Search

ဖာသည္အလိုရွိသည္

ဖာသည္အလိုရွိသည္

နန္းေတာ္ေရွ႕မွာ သစ္သားျပားတစ္ခ်ပ္ေပၚမွာ ေပၚဦးက စာေရးၿပီး ကပ္ထားတာကို ဘိုးေတာ္မင္း စိတ္ဝင္စား သြားတယ္။

“ဟဲ့ … ငေပၚဦး … မိုက္မိုက္႐ိုင္း႐ိုင္း ငါ့နန္းေတာ္ေရွ႕ ယုတ္မာတဲ့စကား ဘာေၾကာင့္မ်ား ေရးထားသလဲ”

“မွန္လွပါ … ဘာကမ်ား ယုတ္မာပါလိမ့္ဘုရား”

“ဖာသည္အလိုရွိတယ္ဆိုတဲ့စကား … ၾကားလို႔မွ ေတာ္ရဲ႕လားဟဲ့”

“အရွင္မင္းႀကီးက ဘာလို႔ထင္ေနသလဲဘုရား”

“တယ္ေလ … ငါမေျပာခ်င္ဘူး။ ခု … ဖ်က္ … ျမန္ျမန္ဖ်က္ေစ”

“မွန္လွပါ ကၽြန္ေတာ္မ်ိဳးက အရွင္မင္းႀကီးရဲ႕ ေလွနန္းယာဥ္ေတာ္ကို ဖာဖို႔ ဖာသည္ေတာ္မ်ားကို ေခၚေနျခင္း ျဖစ္ပါတယ္ဘုရား”

“အလို ေမာင္မင္း ေလွဖာတဲ့သူေခၚတာ ဒီလိုေခၚရသလား”ေျပာေနခ်ိန္မွာပဲ လူတစ္ေယာက္ေရာက္လာတယ္။

“အမတ္ႀကီး ကၽြန္ေတာ္မ်ိဳး အဖာေတာ္ပါဘုရား။ ဖာသည္လိုတယ္ၾကားလို႔ လာျမန္းပါတယ္ဘုရား”

“ေအး … ေကာင္းေလစြ။ ဖာသည္တို႔ တပ္အပ္တဲ့ အတတ္ပညာ ဘယ္ႏွမ်ိဳးရွိသလဲ”

“မွန္လွပါ ရွစ္မ်ိဳးရွိေၾကာင္းပါဘုရား”

“အိမ္း ေတာ္ေပစြ … ရြတ္ၿပီး ရွင္းျပ။ ဒါမွလည္း အဖာေတာ္ခန္႔မယ္”

“နားဆင္ေတာ္ မူပါဘုရား … ဖာသည္ေတာ္တို႔မည္သည္ လူး၊ လွိမ့္၊ လႊဲ၊ လွန္၊ လွပ္၊ လွီး၊ ထိုး၊ ဖိ ဆိုတဲ့ ရွစ္ရပ္ေသာပညာ တတ္ကၽြမ္းရပါတယ္ဘုရား”ဘုရင္လည္း စိတ္ဝင္စားသြားတယ္။

“အလို ထူးဆန္းလွပါလား။ ေပၚဦးရယ္ နင္တို႔ေခတ္က်မွ ဖာသည္အတတ္ ရွစ္ရပ္ဆိုတာ ၾကားဖူးေတာ့တယ္။ ရွင္းစမ္းကြယ္”

