိုက္ပြဲဝင္မည္ဟု ေျပာဆိုေနခဲ့သည့္ ထိုက္ထိုက္ တေယာက္ သားေယာက်္ားေလး ေမြးဖြားခဲ့သည္။

“ေယာက်္ားပဲ။ ဘာပူစရာမွ မလိုဘူး။ က်ေနာ္ အလုပ္လုပ္တဲ့နား ခ်ထားလိုက္႐ုံပဲ။ သားအမိႏွစ္ေယာက္ အလုပ္တူတူ လုပ္မယ္။ တေန႔က်ရင္ ဒီေကာင္ က်ေနာ့္ကို ေရတခြက္ေတာ့ ခပ္တိုက္ဦးမွာ”ဟု ထိုက္ထိုက္က ဆိုသည္။

ပညာမတတ္ ေငြေၾကးမရွိ၊ ေက်ာေထာက္ေနာက္ခံမရွိ၊ လင္ေယာက်္ား ဘယ္ဆီေနမွန္းမသိေသာ ထိုက္ထိုက္၏ မိခင္ ေမတၱာႏွင့္ သူ၏ သတၱိကို ေလးစားမိပါသည္။ သား ေယာက်္ားေလးမို႔ ကေလးလက္ဆြဲ ဘဝတိုက္ပြဲဝင္ရန္ စဥ္းစားေနသည္။ သူ႔ဘဝတြင္ သူ၏ ေသြးသားရင္းခ်ာ သားတစ္ေယာက္ ရရွိၿပီျဖစ္၍ ေရတစ္ခြက္ ခပ္တိုက္လွ်င္ပင္ သူေမြးရက်ိဳး နပ္ၿပီဟု ေျပာဆိုေနခဲ့သည္။

ကေလးေမြးဖြားၿပီး ရက္အနည္းငယ္အၾကာ သူႏွင့္အတူ သူ၏ သားငယ္ကို ေခၚကာ ႀကိဳဆိုသူ မရွိသည့္ သူေနထိုင္ရာ \မိဳ႕သို႔ ျပန္သြားခဲ့သည္။ သူအိမ္ျပန္လာမည္ကို ႀကိဳတင္ ဖုန္းဆက္ထားေသာ္လည္း ျပန္မလာႏွင့္ဟုသာ ႏွင္လႊတ္ေန သည့္ မိသားစုကို ရင္ဆိုင္ရန္ သူ႔တြင္ သားကေပးသည့္ ေမတၱာ ခြန္အားတခုသာ ရွိသည္။ ထိုေမတၱာေၾကာင့္ ထင္ပါ သည္ ဆူပူႏွင္လႊတ္ ေနၾကသည့္ အစ္မ ေနအိမ္တြင္ သူ ေနထိုင္ခြင့္ ရခဲ့ပါသည္။

အစ္မျဖစ္သူ မေအးေအးႏြယ္ က “က်မ သားေတြက လူပ်ိဳအ႐ြယ္ေတြ ဆိုေတာ့ ရွက္ၾကတယ္။ က်မကပဲ သူတို႔ကို အေမ့မွာ ဒီညီအစ္မေလး ႏွစ္ေယာက္ရွိတာ ဘယ္လို ပစ္ရက္မလဲလို႔ စည္း႐ုံး ငိုယိုေျပာၿပီး အိမ္ေပၚ ျပန္ေခၚထားရ တယ္။ သူ႔မွာ ကေလးငယ္ငယ္နဲ႔ ေနစရာမရွိ ေဆြမရွိ မ်ိဳးမရွိနဲ႔ ဆိုေတာ့ က်မမွ မၾကည့္ရင္ ဘယ္သူၾကည့္မလဲေလ၊ သူစိမ္းေတြကေတာင္ ကေလးေမြးေပး လုပ္ေပးၾကတာ၊ က်မက ေသြးသားရင္း လက္ခံေပးရမွာေပါ့။ ဒါေပမယ့္ က်မ ေယာက်္ားက အရက္မူးလာရင္ တအားေသြးဆိုးတာ အိမ္မွာ စိတ္ခ်မ္းသာရတဲ့ ရက္ တရက္မွ မရွိဘူး။ သူ႔ ဘဝေလး ကို ေကာင္းေကာင္းမြန္မြန္ ျဖစ္ေစခ်င္တယ္။ က်မကလည္း ဘာမွ လုပ္မေပးႏိုင္ဘူး” ဟု ေျပာသည္။

