Search
..

ဗိုလ္ခ်ဳပ္ အစ္ကို ဦးေအာင္သန္းေျပာတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ကေလးဘဝ

ဗိုလ္ခ်ဳပ္ အစ္ကို ဦးေအာင္သန္းေျပာတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ကေလးဘဝ

ဗိုလ္ခ်ဳပ္ အစ္ကို ဦးေအာင္သန္းေျပာတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ကေလးဘဝ

ကြ်န္ေတာ္သုံးနွစ္ ေျခာက္လငါးရက္သားအရြယ္ ေရာက္ေသာအခါ ညီကေလးတေယာက္ရပါသည္။ ထို႔ေန႔ကို ေကာင္းစြာမွတ္မိပါသည္။ ကြ်န္ေတာ္သည္ ခါတိုင္းည မ်ားတြင္ မိခင္နွင့္အတူ အိပ္ရာထဲ၌ ေသးပါေလ့ရွိပါသည္ ထိုညတြင္ကား ဖခင္နွင့္အတူ အိပ္ရ၍ ဆီးသြားလိုသျဖင့္ နိုးလာကာ ေဖေဖ ေသးေပါက္ခ်င္တယ္ ပာု ေျပာရာ ဖခင္က ထေပါက္ ပာု ျပန္ေျပာပါသည္။ ထိုညမွစ၍ ကြ်န္ေတာ္သည္ အိပ္ရာထဲ၌ ေသးမပါေတာ့ပါ။ ဆီးသြားလိုက နိုးလာပါသည္။ မိုးလင္းေသာအခါ ဘန္းၾကီးထဲ၌ သိပ္ထားေသာ ညီကေလးကို ျမင္၍ ကိုင္မည္ျပဳ ရာ အစ္ကိုၾကီး (ဦးဘဝင္း) က ေပာ့.. မကိုင္နဲ႔ လက္ျပတ္တတ္တယ္ပာု ေျပာသျဖင့္ မကိုင္ဘဲ ကြ်န္ေတာ့္လက္ကို ျပန္ဆုတ္လိုက္ပါသည္။

အစ္ကိုၾကီးကား ပာက္ ပာက္ ပက္ပက္ ရယ္ပစ္လိုက္ပါသည္။ သို႔တေစလည္း ကြ်န္ေတာ္သည္ ညီကေလး ကိုမကိုင္ရဲဘဲ ေဘးမွ လွည့္ပတ္၍ ၾကည့္ရုံသာ ၾကည့္ ဝံ႔ပါသည္။ ညီကေလး တစ္နွစ္အရြယ္ေရာက္ေသာအခါ နာမည္ေပးရန္စဥ္းစားၾကပါသည္။ ကြ်န္ေတာ္က က်ဳပ္ ေအာင္သန္းဆို သူက ေအာင္ဆန္းေပါ့ဗ်ာ့ ပာု ေျပာလိုက္ရာ အားလုံးက လက္ခံၾကပါသည္။ စေနသား ျဖစ္သည့္အတိုင္း ဇာတာထဲ၌ ထိန္လင္းပာု ေန႔နာမ္အလိုက္ မွည့္ထားေသာ္လည္း ေအာင္ဆန္းပာုသာ တြင္ေနပါေတာ့သည္။ ထိန္လင္းသည္ ဇာတာဖြဲ႔သူေပးေသာနာမည္မွ်ာသာ ျဖစ္သည္။ အခ်ဳိ႔ ထင္ေနသကဲ့သို႔ ငယ္နာမည္ မပာုတ္ပါ ။

မည္သည့္အခါမွ် ထိန္လင္းပာု မေခၚခဲ့ၾကပါ။ ကြ်န္ေတာ္နွင့္ ေအာင္ဆန္း ေမြးဖြားခဲ့ေသာ အိမ္ၾကီးသည္ မရွိေတာ့ပါ ။ ေရွးအိမ္ၾကီးျဖစ္၍ ကြ်န္ေတာ္တို႔ ေဘးလက္ထက္က တည္ေဆာက္ခဲ့ျခင္းျဖစ္သည္ပာုေျပာၾကပါသည္။ ယခု နတ္ေမာက္၌ရွိေသာအိမ္သည္ ေအာင္ဆန္းေမြးျပီးေနာက္ နွစ္နွစ္ေလာက္ရွိမွ ေျပာင္းေရြွ႔ေနထိုင္ေသာအိမ္ျဖစ္ပါသည္။ ကြ်န္ေတာ္တို႔ ေဘးဦးေရြွနီသည္ နတ္ေမာက္ျမိဳ႔ သူၾကီးျဖစ္၍ ကြ်န္ေတာ္တို႔အဖိုးပာု ေရးသားေျပာဆိုေနၾကေသာ ဦးမင္းေရာင္ ေခၚ ေရြွလေရာင္သည္ ေဘးမၾကီး မယ္စိုး၏ ၊ တူ ၊ အဖြား မယ္သူဇာ၏ ေမာင္တဝမ္းကြဲျဖစ္ပါသည္ ။