“မွန္လွပါ။ လူးဆိုတာက ပြဲ႔လ်က္ကို ေရနံနဲ႔ အတိုင္းအဆရွိရွိ လူးတတ္ရပါတယ္။ လွိမ့္ဆိုတာက သမေအာင္ သစ္သားေပၚ လွိမ့္တတ္ရပါတယ္။ လႊဲဆိုတာကေတာ့ ေပ်ာ့လာတဲ့ ပြဲ႔လ်က္ကို အားနဲ႔ လႊဲထုတ္လိုက္လည္း ျပတ္ ေတာက္သြားျခင္း မရွိရပါဘူး။ ပြဲ႔လ်က္ကို အထက္ေအာင္ ဘယ္ေလာက္လွန္လွန္ ေစးကပ္ မက်န္ခဲ့ရပါဘူး။ ဖာသည္ေတာ္ေတြဟာ ေလွေတာ္က ပြဲ႔လ်က္ အေဟာင္းေတြကို ဓားနဲ႔လွန္ရင္ သစ္သားကို မထိခိုက္ေစရဘူး။ ပြဲ႔လ်က္ အေဟာင္းေတြကိုလွပ္၊ ပြဲ႔လ်က္သစ္ကို အတိုင္းအဆနဲ႔လွီး တစ္ဆက္တည္း၊ တစ္ေၾကာင္းတည္းျဖစ္ ေအာင္ လုပ္ႏိုင္ရပါတယ္။ ပြဲ႔လ်က္ကပ္ၿပီးသား အေဖာင္းေတြကို မီးေပးထားတဲ့ သံလ်က္နဲ႔ထိုး အသားေသ ေအာင္ ဖိတဲ့ေနရာမွာ ပြဲ႔လ်က္သားေတြ ကပ္ထားတယ္လို႔ မထင္ေအာင္ စြမ္းေဆာင္ႏိုင္ရပါတယ္ဘုရား”

“ေပၚဦးရယ္ … ၾကားဖူးပါဘူး။ နင့္လက္ထက္က်မွ ဖာသည္ေတာ္ရယ္လို႔ … ေတာ္႐ံုတန္႐ံုပဲ လုပ္ပါကြယ္”

“ကိုင္း … ေမာင္မင္းကေတာ့ ဖာသည္တို႔ တပ္အပ္တဲ့ ပညာ ရွစ္ရပ္သိတာေလာက္နဲ႔ပဲ ယေန႔ကစ နန္းတြင္းရဲ႕ ဖာသည္ေတာ္ဘဝေရာက္ေစ။ ဖာသည္ေတာ္တို႔ရဲ႕ အခြင့္မ်ား ခံစားေစ။အမိန္႔ေတာ္”

ေပၚဦးရဲ႕ ဖာသည္ေတာ္ခန္႔ခန္း ဤတြင္ၿပီး၏။

Credit ~ Tin Nyunt

ဖာသည်အလိုရှိသည်

နန်းတော်ရှေ့မှာ သစ်သားပြားတစ်ချပ်ပေါ်မှာ ပေါ်ဦးက စာရေးပြီး ကပ်ထားတာကို ဘိုးတော်မင်း စိတ်ဝင်စား သွားတယ်။

“ဟဲ့ … ငပေါ်ဦး … မိုက်မိုက်ရိုင်းရိုင်း ငါ့နန်းတော်ရှေ့ ယုတ်မာတဲ့စကား ဘာကြောင့်များ ရေးထားသလဲ”

“မှန်လှပါ … ဘာကများ ယုတ်မာပါလိမ့်ဘုရား”

“ဖာသည်အလိုရှိတယ်ဆိုတဲ့စကား … ကြားလို့မှ တော်ရဲ့လားဟဲ့”

“အရှင်မင်းကြီးက ဘာလို့ထင်နေသလဲဘုရား”

“တယ်လေ … ငါမပြောချင်ဘူး။ ခု … ဖျက် … မြန်မြန်ဖျက်စေ”

“မှန်လှပါ ကျွန်တော်မျိုးက အရှင်မင်းကြီးရဲ့ လှေနန်းယာဉ်တော်ကို ဖာဖို့ ဖာသည်တော်များကို ခေါ်နေခြင်း ဖြစ်ပါတယ်ဘုရား”

“အလို မောင်မင်း လှေဖာတဲ့သူခေါ်တာ ဒီလိုခေါ်ရသလား”ပြောနေချိန်မှာပဲ လူတစ်ယောက်ရောက်လာတယ်။

