Search
..
နာမည်ကြီးနေတဲ့ ပုံပါ နန်းပြားသုပ် ၁ ပွဲ ၃၄၅၀ ကျပ်
=============
ယနေ့ နာမည်ကြီးနေတဲ့ ရန်ကုန်က ပုံပါ နန်းပြားသုတ် ၁ ပွဲ ၃၄၅၀ ကျပ်
ဘုရားသခင်ကယ်တော်မူပါ ဒွန္နယာကြီးမှာ နန်းကြီးသုတ်ဆိုင်ကလဲ 10% service charge ယူနေပါတယ်
မန်းလေးမှာ ကျနော်ဆိုင်တကာစုံစိနေအောင်စားပေမဲ့ အဲဒိဆိုင်တော့မစားပါ ဘာလို့လဲဆိုတော့ လမ်းဘေးမှာစားချင်တဲ့အစာကို air con ခန်းထဲမစားချင်လို့ပါ ရန်ကုန်မှာလာဖွင့်တယ်ဆိုလို့သွားစားကြည့်မိပါတယ်။
မြန်မာပြည်မှာနန်းပြားသုတ်ကို အမြင့်ဆုံးစျေးပေးစားရသေးတယ်။ ပိုက်ဆံရှင်းတော့ service 10% 300 ကျပ်ထည့်တွက်တော့ လာထားပေါ့ ပထမတော့စားပွဲထိုးလေးမေးကြည့်ပါတယ်။
ဘာအတွက်ယူတာလဲ ကားရပ်စရာမရှိလို့ အဝေးကြီးရပ်ထားရတယ်။ ဆိုင်ထဲဝင်တယ် နန်းပြားသုတ်တပွဲလို့မှာတယ် လာချပေးတယ်။
ငါစားတယ် ဒိအတွက်ပိုက်ဆံထပ်ပေးရတဲ့ဘာတွေများ ဝန်ဆောင်ပေးလို့ငါကထပ်ပေးရမှာဘဲ ဆိုတော့မန်နေဂျာရောက်လာပြီး ဆိုင်တော်တော်များများယူပါတယ်တဲ့ အဲဒိဆိုင်တော်တော်များများငါတော့မစားဘူး။ စားလဲငါမပေးဘူး။ ခုဒီမှာငါစားတာဒီမှာဘာလို့ယူတာလဲ။
ငါစားတာနန်းပြားသုတ်နော်။ ဘာမှခန်းခန်းနားနားစားတာမဟုတ်ဘူးဆိုတော့ မပေးပါနဲ့။ ပြန်နှုတ်ပေးပါ့မယ်ဆိုပြီးနှုတ်ပေးတယ။
ပြသနာက ၃၀၀ ကြောင့်မဟုတ်ဘူး။ စားသုံးသူကို မလေးစားပဲ ငါတို့လိုချင်တာ ။ ဟုတ်ဟုတ်မဟုတ်ဟုတ်တောင်းရင်ပေးရမယ်ထင်နေတာ။
ဒီတသက် အဲဒိဆိုင်မစားတော့ဘူး။ကြယ်ငါးကောက်ပစ်တဲ့စာထဲကလိုပဲ ဒိလောက်အများကြီး မင်းတယောက်ထဲ လုပ်တော့ရောဘာထူးမှာမှမဟုတ်ပေမယ့် ဒီလိုလူရှိတယ်ဆိုတာတော့သိသွားတာပေါ ့။
မိတ်ဆွေတို့လဲ အားမပေးပါနဲ့။ ဒီအပြုအမူကို လိုချင်ရင်ဆိုင်ဝမှာ စာချိတ်ထားမီနူးမှာရေးထားပေါ့။ ပေးနိုင်တဲ့လူလာစားလိမ့်မယ်။ ခုကအစားအသောက်ရောင်းတာလား။ဓမြတိုက်ချင်တာလားမသိဘူး။ ထပ်ပြောလိုက်မယ် ငါကတော့ မပေးဘူး။
စားသုံးသူကာကွယ်ရေး ဦးစီးဌာနကလဲ စားသုံးသူဘက်ကရပ်မပေး ဆိုင်ရှင်ဘက်ကပဲ။
From Win Htay’s Facebook
=
=
Related posts
Leave a Comment
sorry...
Website is Protected by WordPress Protection from eDarpan.com.