Search
..

အေဖေတြရဲ႕ ရင္ထဲမွာ ရွိေနေပမယ့္ သားသမီးေတြကိုေျပာမထြက္တဲ့ စကားမ်ား

ဘယ္သားသမီးကိုမွ မေျပာခ်င္ခဲ့တဲ့ ဖခင္တို့ရဲ႕ ရင္တြင္းစကားမ်ား–

သားသမီးဆိုတာ ေရခ်ိဳးေပးတဲ့ အေမ့ကိုသာခ်စ္တတ္ၾကတာ။ စဥ့္အိုးထဲကို ေရအျပည့္ ထမ္းထည့္ေပးထားတဲ့ က်ဳပ္တို႔ဖခင္ေတြကိုေတာ့ ခ်စ္ရေကာင္းမွန္းမသိၾကဘူး ။ သူတို႔အေမကလည္း သင္မေပးဘူး ။

သားသမီးေတြရဲ႕ ပါးစပ္ထဲကို ထမင္းေတြခြံေကြ်းတဲ့ အေမ ၊ထမင္းပန္းကန္ထဲကို ထမင္းခူးေပးတဲ့အေမ ၊ မီးဖိုေခ်ာင္ထဲက တကုပ္ကုပ္နဲ႔ အလုပ္ရွုပ္ေနတဲ့အေမ ။ သူတို႔အေမကိုေတာ့ သူတို႔ကခ်စ္လိုက္ၾကတာ။ ခ်စ္ၾကမွာေပါ့..သူတို႔အေမအလုပ္လုပ္ေနတာကို ျမင္ေတြ႔ေနရတာကိုးး။ အဲ့ဒိထမင္းေတြျဖစ္လာဖို႔ က်ဳပ္တို႔ ဘယ္ေလာက္အထိ သူတို႔ကြယ္ရာမွာ အလုပ္လုပ္ေနရတယ္ဆိုတာ သူတို႔မေတြးမိဘူး..

သားသမီးဆိုတာ သူတို႔အေမရဲ႕ နုိ႔ဖိုးကိုသာ ျမင္လြယ္ၾကတာပါဗ်ာ ။ က်ဳပ္တို႔လို ဖခင္ေတြရဲ႕ ေခြ်းဖိုးကိုေတာ့ တန္ဖိုးထားရေကာင္းမွန္း မသိၾကပါဘူး ။ တသက္လံုးစို႔ေနတဲ့ ေခြ်းကို နို႔ေလာက္ မခ်ိဳျမိန္ဘူးလို႔ ထင္တတ္ၾကတယ္ဗ် ။။

က်ဳပ္တုိ႔ဖခင္ေတြဟာ ေယာက္်ားသားေတြပါ။ မာနရွိတယ္ ၊သတၱိရွိတယ္ မဟုတ္ရင္ ငံု႔မခံဘူး ။ ဒါေပမဲ့ သားေကြ်းမႈ မယားေကြ်းမႈအတြက္ က်ဳပ္တို႔ရဲ႕အလုပ္ရွင္က က်ုဳပ္တို႔အေပၚမွာ ဘယ္လိုပဲဆက္ဆံဆက္ဆံ ၊ ဘယ္လိုပဲ ဗိုလ္က်က် သားသမီးေလးေတြရဲ႕မ်က္နွာကိုငဲ့ၿပီး ေယာက္်ာမာနကို ခ်ိဳးနွိမ္ခဲ့ရတယ္။ ေယာက္်ားသတၱိ မ်ိဳခ်ထားရတယ္။ က်ဳပ္လည္းက်ဳပ္သားသမီးေတြကို ခ်စ္တာေပါ့။ သူတို႔အေမခ်စ္တာထက္ မေလ်ာ့ဘူး။ ပိုရင္သာပိုမယ္ ။ ဒါေပမယ့္..က်ဳပ္တို႔လို ဖခင္ေတြရဲ႕အခ်စ္ကို ဘယ္သားသမီးကမွ မခံစားတတ္ပါဘူးဗ်ာ..။

ထီးမိုးေပးတဲ့ အေမ့ရဲ႔ေမတၱာကိုေတာ့ ခ်က္ခ်င္းသိတတ္ၾကတယ္ ။ လံုၿခံဳေႏြးေထြးတဲ့ဘဝေတြကို ေနာက္ကြယ္က ဖန္တီးေပးေနတဲ့ ဖခင္တစ္ေယာက္ရဲ႕ ခ်စ္ျခင္းနဲ႔ ေမတၱာကိုေတာ့ မသိၾက၊ မျမင္ၾကဘူး။ ဝမ္းနည္းတယ္ဗ်ာ..