ထိုက္ထိုက္ အစ္မျဖစ္သူ မိသားစုသည္ သာမန္ တရက္လုပ္ တရက္စားရသည့္ မိသားစုျဖစ္ကာ သားသမီး ငါးေယာက္ ရွိသည္။ ထိုမိသားစုႏွင့္အတူ ဝမ္းမဝလည္း ေက်ာတခင္းစာ ရ႐ုံျဖင့္ သားအမိႏွစ္ေယာက္ တစ္ဘ၀ ရင္ဆိုင္ေနရသည္။

ယခုဆိုလွ်င္ ကေလးမွာ ေလးလေက်ာ္လာၿပီ ျဖစ္သည္။ ကေလးကို ခ်စ္ခင္ၾကသူမ်ားက ေတာင္းၾကေသာ္လည္း “က်ေနာ္မွ ဒီေကာင့္ကို မခြဲႏိုင္ေတာ့တာ” ဟု ထိုက္ထိုက္က ျပန္ေျဖသည္။Single Mother တေယာက္ ျဖစ္ေနေပမယ့္ တကိုယ္တည္း ရဲဝံ့စြာ၊ ကေလးတစ္ေယာက္ ခ်ီပိုး၍ ေကာင္းမြန္စြာ အသက္ ေမြးဝမ္းေက်ာင္း ေနသည့္ ထိုက္ထိုက္ ထမင္း မစားရသည့္ ရက္မ်ားပင္ ရွိခဲ့ပါသည္။

ကိုယ္တိုင္က ေျခေထာက္တြင္ ဖိနပ္မပါဘဲ ကေလးကို ဦးထုပ္ေဆာင္း၊ ထီးေဆာင္းကာ အလုပ္သြားလုပ္ရာ ေနရာ တိုင္း ေခၚယူေနသြားတတ္သည့္ ထိုက္ထိုက္၏ မိဘေမတၱာကို မေလးစားဘဲ မေနႏိုင္ေအာင္ပင္။

ေနပူထဲ ေခြၽး႐ႊဲ႐ႊဲျဖင့္ သားငယ္ကို ခ်ီးပိုး၍ မေမာႏိုင္ မပန္းႏိုင္ တကိုယ္တည္း ေမြးဖြား ေစာင့္ေရွာက္ေပးေနသည့္ ထိုက္ထိုက္လို မိခင္စိတ္ ထားႏိုင္မႈကိုလည္း အတုယူ အားက်မိပါသည္။ထိုေၾကာင့္ မည္မွ် ခက္ခဲပင္ပန္းသည့္ ဘဝမ်ိဳးျဖစ္ေနပါေစ မိမိ၏ ေသြးသားကို ခ်စ္ခင္ ျမတ္ႏိုးတတ္ေသာ၊ တာဝန္ယူ တတ္ေသာ၊ တန္ဖိုးထားတတ္ေသာ လူ႔အသိုက္အဝန္းတခု ျဖစ္ေပၚလာရန္ ဆႏၵ ျပဳလိုက္ရပါေတာ့သည္။ ။

CREDIT IRRAWADDY

ယောက်ျားလျာ မိခင်တဦး

လူတဦး လသားအရွယ် ကလေးငယ်ကို ချီပိုး၍ လမ်းလျှောက်လာသည်။ အဝေးက လှမ်းကြည့်လျှင် အဖေနှင့် သား ကဲ့သို့၊ ဦးလေးနှင့် တူကဲ့သို့ သဏ္ဌာန်ပင်။ဖခင်ဟု ထင်ရသူ၏ ဆံပင်တို့သည့် နီကြဉ်ကြဉ်ဖြစ်လို့နေသော်လည်း လက်အတွင်းမှ ကလေးငယ်မှာ တသွေးတမွေး ရှိနေသည်။

