Search
..

ကျောင်းသူလေး တစ်ယောက်ကို အွန်လိုင်ပေါ်ကနေ ၀ိုင်းသတ်လိုက်ကြပြန်ပြီ…







from – Kyawtheinsoe

==============

သူမရဲ ့အားနည်းချက်ကိုထောက်ပြီး ဝိုင်းပြီးဝေဖန်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားရှာတဲ့ မိန်းကလေး

သူမဟာ ဒွိလိင်ဖြစ်ကြောင်း ၀န်ခံခဲ့တယ်..

အနိုင်ကျင့်နှိပ်စက်မှုဟာ ယနေ့ခေတ်ရဲ့အဓိကကြီးမားတဲ့ ပြဿနာရပ်ကြီးတစ်ခုဖြစ်နေပါတယ်။ အထူးသဖြင့် ကျောင်းသားအများစုမှာ ဒီပြဿနာကိုရပ်ဆိုင်နေရတယ်။ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခြင်းဟာ လူငယ်တွေကြားမှာ တတိယအဖြစ်များဆုံး ပြစ်မှုတစ်ခုလို့သတ်မှတ်လာပါပြီ။ တစ်နှစ်ကို သေဆုံးမှု ၄၄ဝဝရှိနေကြောင်းသိရတယ်။ လူငယ်တွေထဲမှာပဲ အနည်ဆုံး အယောက် ၁၀၀လောက်က ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ ကြိုးစားခဲ့ကြဖူးတယ်။

ဆိုရှယ်မီဒီယာပေါ်တင်ထားတဲ့ ပို့စ်အရ ဆိုဖီယာဆိုတဲ့ ကျောင်းသူလေးဟာ သူမက ဒွိလိင်ဖြစ်ကြောင်း လူမှုကွန်ရက်ပေါ်မှာ ဝန်ခံခဲ့တယ်တဲ့။ အဲ့ဒီအချိန်မှာ အခြား အင်တာနက်သုံးစွဲသူတွေက သူမကိုဝိုင်းပြီး ဝေဖန်၊ နှိမ်ချဆက်ဆံတော့တာပါပဲတဲ့။ ထိုသို့ဝိုင်းပြီး အပြစ်တင်ဝေဖန်မှုကြောင့် ၂၀၁၈ ဇန်နဝါရီ ၂၄ရက်နေ့ကပဲ သူမကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့တယ်။

ကျောင်းတိုင်းမှာ အနိုင်ကျင့်နှိပ်စက်မှုတွေရှိနေတယ်။ ဒီကျောင်းသူလေးသေဆုံးမှုမှာတော့ အားလုံးကစိတ်မကောင်းဖြစ်နေကြတယ်။ အားလုံးကလည်းမထင်မှတ်ထားဘူး။ သူမဟာ အရမ်းလှတော့ သာမန်မိန်းမတစ်ယောက်လို့ပဲ သိခဲ့တယ်။ သူမအဲ့လိုဖွင့်ချပြတော့ အားလုံးက ထိတ်လန့်ပြီး မယုံနိုင်ဖြစ်ခဲ့သလို၊ အကြောင်းမသိတဲ့ လူတွေကတော့ ထုံးစံအတိုင်း တစ်ဖက်သားကို စိတ်ထိခိုက်စရာ စကားတွေနဲ့ ထိုးနှက်ခဲ့တယ်။

သူမဘာကြောင့် ဒီအကြောင်းကို ဆိုရှယ်မီဒီယာပေါ်တင်ခဲ့လည်း သေချာမသိရပေမယ့် ဘဝတစ်ခုလုံးကို လက်လွှတ်လိုက်ရတဲ့အထိ စိတ်ဓာတ်ကိုကျစေတဲ့စကားလုံးပိုင်ရှင်တွေဟာ ဒွိလိင်ထက်တောင် ပိုပြီးအဆင့်နိမ့်ကျတယ်လို့ တစ်ချို ့ကဝေဖန်ကြတယ်။

from – Kyawtheinsoe

=
=

Related posts

Leave a Comment

sorry...

Website is Protected by WordPress Protection from eDarpan.com.