Search
..

ကင္ဆာေရာဂါျဖစ္ပြားၿပီး ေငြေၾကးအခက္အခဲ ရင္ဆိုင္ေနရတဲ့ လူရႊင္ေတာ္ႀကီး ဦးစိန္ရိုး အတြက္ ကူညီေပးၾကပါဦးေနာ္..

ကင္ဆာေရာဂါျဖစ္ပြားၿပီး ေငြေၾကးအခက္အခဲ ရင္ဆိုင္ေနရတဲ့ လူရႊင္ေတာ္ႀကီး ဦးစိန္ရိုး

နာမည္ေက်ာ္ ဟာသအႏုပညာရွင္ လူရႊင္ေတာ္ႀကီး ဦးစိန္ရိုးကေတာ့ က်န္းမာေရးမေကာင္းေတာ့လို႔ ေငြေရၚေၾကးေရး အခက္အခဲ ျဖစ္ေနတယ္လို႔ သိရပါတယ္။ ဒီအေၾကာင္း 5 PLUS သတင္းရဲ့ အင္တာဗ်ဴးတစ္ခုမွာ ေဖာ္ျပလာတာ ျဖစ္ပါတယ္။ ဦးစိန္ရိုးတစ္ေယာက္ အႏုပညာသက္တမ္ရွည္ လူရႊင္ေတာ္တစ္ေယာက္ ျဖစ္ခဲ့ေပမယ့္ ခုေတာ့ လူေတြရဲ့ မ်က္ကြယ္ကို ေရာက္ရွိေနတာပဲ ျဖစ္ပါတယ္။

ဒီအခ်ိန္က ေနေရးနဲ႔ ေသေရး ေသေရးဘက္ကိုမ်ားတယ္။ ဘုရားရွိခိုး ပုတီးစိပ္ ဒါပဲ လုပ္ခ်င္တယ္ လို႔ ဦးစိန္ရိုးက ေျပာသည္။ သူ႔ရဲ့ ဇနီးျဖစ္သူ ေဒၚရီရီစန္းကလည္း တုန္းလုံးႀကီးေတာ့ မလဲေသးဘူးေပါ့ေနာ္၊ ေငြေရးေၾကးေရၚ အခက္အခဲကေတာ့ နည္းနည္း ရွိတာေပါ့ လို႔ ေျပာပါတယ္။ ဦးစိန္ရိုးတစ္ေယာက္ အသံေတြလည္း အရင္လို မားရွိေတာ့ပါဘူး။ ရုပ္ကလည္း ေျပာင္းလဲသြားခဲ့ပါၿပီ။ အသက္ကႀကီးေတာ့ ၿငီးတယ္ လို႔လည္း ဇနီးကေျပာသည္။

ေသြးအန္ၿပီး ေဆးရံုႀကီးမွာ စစ္ေဆးၾကည့္ေတာ့ အစာအိမ္နဲ႔ အူလမ္းေၾကာင္းမွာ ကင္ဆာဆိုက္ေတြ သြားေတြ႔တယ္ လို႔လည္း ဦးစိန္ရိုးရဲ့ သားမတ္က ေျပာသည္။ ေနာက္ထပ္ မွန္ေျပာင္းအႀကီးစား ၾကည့္ဖို႔ စီစဥ္တာမွာေတာ့ အၾကည့္မခံနိုင္ေတာ့လို႔ အိမ္မွာပဲ ျပန္ေခၚၿပီး စိတ္ခ်မ္းသာေအာင္ ထားေနတယ္လို႔ ဆိုပါတယ္။ သတိကလည္း တခါတေလ ေမ့သြားၿပီလို႔ သိရပါတယ္။

ဦးစိန္ရိုးအတြက္ လွဴဒါန္းလိုပါက 09783661140 ကို ဆက္သြယ္ႏိုင္ေၾကာင္းလည္း 5 PLUS သတင္းတြင္ ေဖာ္ျပထားပါတယ္။

Credit to Pannpwint

ကင်ဆာရောဂါဖြစ်ပွားပြီး ငွေကြေးအခက်အခဲ ရင်ဆိုင်နေရတဲ့ လူရွှင်တော်ကြီး ဦးစိန်ရိုး

နာမည်ကျော် ဟာသအနုပညာရှင် လူရွှင်တော်ကြီး ဦးစိန်ရိုးကတော့ ကျန်းမာရေးမကောင်းတော့လို့ ငွေရေါ်ကြေးရေး အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီအကြောင်း 5 PLUS သတင်းရဲ့ အင်တာဗျူးတစ်ခုမှာ ဖော်ပြလာတာ ဖြစ်ပါတယ်။ ဦးစိန်ရိုးတစ်ယောက် အနုပညာသက်တမ်ရှည် လူရွှင်တော်တစ်ယောက် ဖြစ်ခဲ့ပေမယ့် ခုတော့ လူတွေရဲ့ မျက်ကွယ်ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

ဒီအချိန်က နေရေးနဲ့ သေရေး သေရေးဘက်ကိုများတယ်။ ဘုရားရှိခိုး ပုတီးစိပ် ဒါပဲ လုပ်ချင်တယ် လို့ ဦးစိန်ရိုးက ပြောသည်။ သူ့ရဲ့ ဇနီးဖြစ်သူ ဒေါ်ရီရီစန်းကလည်း တုန်းလုံးကြီးတော့ မလဲသေးဘူးပေါ့နော်၊ ငွေရေးကြေးရေါ် အခက်အခဲကတော့ နည်းနည်း ရှိတာပေါ့ လို့ ပြောပါတယ်။ ဦးစိန်ရိုးတစ်ယောက် အသံတွေလည်း အရင်လို မားရှိတော့ပါဘူး။ ရုပ်ကလည်း ပြောင်းလဲသွားခဲ့ပါပြီ။ အသက်ကကြီးတော့ ငြီးတယ် လို့လည်း ဇနီးကပြောသည်။

သွေးအန်ပြီး ဆေးရုံကြီးမှာ စစ်ဆေးကြည့်တော့ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ကင်ဆာဆိုက်တွေ သွားတွေ့တယ် လို့လည်း ဦးစိန်ရိုးရဲ့ သားမတ်က ပြောသည်။ နောက်ထပ် မှန်ပြောင်းအကြီးစား ကြည့်ဖို့ စီစဉ်တာမှာတော့ အကြည့်မခံနိုင်တော့လို့ အိမ်မှာပဲ ပြန်ခေါ်ပြီး စိတ်ချမ်းသာအောင် ထားနေတယ်လို့ ဆိုပါတယ်။ သတိကလည်း တခါတလေ မေ့သွားပြီလို့ သိရပါတယ်။

ဦးစိန်ရိုးအတွက် လှူဒါန်းလိုပါက 09783661140 ကို ဆက်သွယ်နိုင်ကြောင်းလည်း 5 PLUS သတင်းတွင် ဖော်ပြထားပါတယ်။

Credit to Pannpwint

=
=

Related posts

Leave a Comment

sorry...

Website is Protected by WordPress Protection from eDarpan.com.