ဘောင်းဘီတို အပွ ရှပ်အကျင်္ ီ ပွရောင်းရောင်း အသား ညိုညိုညစ်ညစ်ဖြင့် ထိုသူသည် မျက်စိ အမြင်တွင် အမျိုးသား တယောက် အသွင်ဖြစ်သော်လည်း စင်စစ် ထိုက်ထိုက် အမည်ရှိ အမျိုးသမီးဖြစ်လေသည်။

ပဲခူတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့သည် အမျိုးသားကဲ့သို့ ပြောင်းလဲ ဝတ်ဆင် ပြုမူ နေထိုင်သည့် ယောကျ်ားလျာ ထိုက်ထိုက် နေထိုင်ရာ မြို့ဖြစ်သည်။ထိုက်ထိုက်သည် လယ်ယာ အလုပ်လုပ်သည်။ ဈေးထဲတွင် ကုန်ထမ်းသည်။ ခြံရှင်းပေးသည်။ ဈေးရောင်းသည်။ ပန်းရံ လုပ်သည်။ ရေထမ်းရောင်းသည်။ ကြုံရာ ကျပန်းအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူဖြစ်သည်။

အမျိုးသားတယောက်ကဲ့သို့ အမြဲတစေ နေထိုင်တတ်ပြီး အပွင့်ရိုက် JJ ဘောင်းဘီပွကို ဝတ်ဆင်ထားကာ သွားတို့ သည် ကွမ်းစားသည့် ဒဏ်ကြောင့် မည်းညစ်နေသည်။အပြုအမူအနေအထိုင်နှင့် အပြောအဆို ရုပ်ရည်ကို ကြည့်မည် ဆိုလျှင် လုံးဝ အမျိုးသားတယောက် ပုံစံအပြည့် ဖြစ်သည်။

သူသည် ထိုကဲ့သို့ ဝတ်ဆင်ပြုမူ နေထိုင်သော်လည်း ယောကျ်ားတို့၏ ကာမ မာယာနွံတောမှ မလွတ်မြောက်နိုင်ခဲ့ပေ။ ထိုက်ထိုက် အသက် ၃၅ နှစ်အရောက်တွင် လိင်အကြမ်းဖက်မှု ခံခဲ့ရသည်။“ကျနော် အလုပ်ထဲက သူငယ်ချင်းတွေနဲ့ ရံဖန်ရံခါ အရက် သောက်ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော် ဘယ်တော့မှ မူးအောင် မသောက်ဘူး။ မမူးအောင် အမြဲထိမ်းပြီး သောက်တယ်။အဲဒီနေ့ကတော့ ကျနော် နည်းနည်းလေးသောက်ပြီး သတိလစ်သွားတာ။ ဘာမှ သတိမရတော့ဘူး။ ဒီကောင် သက်သက်ယုတ်မာတာ” ဟု ထိုက်ထိုက်က ပြောပြသည်။

တမြို့တည်းသားချင်း ငယ်ပေါင်းများထဲမှပင် ပြန်လည်စော်ကားခဲ့ခြင်းဖြစ်ကာ ကူညီဖေးမသလိုနှင့် တမင်ရည်ရွယ်ချက် ရှိရှိ အနိုင်ကျင့် ခံခဲ့ရသည်။ စားဝတ်နေရေး မပြေလည်၍ ဝမ်းစာရေးအတွက် အရက်အတူတူ သောက်မိရာမှ စော်ကား ခံခဲ့ရခြင်း ဖြစ်သည်။

ထိုသို့ လိင်အကြမ်းဖက် ခံရပြီးနောက် ၄ လခန့်အကြာ ကိုယ်ဝန်ရှိကြောင်း ထိုက်ထိုက် သိလာသည်။ ထိုအခါ ကလေး အဖေနာမည် ဖော်ရန်အတွက် စော်ကားခဲ့သူကို ဖွင့်ဟတောင်းပန်ရာ ထိုသူက အခြားတမြို့ တရွာသို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။

ယခုချိန်အထိ ထိုသူ ဘယ်ရောက်၍ ဘယ်ပေါက်နေမှန်းပင် မသိရတော့၊ ယနေ့အချိန်ထိ ထိုက်ထိုက်ကို စော်ကားခဲ့သူ သည် မည်သူ မည်ဝါဖြစ်ကြောင်းကို ထိုက်ထိုက်မှ လွဲ၍ မည်သူမျှ မသိရပေ။

