Search
..

တပို႔တြဲလကြယ္ေန႔ ေန တပိုင္းၾကတ္မည္

တပို႔တြဲလကြယ္ေန႔ ေန တပိုင္းၾကတ္မည္

၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလ (၁၅) ရက္ေန႔.. တပို႔တြဲ လကြယ္ေန႔မွာေတာ့ ေန တပိုင္းၾကတ္ျခင္းျဖစ္စဥ္ကို ေတာင္ဝင္႐ိုးစြန္းေဒသ (အႏၲာတိကတိုက္အနီးတဝိုက္) မွာ ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ ျမန္မာစံေတာ္ခ်ိန္အေနနဲ႔ ကေတာ့ ၁၆ ရက္ေန႔ နံနက္ ၁၀ နာရီေလာက္မွာျဖစ္ၿပီး ျမန္မာႏိုင္ငံမွ လံုးဝ (လံုးဝ) ျမင္ရမည္ မဟုတ္ပါ။

ေနၾကတ္ျခင္းဟာ ေန၊ ကမ႓ာ နဲ႔ လ တို႔ တတန္းတည္းျဖစ္ခ်ိန္မွာ ျဖစ္ေပၚတတ္ၿပီး.. လ ရဲ႕ အရိပ္ဟာ ကမ႓ာေပၚသို႔ က်ေရာက္ျခင္းေၾကာင့္ ထိုအရိပ္က်တဲ့ ေဒသမ်ားမွာ ေနကိုမျမင္ရပဲ ကြယ္သြားျခင္း ျဖစ္ပါတယ္။ (ပံု) ။ ေနၾကတ္ျခင္းဟာ လကြယ္ေန႔မ်ားမွာသာျဖစ္တတ္ၿပီး၊ လၾကတ္ျခင္းကေတာ့ လျပည့္ေန႔မွာသာ ျဖစ္ပါတယ္။ (ၿပီးခဲ့တဲ့ တပို႔တြဲ လျပည့္ေန႔က လ အျပည့္ၾကတ္ခဲ့ပါတယ္။)

အခုတေခါက္ ေနႀကတ္ျခင္းကို ျမင္ေတြ႕ရမယ့္ ေဒသမ်ား (တနည္း) လ အရိပ္က်ေရာက္မယ့္ ေနရာမ်ားကေတာ့.. အႏၲာတိကတိုက္၊ ေဖာ္ကလန္ကြ်န္းစု၊ အာဂ်င္တီးနား၊ ဥ႐ုေဂြး နဲ႔ ခ်ီလီႏိုင္ငံတို႔ျဖစ္ၿပီး… ေနတပိုင္းၾကတ္ျခင္းကိုသာ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ေန နဲ႔ လ တို႔ တည္ရွိေနမယ့္ ၾကယ္တာရာကေတာ့.. Capricorn လို႔ေခၚတဲ့ မကာရ ရာသီ ၾကယ္တာရာျဖစ္ပါတယ္။

ယခုတေခါက္ တပို႔တြဲလျပည့္နဲ႔ လကြယ္မွာ လၾကတ္ျခင္း၊ ေနၾကတ္ျခင္းျဖစ္ၿပီးလွ်င္ေတာ့.. ဇူလိုင္လ ၂၇ ရက္ (ဒုတိယ ဝါဆိုလျပည့္ေန႔) ညမွာ လၾကတ္ျခင္းျဖစ္ဦးမွာျဖစ္ၿပီး၊ ၾသဂုတ္လ ၁၁ ရက္ (ဒုတိယ ဝါဆိုလကြယ္ေန႔) မွာေတာ့ ေနတပိုင္းၾကတ္ျခင္း ျဖစ္ေပၚဦးမွာပါ။ လၾကတ္ျခင္းကို ျမန္မာႏိုင္ငံမွ ျမင္ေတြ႕ရမွာျဖစ္ၿပီး.. ေန တပိုက္းၾကတ္ျခင္းကိုေတာ့.. ျမင္ေတြ႕ရဦးမည္ မဟုတ္ပါ။

အနာဂတ္ပညာေရးအတြက္..

