Search
..

ေအာ္တာပဲၾကားၿပီး ဂဏန္းကိုက္ခံရတာကိုမသိၾကပဲ.. မာနၾကီးတဲ့ မိန္းမတဲ့လား?????

ေအာ္တာပဲၾကားၿပီး ဂဏန္းကိုက္ခံရတာကိုမသိၾကပဲ.. မာနၾကီးတဲ့ မိန္းမတဲ့လား?????

ေလာကၾကီးထဲမွာ မိန္းမတစ္ေယာက္ ဂုဏ္သိကၡာရွိစြာရပ္တည္နိုင္ဖို ့ ေပးဆပ္ရတာမ်ားပါတယ္ ။ဒီလိုအခက္ခဲေတြကို ရင္ဆိုင္ေနရတဲ့ ခရီးလမ္းမွာ မာနဆိုတာ မျဖစ္မေနမို ့ထားခဲ့ရပါတယ္ ။

ကိုယ့္ဘဝမွာ လိုခ်င္တာကို စိတ္ကူးနဲ ့တင္ေက်နပ္တာမ်ိဳးမလုပ္ခဲ့ဖူးဘူး အရိုးသားဆံုးနည္းနဲ ့ မရရေအာင္ယူခဲ့တယ္ ။

သူမ်ားေအာင္ျမင္မႈကိုေဘးကေနၾကည့္ျပီးအားက်ေနတဲ့အဆင့္နဲ ့မတင္းတိမ္ဘူး ကိုယ္ပါ ေအာင္ျမင္တဲ့ေနရာေရာက္ေအာင္ ကိုယ္စြမ္းဥာဏ္စြမ္းရွိသေလာက္ ၾကိဳးစားရယူခ်င္တယ္ ။

ျဖစ္ခ်င္တဲ့ ဆႏၵကို ထိုင္ျပီးမေတြေဝခဲ့ဖူးဘူး ခ်က္ခ်င္းထလုပ္ခဲ့တယ္ ။အမွားျဖစ္သြားရင္ေတာင္ ကိုယ့္အျပစ္နဲ ့ကိုယ္ဆိုျပီးေက်နပ္ခဲ့တယ္ ။ကိုယ္မွန္တယ္ထင္တဲ့ ေနရာမွာဆို ဘယ္သူ ့မ်က္နွာမွမေထာက္ဘူး ခုရႈပ္မွေနာင္ရွင္း ေျပာစရာရွိရင္ ေျပာပစ္လိုက္တယ္ ။

လိုခ်င္တာကိုရေအာင္ယူခဲ့တယ္ ။ လုပ္ခ်င္တာကို မေတြေဝဘဲထလုပ္ခဲ့တယ္ ။ေျပာစရာရွိရင္ အားမနာတတ္ဘူးေျပာခဲ့တယ္ ။ ျဖစ္ခ်င္တာကို အခက္ခဲမ်ားစြာေက်ာ္လႊာျပီးျဖစ္ေအာင္လုပ္ခဲ့တယ္ ။

ကိုယ္ပိုင္ဆိုင္ခ်င္တဲ့ ေနရာ ၊ ဘဝ ဆိုတာ သူမ်ားတကာထက္အခက္ခဲမ်ားစြာကို ေက်ာ္လႊားေပးဆပ္ျပီးမွ ရရွိခဲ့ရတာေတြပါ ။ ဒါေပမဲ့ သန္ ့ရွင္းစြာ ရယူပိုင္ဆိုင္ျခင္းအတြက္ ေက်နပ္ ခဲ့တယ္ ။ ဘဝမွာ က်ရႈံးမွာထက္ မေအာင္ျမင္မွာကို အေၾကာက္ဆံုးဘဲ ။

ကိုယ္ပိုင္ဆိုင္ျပီးသား ေအာင္ျမင္မႈကို ျပန္မက်ရႈံးေအာင္ ထိန္းသိမ္းနိုင္ေပမဲ့ ကိုယ့္လက္ထဲ မရွိေသးတဲ့ ေအာင္ျမင္မႈကိုက် ေပးဆပ္သေလာက္ျပန္မရမွာသိပ္ေၾကာက္တယ္ ။

ကိုယ္လိုခ်င္တဲ့ေနရာ ၊ အတိုင္းတာ တစ္ခုကို ပိုင္ဆိုင္လာခဲ့ရင္ေတာင္ ဘယ္ေတာ့မွ အလြယ္တစ္ကူ ရယူပိုင္ဆိုင္ခြင့္မရွိခဲ့ဖူးပါဘူး ။ ဇြဲ ၊ လံုးလ ၊ ဝရိယ ဆိုတာေတြဟာ ကိုယ့္ဘဝအတြက္ အေကာင္းဆံုး အေဖာ္မြန္ေတြပါ ။

