Search
..

တင္းမာလြန္းတဲ့ ေယာကၡမကို ေပ်ာ့ေျပာင္းသြားေစတဲ့… ေယာကၡမ ႏိုင္တဲ့ေဆး

တင္းမာလြန္းတဲ့ ေယာကၡမကို ေပ်ာ့ေျပာင္းသြားေစတဲ့… ေယာကၡမ ႏိုင္တဲ့ေဆး

အမ်ိဳးသမီး တစ္ဦးဟာ အိမ္ေထာင္က်ျပီးေတာ့ အမ်ိဳးသားရဲ႕ အိမ္မွာ ေနရပါတယ္။ ဒီေတာ့ ေယာကၡမနဲ႔ ေန႔တုိင္း ေျပာဆုိဆက္ဆံရျပီး ဘယ္လိုမွ မတည့္ဘူးတဲ့။ စကားမ်ားရ၊ ရန္ျဖစ္ရ ခဏခဏ ျဖစ္ျပီး စိတ္လည္း အင္မတန္ ညစ္သတဲ့။ ယဥ္ေက်းမွုအရလည္း ျဖစ္၊ ဘာသာေရးအရလည္း ျဖစ္ေတာ့ ေယာကၡမကို ၾကည့္မရလည္း ထမင္းခူးေပးရတယ္။ ျပင္ဆင္ေပးရ ပါတယ္။

တစ္ေန႔ေတာ့ ဒီဒဏ္ေတြကို မခံႏိုင္လို႔ အမ်ိဳးသမီးရဲ႕ အေဖျဖစ္သူထံ သြားျပီး အၾကံအဥာဏ္ေတာင္းတယ္။ အေဖျဖစ္သူကလည္း ေယာကၡမ စားတဲ့ ထမင္းတိုင္းမွာ ေဆးကို နည္းနည္းဆီ ခက္ျပီး ၆ လအတြင္း မသိမသာ နဲ႔ ေသဆံုး သြားေအာင္ လုပ္ရန္ရေၾကာင္း နည္းလမ္းေပးပါ တယ္။ ျပီးေတာ့ ေဆးလဲ ေပးလိုက္ပါသတဲ့။ ဒါမွလည္း ေသေၾကာင္းၾကံေၾကာင္းကို မသိမွာ ျဖစ္ေၾကာင္းလည္း ဆုိပါတယ္။

ဒါေၾကာင့္ ေဆးရသြားတဲ့ အမ်ိဳးသမီးဟာ ေန႔တိုင္း သူ႔ေယာကၡမ စားတဲ့ ထမင္းတိုင္းမွာ ယင္းအဆိပ္ကို ထည့္ပါတယ္။ ဒီေတာ့ အဆိပ္ထည့္တဲ့ ကာလ အတြင္းေတာ့ အဆင္ေျပေအာင္ ေပါင္းရမယ္ဆုိျပီးေတာ့ ေကာင္းမြန္ စြာ ေျပာဆုိဆက္ဆံ ပါတယ္။ ဒီလိုနဲ႔ ေျပာဆုိဆက္ဆံမွု ယဥ္ေက်းျပီး အေလ်ာ့ေပး တတ္တဲ့ ေခြ်းမေၾကာင့္ ေယာကၡမလည္း ေျပာင္းလဲ လာပါတယ္။ တျဖည္းျဖည္း အေကာင္းျမင္ေပးတတ္ လာျပီး အတၱေတြ နည္းလို႔ အဆင္ေျပလာၾက ပါတယ္။ ပတ္ဝန္းက်င္မွာလည္း ေခြ်းမလည္း လိမၼာေၾကာင္း ေတာ္ေၾကာင္းကို သတင္းေကာင္း မ်ား ေျပာေလ့ ရွိပါတယ္။ ဒါေၾကာင့္မို႔ သူတို႔ မိသားစုေလးဟာ အေတာ္ေလး သာယာ အဆင္ေျပ ေနပါျပီ။

ဒီေတာ့ အဆိပ္ခက္မိတဲ့ အမ်ိဳးသမီးက ေနာင္တရေနတဲ့။ ဒါေၾကာင့္ သူ႔အေဖဆီ ျပန္သြားျပီး ေတာင္းဆုိပါတယ္။ လက္ရွိ ခက္ထားတဲ့ အဆိပ္ကို ေျပေအာင္ လုပ္ႏိုင္တဲ့ ေဆးျပန္ေပးပါေပါ့။ ဒါနဲ႔ အေဖက ျပန္ေျဖပါတယ္။

