Search

ဘုရားရွင္တို႔၏ ပရဟိတစိတ္ဓါတ္

ဘုရားရွင္တိုင္းဟာ ဘုရားမျဖစ္ခင္မွာလည္း ပရဟိတစိတ္ဓာတ္နဲ႔ပဲ ပါရမီျဖည့္ ခဲ့ၾကသလို ဘုရားျဖစ္ျပီးေနာက္ပိုင္းမွာလည္းပရဟိတ စိတ္ဓာတ္နဲ႔ပဲ ေလာက ကိုေကာင္းက်ိဳးျပဳသြားခဲ့ၾကပါတယ္။

ဘုရားဆိုတာ ပရဟိတရဲ႕ အမွတ္သကၤ တပါ။ တစ္ေလာကလံုးမွာ ပရဟိတစိတ္ဓာတ္အရွိဆံုးနဲ႕ပရဟိတအလုပ္အ လုပ္ဆံုးပုဂၢိဳလ္ဟာ သမၼာသမၺဳဒၶဘုရားပါပဲ။

ဘုရားေလာင္းေတြ၊ ဘုရားရွင္ေတြမွာသာ ပရဟိတစိတ္ဓာတ္ ရွိတာလားဆို ေတာ့မဟုတ္ပါဘူး။ စိတ္ေနစိတ္ထား ျမင့္မားၾကီးမားတဲ့ပုဂၢဳိလ္တိုင္းမွာပရ ဟိတစိတ္ဓာတ္ရွိပါတယ္။

ပါရမီဆိုတာ‘ျမင့္ျမတ္သူေတြရဲ႕အလုပ္’၊ ‘ျမင့္ျမတ္သူျဖစ္ေၾကာင္းအရာ’ဆိုတဲ့အဓိပၸာယ္အတိုင္း ေျပာမယ္ဆိုရင္ ပရဟိတစိတ္ဓာတ္ဆိုတာ‘ျမင့္ျမတ္သူေတြ ရဲ႕စိတ္ဓာတ္၊ ျမင့္ျမတ္သူျဖစ္ေၾကာင္းစိတ္ဓာတ္’ပါပဲ။

ျမင့္ျမတ္သူေတြရဲ႕ သႏၲာန္မွာသာပရဟိတစိတ္ဓာတ္ ရွိႏိုင္သလို ပရဟိတ စိတ္ဓာတ္ ရွိမွလည္းလူတစ္ေယာက္ဟာ ျမင့္ျမတ္သူျဖစ္လာႏိုင္ပါတယ္။

ေျပာရစတမ္းဆိုရင္ ပရဟိတစိတ္ဓာတ္ မရွိတဲ့သူဟာစိတ္ေနစိတ္ထားနိမ့္က် တဲ့သူ၊စိတ္ဓာတ္ေသးသိမ္တဲ့သူပါပဲ။

အရွင္ဆႏၵာဓိက(ေရႊပါရမီေတာရ)

ဘုရားရှင်တိုင်းဟာ ဘုရားမဖြစ်ခင်မှာလည်း ပရဟိတစိတ်ဓာတ်နဲ့ပဲ ပါရမီဖြည့် ခဲ့ကြသလို ဘုရားဖြစ်ပြီးနောက်ပိုင်းမှာလည်းပရဟိတ စိတ်ဓာတ်နဲ့ပဲ လောက ကိုကောင်းကျိုးပြုသွားခဲ့ကြပါတယ်။

ဘုရားဆိုတာ ပရဟိတရဲ့ အမှတ်သင်္က တပါ။ တစ်လောကလုံးမှာ ပရဟိတစိတ်ဓာတ်အရှိဆုံးနဲ့ပရဟိတအလုပ်အ လုပ်ဆုံးပုဂ္ဂိုလ်ဟာ သမ္မာသမ္ဗုဒ္ဓဘုရားပါပဲ။

ဘုရားလောင်းတွေ၊ ဘုရားရှင်တွေမှာသာ ပရဟိတစိတ်ဓာတ် ရှိတာလားဆို တော့မဟုတ်ပါဘူး။ စိတ်နေစိတ်ထား မြင့်မားကြီးမားတဲ့ပုဂ္ဂိုလ်တိုင်းမှာပရ ဟိတစိတ်ဓာတ်ရှိပါတယ်။

ပါရမီဆိုတာ‘မြင့်မြတ်သူတွေရဲ့အလုပ်’၊ ‘မြင့်မြတ်သူဖြစ်ကြောင်းအရာ’ဆိုတဲ့အဓိပ္ပာယ်အတိုင်း ပြောမယ်ဆိုရင် ပရဟိတစိတ်ဓာတ်ဆိုတာ‘မြင့်မြတ်သူတွေ ရဲ့စိတ်ဓာတ်၊ မြင့်မြတ်သူဖြစ်ကြောင်းစိတ်ဓာတ်’ပါပဲ။

မြင့်မြတ်သူတွေရဲ့ သန္တာန်မှာသာပရဟိတစိတ်ဓာတ် ရှိနိုင်သလို ပရဟိတ စိတ်ဓာတ် ရှိမှလည်းလူတစ်ယောက်ဟာ မြင့်မြတ်သူဖြစ်လာနိုင်ပါတယ်။

ပြောရစတမ်းဆိုရင် ပရဟိတစိတ်ဓာတ် မရှိတဲ့သူဟာစိတ်နေစိတ်ထားနိမ့်ကျ တဲ့သူ၊စိတ်ဓာတ်သေးသိမ်တဲ့သူပါပဲ။

အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)

=
Loading...
=

Related posts

Leave a Comment