Search
..



ကောလိပ်ဂျပိုး ရုပ်ရှင်ဇာတ်ကားတွင် ပင်နီတိုက်ပုံဝတ်၍ အမျိုးသမီးငယ်များအား ကာယအိနြေ္ဒပျက်ပြားစေသည့် ဇာတ်ကွက်များဖြင့် သရုပ်ဆောင်ခဲ့သည့် သရုပ်ဆောင်မြင့်မြတ်အား ပုဒ်မ၈(စ)ဖြင့် တရားစွဲသွားမည်ဟုဖျာပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကျော်က ဆိုသည်။



#မအူပင်ဟစ်တိုင်

ဒီချုပ်ပါတီအား ကြာကူလီအဖြစ် အများအထင်အမြင်မှားအောင် သရုပ်ဆောင်သည်ဆိုကာ မြင့်မြတ်အား တရားစွဲမည်ဟုဆို

ကောလိပ်ဂျပိုး ရုပ်ရှင်ဇာတ်ကားတွင် ပင်နီတိုက်ပုံဝတ်၍ အမျိုးသမီးငယ်များအား ကာယအိန္ဒြေပျက်ပြားစေသည့် ဇာတ်ကွက်များဖြင့် သရုပ်ဆောင်ခဲ့သည့် သရုပ်ဆောင်မြင့်မြတ်အား ပုဒ်မ၈(စ)ဖြင့် တရားစွဲသွားမည်ဟုဖျာပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကျော်က ဆိုသည်။

အဆိုပါ သရုပ်ဆောင်ကွက်များမှာ ပင်နီတိုက်ပုံဝတ်၍ နှာဘူး၊ ကြာကူလီတစ်ယောက်ပုံစံမျိုး သရုပ်ဆောင်ထားသဖြင့် ပါတီ၏ ပုံရိပ်ကို ထိခိုက်စေသောကြောင့် အမှုဖွင့်တိုင်ကြားရန် စီစဉ်နေကြောင်း သိရှိရသည်။

သူရဲ့ သရုပ်ဆောင်မှုကြောင့် ပင်နီတိုက်ပုံဝတ်ထားသူတွေဟာ တဏှာရူး၊ကြာကူလီတွေလို့ အများအမြင်မှာ အထင်အမြင်လွဲမှားစေနိုင်တဲ့အတွက် ပုဒ်မ ၈(စ)နဲ့ တရားစွဲဆိုသွားမည်ဟု လွှတ်တော်အမတ်မှ ဆက်လက်ပြောကြားခဲ့သည်။

#မအူပင်ဟစ်တိုင်

=
=

Related posts

Leave a Comment

sorry...

Website is Protected by WordPress Protection from eDarpan.com.