Search
..

ဘုန္းႀကီးတစ္ပါး ဆြမ္းခံၾကြေနတာကို ျမင္တဲ့ ဖားတစ္ေကာင္ရဲ႕ အေတြး 

ဘုန္းႀကီးတစ္ပါး ဆြမ္းခံၾကြေနတာျမင္တဲ့ ဖားတစ္ေကာင္ရဲ႕ အေတြး

တခ်ိန္က ဖားငယ္ေလးတေကာင္ဟာ ဘုန္းေတာ္ႀကီးေက်ာင္းႏွင့္မနီး မေဝးမွာေနၿပီး ဘုန္ႀကီးေတြဆြမ္းခံႂကြၿပီးျပန္အလာ ဆြမ္းဘုန္းေပးတာကို ၾကည့္ရင္း အေတြးတခုဝင္လာတယ္

အင္း…ငါသာ ဘုန္းႀကီး ျဖစ္ရင္သိပ္ေကာင္းမွာပဲ…

အလုပ္ဆိုလို႔ ေထြေထြထူးထူးလုပ္စရာမလိုပဲမိုးလင္းလမ္းေလၽွာက္ထြက္ရုံမၽွနဲ႔ တဝမ္းစာကိုပူပင္စရာမလိုပဲေနၾကရတာကို ေတြးၿပီးအားက်ေနမိတယ္….

ဆြမ္းဘုန္းေပးအၿပီးမွာ ဘုန္ႀကီးေက်ာင္းသားေတြကိုျမင္ျပန္ေတာ့ ကိုေရႊဖားက အေတြးေျပာင္းျပန္တယ္ဘုန္းႀကီးေတြလို အေစာႀကီးထစရာမလိုပဲအခ်ိန္လၽွင္ထစားရတဲ့ ဘုန္းႀကီးေက်ာင္းသားေတြကိုအားက်ေနမိျပန္တယ္…

ဘုန္ႀကီးေက်ာင္းသားမ်ား စားမကုန္တဲ့ထမင္းဟင္းေတြကို ေက်ာင္းေစာင့္ေခြးမ်ားကို ေကၽြးတာျမင္ေတာ့လည္း ေရွ႕နည္းတူကိုေရႊဖားက ခုံတလုံးမွသိမ္းစရာမလို ပန္းကန္တလုံးမွ ေဆးစရာမလိုပဲစားေနရတဲ့ေခြးေတြကို အားက်မိျပန္တယ္…

ေခြးမ်ားစားၿပီး မကုန္တဲ့ အရိုးအကပ္ေတြကိုလာစားတဲ့ ယင္ေကာင္ေတြ ျမင္မိေတာ့လည္းသူတို႔ေတြက ေက်ာင္းေစာင့္ၿပီး ေဟာင္ေနရတဲ့ေခြးေလာက္ေတာင္ မပင္ပန္းပဲ စားရတဲ့အျဖစ္ကိုအားက်ေနျပန္တယ္….

ထိုသို႔ အားက်ေနခိုက္ အရိုးနားက ယင္တစ္ေကာင္ဖားနားသို႔ ပ်ံ၍ျဖတ္သန္းမိရာ ဖားတို႔ရဲ႕သဘာဝအတိုင္း လၽွာထုတ္၍ ပစ္ဖမ္းၿပီးစားမိကာမွကိုေရႊဖားလည္း အသိတရားဝင္လာတယ္….။

သူဆိုတာ ငါမဟုတ္ ငါဆိုတာလည္း သူမဟုတ္သူ႔အလုပ္နဲ႔သူ သူ႔ေနရာႏွင့္သူ သူဒုကၡနဲ႔သူသူကိုအားက်ေနသမၽွ ငါလည္း အစာဝမည္မဟုတ္…

လူအမ်ားစုက ကိုယ့္အလုပ္ကိုယ္လုပ္ၾကေပမယ့္ကိုယ့္ထက္သာသူေတြကို အားက်မိတတ္ၾကတယ္အဲသလို အားက်မူ႔ေတြေၾကာင့္လည္း လုပ္သမၽွမေအာင္ျမင္ပဲ ဆုံးရူံးတတ္ၾကတယ္…။

လူ တစ္ဦးတေယာက္ စီမွာ အားက်စရာေတြရွိသလို စိတ္ပ်က္စရာေတြကလည္း ကိုယ္စီနဲ႔ပါသူတပါးအားက်၍ ကိုယ္ဝမ္းဝမည္ မဟုတ္သလို..

