Search
..

သင်ပိုင်တဲ့ အချိန်ကို သင်ကိုယ်တိုင် စီမံခန့်ခွဲမှု မလုပ်နိုင်ရင် လက်ရှိထက် နိမ့်ကျတဲ့ ဘ၀ကိုပဲ သင် မျှော်လင့်ရလိမ့်မယ်

အချိန်ကို ဘယ်လို စီမံခန့်ခွဲမလဲ (How to manage your time)

သင့်ရဲ့ဘ၀ကို ပိုကောင်းအောင်ပြောင်းလဲဖို့ ကြိုးစားရာမှာ အရေးကြီးဆုံးစည်းမျဉ်းတစ်ခုကတော့ အချိန်ကို စီမံခန့်ခွဲ တတ်ခြင်းပါပဲ။ လူတော်တော်များများဟာအလုပ်အကိုင်တွေ၊ ပုဂ္ဂိုလ်ရေးကိစ္စတွေနဲ့ စိတ်ဖိစီးနေကြရပါတယ်။

ဒီအခြေအနေထဲကနေ ဘယ်လို ထွက်ရမယ်ဆိုတာ လည်း မသိကြဘူး။ သူတို့ပြောင်းလဲနိုင်တဲ့အရာ ဘာမှမရှိကြဘူးလို့ ထင်နေကြတယ်။ဒါပေမဲ့ အဓိက ပြဿနာဟာ အချိန်မလောက်ငှခြင်းကြောင့်လို့ စိတ်ပညာရှင်တွေကဆိုပါတယ်။

သင့်ကိုယ်သင် ပြောင်းလဲချင်စိတ် ရှိရပါမယ်။ အပြောင်း အလဲတွေ လုပ်ဖို့အကောင်းဆုံးနည်းလမ်းကတော့ သင့်ရဲ့အချိန်ကို ထိထိရောက်ရောက်စီမံခန့်ခွဲတတ်ခြင်း ပါပဲ။အချိန်စီမံခန့်ခွဲမှုဆိုတာကတော့ဘယ်ကိစ္စတွေက အရေးကြီးတယ်၊ ဘယ်ကိစ္စတွေက အရေးမကြီးဘူး ဆိုတာကို ခွဲခြားတတ်တဲ့ စွမ်းရည်တစ်မျိုးပါပဲ။ ဆိုလိုတာကတော့ဘယ်ကိစ္စတွေကို အရင်လုပ်ရမယ်၊ ဘယ်ဟာကိုတော့ နောက်မှ လုပ်ရမယ်ဆိုတာ ခွဲခြားတတ်ရမယ်ပေါ့။ ဒါပေမယ့် အချိန်စီမံခန့်ခွဲမှု (Time Management) ကို အသုံးမပြုခင်မှာသင်လုပ်ရမယ့် အရာတစ်ချို့ရှိပါတယ်။ အဲဒါတွေ မရှိဘူးဆိုရင်တော့ သင့်ရဲ့ အားထုတ်မှုတွေဟာ အရာထင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သင့်ရဲ့အချိန်ကို ထိထိရောက်ရောက်စီမံခန့်ခွဲနိုင်မယ့် နည်းလမ်း ၈ခုကို ပေးချင်ပါတယ်။

၁။ စာရင်းများ ပြုလုပ်ပါ သင် လုပ်စရာမှန်သမျှကို အစီအစဉ်ဆွဲထားပါ။ ပြီးတော့ အဲဒါတွေကိုစာရွက်ပေါ်မှာချရေးပါ။ (ကွန်ပျူတာနဲ့ ရေးမယ်ဆိုရင်တော့ notepad ဟာ အကောင်းဆုံးလို့ ထင်ပါတယ် )

၂။ သင့်ကိုယ်သင် အားပေးပါ သင့်ရဲ့ စာရင်းထဲက အလုပ်တစ်ခုကို လုပ်ပြီးတိုင်း အဲဒီအလုပ်အတွက် သင့်ကိုယ်သင် ဆုချီးမြှင့်ပါ။ လမ်းထွက်လျှောက်တာပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ်
သင်လုပ်ချင်တာတစ်ခုခုကို လုပ်လိုက်ပါ။