ကြ်န္ေတာ္တို႔ ေဘးဘိုးဘီဘင္မ်ားသည္ အေလာင္းဘုရား၏ ရဲေေဘာ္ ေျခာက္က်ိပ္ရွစ္ အပါအဝင္ ဝင္းမင္းၾကီး ဦးျမ(ဦးျမတ္) မွ ဆင္းသက္ၾကသည္ပာု လူၾကီးသူမမ်ား ေျပာဆိုသံ ၾကားဘူးပါသည္။ ေအာင္ဆန္းသည္ နာမည္နွင့္လိုက္ေအာင္ ဆန္း သူျဖစ္ပါသည္။ အေမးအျမန္းထူ၍ လူၾကီးေတြျပန္မေျဖနိုင္သည့္ ေမးခြန္းမ်ားကို ေမးေလ့ ရွိပါသည္ ၊ မိုးတြင္း ေဆာင္းတြင္းပာု ေခၚၾကေသာ္လည္း ေႏြရာသီကို အဘယ့္ ေၾကာင့္ ေႏြတြင္းပာု မေခၚၾကသလဲပာု ေမးရာ လူၾကီးမ်ားသည္ ျပန္၍ မေျဖနိုင္ဘဲ ရယ္ေနၾကရပါသည္။ ညီအစ္ကိုတဝမ္းကြဲ ရွိသည္လည္း ဘာေၾကာင့္ လင္မယား တဝမ္းကြဲမရွိသလဲ ေမးျပန္ရာ လူၾကီးမ်ားသည္ ယခင္က ကဲ့သို႔ပင္ ျပန္မေျဖနိုင္ဘဲ ရယ္ေနၾကရပါသည္။ အေမးအျမန္းထူသေလာက္ ေအာင္ဆန္းသည္ စဥ္းစားေတြးေတာ ေငးေမာ ေနတတ္ပါသည္။

အငယ္ဆုံးျဖစ္သည့္အတိုင္း မိဘနွစ္ပါးကသာမက အစ္ကို အစ္မမ်ားကပါ အလိုလိုက္ၾကသည္ျဖစ္ရာ ေအာင္ဆန္းသည္ ကေလးဆိုးၾကီးကဲ့သို႔ ျဖစ္ေနပါသည္။ လိုခ်င္သည္ကို မရမေန ငိုယို ေတာင္းဆိုတတ္ပါသည္။ ရလည္းရပါသည္ ၾကီးလာသည့္တိုင္ေအာင္ မိမိေျပာလိုရာ စြပ္၍ ေျပာတတ္ျခင္း လုပ္လိုရာကို စြပ္လုပ္တတ္ျခင္းတို႔သည္ ငယ္စဥ္က အလိုလိုက္ခံခဲ့ရျခင္းေၾကာင့္ ျဖစ္သည္ပာု ထင္ပါသည္။ မွတ္ခ်က္ ။ တခ်ိန္က မိတ္ေဆြတေယာက္က ကြ်န္ေတာ္တို႔ ဗိုလ္ခ်ဳပ္နဲ႔ ပတ္သက္ျပီး သုံးသပ္ၾကည့္ၾကတယ္။ ဗိုလ္ခ်ဳပ္ပာာ မိမိေျပာလိုရာ လုပ္လိုရာကို စြပ္ေျပာ စြပ္လုပ္တတ္တယ္ ။

ဒါပာာ… အသက္ ငယ္ငယ္ရြယ္ရြယ္နဲ႔ အာဏာရလို႔ ရယ္လို႔ သုံးသပ္မိၾကတယ္ ပာု.. ကြ်န္ေတာ္ကို ေျပာပါသည္။ ကြ်န္ေတာ္က ဒါတင္ မကဘူး ဗိုလ္ခ်ဳပ္ပာာ ေမြးကထဲက အလိုလိုက္ခံခဲ့ရတယ္ ေျပာရာ ထိုမိတ္ေဆြက ကြ်န္ေတာ္တို႔ အဲဒါကို သိလဲမသိခဲ့ဘူး။ ထည့္လဲမသုံးသပ္မိခဲ့ဘူး ပာု ျပန္ေျပာပါသည္။ စိတ္ဘက္ဆိုင္ရာ ပါရဂူမ်ား၏အဆိုအရ လူတေယာက္၏ စိတ္ဓာတ္သည္ မိမိ၏ ဘဝေပးအတိုင္း ျဖစ္တတ္သည္။ ဥပမာ လူတေယာက္သည္ ငယ္စဥ္က ဆိုးေသာမိဘမ်ား၏ နွိပ္စက္ျခင္းကိုေသာ္ ၄င္း အျခားသူမ်ား၏ နွိပ္စက္ျခင္းကိုေသာ္ ၄င္း ခံခဲ့ရလွ်င္ ၾကီးလာေသာအခါ မယုံသကၤာျဖစ္တတ္ျခင္း ေၾကာက္ရြ႔ံ တတ္ျခင္းတို႔ ျဖစ္တတ္ပါသည္။