သူတို ့ေတြဟာ ကိုယ့္ရဲ့ စိတ္အစဥ္မွာ လြမ္းမိုးထားခဲ့တဲ့ ေစတသိတ္ေတြဆို ပိုမွန္ကန္ပါလိမ့္မယ္ ။ စိတ္ဓါတ္ကို အျမဲတမ္းမာေၾကာအာင္ထားတယ္ ။

အမွားေတြ ၾကံဳလာတယ္ အခက္ခဲေတြနဲ ့ရင္ဆိုင္လာ ရတယ္ ဘယ္ေတာ့မွ မ်က္ရည္မက်ဖူးဘူး အားမငယ္ခဲ့ဖူးဘူး ။ စိတ္ကို အျမဲတမ္းမာမာ ဘဲထားခဲ့တယ္ ။

တစ္ခုလိုခ်င္တစ္ခု ေပးဆပ္ရတာ ေလာကနိယာမ တစ္ခုပဲမို ့ ဘယ္ေသာအခါမွ စိုးရိမ္ေၾကာင့္ၾကစိတ္မရွိ ခဲ့သလို အားငယ္ စိတ္ကိုလည္းအဝင္မခံခဲ့ဖူးဘူး ။

ကိုယ့္ခံယူခ်က္က စိတ္ဓါတ္က်ျခင္းဟာ နွစ္ခါေသရတယ္ လို ့ ခံယူထားခဲ့တယ္ ။ စိတ္ဓါတ္ကို အျမဲျဖဴစင္ေအာင္ထားတယ္။ ျပတ္ျပတ္သားသား ဆက္ဆံတယ္ ။ ဆန္ေပးမွ ဆီရ သမီးေပးမွ သမက္ရ ” ဆိုတဲ့လူေတြက

ခပ္မ်ားမ်ား မို ့ အားနာစိတ္ကို ေနရာတကာ မထားခဲ့ဘူး ။ ကူညီနိုင္ရင္ စိတ္ကိုျပတ္သားစြာ ကူညီေပးလိုက္တယ္။ မကူညီနိုင္ရင္လည္း အားမနာဘူး မျဖစ္နိုင္ေၾကာင္းေျပာျပ ျပီး ေတာင္းပန္လိုက္တယ္ ။

“အားနာရင္ ခါးပါတတ္တာ ” သဘာဝမို ့ ဘယ္သူကိုမွ အားနာ စိတ္မထားဘူး ေျပာစရာရွိရင္ေျပာလိုက္တယ္ ။ ေပးစရာရွိရင္ ေပးလိုက္တယ္ ။

ေနာက္ကြယ္ကေတာ့ ညစ္ပတ္တဲ့စိတ္မထားခဲ့ဘူး ေပၚတင္က်က်ဘဲ ေျဖရွင္လိုက္တယ္ ။ မလိုစိတ္ထား ဘယ္ေတာ့မွ မထားဖူးခဲ့လို ့အျမဲတမ္း ကိုယ့္လိပ္ျပာကိုယ္သန္ ့တယ္ ။

စိတ္ယုတ္မာမေမြးခဲ့ဖူးလို ့ေနာက္ေက်ာလံုတယ္ ။ ျပတ္သားတဲ့ဆက္ဆံေရးေၾကာင့္မိတ္ေဆြစစ္ေတြရခဲ့တယ္ ။ ေျပာစရာရွိရင္ပြင့္ပြင့္လင္းလင္းေျပာလိုက္တယ္ ။ ကူညီနိုင္တာျပတ္သားစြာကူညီေပးခဲ့တယ္။

မနာလိုစိတ္နည္းရင္း လူခ်စ္လူခင္လည္းေပါမ်ားပါတယ္ ။ က္ိုယ့္ကိုယ္ မလိုတဲ့သူေတြကို ကိုယ္လည္းမလိုအပ္ဘူး။

ကိုယ့္အေပၚ တိုက္ခိုက္တဲ့သူေတြကိုလည္း လွည့္ေတာင္မၾကည့္ခဲ့ဘူး ။ ကိုယ့္မေကာင္းေၾကာင္းေျပာတဲ့သူေတြကိုတုဖက္ျပီး စကားမေျပာခ်င္ဘူး ။