၃။ တစ်ကြိမ်မှာ တစ်ခု ကျနော်တို့ရဲ့ ဦးနှောက်ဟာ တစ်ကြိမ်မှာ အလုပ် ကိစ္စတစ်ခုကိုပဲအာရုံစိုက်မယ်ဆိုရင် ပိုပြီး ထိထိ ရောက်ရောက် စွမ်းဆောင်နိုင်ပါတယ်။ ဆိုလိုတာကတော့ တစ်ပြိုင်နက်တည်း အလုပ်တွေ အများကြီးလုပ်လေ၊ စွမ်းဆောင်ရည် ကျဆင်းလေပါပဲ။

၎။ အလုပ်တွေကို အချိန်မဆိုင်းပါနဲ့ ဒါကတော့ ရိုးရှင်းပါတယ်။ အချိန်ဆွဲခြင်းဟာ ကျနော်တို့အတွက် အဓိက ရန်သူပါပဲ။

၅။ ကိစ္စတိုင်းအတွက်နောက်ဆုံး အချိန်ကိုသတ်မှတ်ထားပါ သင့်ရဲ့လုပ်စရာကိစ္စတိုင်း အတွက် နောက်ဆုံးပြီးရမယ့် ရက်တွေကိုသတ်မှတ်ထားမယ်ဆိုရင် အချိန်တွေအများကြီး သက်သာတာကို
အသေအချာ တွေ့ရပါလိမ့်မယ်။

၆။ သင်ဝါးနိုင်တာထက် ပိုမကိုက်ပါနဲ့ (Don’t bite off more than you can chew) လူတော်တော်များများက အလုပ်တွေ အများကြီးကို လုပ်ကြတယ်။ အရာရာတိုင်းကိုလုပ်နိုင်ဖို့ ကြိုးစား ကြတယ်။ ဒါပေမဲ့ ရလာဒ်ကတော့ အမြဲတမ်း အနှုတ်လက္ခာပြနေတာပါပဲ။ ဒါကြောင့် တစ်ချိန်တည်းမှာ အလုပ်တွေအများကြီးလုပ်မယ်ဆိုရင် သင် မောပန်း လာပါလိမ့်မယ်။

၇။ ဒိုင်ယာရီ စရေးပါ သင့်ရဲ့ အတွေးတွေအားလုံးကို ချရေးနိုင်မယ့် ဒိုင်ယာရီ ကို စတင်ပါ။ ဒိုင်ယာရီထဲမှာ အစီအစဉ်တွေ ပြုလုပ်နိုင်တယ်။ အဲဒါတွေကို ပုံဖော်ကြည့်နိုင်တယ်။ အဲဒါအပြင် သင့်ရဲ့ ရလာဒ်တွေကိုပါ မှတ်သားထားနိုင်တယ်။ တိုတိုပြောရရင်၊ ဒိုင်ယာရီရဲ့အကူအညီနဲ့ သင့်ကိုယ်သင် ဆန်းစစ်နိုင်ပါလိမ့်မယ်။

၈။ မပင်ပန်းပါစေနဲ့ သင့်ရဲ့ အလုပ်တွေ၊ တာဝန်တွေနဲ့ ပင်ပန်းလာပြီဆိုရင် ရလာဒ်ကောင်းတွေကို မရနိုင်ပါဘူး။ ဒါ့အပြင် သင့်ရဲ့အချိန်ကို ဖြုန်းတီးသလိုတောင်ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် သင့်ကိုယ်သင် မပင်ပန်းအောင် ဂရုစိုက်ပါ။ အလုပ်တွေတစ်ခုပြီးတစ်ခု ဆက်တိုက်လုပ်မနေဘဲ အနားယူတတ်ပါစေ။