တနည္းအားျဖင့္ ဆိုလွ်င္ ထိုပုဂၢိဳလ္ မ်ဳိးတြင္ အရူံးေပးတတ္ေသာ စိတ္ဓာတ္ မ်ဳိးဝင္ေနတတ္ ပါသည္။ ထိုပုဂၢိဳလ္မ်ဳိးသည္ မိမိနိုင္လွည့္ၾကံဳလာေသာအခါ ရက္ရက္စက္စက္ ျပဳက်င့္တတ္သည္ ငယ္စဥ္က အလိုလိုက္ခံခဲ့ရျပီး မိမိလုပ္လိုရာ လုပ္ခြင့္ရခဲ့လွ်င္ ၾကီးျပင္းလာသည့္အခါ မိမိလုပ္ခ်င္သည့္အတိုင္း လုပ္ ဝံ႔သည္။ လုပ္တတ္သည္ တနည္းအား ျဖင့္ဆိုလွ်င္ ထို ပုဂၢိဳလ္မ်ဳိးတြင္ မိမိကိုယ္ မိမိ ယုံၾကည့့္ကိုးစားမူ ရွိတတ္သည္။ ထိုပုဂၢိဳလ္မ်ဳိးသည္ ရန္သူကို အထင္ေသးတတ္သျဖင့္ ေနာက္ဆုံး၌ မိမိပင္ ခံရတတ္သည္။ နိုင္ငံေရးေခါင္းေဆာင္မ်ား၏ စိတ္ေနသေဘာထားနွင့္ ပတ္သက္၍ သုံးသပ္လိုပါက ကေလးဘဝက ေနထိုင္ခဲ့ရပုံကိုပါ ထည့္သြင္းစဥ္းစားလွ်င္ မမွားနိုင္ပာု ကြ်န္ေတာ္ယုံၾကည့္ပါသည္။ အလိုလိုက္ခံရေသာ္လည္း ေအာင္ဆန္းမွာ မတရားလုပ္ခ်င္သည့္စိတ္ မတရားအခြင့္အေရး လိုခ်င္သည့္စိတ္ဓာတ္မ်ဳိးမရွိပါ ။

မိမိကိုယ္ကိုမိမိ ယုံၾကည္သူျဖစ္သည့္အတိုင္း သူမ်ားအား မနာလိုသည့္စိတ္ မရွိပါ မိမိထက္ ေၾကာသြားမည္ကို စိုးသည့္အတြက္ သူမ်ားအား ေျခထိုးလိုသည့္ စိတ္မ်ဳိးလည္း အလ်ဥ္းမရွိပါ ေအာင္ဆန္းနွင့္ အခ်ဳိ႔နိုင္ငံေရးေခါင္းေဆာင္မ်ား ကြာျခားျခင္းသည္ ထိုစိတ္ဓာတ္ အေျခခံေၾကာင့္ပင္ ျဖစ္သည္ပာု ကြ်န္ေတာ္ထင္ပါသည္။ ေအာင္ဆန္းသည္ အလြန္ရိုးသား၍ စားခ်င္လွ်င္ စားခ်င္သည္။ လိုခ်င္လွ်င္ လိုခ်င္သည္။ ေၾကာက္လွ်င္ ေၾကာက္သည္စသည္ျဖင့္ ဖြင့္ပာဝန္ခံတတ္ပါသည္။ မည့္သည့္အခါမွ လိမ္မေျပာတတ္ပါ။ ကြ်န္ေတာ္တို႔ငယ္စဥ္က နတ္ေမာက္ဆြမ္းၾကီးေလာင္းအသင္းက ၾကီးမူး၍ ဝါတြင္း၌ အပတ္စဥ္ အိုစည္ဗုံေမာင္းျဖင့္ အလွဴခံထြက္ပါသည္။ လူတေယာက္က ဖိုးသူေတာ္အရုပ္ၾကီးထဲ ဝင္ျပီး ကပါသည္ ထိုအရုပ္ၾကီးကို ေအာင္ဆန္း အလြန္ေၾကာက္ပါသည္ ။

အရုပ္ကို ေၾကာက္ရေကာင္းလား ပာု… ဖခင္က ဆူပူျပစ္တင္ေသာအခါ ဖင္ေခါင္းထဲသြင္းထား ဘယ့္နဲ႔လုပ္မလဲဗ်ာ့ပာု ျပန္ေျဖပါသည္။ ေခါင္းတုန္တုန္ လည္တုန္တုန္ ျဖစ္ေနေသာ မယ္ေရြွမယ္ဆိုသည့္ အမယ္ၾကီးကိုလည္း သူေၾကာက္၍ ေၾကာက္ေၾကာင္းကိုလည္း သူဝန္ခံပါသည္။ ညအိပ္လွ်င္ မိခင္ကို ဖက္အိပ္ေလ့ရွိ၍ မိခင္ကို သူဘက္သို႔ အျမဲလွည့္အိပ္ေစခ်င္သည္။ အိမ္နားရွိ ကာကာ ဆိုင္သို႔လည္း သူမသြားရဲပါ။ တေန၌ ကာကာ ဆိုင္သို႔သြား၍ ဘီ- ဒီ ေဆးလိပ္မ်ားဝယ္ျပီးလွ်င္ ခ်ဳိးၾကည့္ပါသည္။ မိခင္သိေသာအခါ ကေလးအား ေဆးလိပ္ေရာင္းလိုက္ေသာ (ကုလား) ထံ သြား၍ ဆူပူျပစ္တင္ပါသည္။

ဆိုင္ရွင္ ကာကာ က မိခင္ကိုေတာင္းပန္၍ ေအာင္ဆန္းဘက္လွည့္ကာ ေနာက္တခါလာရင္ ဘန္ဘူးေပးမယ္ ပာု ေျပာလိုက္ရာ ေအာင္ဆန္းက ဘန္ဘူးေပးမယ္ဆိုတာ ဘာလဲ ပာု မိခင္ကို ေမးပါသည္။ မိခင္က ဘန္ဘူးေပးမယ္ဆိုတာ ရိုက္မယ္လို႔ေျပာတာ ပာု ေျပာလိုက္ရာ ေအာင္ဆန္းသည္ ထိုေန႔မွစ၍ ကာကာ ဆိုင္သုိ႔ မသြားေတာ့ေပ ။