ကိုယ့္အေပၚအလကားေနရင္း မုန္းတီးေနသူေတြအေပၚဟန္ေဆာင္ျပီး ကိုယ့္ဖက္ကသေဘာထား မၾကီးေပးနိုင္ဘူး အေဝးကေရွာင္ေနလိုက္တယ္။

ေအာင့္နိုင္ရင္ေအာင္တယ္ ေရွာင္နိုင္ရင္ေဘးကင္းတယ္လို ့ ေတာင္ ဆိုစမွတ္ရွိေသးတာပဲ ။ ကိုယ့္ကိုလိုလားသူေတြအတြက္ ေမတၱာေပးမယ္ ။

သိမွတ္တာေလးေတြ ေဝမွ်မယ္ ။ တတ္နိုင္သေလာက္ကူညီေပးမယ္ ။ ဒီေလာက္ဆိုကိုယ့္ဘဝ ျပည့္စံုျပီ ေရႊေငြစည္းစိမ္ မလိုေတာ့ဘူး ။

လူျဖစ္ေနတုန္း စိတ္ခ်မ္းသာရင္ျပီးျပီ ။ ေရႊေငြစည္းစိမ္ဆိုတာ ကိုယ္တစ္ေယာက္ထဲ အရသာခံရတာ။ ေသရြာမပါဘူး သမိုင္းလွဖို ့ဘဲ အေရးၾကီးတယ္ ။ လူေတြအျမင္မွာေတာ့ ကိုယ္ဟာ မာနၾကီးတဲ့မိန္းမတဲ့ ။

တခါတခါက်ေတာ့လည္း မိန္းမသားတစ္ေယာက္ရဲ့ရိုးသားစြာရပ္တည္ရွင္သန္မႈအတြက္ ၾကိဳးစားေနတာကိုတိုက္ခိုက္ခံရခ်ိန္ အလဲလဲအျပိဳျပိဳ ယိမ္းယိုင္ခဲ့ရတယ္ ။

မိေအးေအာ္တာပဲသိျပီး ဂဏာန္းကိုက္တာမသိတဲ့ေလာကၾကီးကိုမုန္းတီးမိတယ္ ။ ေလာကၾကီးမွာ မျဖစ္နိုင္တာ ဘာမွမရွိဘူးမျဖစ္ေသးတာဘဲရွိတာပါ ဆိုတဲ့ မာနစိတ္ေလးနဲ ့ ျပန္ရႈန္းထခဲ့ရပါတယ္ ။

ေယာက်္ားသားေတြလို စိတ္ရွိတိုင္းလုပ္ခြင့္ မရွိတဲ့ မိန္းမသားမို ့ မာနေလးေတာ့ ထားပါရေစ ။

မူရင္း ပို႔စ္ပိုင္ရွင္အား ေလးစားစြာျဖင့္

Credit: original writer

================

အော်တာပဲကြားပြီး ဂဏန်းကိုက်ခံရတာကိုမသိကြပဲ.. မာနကြီးတဲ့ မိန်းမတဲ့လား?????

လောကကြီးထဲမှာ မိန်းမတစ်ယောက် ဂုဏ်သိက္ခာရှိစွာရပ်တည်နိုင်ဖို ့ ပေးဆပ်ရတာများပါတယ် ။ဒီလိုအခက်ခဲတွေကို ရင်ဆိုင်နေရတဲ့ ခရီးလမ်းမှာ မာနဆိုတာ မဖြစ်မနေမို ့ထားခဲ့ရပါတယ် ။

ကိုယ့်ဘဝမှာ လိုချင်တာကို စိတ်ကူးနဲ ့တင်ကျေနပ်တာမျိုးမလုပ်ခဲ့ဖူးဘူး အရိုးသားဆုံးနည်းနဲ ့ မရရအောင်ယူခဲ့တယ် ။

သူများအောင်မြင်မှုကိုဘေးကနေကြည့်ပြီးအားကျနေတဲ့အဆင့်နဲ ့မတင်းတိမ်ဘူး ကိုယ်ပါ အောင်မြင်တဲ့နေရာရောက်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားရယူချင်တယ် ။

ဖြစ်ချင်တဲ့ ဆန္ဒကို ထိုင်ပြီးမတွေဝေခဲ့ဖူးဘူး ချက်ချင်းထလုပ်ခဲ့တယ် ။အမှားဖြစ်သွားရင်တောင် ကိုယ့်အပြစ်နဲ ့ကိုယ်ဆိုပြီးကျေနပ်ခဲ့တယ် ။ကိုယ်မှန်တယ်ထင်တဲ့ နေရာမှာဆို ဘယ်သူ ့မျက်နှာမှမထောက်ဘူး ခုရှုပ်မှနောင်ရှင်း ပြောစရာရှိရင် ပြောပစ်လိုက်တယ် ။