ေသာက္ေရေအးေအးေလး ခပ္တိုက္တတ္တဲ့အေမကိုေတာ့ ခ်စ္တတ္ၾကတယ္ ။ အဲ့ဒိေသာက္ေရအိုးကို ေရအျပည့္ျဖည့္ေပးထားတာ က်ဳပ္တုိ႔အေဖေတြပါဗ်ာ ။ ဒီလိုေျပာရမွာလည္း ရွက္ပါတယ္ ဘယ္သားသမီးကိုမွ က်ဳပ္တို႔အေဖေတြက ဒီလိုၾကီး မေျပာခ်င္ဘူး ။

ဘီယာတစ္ခြက္ ၊ အရက္တစ္ပတ္နဲ႔ က်ဳပ္တို႔ရဲ႔ေမတၱာကို တန္ဖုိးမဲ့သြားေအာင္ က်ဳပ္မိန္းမက သားသမီးေတြကို တခါတေလ ေသြးထိုးတတ္ေသးတယ္။ အေပါင္းအသင္းနဲ႔ေတြ႕တဲ့အခါ တခါတေလ အလိုက္အထိုက္ဆိုတာလည္း ရွိတာေပါ့ဗ်ာ ။ ဘာပဲလုပ္လုပ္ သားသမီးနဲ႕ မိန္းမအတြက္ စဥ္းစားခဲ့တာခ်ည္းပါပဲ ။ သူတို႔ကေတာ့ ဒါေတြကိုထည့္မတြက္ၾကပါဘူး ။

အိမ္ရွင္မေတြက သူတို႔ေျပာခ်င္တဲ့စကားေတြကို တိုက္ရိုက္မေျပာဘူးဗ် ။ သားသမီးေတြကို ေသြးထိုးေပးတယ္ ။ သားသမီးေတြကတဆင့္ေျပာခိုင္းတယ္ ။ ဒီလိုနဲ႕ သားသမီးေတြက က်ဳပ္ကိုမုန္းသြားၾကေရာ ။ မုန္းေအာင္သင္ေပးေနတာတာ့ မဟုတ္ေပမယ့္ မခ်စ္တတ္ေအာင္ သင္ေပးေနသလိုေတာ့ ျဖစ္သြားတယ္ဗ်ာ ။ ။

“မိေကာင္းဖခင္”ဆိုတဲ့ စကားကို အိမ္ကမိန္းမေတြ သေဘာေပါက္သင့္တယ္ ။ ျမန္မာစကားကအဓိပၸါယ္ေလးနက္တယ္ဗ်။ မိေကာင္းဖခင္ဆိုတာ အမိေကာင္းမွ အဖကိုခင္တယ္လို႔ဆိုလုိတာဗ် ။ အဖကိုမခင္တြယ္တဲ့ သားသမီးျဖစ္ေနရင္ အဲ့ဒိသားသမီးရဲ႕ မိခင္ မေကာငး္လို႔ပဲ ။ အခု က်ဳပ္သားသမီးေတြက က်ဳပ္ကို ခ်စ္ရေကာင္းမွန္း မသိၾကဘူး ။ အမိ မေကာင္းေတာ့ အဖကို မခင္ဘူး၊ မခ်စ္ဘူးေပါ့ ဗ်ာ.. ။ က်ဳပ္လည္း က်ုဳပ္သားသမီးေတြရဲ႕ အခ်စ္ကို ခံခ်င္တာေပါ့ဗ်ာ ။

Credit: ဦးဘုန္း ( ဓာတု)

=================

ဘယ်သားသမီးကိုမှ မပြောချင်ခဲ့တဲ့ ဖခင်တို့ရဲ့ ရင်တွင်းစကားများ–

သားသမီးဆိုတာ ရေချိုးပေးတဲ့ အမေ့ကိုသာချစ်တတ်ကြတာ။ စဉ့်အိုးထဲကို ရေအပြည့် ထမ်းထည့်ပေးထားတဲ့ ကျုပ်တို့ဖခင်တွေကိုတော့ ချစ်ရကောင်းမှန်းမသိကြဘူး ။ သူတို့အမေကလည်း သင်မပေးဘူး ။

သားသမီးတွေရဲ့ ပါးစပ်ထဲကို ထမင်းတွေခွံကျွေးတဲ့ အမေ ၊ထမင်းပန်းကန်ထဲကို ထမင်းခူးပေးတဲ့အမေ ၊ မီးဖိုချောင်ထဲက တကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေတဲ့အမေ ။ သူတို့အမေကိုတော့ သူတို့ကချစ်လိုက်ကြတာ။ ချစ်ကြမှာပေါ့..သူတို့အမေအလုပ်လုပ်နေတာကို မြင်တွေ့နေရတာကိုးး။ အဲ့ဒိထမင်းတွေဖြစ်လာဖို့ ကျုပ်တို့ ဘယ်လောက်အထိ သူတို့ကွယ်ရာမှာ အလုပ်လုပ်နေရတယ်ဆိုတာ သူတို့မတွေးမိဘူး..

