Search
..

AYA Debit Card ​ကြောင့်​ ကျပ်​သိန်း ၁၂၀ ​ကျော်​ဆုံးရှုံးလိုက်​ရတဲ့ အမျိုးသမီးတ​ယောက်​ရဲ့ ရင်​ဖွင့်​စကား

AYA Debit Card ​ကြောင့်​ ကျပ်​သိန်း ၁၂၀ ​ကျော်​ဆုံးရှုံးလိုက်​ရတဲ့ အမျိုးသမီးတ​ယောက်​ရဲ့ ရင်​ဖွင့်​စကား…

ကျွန်မရဲ့ ကျပ်သိန်း ၁၂၀ တန် အတွေ့အကြုံ

(Debit Card/Credit Card/Visa Card/Master Card အစရှိသော ကဒ်အမျိုးမျိုးအား အသုံးပြုနေသော သူငယ်ချင်း မိတ်ဆွေများ သိရှိစေရန် ဒီပို့စ်ကို တင်ခြင်းဖြစ်ပါသည်)

ဖြစ်ပုံအကြောင်းစုံမှာ …

– ကျွန်မသည် America သို့ ရက်ရှည်ခရီးထွက်ရန်ရှိသဖြင့် 8th Sep 2017 တွင် အလုံမြို့နယ်ရှိ River View Condo တွင်ဖွင့်လှစ်ထားသော AYA Bank တွင် World Travel Card (Debit Card) အား ဖွင့်လှစ်၍ Usd 10,000 ကဒ်တွင်းသို့ ဖြည့်ခဲ့ပါသည်

– Los Angeles မြို့၌ မိသားစုဖြင့် လည်ပတ်နေစဉ်

၂၅ ရက်နေ့ ညနေ ၄ နာရီခန့် (မြန်မာစံတော်ချိန် မနက် ၆:၃၀ ခန့်) တွင် ကျွန်မ၏ World Travel Card အခိုးခံရကြောင်း သတိထားမိသည့် တစ်ပြိုင်နက် AYA ၏ 24 Hours Customer Service Phone no. ဟု ကြေငြာထားသော ဖုန်း ၂ လုံး 09250402225, 0991049230 အား ဆက်သွယ်ခဲ့ပါသည် (ထိုဖုန်းနံပါတ်များသည် ကျွန်မအား ကဒ်ထုတ်ချိန်တွင် ပေးလိုက်သော စာရွက် စာတမ်းများမှဖြစ်သည်)

– အကြိမ်ကြိမ်အခါခါဆက်ပါသော်လည်း ဖုန်း ၂ လုံးလုံးမှာ စက်ပိတ်ထားသည်ဟုသာ ဖြေကြားခဲ့ပါသည်

သို့ဖြစ်ပါ၍ ကျွန်မသည် ရန်ကုန်ရှိ အသိမိတ်ဆွေများအား ဆက်သွယ်အကူအညီတောင်းခဲ့ရာ မြန်မာစံတော်ချိန် နံနက် ၉ နာရီခန့် (Los Angeles တွင် ည ၇ နာရီခန့်) မိတ်ဆွေတစ်ယောက်နှင့် အဆက်အသွယ်ရကာ ထိုမိတ်ဆွေမှ AYA Bank မှ တာဝန်ရှိသူတစ်ဦးအား ချက်ချင်း အကြောင်းကြားပေးခဲ့ပါသည်

– ကျွန်မ၏ညီမတစ်ဦးမှလည်း မနက် ၉ နာရီမထိုးခင်ချိန်ကတည်းက ဘဏ်ရှေ့တွင် ငုတ်တုတ်ထိုင်စောင့်ပြီး ကဒ်ပိတ်ရန် စောင့်ပေးလျက်ရှိပါသည်

– တစ်နာရီခန့်အကြာတွင် သိရှိရသည်မှာ Bloomingdales ဟု ခေါ်သော Departmental Store တွင် Transactions ၅ ကြောင်း .. Target Departmental Store တွင် ၁ ကြောင်း စုစုပေါင်း USD 9000 နီးပါး (မြန်မာကျပ်ငွေ ၁၂၂ သိန်းခန့်) အား အသုံးပြုထားသည်ဟုသိရှိရပါသည် ..