ေနမေကာင္းလွ်င္ ပိုက္ဆံေပးမွ ေဆးေသာက္မည္ပာု အၾကပ္ကိုင္တတ္သျဖင့္ ေအာင္ဆန္းသည္ ေနမေကာင္းတိုင္း မိခင္ထံမွ ေငြဒဂၤါး ေလး ငါးဆယ္ ရပါသည္ (ထိုေခတ္က ေငြစကၠဴ ေပၚေသးပာန္မတူပါ နတ္ေမာက္၌ တဆိုင္တည္းသာရွိေသာ ကာကာ ဆိုင္သို႔ မသြားရဲသျဖင့္သူလိုခ်င္သည့္ ပစၥည္းမ်ားကို ကြ်န္ေတာ္က ဝယ္ေပးရပါသည္ ကြ်န္ေတာ္လိုခ်င္သည့္တို႔ကိုလည္း သူေငြျဖင့္ပင္ ဝယ္ခြင့္ေပးပါသည္။ ညီအစ္ကိုရန္ျဖစ္ေသာအခါ သူေငြ ျပန္ေပးရန္ ေတာင္းတတ္ပါသည္။ မိခင္က မင္း အစက ဘာလို႔ ေပးသလဲ ပာု ေမးေသာအခါ …. အို…. သူက ညီအကိုခ်င္းဘဲကြာ ဘာ ညာ နဲ႔ ေျပာတာကိုးဗ်ာ့ပာု ျပန္ေျဖသျဖင့္ ကြ်န္ေတာ္တို႔ ရယ္ၾကရပါသည္ ။

ေအာင္ဆန္းသည္ မည္သည့္အခါမွ လုပ္ၾကံ၍ လည္ဆည္၍ မေျပာတတ္ပါ ေပးခဲ့လွ်င္ ေပးခဲ့သည္ လုပ္ခဲ့လွ်င္ လုပ္ခဲ့သည္ပာု ပြင့္ပြင့္လင္းလင္း ဖြင့္ပာဝန္ခံတတ္ပါသည္။ ကြ်န္ေတာ္တို႔ မိခင္သည္ အလြန္ ပညာလိုလားရကား ကြ်န္ေတာ္တို႔ ငါးနွစ္ေျခာက္နွစ္အရြယ္ ေရာက္လွ်င္ ေက်ာင္းထားပါသည္။ ေအာင္ဆန္းသည္ ေက်ာင္းေနရမွာ ေၾကာက္သျဖင့္ အမေနမွ ေနမယ္ပာု မိခင္ကို ေျပာပါသည္။ (ကြ်န္ေတာ္တို႔မိခင္ကို ကြ်န္ေတာ္တို႔က အမ ပာု ေခၚၾကပါသည္) ေထြးဆုံးသားကေလးကို အလြန္ခ်စ္ခင္ေသာ မိခင္ကလည္း ေအာင္ဆန္းကို ေက်ာင္းမပို႔ ရက္ဘဲ ခြင့္လြတ္ထားရပါသည္။

ကြ်န္ေတာ္တို႔ ၁၁နွစ္သားအရြယ္ ေ၇ာက္ေသာအခါ ရွင္ျပဳ၍ ကိုရင္ ဝတ္ပါသည္။ ခုနွစ္နွစ္ေက်ာ္ ရွစ္နွစ္သားရွိေနျပီျဖစ္ေသာ ေအာင္ဆန္းသည္ ေက်ာင္းမေနေသးေသာ္လည္း ကြ်န္ေတာ္ထံ ေန႔စဥ္လာပါသည္။ ထို႔သိုလာရင္း ကိုရင္ ဝတ္ခ်င္စိတ္ေပါက္လာသျဖင့္ ကိုရင္ဝတ္ေပးရန္ မိခင္ကို ပူဆာပါသည္ ခ်က္ေကာင္းကိုယူတတ္ေသာ မိခင္က ကိုရင္ဝတ္တယ္ဆိုတာ လြယ္တာ မပာုတ္ဖူးကြ ၊ စာတတ္မွ ဝတ္လို႔ ရတာ မင္းလို စာမတတ္တဲ့လူက ကိုရင္ဝတ္လို႔ ဘယ္ျဖစ္မလဲ ပာု ဆြ ေပးလိုက္ပါသည္ ။ ဒီလိုလား ၊ ဒီလိုဆို ေက်ာင္းေနမယ္ ပာု ေျပာျပီး ေအာင္ဆန္းသည္ ထိုအခ်ိန္မွစ၍ ေက်ာင္းေနပါေတာ့သည္ ။ (မွတ္ခ်က္ ။ ၁၉၃၂ – ၃၃ ခုေကာလိပ္ေက်ာင္းေရာက္စ ပထမနွစ္ ၌ လည္း ေအာင္ဆန္းသည္ သကၤန္းဝတ္၍ အီတာလီယံ ဘုန္းေတာ္ၾကီး ဦးေလာကနထနွင့္အတူလိုက္ကာ သာသနာျပဳလိုစိတ္ ျဖစ္ေပၚ လာသျဖင့္ မိခင္ထံ ခြင့္ေတာင္းဘူးပါသည္ မိခင္က ခြင့္မျပဳသျဖင့္ မလိုက္ျဖစ္ခဲ့ေပ) ဤ သို႔ျဖင့္ ေအာင္ဆန္းသည္ နတ္ေမာက္ ရွိ ဒီပကၤရာေက်ာင္းေခၚ ဦးေသာဘိတေက်ာင္းသားျဖစ္လာပါသည္ ဦးေသာဘိတေက်ာင္းသည္ ဘုန္းၾကီးေက်ာင္းျဖစ္ေသာ္လည္း အတန္းေက်ာင္းျဖစ္ပါသည္ ထိုေခတ္က ထိုေက်ာင္းမ်ဳိးကို ေလာကဓာတ္ေက်ာင္းပာု ေခၚ ၾကပါသည္ ။