သားသမီးဆိုတာ သူတို့အမေရဲ့ နို့ဖိုးကိုသာ မြင်လွယ်ကြတာပါဗျာ ။ ကျုပ်တို့လို ဖခင်တွေရဲ့ ချွေးဖိုးကိုတော့ တန်ဖိုးထားရကောင်းမှန်း မသိကြပါဘူး ။ တသက်လုံးစို့နေတဲ့ ချွေးကို နို့လောက် မချိုမြိန်ဘူးလို့ ထင်တတ်ကြတယ်ဗျ ။။

ကျုပ်တို့ဖခင်တွေဟာ ယောက်ျားသားတွေပါ။ မာနရှိတယ် ၊သတ္တိရှိတယ် မဟုတ်ရင် ငုံ့မခံဘူး ။ ဒါပေမဲ့ သားကျွေးမှု မယားကျွေးမှုအတွက် ကျုပ်တို့ရဲ့အလုပ်ရှင်က ကျုုပ်တို့အပေါ်မှာ ဘယ်လိုပဲဆက်ဆံဆက်ဆံ ၊ ဘယ်လိုပဲ ဗိုလ်ကျကျ သားသမီးလေးတွေရဲ့မျက်နှာကိုငဲ့ပြီး ယောက်ျာမာနကို ချိုးနှိမ်ခဲ့ရတယ်။ ယောက်ျားသတ္တိ မျိုချထားရတယ်။ ကျုပ်လည်းကျုပ်သားသမီးတွေကို ချစ်တာပေါ့။ သူတို့အမေချစ်တာထက် မလျော့ဘူး။ ပိုရင်သာပိုမယ် ။ ဒါပေမယ့်..ကျုပ်တို့လို ဖခင်တွေရဲ့အချစ်ကို ဘယ်သားသမီးကမှ မခံစားတတ်ပါဘူးဗျာ..။

ထီးမိုးပေးတဲ့ အမေ့ရဲ့မေတ္တာကိုတော့ ချက်ချင်းသိတတ်ကြတယ် ။ လုံခြုံနွေးထွေးတဲ့ဘဝတွေကို နောက်ကွယ်က ဖန်တီးပေးနေတဲ့ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းနဲ့ မေတ္တာကိုတော့ မသိကြ၊ မမြင်ကြဘူး။ ဝမ်းနည်းတယ်ဗျာ..

သောက်ရေအေးအေးလေး ခပ်တိုက်တတ်တဲ့အမေကိုတော့ ချစ်တတ်ကြတယ် ။ အဲ့ဒိသောက်ရေအိုးကို ရေအပြည့်ဖြည့်ပေးထားတာ ကျုပ်တို့အဖေတွေပါဗျာ ။ ဒီလိုပြောရမှာလည်း ရှက်ပါတယ် ဘယ်သားသမီးကိုမှ ကျုပ်တို့အဖေတွေက ဒီလိုကြီး မပြောချင်ဘူး ။

ဘီယာတစ်ခွက် ၊ အရက်တစ်ပတ်နဲ့ ကျုပ်တို့ရဲ့မေတ္တာကို တန်ဖိုးမဲ့သွားအောင် ကျုပ်မိန်းမက သားသမီးတွေကို တခါတလေ သွေးထိုးတတ်သေးတယ်။ အပေါင်းအသင်းနဲ့တွေ့တဲ့အခါ တခါတလေ အလိုက်အထိုက်ဆိုတာလည်း ရှိတာပေါ့ဗျာ ။ ဘာပဲလုပ်လုပ် သားသမီးနဲ့ မိန်းမအတွက် စဉ်းစားခဲ့တာချည်းပါပဲ ။ သူတို့ကတော့ ဒါတွေကိုထည့်မတွက်ကြပါဘူး ။

အိမ်ရှင်မတွေက သူတို့ပြောချင်တဲ့စကားတွေကို တိုက်ရိုက်မပြောဘူးဗျ ။ သားသမီးတွေကို သွေးထိုးပေးတယ် ။ သားသမီးတွေကတဆင့်ပြောခိုင်းတယ် ။ ဒီလိုနဲ့ သားသမီးတွေက ကျုပ်ကိုမုန်းသွားကြရော ။ မုန်းအောင်သင်ပေးနေတာတာ့ မဟုတ်ပေမယ့် မချစ်တတ်အောင် သင်ပေးနေသလိုတော့ ဖြစ်သွားတယ်ဗျာ ။ ။

“မိကောင်းဖခင်”ဆိုတဲ့ စကားကို အိမ်ကမိန်းမတွေ သဘောပေါက်သင့်တယ် ။ မြန်မာစကားကအဓိပ္ပါယ်လေးနက်တယ်ဗျ။ မိကောင်းဖခင်ဆိုတာ အမိကောင်းမှ အဖကိုခင်တယ်လို့ဆိုလိုတာဗျ ။ အဖကိုမခင်တွယ်တဲ့ သားသမီးဖြစ်နေရင် အဲ့ဒိသားသမီးရဲ့ မိခင် မကောငး်လို့ပဲ ။ အခု ကျုပ်သားသမီးတွေက ကျုပ်ကို ချစ်ရကောင်းမှန်း မသိကြဘူး ။ အမိ မကောင်းတော့ အဖကို မခင်ဘူး၊ မချစ်ဘူးပေါ့ ဗျာ.. ။ ကျုပ်လည်း ကျုုပ်သားသမီးတွေရဲ့ အချစ်ကို ခံချင်တာပေါ့ဗျာ ။

Credit: ဦးဘုန်း ( ဓာတု)

=
=

Related posts

Leave a Comment

error: Alert: Content is protected !!