– ထို Transactions များအား cancel လုပ်ခိုင်းခဲ့သော်ငြား ကျွန်မနားမလည်သော Visa ၏ System အလုပ်လုပ်ပုံများကြောင့် cancel လုပ်၍မရကြောင်း

ထို့ကြောင့် “ဒီ transactions များသည် ကျွန်မ အသုံးပြုခြင်း မဟုတ်သည့်အတွက် ကျွန်မအနေနဲ့ ပိုက်ဆံများကို ပြန်လည်ရယူလိုပါသည်” ဟုသာ AYA BANK အား ပြောကြားခဲ့ပါသည်

– LA မှ သက်ဆိုင်ရာ နယ်မြေ ရဲဌာနသို့လည်း သွားရောက် အမှုဖွင့်ခဲ့ပါတယ်

– ၃၁ ရက်နေ့ အောက်တိုဘာတွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ပါသည်

– ၁ ရက်နေ့ နိုဝင်ဘာမှ ၂၁ ရက်နေ့ ဒီဇင်ဘာထိ ဖုန်း ၃ ကြိမ်သာ AYA BANK နှင့် အဆက်အသွယ်ရခဲ့ပါသည်

၂ ကြိမ်မှာ ကျွန်မမှ ခေါ်ခြင်းဖြစ်ပြီး ၁ ကြိမ်မှာ သူတို့ဘက်မှ ခေါ်ဆိုခြင်းဖြစ်သည်

– ၄ ရက်နေ့ ဒီဇင်ဘာတွင် AYA သို့ အခြေအနေမေးရန် ဖုန်းဆက်ခဲ့ရာ တာဝန်ရှိသူမှ Visa Company မှ ထို transactions များကို တာဝန်မယူနိုင်ကြောင်း နောက်ထပ် အဆင့်ထပ်တက်၍ဖြေရှင်းရန် မလွယ်ကူတော့ကြောင်း ပြောကြားခဲ့ပါသည်

ကျွန်မအနေဖြင့် ထိုအဖြေကိုလက်မခံနိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့ရာ AYA မှ အထက်လူကြီးကို မေးမြန်း၍အကြောင်းပြန်ပါမည်ဟု ပြောကာ ဖုန်းချခဲ့ပါသည်

– သို့သော်ငြား ၂၀ ရက်နေ့ ဒီဇင်ဘာလထိ AYA မှ ဖုန်းလက်ခံခြင်းမရှိခဲ့ပါ

ထို့ကြောင့် ၂၁ ရက်နေ့ မနက် ၁၁:၃၀ ခန့်တွင် AYA ရုံးသို့ ကျွန်မကိုယ်တိုင်သွားရောက်၍ အကျိုးကြောင်းကို မျှော်လင့်ချက်ကြီးစွာ မေးမြန်းခဲ့ပါသည်

– အဖြေမှာ အလွန်အားရကျေနပ်ဖွယ်ရှိပါသည်

အထက်လူကြီးဆိုသူမှာ ခရီးသွားနေပါသဖြင့် ယနေ့ချိန်ထိ ကျွန်မ ကိစ္စအား ကိုင်တွယ်ဖြေရှင်းခြင်းမပြုရသေးပါကြောင်း …

ဟုတ်ကဲ့ ကျွန်မစိတ်ဓာတ်တွေအတော်ကျခဲ့ရပါတယ်

 

အတော်လည်း ခံပြင်းပါတယ်

Customer တစ်ယောက်အနေနဲ့ ဘယ်လိုမှ ကျေနပ်ဖွယ်ရာမရှိတဲ့ ခံစားချက်ကို ကျွန်မမှလွဲ၍ မည်သူမှ ခံစားနားလည်နိုင်မည်မဟုတ်ပါ

– ကနဦးအစ 24/7 customer service call center မှ ဖုန်းမပိတ်ထားခဲ့လျှင် ထိုကဲ့သို့ ကိစ္စမျိုး ကျွန်မ၌ ဖြစ်ပေါ်မည်မဟုတ်ချေ