“အမတ်ကြီး ကျွန်တော်မျိုး အဖာတော်ပါဘုရား။ ဖာသည်လိုတယ်ကြားလို့ လာမြန်းပါတယ်ဘုရား”

“အေး … ကောင်းလေစွ။ ဖာသည်တို့ တပ်အပ်တဲ့ အတတ်ပညာ ဘယ်နှမျိုးရှိသလဲ”

“မှန်လှပါ ရှစ်မျိုးရှိကြောင်းပါဘုရား”

“အိမ်း တော်ပေစွ … ရွတ်ပြီး ရှင်းပြ။ ဒါမှလည်း အဖာတော်ခန့်မယ်”

“နားဆင်တော် မူပါဘုရား … ဖာသည်တော်တို့မည်သည် လူး၊ လှိမ့်၊ လွှဲ၊ လှန်၊ လှပ်၊ လှီး၊ ထိုး၊ ဖိ ဆိုတဲ့ ရှစ်ရပ်သောပညာ တတ်ကျွမ်းရပါတယ်ဘုရား”ဘုရင်လည်း စိတ်ဝင်စားသွားတယ်။

“အလို ထူးဆန်းလှပါလား။ ပေါ်ဦးရယ် နင်တို့ခေတ်ကျမှ ဖာသည်အတတ် ရှစ်ရပ်ဆိုတာ ကြားဖူးတော့တယ်။ ရှင်းစမ်းကွယ်”

“မှန်လှပါ။ လူးဆိုတာက ပွဲ့လျက်ကို ရေနံနဲ့ အတိုင်းအဆရှိရှိ လူးတတ်ရပါတယ်။ လှိမ့်ဆိုတာက သမအောင် သစ်သားပေါ် လှိမ့်တတ်ရပါတယ်။ လွှဲဆိုတာကတော့ ပျော့လာတဲ့ ပွဲ့လျက်ကို အားနဲ့ လွှဲထုတ်လိုက်လည်း ပြတ် တောက်သွားခြင်း မရှိရပါဘူး။ ပွဲ့လျက်ကို အထက်အောင် ဘယ်လောက်လှန်လှန် စေးကပ် မကျန်ခဲ့ရပါဘူး။ ဖာသည်တော်တွေဟာ လှေတော်က ပွဲ့လျက် အဟောင်းတွေကို ဓားနဲ့လှန်ရင် သစ်သားကို မထိခိုက်စေရဘူး။ ပွဲ့လျက် အဟောင်းတွေကိုလှပ်၊ ပွဲ့လျက်သစ်ကို အတိုင်းအဆနဲ့လှီး တစ်ဆက်တည်း၊ တစ်ကြောင်းတည်းဖြစ် အောင် လုပ်နိုင်ရပါတယ်။ ပွဲ့လျက်ကပ်ပြီးသား အဖောင်းတွေကို မီးပေးထားတဲ့ သံလျက်နဲ့ထိုး အသားသေ အောင် ဖိတဲ့နေရာမှာ ပွဲ့လျက်သားတွေ ကပ်ထားတယ်လို့ မထင်အောင် စွမ်းဆောင်နိုင်ရပါတယ်ဘုရား”

“ပေါ်ဦးရယ် … ကြားဖူးပါဘူး။ နင့်လက်ထက်ကျမှ ဖာသည်တော်ရယ်လို့ … တော်ရုံတန်ရုံပဲ လုပ်ပါကွယ်”

“ကိုင်း … မောင်မင်းကတော့ ဖာသည်တို့ တပ်အပ်တဲ့ ပညာ ရှစ်ရပ်သိတာလောက်နဲ့ပဲ ယနေ့ကစ နန်းတွင်းရဲ့ ဖာသည်တော်ဘဝရောက်စေ။ ဖာသည်တော်တို့ရဲ့ အခွင့်များ ခံစားစေ။အမိန့်တော်”

ပေါ်ဦးရဲ့ ဖာသည်တော်ခန့်ခန်း ဤတွင်ပြီး၏။

Credit ~ Tin Nyunt

=
Loading...
=

Related posts

Leave a Comment