“ငါ့သမီးကို ေပးလိုက္တာ အဆိပ္မဟုတ္ပါဘူး။ ေန႔စဥ္ က်န္းမာေစဖို႔ အားပါဝင္တဲ့ ဗီတာမင္ ေဆးေတြပါ။ သမီးရဲ႕ စိတ္ထဲမွာ ကိန္းေအာင္းေနတဲ့ အဆိပ္ကိုသာ အေဖ ဖယ္ရွားေပးလိုက္တာပါ”

သင္ခန္းစာ –

လူေတြနဲ႔ ေျပာဆိုဆက္ဆံတဲ့အခါ ဟုိလူမေကာင္းဘူး၊ ဒီလို မေကာင္းဘူး လို႔ ေျပာေနမယ့္ အစား အရင္ဆံုး ကိုယ္ကိုယ္ကို ေကာင္းေအာင္ အရင္ေျပာင္းလဲ ၾကည့္ပါ။ ပတ္ဝန္းက်င္က အလိုအေလ်ာက္ ေျပာင္းလဲ လာလိမ့္မယ္။ သင္ေကာင္းလွ်င္ က်ိဳးမဆုိးပါ မဟုတ္။ သင္္ေကာင္းေကာင္း မေကာင္းေကာင္း ကိုယ္မဆုိးဖုိ႔ လိုအပ္သည္။ ကိုယ္ေကာင္းဖို႔ လိုအပ္သည္။ လံုးဝ ျပဳျပင္မရေသာ လူတုိ႔ႏွင့္ ကံအေၾကာင္းေၾကာင္းေၾကာင့္ ျမင္ေတြ႔၊ ၾကံဳေတြ႔ရလွ်င္ေတာင္ “လူတိုင္းဟာ ေမတၱာႏွင့္ မထိုက္တန္လွ်င္ေတာင္ မိမိကိုယ္ကိုက ေမတၱာႏွင့္ ထိုက္တန္သည္ဟု သတ္မွတ္ယူ၍ အျမဲ ေကာင္းေအာင္ ေနရပါမည္”။ ေမတၱာဟူက ေရာင္ျပန္ဟပ္သည္။

Credit==ေအာင္ခမ္း (ရိုးရာေလး)

============

တင်းမာလွန်းတဲ့ ယောက္ခမကို ပျော့ပြောင်းသွားစေတဲ့… ယောက္ခမ နိုင်တဲ့ဆေး

အမျိုးသမီး တစ်ဦးဟာ အိမ်ထောင်ကျပြီးတော့ အမျိုးသားရဲ့ အိမ်မှာ နေရပါတယ်။ ဒီတော့ ယောက္ခမနဲ့ နေ့တိုင်း ပြောဆိုဆက်ဆံရပြီး ဘယ်လိုမှ မတည့်ဘူးတဲ့။ စကားများရ၊ ရန်ဖြစ်ရ ခဏခဏ ဖြစ်ပြီး စိတ်လည်း အင်မတန် ညစ်သတဲ့။ ယဉ်ကျေးမှုအရလည်း ဖြစ်၊ ဘာသာရေးအရလည်း ဖြစ်တော့ ယောက္ခမကို ကြည့်မရလည်း ထမင်းခူးပေးရတယ်။ ပြင်ဆင်ပေးရ ပါတယ်။

တစ်နေ့တော့ ဒီဒဏ်တွေကို မခံနိုင်လို့ အမျိုးသမီးရဲ့ အဖေဖြစ်သူထံ သွားပြီး အကြံအဉာဏ်တောင်းတယ်။ အဖေဖြစ်သူကလည်း ယောက္ခမ စားတဲ့ ထမင်းတိုင်းမှာ ဆေးကို နည်းနည်းဆီ ခက်ပြီး ၆ လအတွင်း မသိမသာ နဲ့ သေဆုံး သွားအောင် လုပ်ရန်ရကြောင်း နည်းလမ်းပေးပါ တယ်။ ပြီးတော့ ဆေးလဲ ပေးလိုက်ပါသတဲ့။ ဒါမှလည်း သေကြောင်းကြံကြောင်းကို မသိမှာ ဖြစ်ကြောင်းလည်း ဆိုပါတယ်။