– Visa Company မှ ကျွန်မ၏ chargeback ကိစ္စအား reject လုပ်ခြင်းကို ကျွန်မစိတ်မဝင်စားပါ

– ကျွန်မသည် AYA ၏ customer ဖြစ်သည့်အတွက် AYA ၏ ဖြေရှင်းမှု တာဝန်ယူမှုသာ လိုလားပါသည်

– ထိုညနေတွင် AYA မှ meeting ခေါ်ယူဆွေးနွေးမှုပြုချင်ကြောင်း ကမ်းလှမ်းလာသဖြင့် ၂၂ ရက်နေ့ မနက်တွင် River View Branch ၌ သွားရောက်တွေ့ဆုံခဲ့ပါသည်

Meeting တွင်

– AYA မှ တာဝန်ရှိသူမှ သူတို့၏ 24/7 ဖုန်းနံပါတ်မှာ ပြောင်းလဲထားကြောင်း …

– ကျွန်မကိုကဒ်ထုတ်ပေးစဉ်အခါ၌ စာရွက်စာတမ်းများတွင်ပါသွားသော ဖုန်းနံပါတ်များမှာ update မဖြစ်ကြောင်း

– AYA Bank အနေဖြင့် အရင် old stocks များကို အမှုမဲ့စွာဖြင့် ဆက်လက်သုံးစွဲမိကြောင်း ဝန်ခံပြောဆို၍ ကျွန်မ နစ်နာဆုံးရှုံးသွားတဲ့ ငွေကြေးပမာဏအတွက် AYA အနေနဲ့ တာဝန်ယူမှု ဖြေရှင်းမှုကို ၂၇ ရက်နေ့ ဒီဇင်ဘာလထိ စောင့်ပေးဖို့ မေတ္တာရပ်ခံခဲ့ပါသည်

– သို့ရာတွင် ၂၉ ရက်နေ့ နံနက် meeting တွင် AYA Bank မှ ကျွန်မ၏ ဆုံးရှုံးသွားသော ငွေကြေးအတွက် တာဝန်မယူနိုင်ကြောင်း ယတိပြတ် ငြင်းဆိုခဲ့ပါသည်

– အကြောင်းအရင်းမှာ AYA website တွင် update call center phone no အား ဖော်ပြထားပါသည်တဲ့

ကျွန်မမှ call center phone no အား အချိန်မှီဆက်သွယ်မှုမပြုခြင်းဖြစ်သည့်အတွက်ကြောင့် ဒီဖြစ်စဉ်တွင် Card Issuer ဖြစ်သော AYA bank ၏ တာဝန်မဟုတ်ကြောင်း …

– ကျွန်မအတွက် လုံးဝကျေနပ်စရာအဖြေ မဟုတ်သဖြင့် လက်မခံနိုင်ကြောင်းနှင့် ရှေ့ဆက် လုပ်စရာရှိသည်များကို ဆက်လက် လုပ်ဆောင်နိုင်ရန်အတွက် တရားဝင်စာထုတ်ပေးရန်ပြောကြားခဲ့ပါတယ်

– သို့သော်ငြား … ယနေ့ ယခု ဇန်နဝါရီလ ၉ ရက်နေ့ထိ AYA Bank မှ မည်သည့်အဆက်အသွယ်မှ မရခဲ့ပါရှင်

နိဂုန်းချုပ်ဆိုရသော် …

ကျွန်မသည် ပြည်တွင်း မည်သည့်ဘဏ်က မည်သို့ service ပေးမှန်းလည်း အမှန်တစ်ကယ်မသိခဲ့ပါ

ယခုလည်း မသိပါ စုံစမ်းခြင်းများလည်း မလုပ်ပါ (စိတ်နာ၍ဖြစ်သည်)

ထိုကြောင့် မိတ်ဆွေများ debit/credit card အသုံးပြုမည်ဆိုပါက .. ထိုကဒ်များသည် မည်သို့မည်မျှ လုံခြုံမှုရှိကြောင်း .. ဘဏ်မှ မည်သို့ မည်ပုံ ကာကွယ်မှုများ လုပ်ပေးထားကြောင်း သေချာစွာမေးပါ