Ref: Time Management from 10 Steps to a Better Life by Roman Soluk

============

Read Other Articles >>

 သတ်မှတ်ထားသည့် အသက်ပြည့်/အရွယ်ရောက်ပြီးသူ အလုပ်သမားတိုင်းသည်

• အလုပ်သမားအဖွဲ့အစည်းတွင် ၄င်းတို့၏ဆန္ဒအလျှောက်ပါဝင်ခွင့်/နှုတ်ထွက်ခွင့်ရှိသည်။

• အလုပ်သမားများသည် ၄င်းတို့လုပ်ကိုင်နေသည့် လုပ်ငန်းကဏ္ဍတွင် အနည်းဆုံး အလုပ်သမားအဖွဲ့အစည်းတစ်ခုတွင် ပါဝင်နိုင်သည်။

• အခြေခံအလုပ်သမားအဖွဲ့အစည်းကို သက်ဆိုင်ရာကဏ္ဍတွင် အနည်းဆုံးအလုပ်သမားဦးရေ (၃၀)ရှိပါကဖွဲ့စည်းနိုင်သည်။

• အလုပ်သမားအဖွဲ့အစည်းတစ်ရပ်ကိုဖွဲ့စည်းရာတွင် စုစုပေါင်းအလုပ်သမားဦးရေး၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်းကထောက်ခံရမည်။

• (မြို့နယ်၊ ပြည်နယ်၊ တိုင်းဒေသကြီး၊ အဖွဲ့ချုပ်၊ အလုပ်သမားရေးရာအဖွဲ့) အလုပ်သမားအဖွဲ့အစည်းများကိုဖွဲ့စည်းနိုင်သည်။

 “အလုပ်ရှင်” အဖွဲ့အစည်းများကိုလည်း ယှဉ်ပြိုင်အဖွဲ့အစည်းများနည်းတူ ယှဉ်ပြိုင်ဖွဲ့စည်းနိုင်ခွင့်ရှိသည်။

• အလုပ်သမားအဖွဲ့အစည်းများသည် အလုပ်ရှင်နှင့်ညှိနှိုင်းဆွေးနွေးနိုင်သည်။ ညှိနှိုင်းဆွေးနွေးမှုမအောင်မြင်ခဲ့ပါက တောင်းဆုမှုပြုနိုင်သည်။

• အလုပ်သမားအဖွဲ့အစည်းအနေဖြင့် ဥပဒေနှင့်အညီတောင်းဆိုမှုများကို လွတ်လပ်စွာဖော်ထုတ်နိုင်သည်။

• မိမိ၏တောင်းဆိုချက်များအတွက် ညှိနှိုင်းဆွေးနွေးခြင်း၊ ဖျန်ဖြေခြင်း၊ ခုံသမာဓိနည်းလမ်းအရ အဆုံးအဖြတ်ခံယူခြင်း စသဖြင့်အဆင့်ဆင့်လုပ်ဆောင်ပြီးနောက် အလုပ်သမားအဖွဲ့ချုပ်၏ သဘောတူခွင့်ပြုချက်ဖြင့် သပိတ်မှောက်ဆန္ဒပြနိုင်သည်။ အလုပ်ရှင်မှာလည်း အလုပ်ကိုပိတ်ပစ်နိုင်သည်။

• အလုပ်ရှင်များသည် အလုပ်သမားတစ်ဦးကို အလုပ်သမားအဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ် ပါဝင်မှုကြောင့်ဖြစ်စေ၊ သပိတ်မှောက်ရာတွင် ပါဝင်မှုကြောင့်ဖြစ်စေ အလုပ်မှထုတ်ပယ်ခြင်း၊ မပြုရ။

• တရားဝင် ခွင့်ပြုထားခြင်းမရှိသည့် ဥပဒေနှင့်ဆန့်ကျင်သော သပိတ်မှောက်ရာတွင်ပါဝင်သော အလုပ်သမားအား (၃၀၀၀၀) ကျပ်ထက်မပိုသော ငွေဒဏ်ရိုက်နိုင်ပါသည်။

Credit : UMFCCI/Supported by ILO paper

=
=

Related posts

sorry...

Website is Protected by WordPress Protection from eDarpan.com.