အမျိုးသားကဲ့သို့ နေထိုင်သည့် အမျိုးသမီးတယောက် အတွက် ကိုယ်ဝန်ဆောင် ကလေးမွေးဖွားရန်သည် သာမန် အမျိုးသမီး တဦးထက် ပိုခက်ခဲခဲ့သည်။သို့သော် ထိုကလေးကို ဖျက်ချမည့်အတွေး တကြိမ်တခါမျှ မတွေးမိဘဲ သတ္တိရှိရှိ မွေးဖွားရန်သာ ထိုက်ထိုက် ကြိုးစား နေခဲ့သည်။ သူ့ကို ပတ်ဝန်းကျင်က ကဲ့ရဲ့သည်။ ဖေးမသူ မရှိ၊ ကူညီသူ မဲ့နေခဲ့သည်။

“ပြောတော့ ယောကျ်ာလေးလိုနေတယ်၊ အခုတော့ ဗိုက်ကြီးနေပြီလေ၊ ယောကျ်ားစိတ်သာ ပေါက်နေတာ အခုတော့ ကြည့်ပါလားလို့ ကျနော့်ကို ကဲ့ရဲ့တယ်။ အဲဒီ အချိန်မှာ ကိုယ်လုပ်မှ ကိုယ်စားရမှာ၊ ကိုယ်မိုက်လို့ ကိုယ်ခံရတာဆိုပြီး အလုပ်တွေ လျှောက်လုပ်နေတယ်။ သူများ အိမ်လည်း သွားမလည်ဘူး၊ သူများတွေနဲ့လည်း မတွေ့တော့ဘူး” ဟု ထိုက်ထိုက် က ပြောပြသည်။သူသည် လူမှန်း သိတတ်စကတည်းက အမျိုးသားကဲ့သို့ နေထိုင်ကြီးပြင်းခဲ့ပြီး အမျိုးသားစိတ်သာ ရှိခဲ့သူဖြစ်သည်။ ယောကျ်ားမကျ မိန်းမမကျ ပုံစံဖြစ်သဖြင့် ပတ်ဝန်းကျင်က နှိမ်ချဆက်ဆံသည်။ ကျောင်းမတက်ခဲ့ရသဖြင့် စာမရေးတတ် မဖတ်တတ်၊ သူတပါး ခိုင်းဖတ် အဖြစ် ကြီးပြင်းခဲ့ရသည်။

မိဘ အိမ်ထောင်ရေးသည်လည်း ဖခင်ဖြစ်သူက အိမ်ထောင်ရေး ဖောက်ပြန်သဖြင့် ငယ်စဉ်ကတည်းက အမေနှင့်သာ ကြီးပြင်းခဲ့ရသည်။ ကောက်စိုက်စားခဲ့ရသည်။ အရွယ် ရောက်လာသည့်အခါ ပန်းရံလိုက်လုပ်သည်။

မိဘနှစ်ပါးလုံး ကွယ်လွန်ခဲ့ပြီးနောက် သူ့တွင် အစ်မတယောက်သာ ရှိတော့သည်။ အစ်မနေအိမ်တွင် ခိုကပ်နေထိုင်ရင်း အစ်မ ဖြစ်သူ၏ ယောကျ်ားနှင့် အဆင်မပြေသဖြင့် အသိတယောက်၏ ဈေးထိပ်က ကွမ်းယာတဲတွင် သွားရောက် နေထိုင်ရသည်။

ထိုသို့ မိသားစု၏ အပြင်ဘက်တွင် သွားရောက် နေထိုင်ရသည့်အခါ အပေါင်းအသင်းသည်သာ မိသားစုဖြစ်လာခဲ့ သည်။ ကာကွယ် စောင့်ရှောက်ပေးမည့် မိသားစု မရှိတော့သည့်အခါ အန္တရာယ်က တံခါးမရှိ ဓားမရှိ ဝင်ရောက်လာခဲ့ တော့သည်။