သန္႔ဦး (အာကာသႏွင့္ စၾကဝဠာ)

တပို့တွဲလကွယ်နေ့ နေ တပိုင်းကြတ်မည်

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၁၅) ရက်နေ့.. တပို့တွဲ လကွယ်နေ့မှာတော့ နေ တပိုင်းကြတ်ခြင်းဖြစ်စဉ်ကို တောင်ဝင်ရိုးစွန်းဒေသ (အန္တာတိကတိုက်အနီးတဝိုက်) မှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ မြန်မာစံတော်ချိန်အနေနဲ့ ကတော့ ၁၆ ရက်နေ့ နံနက် ၁၀ နာရီလောက်မှာဖြစ်ပြီး မြန်မာနိုင်ငံမှ လုံးဝ (လုံးဝ) မြင်ရမည် မဟုတ်ပါ။

နေကြတ်ခြင်းဟာ နေ၊ ကမ႓ာ နဲ့ လ တို့ တတန်းတည်းဖြစ်ချိန်မှာ ဖြစ်ပေါ်တတ်ပြီး.. လ ရဲ့ အရိပ်ဟာ ကမ႓ာပေါ်သို့ ကျရောက်ခြင်းကြောင့် ထိုအရိပ်ကျတဲ့ ဒေသများမှာ နေကိုမမြင်ရပဲ ကွယ်သွားခြင်း ဖြစ်ပါတယ်။ (ပုံ) ။ နေကြတ်ခြင်းဟာ လကွယ်နေ့များမှာသာဖြစ်တတ်ပြီး၊ လကြတ်ခြင်းကတော့ လပြည့်နေ့မှာသာ ဖြစ်ပါတယ်။ (ပြီးခဲ့တဲ့ တပို့တွဲ လပြည့်နေ့က လ အပြည့်ကြတ်ခဲ့ပါတယ်။)

အခုတခေါက် နေကြတ်ခြင်းကို မြင်တွေ့ရမယ့် ဒေသများ (တနည်း) လ အရိပ်ကျရောက်မယ့် နေရာများကတော့.. အန္တာတိကတိုက်၊ ဖော်ကလန်ကျွန်းစု၊ အာဂျင်တီးနား၊ ဥရုဂွေး နဲ့ ချီလီနိုင်ငံတို့ဖြစ်ပြီး… နေတပိုင်းကြတ်ခြင်းကိုသာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ နေ နဲ့ လ တို့ တည်ရှိနေမယ့် ကြယ်တာရာကတော့.. Capricorn လို့ခေါ်တဲ့ မကာရ ရာသီ ကြယ်တာရာဖြစ်ပါတယ်။

ယခုတခေါက် တပို့တွဲလပြည့်နဲ့ လကွယ်မှာ လကြတ်ခြင်း၊ နေကြတ်ခြင်းဖြစ်ပြီးလျှင်တော့.. ဇူလိုင်လ ၂၇ ရက် (ဒုတိယ ဝါဆိုလပြည့်နေ့) ညမှာ လကြတ်ခြင်းဖြစ်ဦးမှာဖြစ်ပြီး၊ သြဂုတ်လ ၁၁ ရက် (ဒုတိယ ဝါဆိုလကွယ်နေ့) မှာတော့ နေတပိုင်းကြတ်ခြင်း ဖြစ်ပေါ်ဦးမှာပါ။ လကြတ်ခြင်းကို မြန်မာနိုင်ငံမှ မြင်တွေ့ရမှာဖြစ်ပြီး.. နေ တပိုက်းကြတ်ခြင်းကိုတော့.. မြင်တွေ့ရဦးမည် မဟုတ်ပါ။

အနာဂတ်ပညာရေးအတွက်..

သန့်ဦး (အာကာသနှင့် စကြဝဠာ)

=
=

Related posts

Leave a Comment

sorry...

Website is Protected by WordPress Protection from eDarpan.com.