ဒါကြောင့် ဆေးရသွားတဲ့ အမျိုးသမီးဟာ နေ့တိုင်း သူ့ယောက္ခမ စားတဲ့ ထမင်းတိုင်းမှာ ယင်းအဆိပ်ကို ထည့်ပါတယ်။ ဒီတော့ အဆိပ်ထည့်တဲ့ ကာလ အတွင်းတော့ အဆင်ပြေအောင် ပေါင်းရမယ်ဆိုပြီးတော့ ကောင်းမွန် စွာ ပြောဆိုဆက်ဆံ ပါတယ်။ ဒီလိုနဲ့ ပြောဆိုဆက်ဆံမှု ယဉ်ကျေးပြီး အလျော့ပေး တတ်တဲ့ ချွေးမကြောင့် ယောက္ခမလည်း ပြောင်းလဲ လာပါတယ်။ တဖြည်းဖြည်း အကောင်းမြင်ပေးတတ် လာပြီး အတ္တတွေ နည်းလို့ အဆင်ပြေလာကြ ပါတယ်။ ပတ်ဝန်းကျင်မှာလည်း ချွေးမလည်း လိမ္မာကြောင်း တော်ကြောင်းကို သတင်းကောင်း များ ပြောလေ့ ရှိပါတယ်။ ဒါကြောင့်မို့ သူတို့ မိသားစုလေးဟာ အတော်လေး သာယာ အဆင်ပြေ နေပါပြီ။

ဒီတော့ အဆိပ်ခက်မိတဲ့ အမျိုးသမီးက နောင်တရနေတဲ့။ ဒါကြောင့် သူ့အဖေဆီ ပြန်သွားပြီး တောင်းဆိုပါတယ်။ လက်ရှိ ခက်ထားတဲ့ အဆိပ်ကို ပြေအောင် လုပ်နိုင်တဲ့ ဆေးပြန်ပေးပါပေါ့။ ဒါနဲ့ အဖေက ပြန်ဖြေပါတယ်။

“ငါ့သမီးကို ပေးလိုက်တာ အဆိပ်မဟုတ်ပါဘူး။ နေ့စဉ် ကျန်းမာစေဖို့ အားပါဝင်တဲ့ ဗီတာမင် ဆေးတွေပါ။ သမီးရဲ့ စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ အဆိပ်ကိုသာ အဖေ ဖယ်ရှားပေးလိုက်တာပါ”

သင်ခန်းစာ –

လူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ ဟိုလူမကောင်းဘူး၊ ဒီလို မကောင်းဘူး လို့ ပြောနေမယ့် အစား အရင်ဆုံး ကိုယ်ကိုယ်ကို ကောင်းအောင် အရင်ပြောင်းလဲ ကြည့်ပါ။ ပတ်ဝန်းကျင်က အလိုအလျောက် ပြောင်းလဲ လာလိမ့်မယ်။ သင်ကောင်းလျှင် ကျိုးမဆိုးပါ မဟုတ်။ သင််ကောင်းကောင်း မကောင်းကောင်း ကိုယ်မဆိုးဖို့ လိုအပ်သည်။ ကိုယ်ကောင်းဖို့ လိုအပ်သည်။ လုံးဝ ပြုပြင်မရသော လူတို့နှင့် ကံအကြောင်းကြောင်းကြောင့် မြင်တွေ့၊ ကြုံတွေ့ရလျှင်တောင် “လူတိုင်းဟာ မေတ္တာနှင့် မထိုက်တန်လျှင်တောင် မိမိကိုယ်ကိုက မေတ္တာနှင့် ထိုက်တန်သည်ဟု သတ်မှတ်ယူ၍ အမြဲ ကောင်းအောင် နေရပါမည်”။ မေတ္တာဟူက ရောင်ပြန်ဟပ်သည်။

Credit==အောင်ခမ်း (ရိုးရာလေး)

=
=

Related posts

Leave a Comment

sorry...

Website is Protected by WordPress Protection from eDarpan.com.