စော်ကားခံရပြီးနောက် ကိုယ်ဝန် ရှိလာသည့်အခါ မိသားစုက မစောင့်ရှောက်ပေးသည့် အပြင် မိသားစုကို အရှက်ခွဲ သည် ဟူ၍ ထပ်မံ စွပ်စွဲခံရပြန်သည်။ မိသားစု၏ နွေးထွေးမှု၊ နှစ်သိမ့်အားပေးမှု မရရှိခဲ့ပါ။ ပတ်ဝန်းကျင်၏ ရှုတ်ချမှု တို့ဖြင့် ထိုက်ထိုက်၏ ကိုယ်ဝန်ဆောင်သည် ဘဝ ခါးသီးခဲ့သည်။

သို့နှင့် ထိုက်ထိုက်တယောက် ကိုယ်ဝန်လရင့်လာသည်။ ပဲနုတ်၊ လယ်လုပ်၍ စားဝတ်နေရေးကို ဖြေရှင်းနေရင်း ကိုယ်ဝန် ရ လ ရောက်လာသည့်အခါ ဖဒိုမြို့မှ ကိုစိုးထိုက် ဆိုသူ၏ အကူအညီဖြင့် သန်လျင်မြို့က “မြင့်မိုလ်မေတ္တာ ခိုနားရာဂေဟာ” ခေါ်သည့် Single Mother တို့ ဂေဟာသို့ ရောက်ရှိလာခဲ့သည်။ သူနှင့် အလားသဏ္ဌာန်ချင်း ဆင်တူ သည့် ဖခင်အမည်မဖော်နိုင်သူ မိခင်လောင်းများနှင့်အတူ ၂ လခွဲ နေထိုင်ခွင့် ရခဲ့သည်။

သန်လျင်မြို့သို့ ရောက်ပြီးနောက် ပထမဆုံး ကိုယ်ဝန်အပ်ချိန်သို့ ရောက်ရှိလာခဲ့သည်။ သန်လျင်ဆေးရုံး၌ ဗိုက်အပ်ရန် အတွက် ဖခင်နာမည် အလုပ်အကိုင် မေးမြန်းချိန် ထိုက်ထိုက် တယောက် ခေါင်းမီးတောက်ခဲ့သည်။

“ဆေးရုံက အဖေနာမည်မေးတော့ ဘယ်သူ့ ပြောလို့ ပြောရမှန်း မသိဘူး။ ဒါနဲ့ အတူသွားတဲ့ ဗိုက်ကြီးသည်တွေကို ဟေ့ကောင်တွေ ငါ့ယောကျ်ား နာမည် ဘယ်သူလဲလို့ လှမ်းမေးရတယ်။ အဲဒီ အခါ အတူလာတဲ့လူတွေက ကိုစိုးထိုက် လို့ ပြောလိုက်လို့ ပြောလို့ အဖေ နာမည် ကိုစိုးထိုက်လို့ ပြောလိုက်ရတယ်။ နောက်တခါ ဘာလုပ်လဲ မေးတော့ သူတို့ ကို ပဲ လှမ်းမေးရပြန်တယ်။ သူတို့ကလည်း ပန်းရံလုပ်တယ် ပြောလိုက်ဆိုလို့ အဲဒီလို ပြောလိုက်တော့ ကျနော့် ကလေး အဖေက ပန်းရံလုပ်တဲ့ စိုးထိုက် ဖြစ်သွားတယ်” ဟု ထိုက်ထိုက် က ပြောပြသည်။ထိုက်ထိုက်သည် ကိုယ်ဝန်ဆောင်သည် ဖြစ်နေသော်လည်း လမ်းလျှောက်ပုံမှအစ အပြုအမူ အားလုံးသည် ယောကျ်ား တယောက် နေထိုင်ပုံအတိုင်း ဖြစ်နေခဲ့ပြီး အခြား ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့်အတူ နေထိုင်ရ၍ “မိန်းမတောထဲ နေရတာ စိတ်ညစ်ဖို့ ကောင်းတယ်”ဟု အမြဲ ညည်းညူ တတ်သည်ဟု Single Mother ဂေဟာမှ တာဝန်ခံ ဒေါက်တာ မြတ်စန္ဒာသက်က ပြောပြသည်။