ဆက္လက္ေဖာ္ျပပါ့မည္။

ေအာင္သန္း၏ ေအာင္ဆန္း စာအုပ္မွ ။

#ျမန္မာ့တို႔သိသင့္တဲ့သမိုင္းထဲကဗမာ့

ဗိုလ်ချုပ် အစ်ကို ဦးအောင်သန်းပြောတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကလေးဘဝ

ဗိုလ်ချုပ် အစ်ကို ဦးအောင်သန်းပြောတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကလေးဘဝ

ကျွန်တော်သုံးနှစ် ခြောက်လငါးရက်သားအရွယ် ရောက်သောအခါ ညီကလေးတယောက်ရပါသည်။ ထို့နေ့ကို ကောင်းစွာမှတ်မိပါသည်။ ကျွန်တော်သည် ခါတိုင်းည များတွင် မိခင်နှင့်အတူ အိပ်ရာထဲ၌ သေးပါလေ့ရှိပါသည် ထိုညတွင်ကား ဖခင်နှင့်အတူ အိပ်ရ၍ ဆီးသွားလိုသဖြင့် နိုးလာကာ ဖေဖေ သေးပေါက်ချင်တယ် ပာု ပြောရာ ဖခင်က ထပေါက် ပာု ပြန်ပြောပါသည်။ ထိုညမှစ၍ ကျွန်တော်သည် အိပ်ရာထဲ၌ သေးမပါတော့ပါ။ ဆီးသွားလိုက နိုးလာပါသည်။ မိုးလင်းသောအခါ ဘန်းကြီးထဲ၌ သိပ်ထားသော ညီကလေးကို မြင်၍ ကိုင်မည်ပြု ရာ အစ်ကိုကြီး (ဦးဘဝင်း) က ပော့.. မကိုင်နဲ့ လက်ပြတ်တတ်တယ်ပာု ပြောသဖြင့် မကိုင်ဘဲ ကျွန်တော့်လက်ကို ပြန်ဆုတ်လိုက်ပါသည်။

အစ်ကိုကြီးကား ပာက် ပာက် ပက်ပက် ရယ်ပစ်လိုက်ပါသည်။ သို့တစေလည်း ကျွန်တော်သည် ညီကလေး ကိုမကိုင်ရဲဘဲ ဘေးမှ လှည့်ပတ်၍ ကြည့်ရုံသာ ကြည့် ဝံ့ပါသည်။ ညီကလေး တစ်နှစ်အရွယ်ရောက်သောအခါ နာမည်ပေးရန်စဉ်းစားကြပါသည်။ ကျွန်တော်က ကျုပ် အောင်သန်းဆို သူက အောင်ဆန်းပေါ့ဗျာ့ ပာု ပြောလိုက်ရာ အားလုံးက လက်ခံကြပါသည်။ စနေသား ဖြစ်သည့်အတိုင်း ဇာတာထဲ၌ ထိန်လင်းပာု နေ့နာမ်အလိုက် မှည့်ထားသော်လည်း အောင်ဆန်းပာုသာ တွင်နေပါတော့သည်။ ထိန်လင်းသည် ဇာတာဖွဲ့သူပေးသောနာမည်မျှာသာ ဖြစ်သည်။ အချို့ ထင်နေသကဲ့သို့ ငယ်နာမည် မပာုတ်ပါ ။

မည်သည့်အခါမျှ ထိန်လင်းပာု မခေါ်ခဲ့ကြပါ။ ကျွန်တော်နှင့် အောင်ဆန်း မွေးဖွားခဲ့သော အိမ်ကြီးသည် မရှိတော့ပါ ။ ရှေးအိမ်ကြီးဖြစ်၍ ကျွန်တော်တို့ ဘေးလက်ထက်က တည်ဆောက်ခဲ့ခြင်းဖြစ်သည်ပာုပြောကြပါသည်။ ယခု နတ်မောက်၌ရှိသောအိမ်သည် အောင်ဆန်းမွေးပြီးနောက် နှစ်နှစ်လောက်ရှိမှ ပြောင်းရွှေ့နေထိုင်သောအိမ်ဖြစ်ပါသည်။ ကျွန်တော်တို့ ဘေးဦးရွှေနီသည် နတ်မောက်မြို့ သူကြီးဖြစ်၍ ကျွန်တော်တို့အဖိုးပာု ရေးသားပြောဆိုနေကြသော ဦးမင်းရောင် ခေါ် ရွှေလရောင်သည် ဘေးမကြီး မယ်စိုး၏ ၊ တူ ၊ အဖွား မယ်သူဇာ၏ မောင်တဝမ်းကွဲဖြစ်ပါသည် ။