ကိုယ္လုပ္မွကိုယ္စား ကိုယ္ရုန္းမွ ကိုယ္လြတ္မယ့္ဒုကၡအခက္ခဲၾကားမွာ ကိုယ့္ဘဝ ကိုယ့္စတိုင္နဲ႔မယိုင္မလဲ တၿပိဳင္တည္း ျမဲျမဲေလၽွာက္ႏိုင္မွသာလၽွင္ကိုယ့္ဘဝက သာယာႏိုင္မွာပါေလ ။

CREDIT

===============

ဖားပုံပြင်

တချိန်က ဖားငယ်လေးတကောင်ဟာ ဘုန်းတော်ကြီးကျောင်းနှင့်မနီး မဝေးမှာနေပြီး ဘုန်ကြီးတွေဆွမ်းခံကြွပြီးပြန်အလာ ဆွမ်းဘုန်းပေးတာကို ကြည့်ရင်း အတွေးတခုဝင်လာတယ်

အင်း…ငါသာ ဘုန်းကြီး ဖြစ်ရင်သိပ်ကောင်းမှာပဲ…

အလုပ်ဆိုလို့ ထွေထွေထူးထူးလုပ်စရာမလိုပဲမိုးလင်းလမ်းလျှောက်ထွက်ရုံမျှနဲ့ တဝမ်းစာကိုပူပင်စရာမလိုပဲနေကြရတာကို တွေးပြီးအားကျနေမိတယ်….

ဆွမ်းဘုန်းပေးအပြီးမှာ ဘုန်ကြီးကျောင်းသားတွေကိုမြင်ပြန်တော့ ကိုရွှေဖားက အတွေးပြောင်းပြန်တယ်ဘုန်းကြီးတွေလို အစောကြီးထစရာမလိုပဲအချိန်လျှင်ထစားရတဲ့ ဘုန်းကြီးကျောင်းသားတွေကိုအားကျနေမိပြန်တယ်…

ဘုန်ကြီးကျောင်းသားများ စားမကုန်တဲ့ထမင်းဟင်းတွေကို ကျောင်းစောင့်ခွေးများကို ကျွေးတာမြင်တော့လည်း ရှေ့နည်းတူကိုရွှေဖားက ခုံတလုံးမှသိမ်းစရာမလို ပန်းကန်တလုံးမှ ဆေးစရာမလိုပဲစားနေရတဲ့ခွေးတွေကို အားကျမိပြန်တယ်…

ခွေးများစားပြီး မကုန်တဲ့ အရိုးအကပ်တွေကိုလာစားတဲ့ ယင်ကောင်တွေ မြင်မိတော့လည်းသူတို့တွေက ကျောင်းစောင့်ပြီး ဟောင်နေရတဲ့ခွေးလောက်တောင် မပင်ပန်းပဲ စားရတဲ့အဖြစ်ကိုအားကျနေပြန်တယ်….

ထိုသို့ အားကျနေခိုက် အရိုးနားက ယင်တစ်ကောင်ဖားနားသို့ ပျံ၍ဖြတ်သန်းမိရာ ဖားတို့ရဲ့သဘာဝအတိုင်း လျှာထုတ်၍ ပစ်ဖမ်းပြီးစားမိကာမှကိုရွှေဖားလည်း အသိတရားဝင်လာတယ်….။

သူဆိုတာ ငါမဟုတ် ငါဆိုတာလည်း သူမဟုတ်သူ့အလုပ်နဲ့သူ သူ့နေရာနှင့်သူ သူဒုက္ခနဲ့သူသူကိုအားကျနေသမျှ ငါလည်း အစာဝမည်မဟုတ်…

လူအများစုက ကိုယ့်အလုပ်ကိုယ်လုပ်ကြပေမယ့်ကိုယ့်ထက်သာသူတွေကို အားကျမိတတ်ကြတယ်အဲသလို အားကျမူ့တွေကြောင့်လည်း လုပ်သမျှမအောင်မြင်ပဲ ဆုံးရူံးတတ်ကြတယ်…။

လူ တစ်ဦးတယောက် စီမှာ အားကျစရာတွေရှိသလို စိတ်ပျက်စရာတွေကလည်း ကိုယ်စီနဲ့ပါသူတပါးအားကျ၍ ကိုယ်ဝမ်းဝမည် မဟုတ်သလို..

ကိုယ်လုပ်မှကိုယ်စား ကိုယ်ရုန်းမှ ကိုယ်လွတ်မယ့်ဒုက္ခအခက်ခဲကြားမှာ ကိုယ့်ဘဝ ကိုယ့်စတိုင်နဲ့မယိုင်မလဲ တပြိုင်တည်း မြဲမြဲလျှောက်နိုင်မှသာလျှင်ကိုယ့်ဘဝက သာယာနိုင်မှာပါလေ ။

CREDIT

=
=

Related posts

sorry...

Website is Protected by WordPress Protection from eDarpan.com.