ဥပမာ –

၁) AYA ၏ World Travel Debit Card သည် paywave system ပါရှိသောကြောင့် debit card ဆိုသော်ငြား Password မတောင်းပါ (ATM စက်တွင် ငွေသားထုတ်ယူမှသာ တောင်းပါသည်)

၂) တစ်ရက်တွင် ငွေအများဆုံး အသုံးပြုနိုင်သည့် ပမာဏမှာ ဒေါ်လာ ၁၀၀၀၀ (မြန်မာငွေကျပ် တစ်ရာသုံးဆယ့်ငါးသိန်းခန့်) ဖြစ်ပြီး တစ်ရက်တွင် transactions အများဆုံး ၁၀ ကြောင်း ပြုလုပ်နိုင်ပါသည်

၃) Transactions များအား ပေးထားသော email သို့ အချိန်နှင့် တစ်ပြေးညီ မပေးပို့နိုင်ပါ ပေးပို့ခြင်းလည်း မရှိပါ

… ထို့ကြောင့် debit card တွင် ငွေသား အမြောက်အမြားထည့်ခြင်းကို ရှောင်ကြဉ်ကြပါရန်

ဖြစ်နိုင်ပါက Saving Acc နှင့် ချိတ်ဆက်မှုပေးနိုင်တဲ့ system ရှိတဲ့ ဘဏ်ကို စုံစမ်း၍ ထိုကဒ်ကိုသာ ဦးစားပေးသုံးသင့်ပါတယ် သို့မှသာ ကိုယ်လိုချိန်တွင် saving မှ transfer ပြီး နိုင်ငံရပ်ခြားတွင် အသုံးပြုပါက ပို၍ လုံခြုံမှုရှိပါတယ်နော်

ကျွန်မလို စောင်ပိန်းလုပ်ပြီး debit card တွင် ငွေသားအမြောက်အများ မထည့်မိဖို့ ထပ်မံပြောကြားပါရစေ

ကဒ်ပျောက်ခဲ့ရင်လည်း စောင်ပိန်း ကျွန်မလို ကဒ်ပျောက်ချိန်မှာ ပြာယာခတ်မနေဘဲ သက်ဆိုင်ရာ ဘဏ်ရဲ့ website မှာ 24/7 call center no ကို ရှာတွေ့နိုင်ကြပါစေ (ဆုတောင်းပေးနေမယ်နော် အဟတ် အဟတ်)

(customer တွေကို လူလိမ် / သူခိုးလိုပဲ ထင်မြင်စွပ်စွဲချင်ကြတဲ့ တိုင်းပြည်မှာ မွေးဖွားလာတာကိုက ကိုယ့်အမှားပါလေ)

အဆုံးမှာ ကိုယ်ဖြစ်ကိုယ်ခံ ..ကိုယ်သာလျှင် အချိန်တွေကုန်စိတ်ဆင်းရဲခရီးမှာလည်း မပျော်နိုင်

ဘာဆိုဘာမှလည်း စိတ်မဝင်စားနိုင်ပိုက်ဆံလည်းဆုံး လူလည်း အကုသိုလ်တွေဖြစ် …ခိုးသွားတဲ့ကောင်ကို ကြိမ်ဆဲ

ငရဲတွေရ ..

ထိုအဖြစ်မျိုးမှ လွတ်မြောက်ကြရန် ကိုယ့်ကဒ်ကို သေချာ လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ရန်မှာ ကဒ်ကိုင်ဆောင်သူ၏ တာဝန်သာဖြစ်ကြောင်း ..

မည်သူမှ တာဝန်ယူမည်မဟုတ်ကြောင်း ပြောကြားရင်း … ကျွန်မ စောင်ပိန်း ရဲ့ သိန်း ၁၂၀ တန် အတွေ့အကြုံအား ဝေမျှလိုက်ပါတယ်နော်

ကဲ အားလုံး အမျှ အမျှ အမျှ ယူတော်မူကြပါကုန် …

Credit: https://web.facebook.com/sally.june30/posts/10155819565010734

=
=

Related posts

Leave a Comment

error: Alert: Content is protected !!