Search
..












ဖြစ်​​လေရာဘဝတိုင်းမှာအခုလိုအဖြစ်​ဆိုးမျိုးမကြုံကြရပါ​စေနဲ့။


ပညာရှာရင်​းအသက်​ကို​ပေးဆပ်​လိုက်​ရတဲ့ က​လေးငယ်​​တွေ

သူတို့​ဒေသတိုးတက်​ဖို့​ကောင်​းစားဖို့ ငါပညာတတ်​မှရမယ်​ ငါကြိုးစားပြီး​တော့ပညာရှာရမယ်​ဆိုတဲ့အသိ​တွေနဲ့ ​လှေနဲ့တမျိုး ​ခြေကျင်​တဖုံ ​ဝေးလံရာ​နေရာ​ဒေသ​တွေမှာပညာရှာမှီးကြရတယ်​ဘဝကကြမ်​းတမ်​းသလို ဝမ်​း​ရေးကလည်​းခက်​ ပညာ​ရေးဟာလည်​းပဲသူတို့အတွက်​အားမလိုအားမရဖြစ်​လို့

ဒါကိုတာဝန်​ရှိသူ​တွေအ​နေနဲ့ သူတို့​ဒေသ​လေးအတွက်​ အနာဂတ်​ရဲ့မျိုးဆက်​သစ်​​လေး​တွေအတွက်​ ​နောက်​​နောင်​အခုလိုအဖြစ်​ဆိုးမကြုံရ​အောင်​ တံတား​လေးတစ်​စင်​း ​လှေ​ကောင်​း​ကောင်​း​လေးတစ်​စီးဖြစ်​ဖြစ်​မစီစဉ်​​ပေးနိုင်​ကြ​တော့တာလား တချို့​နေရာ​တွေကျပြန်​​တော့လည်​း တင်​့​တောင်​့တင်​့တယ်​ ​ကျောင်​းကားအကြိုအပို့နဲ့ တံတား​ကောင်​း​ကောင်​းနဲ့ ဘဝဟာစို​ပြေ​နေတယ်​ဒါ​ပေမယ်​့ ခံပြင်​းစရာက ငါတို့​ဒေသမှာ လမ်​း​ကောင်​း​ကောင်​းမရှိ​သေးဘူး တံတား​ကောင်​း​ကောင်​းမရှိ​သေးဘူး ​လှေ​ကောင်​း​ကောင်​းမရှိ​သေးဘူး

တစ်​ခါကကြားလိုက်​ပါတယ်​ တစ်​နှစ်​အတွင်​းတံတား​ပေါင်​း ၆၀၀ ​ကျော်​တည်​​ဆောက်​​ပေးနိုင်​ခဲ့ဆိုလားဒါ​ပေမယ်​့ ငါတို့က​လေးငယ်​​တွေအတွက်​မဟုတ်​ခဲ့သလို ငါတို့က​လေး​တွေရဲ့ဘိုးပွားပိုင်​​မြေမှာမဟုတ်​ခဲ့​လေ​တော့ အဲဒီသတင်​းကိုကြားရပြန်​​တော့ ​လောကသဘာဝကြီးရဲ့မညီမျှမှု မတရားမှု အနိုင်​ကျင်​့မှု​တွေကိုနာကျည်​းမုန်​းတီးမိတယ်​။

အခုလိုဝမ်​းနည်​းစရာအဖြစ်​ဆိုး​တွေဖြစ်​လာတာ အကြိမ်​​ပေါင်​းမနည်​း​တော့ဘူး ဒါ​ပေမယ်​့ ဘယ်​သူကမှတာဝန်​ခံမှုမရှိတဲ့အပြင်​ ထိ​ရောက်​တဲ့ကြိုတင်​ကာကွယ်​​ရေး​တွေမလုပ်​​ပေးခဲ့ကြပြန်​ဘူး။

ဖြစ်​ပြီးမှ ဘယ်​ကမှန်​းမသိ​ရောက်​လာကြပြီး​တော့ မဖြစ်​စ​လောက်​​ငွေ​လေး​ပေးကြနဲ့ အမျိုးမျိုး​တွေ့မြင်​​နေရတယ်​။

ကျွန်​​တော်​တို့လိုချင်​တာ ​ငွေ​ကြေးမဟုတ်​​သလို အ​ယောင်​​ဆောင်​နှစ်​သိမ်​့မှု​တွေလည်​းမဟုတ်​ပါဘူး။

တကယ်​လိုအပ်​​နေတာက ထိ​ရောက်​တဲ့ကြိုတင်​ကာကွယ်​ကယ်​ဆယ်​​ရေး​တွေ လူသားဆန်​တဲ့တာဝန်​ခံမှု တာဝန်​ယူမှု​တွေပါ။

​ကောင်​းရာမွန်​ရာ​ရောက်​ကြပါ​စေ ။

ဖြစ်​​လေရာဘဝတိုင်​းမှာအခုလိုအဖြစ်​ဆိုးမျိုးမကြံုကြရပါ​စေနဲ့။

Micheal Wolfe Micheal Wolfe

=
=

Related posts

Leave a Comment

error: Alert: Content is protected !!