ကျွန်တော်တို့ ဘေးဘိုးဘီဘင်များသည် အလောင်းဘုရား၏ ရဲေဘော် ခြောက်ကျိပ်ရှစ် အပါအဝင် ဝင်းမင်းကြီး ဦးမြ(ဦးမြတ်) မှ ဆင်းသက်ကြသည်ပာု လူကြီးသူမများ ပြောဆိုသံ ကြားဘူးပါသည်။ အောင်ဆန်းသည် နာမည်နှင့်လိုက်အောင် ဆန်း သူဖြစ်ပါသည်။ အမေးအမြန်းထူ၍ လူကြီးတွေပြန်မဖြေနိုင်သည့် မေးခွန်းများကို မေးလေ့ ရှိပါသည် ၊ မိုးတွင်း ဆောင်းတွင်းပာု ခေါ်ကြသော်လည်း နွေရာသီကို အဘယ့် ကြောင့် နွေတွင်းပာု မခေါ်ကြသလဲပာု မေးရာ လူကြီးများသည် ပြန်၍ မဖြေနိုင်ဘဲ ရယ်နေကြရပါသည်။ ညီအစ်ကိုတဝမ်းကွဲ ရှိသည်လည်း ဘာကြောင့် လင်မယား တဝမ်းကွဲမရှိသလဲ မေးပြန်ရာ လူကြီးများသည် ယခင်က ကဲ့သို့ပင် ပြန်မဖြေနိုင်ဘဲ ရယ်နေကြရပါသည်။ အမေးအမြန်းထူသလောက် အောင်ဆန်းသည် စဉ်းစားတွေးတော ငေးမော နေတတ်ပါသည်။

အငယ်ဆုံးဖြစ်သည့်အတိုင်း မိဘနှစ်ပါးကသာမက အစ်ကို အစ်မများကပါ အလိုလိုက်ကြသည်ဖြစ်ရာ အောင်ဆန်းသည် ကလေးဆိုးကြီးကဲ့သို့ ဖြစ်နေပါသည်။ လိုချင်သည်ကို မရမနေ ငိုယို တောင်းဆိုတတ်ပါသည်။ ရလည်းရပါသည် ကြီးလာသည့်တိုင်အောင် မိမိပြောလိုရာ စွပ်၍ ပြောတတ်ခြင်း လုပ်လိုရာကို စွပ်လုပ်တတ်ခြင်းတို့သည် ငယ်စဉ်က အလိုလိုက်ခံခဲ့ရခြင်းကြောင့် ဖြစ်သည်ပာု ထင်ပါသည်။ မှတ်ချက် ။ တချိန်က မိတ်ဆွေတယောက်က ကျွန်တော်တို့ ဗိုလ်ချုပ်နဲ့ ပတ်သက်ပြီး သုံးသပ်ကြည့်ကြတယ်။ ဗိုလ်ချုပ်ပာာ မိမိပြောလိုရာ လုပ်လိုရာကို စွပ်ပြော စွပ်လုပ်တတ်တယ် ။

ဒါပာာ… အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အာဏာရလို့ ရယ်လို့ သုံးသပ်မိကြတယ် ပာု.. ကျွန်တော်ကို ပြောပါသည်။ ကျွန်တော်က ဒါတင် မကဘူး ဗိုလ်ချုပ်ပာာ မွေးကထဲက အလိုလိုက်ခံခဲ့ရတယ် ပြောရာ ထိုမိတ်ဆွေက ကျွန်တော်တို့ အဲဒါကို သိလဲမသိခဲ့ဘူး။ ထည့်လဲမသုံးသပ်မိခဲ့ဘူး ပာု ပြန်ပြောပါသည်။ စိတ်ဘက်ဆိုင်ရာ ပါရဂူများ၏အဆိုအရ လူတယောက်၏ စိတ်ဓာတ်သည် မိမိ၏ ဘဝပေးအတိုင်း ဖြစ်တတ်သည်။ ဥပမာ လူတယောက်သည် ငယ်စဉ်က ဆိုးသောမိဘများ၏ နှိပ်စက်ခြင်းကိုသော် ၄င်း အခြားသူများ၏ နှိပ်စက်ခြင်းကိုသော် ၄င်း ခံခဲ့ရလျှင် ကြီးလာသောအခါ မယုံသင်္ကာဖြစ်တတ်ခြင်း ကြောက်ရွ့ံ တတ်ခြင်းတို့ ဖြစ်တတ်ပါသည်။