လိုချင်တာကိုရအောင်ယူခဲ့တယ် ။ လုပ်ချင်တာကို မတွေဝေဘဲထလုပ်ခဲ့တယ် ။ပြောစရာရှိရင် အားမနာတတ်ဘူးပြောခဲ့တယ် ။ ဖြစ်ချင်တာကို အခက်ခဲများစွာကျော်လွှာပြီးဖြစ်အောင်လုပ်ခဲ့တယ် ။

ကိုယ်ပိုင်ဆိုင်ချင်တဲ့ နေရာ ၊ ဘဝ ဆိုတာ သူများတကာထက်အခက်ခဲများစွာကို ကျော်လွှားပေးဆပ်ပြီးမှ ရရှိခဲ့ရတာတွေပါ ။ ဒါပေမဲ့ သန် ့ရှင်းစွာ ရယူပိုင်ဆိုင်ခြင်းအတွက် ကျေနပ် ခဲ့တယ် ။ ဘဝမှာ ကျရှုံးမှာထက် မအောင်မြင်မှာကို အကြောက်ဆုံးဘဲ ။

ကိုယ်ပိုင်ဆိုင်ပြီးသား အောင်မြင်မှုကို ပြန်မကျရှုံးအောင် ထိန်းသိမ်းနိုင်ပေမဲ့ ကိုယ့်လက်ထဲ မရှိသေးတဲ့ အောင်မြင်မှုကိုကျ ပေးဆပ်သလောက်ပြန်မရမှာသိပ်ကြောက်တယ် ။

ကိုယ်လိုချင်တဲ့နေရာ ၊ အတိုင်းတာ တစ်ခုကို ပိုင်ဆိုင်လာခဲ့ရင်တောင် ဘယ်တော့မှ အလွယ်တစ်ကူ ရယူပိုင်ဆိုင်ခွင့်မရှိခဲ့ဖူးပါဘူး ။ ဇွဲ ၊ လုံးလ ၊ ဝရိယ ဆိုတာတွေဟာ ကိုယ့်ဘဝအတွက် အကောင်းဆုံး အဖော်မွန်တွေပါ ။

သူတို ့တွေဟာ ကိုယ့်ရဲ့ စိတ်အစဉ်မှာ လွမ်းမိုးထားခဲ့တဲ့ စေတသိတ်တွေဆို ပိုမှန်ကန်ပါလိမ့်မယ် ။ စိတ်ဓါတ်ကို အမြဲတမ်းမာကြောအာင်ထားတယ် ။

အမှားတွေ ကြုံလာတယ် အခက်ခဲတွေနဲ ့ရင်ဆိုင်လာ ရတယ် ဘယ်တော့မှ မျက်ရည်မကျဖူးဘူး အားမငယ်ခဲ့ဖူးဘူး ။ စိတ်ကို အမြဲတမ်းမာမာ ဘဲထားခဲ့တယ် ။

တစ်ခုလိုချင်တစ်ခု ပေးဆပ်ရတာ လောကနိယာမ တစ်ခုပဲမို ့ ဘယ်သောအခါမှ စိုးရိမ်ကြောင့်ကြစိတ်မရှိ ခဲ့သလို အားငယ် စိတ်ကိုလည်းအဝင်မခံခဲ့ဖူးဘူး ။

ကိုယ့်ခံယူချက်က စိတ်ဓါတ်ကျခြင်းဟာ နှစ်ခါသေရတယ် လို ့ ခံယူထားခဲ့တယ် ။ စိတ်ဓါတ်ကို အမြဲဖြူစင်အောင်ထားတယ်။ ပြတ်ပြတ်သားသား ဆက်ဆံတယ် ။ ဆန်ပေးမှ ဆီရ သမီးပေးမှ သမက်ရ ” ဆိုတဲ့လူတွေက

ခပ်များများ မို ့ အားနာစိတ်ကို နေရာတကာ မထားခဲ့ဘူး ။ ကူညီနိုင်ရင် စိတ်ကိုပြတ်သားစွာ ကူညီပေးလိုက်တယ်။ မကူညီနိုင်ရင်လည်း အားမနာဘူး မဖြစ်နိုင်ကြောင်းပြောပြ ပြီး တောင်းပန်လိုက်တယ် ။