“ထိုက်ထိုက်က အခြားသူတွေနဲ့ မတူဘူး။ သူက ရိုးသားတယ်။ ဗိုက်သွားအပ်တဲ့နေ့က ဘိုကေနဲ့ ဗိုက်ကြီးသည် ဆို တော့ အခြားလူနာတွေက ဘယ်ကလာတာလဲ ဘာညာနဲ့ စပ်စုကြတယ်။ အဲဒီတော့ သူက ခိုနားရာက မဗိုက်တွေ အားလုံးကို လက်ညိုးလေးနဲ့ဝိုင်းပြပြီး ကျနော်တို့အားလုံးက ယောကျ်ားမရှိဘဲ ဗိုက်ကြီးရင်လာနေပြီး ကလေးမွေးတဲ့ဂေဟာက လာတာလို့ပြောတာ” ဟု ဒေါက်တာ မြတ်စန္ဒာသက် က ပြောသည်။

မွေးလာမည့် ကလေးသည် မိန်းကလေးဖြစ်ပါက သူ့ကဲ့သို့ မလုံခြုံမည်စိုး၍ Single Mother ဂေဟာတွင် ထားရစ်ခဲ့မည် ဖြစ်ပြီး ယောကျ်ားလေးဖြစ်ပါက ကလေးလက်ဆွဲက ဘဝတိုက်ပွဲဝင်မည်ဟု ပြောဆိုနေခဲ့သည့် ထိုက်ထိုက် တယောက် သားယောကျ်ားလေး မွေးဖွားခဲ့သည်။

“ယောကျ်ားပဲ။ ဘာပူစရာမှ မလိုဘူး။ ကျနော် အလုပ်လုပ်တဲ့နား ချထားလိုက်ရုံပဲ။ သားအမိနှစ်ယောက် အလုပ်တူတူ လုပ်မယ်။ တနေ့ကျရင် ဒီကောင် ကျနော့်ကို ရေတခွက်တော့ ခပ်တိုက်ဦးမှာ”ဟု ထိုက်ထိုက်က ဆိုသည်။

ပညာမတတ် ငွေကြေးမရှိ၊ ကျောထောက်နောက်ခံမရှိ၊ လင်ယောကျ်ား ဘယ်ဆီနေမှန်းမသိသော ထိုက်ထိုက်၏ မိခင် မေတ္တာနှင့် သူ၏ သတ္တိကို လေးစားမိပါသည်။ သား ယောကျ်ားလေးမို့ ကလေးလက်ဆွဲ ဘဝတိုက်ပွဲဝင်ရန် စဉ်းစားနေသည်။ သူ့ဘဝတွင် သူ၏ သွေးသားရင်းချာ သားတစ်ယောက် ရရှိပြီဖြစ်၍ ရေတစ်ခွက် ခပ်တိုက်လျှင်ပင် သူမွေးရကျိုး နပ်ပြီဟု ပြောဆိုနေခဲ့သည်။

ကလေးမွေးဖွားပြီး ရက်အနည်းငယ်အကြာ သူနှင့်အတူ သူ၏ သားငယ်ကို ခေါ်ကာ ကြိုဆိုသူ မရှိသည့် သူနေထိုင်ရာ \မို့သို့ ပြန်သွားခဲ့သည်။ သူအိမ်ပြန်လာမည်ကို ကြိုတင် ဖုန်းဆက်ထားသော်လည်း ပြန်မလာနှင့်ဟုသာ နှင်လွှတ်နေ သည့် မိသားစုကို ရင်ဆိုင်ရန် သူ့တွင် သားကပေးသည့် မေတ္တာ ခွန်အားတခုသာ ရှိသည်။ ထိုမေတ္တာကြောင့် ထင်ပါ သည် ဆူပူနှင်လွှတ် နေကြသည့် အစ်မ နေအိမ်တွင် သူ နေထိုင်ခွင့် ရခဲ့ပါသည်။