တနည်းအားဖြင့် ဆိုလျှင် ထိုပုဂ္ဂိုလ် မျိုးတွင် အရူံးပေးတတ်သော စိတ်ဓာတ် မျိုးဝင်နေတတ် ပါသည်။ ထိုပုဂ္ဂိုလ်မျိုးသည် မိမိနိုင်လှည့်ကြုံလာသောအခါ ရက်ရက်စက်စက် ပြုကျင့်တတ်သည် ငယ်စဉ်က အလိုလိုက်ခံခဲ့ရပြီး မိမိလုပ်လိုရာ လုပ်ခွင့်ရခဲ့လျှင် ကြီးပြင်းလာသည့်အခါ မိမိလုပ်ချင်သည့်အတိုင်း လုပ် ဝံ့သည်။ လုပ်တတ်သည် တနည်းအား ဖြင့်ဆိုလျှင် ထို ပုဂ္ဂိုလ်မျိုးတွင် မိမိကိုယ် မိမိ ယုံကြည့့်ကိုးစားမူ ရှိတတ်သည်။ ထိုပုဂ္ဂိုလ်မျိုးသည် ရန်သူကို အထင်သေးတတ်သဖြင့် နောက်ဆုံး၌ မိမိပင် ခံရတတ်သည်။ နိုင်ငံရေးခေါင်းဆောင်များ၏ စိတ်နေသဘောထားနှင့် ပတ်သက်၍ သုံးသပ်လိုပါက ကလေးဘဝက နေထိုင်ခဲ့ရပုံကိုပါ ထည့်သွင်းစဉ်းစားလျှင် မမှားနိုင်ပာု ကျွန်တော်ယုံကြည့်ပါသည်။ အလိုလိုက်ခံရသော်လည်း အောင်ဆန်းမှာ မတရားလုပ်ချင်သည့်စိတ် မတရားအခွင့်အရေး လိုချင်သည့်စိတ်ဓာတ်မျိုးမရှိပါ ။

မိမိကိုယ်ကိုမိမိ ယုံကြည်သူဖြစ်သည့်အတိုင်း သူများအား မနာလိုသည့်စိတ် မရှိပါ မိမိထက် ကြောသွားမည်ကို စိုးသည့်အတွက် သူများအား ခြေထိုးလိုသည့် စိတ်မျိုးလည်း အလျဉ်းမရှိပါ အောင်ဆန်းနှင့် အချို့နိုင်ငံရေးခေါင်းဆောင်များ ကွာခြားခြင်းသည် ထိုစိတ်ဓာတ် အခြေခံကြောင့်ပင် ဖြစ်သည်ပာု ကျွန်တော်ထင်ပါသည်။ အောင်ဆန်းသည် အလွန်ရိုးသား၍ စားချင်လျှင် စားချင်သည်။ လိုချင်လျှင် လိုချင်သည်။ ကြောက်လျှင် ကြောက်သည်စသည်ဖြင့် ဖွင့်ပာဝန်ခံတတ်ပါသည်။ မည့်သည့်အခါမှ လိမ်မပြောတတ်ပါ။ ကျွန်တော်တို့ငယ်စဉ်က နတ်မောက်ဆွမ်းကြီးလောင်းအသင်းက ကြီးမူး၍ ဝါတွင်း၌ အပတ်စဉ် အိုစည်ဗုံမောင်းဖြင့် အလှူခံထွက်ပါသည်။ လူတယောက်က ဖိုးသူတော်အရုပ်ကြီးထဲ ဝင်ပြီး ကပါသည် ထိုအရုပ်ကြီးကို အောင်ဆန်း အလွန်ကြောက်ပါသည် ။

အရုပ်ကို ကြောက်ရကောင်းလား ပာု… ဖခင်က ဆူပူပြစ်တင်သောအခါ ဖင်ခေါင်းထဲသွင်းထား ဘယ့်နဲ့လုပ်မလဲဗျာ့ပာု ပြန်ဖြေပါသည်။ ခေါင်းတုန်တုန် လည်တုန်တုန် ဖြစ်နေသော မယ်ရွှေမယ်ဆိုသည့် အမယ်ကြီးကိုလည်း သူကြောက်၍ ကြောက်ကြောင်းကိုလည်း သူဝန်ခံပါသည်။ ညအိပ်လျှင် မိခင်ကို ဖက်အိပ်လေ့ရှိ၍ မိခင်ကို သူဘက်သို့ အမြဲလှည့်အိပ်စေချင်သည်။ အိမ်နားရှိ ကာကာ ဆိုင်သို့လည်း သူမသွားရဲပါ။ တနေ၌ ကာကာ ဆိုင်သို့သွား၍ ဘီ- ဒီ ဆေးလိပ်များဝယ်ပြီးလျှင် ချိုးကြည့်ပါသည်။ မိခင်သိသောအခါ ကလေးအား ဆေးလိပ်ရောင်းလိုက်သော (ကုလား) ထံ သွား၍ ဆူပူပြစ်တင်ပါသည်။

ဆိုင်ရှင် ကာကာ က မိခင်ကိုတောင်းပန်၍ အောင်ဆန်းဘက်လှည့်ကာ နောက်တခါလာရင် ဘန်ဘူးပေးမယ် ပာု ပြောလိုက်ရာ အောင်ဆန်းက ဘန်ဘူးပေးမယ်ဆိုတာ ဘာလဲ ပာု မိခင်ကို မေးပါသည်။ မိခင်က ဘန်ဘူးပေးမယ်ဆိုတာ ရိုက်မယ်လို့ပြောတာ ပာု ပြောလိုက်ရာ အောင်ဆန်းသည် ထိုနေ့မှစ၍ ကာကာ ဆိုင်သို့ မသွားတော့ပေ ။