“အားနာရင် ခါးပါတတ်တာ ” သဘာဝမို ့ ဘယ်သူကိုမှ အားနာ စိတ်မထားဘူး ပြောစရာရှိရင်ပြောလိုက်တယ် ။ ပေးစရာရှိရင် ပေးလိုက်တယ် ။

နောက်ကွယ်ကတော့ ညစ်ပတ်တဲ့စိတ်မထားခဲ့ဘူး ပေါ်တင်ကျကျဘဲ ဖြေရှင်လိုက်တယ် ။ မလိုစိတ်ထား ဘယ်တော့မှ မထားဖူးခဲ့လို ့အမြဲတမ်း ကိုယ့်လိပ်ပြာကိုယ်သန် ့တယ် ။

စိတ်ယုတ်မာမမွေးခဲ့ဖူးလို ့နောက်ကျောလုံတယ် ။ ပြတ်သားတဲ့ဆက်ဆံရေးကြောင့်မိတ်ဆွေစစ်တွေရခဲ့တယ် ။ ပြောစရာရှိရင်ပွင့်ပွင့်လင်းလင်းပြောလိုက်တယ် ။ ကူညီနိုင်တာပြတ်သားစွာကူညီပေးခဲ့တယ်။

မနာလိုစိတ်နည်းရင်း လူချစ်လူခင်လည်းပေါများပါတယ် ။ က်ိုယ့်ကိုယ် မလိုတဲ့သူတွေကို ကိုယ်လည်းမလိုအပ်ဘူး။

ကိုယ့်အပေါ် တိုက်ခိုက်တဲ့သူတွေကိုလည်း လှည့်တောင်မကြည့်ခဲ့ဘူး ။ ကိုယ့်မကောင်းကြောင်းပြောတဲ့သူတွေကိုတုဖက်ပြီး စကားမပြောချင်ဘူး ။

ကိုယ့်အပေါ်အလကားနေရင်း မုန်းတီးနေသူတွေအပေါ်ဟန်ဆောင်ပြီး ကိုယ့်ဖက်ကသဘောထား မကြီးပေးနိုင်ဘူး အဝေးကရှောင်နေလိုက်တယ်။

အောင့်နိုင်ရင်အောင်တယ် ရှောင်နိုင်ရင်ဘေးကင်းတယ်လို ့ တောင် ဆိုစမှတ်ရှိသေးတာပဲ ။ ကိုယ့်ကိုလိုလားသူတွေအတွက် မေတ္တာပေးမယ် ။

သိမှတ်တာလေးတွေ ဝေမျှမယ် ။ တတ်နိုင်သလောက်ကူညီပေးမယ် ။ ဒီလောက်ဆိုကိုယ့်ဘဝ ပြည့်စုံပြီ ရွှေငွေစည်းစိမ် မလိုတော့ဘူး ။

လူဖြစ်နေတုန်း စိတ်ချမ်းသာရင်ပြီးပြီ ။ ရွှေငွေစည်းစိမ်ဆိုတာ ကိုယ်တစ်ယောက်ထဲ အရသာခံရတာ။ သေရွာမပါဘူး သမိုင်းလှဖို ့ဘဲ အရေးကြီးတယ် ။ လူတွေအမြင်မှာတော့ ကိုယ်ဟာ မာနကြီးတဲ့မိန်းမတဲ့ ။

တခါတခါကျတော့လည်း မိန်းမသားတစ်ယောက်ရဲ့ရိုးသားစွာရပ်တည်ရှင်သန်မှုအတွက် ကြိုးစားနေတာကိုတိုက်ခိုက်ခံရချိန် အလဲလဲအပြိုပြို ယိမ်းယိုင်ခဲ့ရတယ် ။

မိအေးအော်တာပဲသိပြီး ဂဏာန်းကိုက်တာမသိတဲ့လောကကြီးကိုမုန်းတီးမိတယ် ။ လောကကြီးမှာ မဖြစ်နိုင်တာ ဘာမှမရှိဘူးမဖြစ်သေးတာဘဲရှိတာပါ ဆိုတဲ့ မာနစိတ်လေးနဲ ့ ပြန်ရှုန်းထခဲ့ရပါတယ် ။

ယောကျ်ားသားတွေလို စိတ်ရှိတိုင်းလုပ်ခွင့် မရှိတဲ့ မိန်းမသားမို ့ မာနလေးတော့ ထားပါရစေ ။

မူရင်း ပို့စ်ပိုင်ရှင်အား လေးစားစွာဖြင့်

Credit: original writer

=
=

Related posts

Leave a Comment

error: Alert: Content is protected !!