အစ်မဖြစ်သူ မအေးအေးနွယ် က “ကျမ သားတွေက လူပျိုအရွယ်တွေ ဆိုတော့ ရှက်ကြတယ်။ ကျမကပဲ သူတို့ကို အမေ့မှာ ဒီညီအစ်မလေး နှစ်ယောက်ရှိတာ ဘယ်လို ပစ်ရက်မလဲလို့ စည်းရုံး ငိုယိုပြောပြီး အိမ်ပေါ် ပြန်ခေါ်ထားရ တယ်။ သူ့မှာ ကလေးငယ်ငယ်နဲ့ နေစရာမရှိ ဆွေမရှိ မျိုးမရှိနဲ့ ဆိုတော့ ကျမမှ မကြည့်ရင် ဘယ်သူကြည့်မလဲလေ၊ သူစိမ်းတွေကတောင် ကလေးမွေးပေး လုပ်ပေးကြတာ၊ ကျမက သွေးသားရင်း လက်ခံပေးရမှာပေါ့။ ဒါပေမယ့် ကျမ ယောကျ်ားက အရက်မူးလာရင် တအားသွေးဆိုးတာ အိမ်မှာ စိတ်ချမ်းသာရတဲ့ ရက် တရက်မှ မရှိဘူး။ သူ့ ဘဝလေး ကို ကောင်းကောင်းမွန်မွန် ဖြစ်စေချင်တယ်။ ကျမကလည်း ဘာမှ လုပ်မပေးနိုင်ဘူး” ဟု ပြောသည်။

ထိုက်ထိုက် အစ်မဖြစ်သူ မိသားစုသည် သာမန် တရက်လုပ် တရက်စားရသည့် မိသားစုဖြစ်ကာ သားသမီး ငါးယောက် ရှိသည်။ ထိုမိသားစုနှင့်အတူ ဝမ်းမဝလည်း ကျောတခင်းစာ ရရုံဖြင့် သားအမိနှစ်ယောက် တစ်ဘဝ ရင်ဆိုင်နေရသည်။

ယခုဆိုလျှင် ကလေးမှာ လေးလကျော်လာပြီ ဖြစ်သည်။ ကလေးကို ချစ်ခင်ကြသူများက တောင်းကြသော်လည်း “ကျနော်မှ ဒီကောင့်ကို မခွဲနိုင်တော့တာ” ဟု ထိုက်ထိုက်က ပြန်ဖြေသည်။Single Mother တယောက် ဖြစ်နေပေမယ့် တကိုယ်တည်း ရဲဝံ့စွာ၊ ကလေးတစ်ယောက် ချီပိုး၍ ကောင်းမွန်စွာ အသက် မွေးဝမ်းကျောင်း နေသည့် ထိုက်ထိုက် ထမင်း မစားရသည့် ရက်များပင် ရှိခဲ့ပါသည်။

ကိုယ်တိုင်က ခြေထောက်တွင် ဖိနပ်မပါဘဲ ကလေးကို ဦးထုပ်ဆောင်း၊ ထီးဆောင်းကာ အလုပ်သွားလုပ်ရာ နေရာ တိုင်း ခေါ်ယူနေသွားတတ်သည့် ထိုက်ထိုက်၏ မိဘမေတ္တာကို မလေးစားဘဲ မနေနိုင်အောင်ပင်။

နေပူထဲ ချွေးရွှဲရွှဲဖြင့် သားငယ်ကို ချီးပိုး၍ မမောနိုင် မပန်းနိုင် တကိုယ်တည်း မွေးဖွား စောင့်ရှောက်ပေးနေသည့် ထိုက်ထိုက်လို မိခင်စိတ် ထားနိုင်မှုကိုလည်း အတုယူ အားကျမိပါသည်။ထိုကြောင့် မည်မျှ ခက်ခဲပင်ပန်းသည့် ဘဝမျိုးဖြစ်နေပါစေ မိမိ၏ သွေးသားကို ချစ်ခင် မြတ်နိုးတတ်သော၊ တာဝန်ယူ တတ်သော၊ တန်ဖိုးထားတတ်သော လူ့အသိုက်အဝန်းတခု ဖြစ်ပေါ်လာရန် ဆန္ဒ ပြုလိုက်ရပါတော့သည်။ ။

CREDIT IRRAWADDY

=
Loading...
=

Related posts

Leave a Comment