နေမကောင်းလျှင် ပိုက်ဆံပေးမှ ဆေးသောက်မည်ပာု အကြပ်ကိုင်တတ်သဖြင့် အောင်ဆန်းသည် နေမကောင်းတိုင်း မိခင်ထံမှ ငွေဒင်္ဂါး လေး ငါးဆယ် ရပါသည် (ထိုခေတ်က ငွေစက္ကူ ပေါ်သေးပာန်မတူပါ နတ်မောက်၌ တဆိုင်တည်းသာရှိသော ကာကာ ဆိုင်သို့ မသွားရဲသဖြင့်သူလိုချင်သည့် ပစ္စည်းများကို ကျွန်တော်က ဝယ်ပေးရပါသည် ကျွန်တော်လိုချင်သည့်တို့ကိုလည်း သူငွေဖြင့်ပင် ဝယ်ခွင့်ပေးပါသည်။ ညီအစ်ကိုရန်ဖြစ်သောအခါ သူငွေ ပြန်ပေးရန် တောင်းတတ်ပါသည်။ မိခင်က မင်း အစက ဘာလို့ ပေးသလဲ ပာု မေးသောအခါ …. အို…. သူက ညီအကိုချင်းဘဲကွာ ဘာ ညာ နဲ့ ပြောတာကိုးဗျာ့ပာု ပြန်ဖြေသဖြင့် ကျွန်တော်တို့ ရယ်ကြရပါသည် ။

အောင်ဆန်းသည် မည်သည့်အခါမှ လုပ်ကြံ၍ လည်ဆည်၍ မပြောတတ်ပါ ပေးခဲ့လျှင် ပေးခဲ့သည် လုပ်ခဲ့လျှင် လုပ်ခဲ့သည်ပာု ပွင့်ပွင့်လင်းလင်း ဖွင့်ပာဝန်ခံတတ်ပါသည်။ ကျွန်တော်တို့ မိခင်သည် အလွန် ပညာလိုလားရကား ကျွန်တော်တို့ ငါးနှစ်ခြောက်နှစ်အရွယ် ရောက်လျှင် ကျောင်းထားပါသည်။ အောင်ဆန်းသည် ကျောင်းနေရမှာ ကြောက်သဖြင့် အမနေမှ နေမယ်ပာု မိခင်ကို ပြောပါသည်။ (ကျွန်တော်တို့မိခင်ကို ကျွန်တော်တို့က အမ ပာု ခေါ်ကြပါသည်) ထွေးဆုံးသားကလေးကို အလွန်ချစ်ခင်သော မိခင်ကလည်း အောင်ဆန်းကို ကျောင်းမပို့ ရက်ဘဲ ခွင့်လွတ်ထားရပါသည်။

ကျွန်တော်တို့ ၁၁နှစ်သားအရွယ် ရောက်သောအခါ ရှင်ပြု၍ ကိုရင် ဝတ်ပါသည်။ ခုနှစ်နှစ်ကျော် ရှစ်နှစ်သားရှိနေပြီဖြစ်သော အောင်ဆန်းသည် ကျောင်းမနေသေးသော်လည်း ကျွန်တော်ထံ နေ့စဉ်လာပါသည်။ ထို့သိုလာရင်း ကိုရင် ဝတ်ချင်စိတ်ပေါက်လာသဖြင့် ကိုရင်ဝတ်ပေးရန် မိခင်ကို ပူဆာပါသည် ချက်ကောင်းကိုယူတတ်သော မိခင်က ကိုရင်ဝတ်တယ်ဆိုတာ လွယ်တာ မပာုတ်ဖူးကွ ၊ စာတတ်မှ ဝတ်လို့ ရတာ မင်းလို စာမတတ်တဲ့လူက ကိုရင်ဝတ်လို့ ဘယ်ဖြစ်မလဲ ပာု ဆွ ပေးလိုက်ပါသည် ။ ဒီလိုလား ၊ ဒီလိုဆို ကျောင်းနေမယ် ပာု ပြောပြီး အောင်ဆန်းသည် ထိုအချိန်မှစ၍ ကျောင်းနေပါတော့သည် ။ (မှတ်ချက် ။ ၁၉၃၂ – ၃၃ ခုကောလိပ်ကျောင်းရောက်စ ပထမနှစ် ၌ လည်း အောင်ဆန်းသည် သင်္ကန်းဝတ်၍ အီတာလီယံ ဘုန်းတော်ကြီး ဦးလောကနထနှင့်အတူလိုက်ကာ သာသနာပြုလိုစိတ် ဖြစ်ပေါ် လာသဖြင့် မိခင်ထံ ခွင့်တောင်းဘူးပါသည် မိခင်က ခွင့်မပြုသဖြင့် မလိုက်ဖြစ်ခဲ့ပေ) ဤ သို့ဖြင့် အောင်ဆန်းသည် နတ်မောက် ရှိ ဒီပင်္ကရာကျောင်းခေါ် ဦးသောဘိတကျောင်းသားဖြစ်လာပါသည် ဦးသောဘိတကျောင်းသည် ဘုန်းကြီးကျောင်းဖြစ်သော်လည်း အတန်းကျောင်းဖြစ်ပါသည် ထိုခေတ်က ထိုကျောင်းမျိုးကို လောကဓာတ်ကျောင်းပာု ခေါ် ကြပါသည် ။

ဆက်လက်ဖော်ပြပါ့မည်။

အောင်သန်း၏ အောင်ဆန်း စာအုပ်မှ ။

#မြန်မာ့တို့သိသင့်တဲ့သမိုင်းထဲကဗမာ့

=
=

Related posts

error: Alert: Content is protected !!