Search
..

လမ္းေဘးမွာ ခဲတံေရာင္းၿပီး ေငြေတာင္းေနတဲ့ လူတစ္ေယာက္ရဲ႕ ခြက္ထဲကို တစ္ေဒၚလာ ထည့္လိုက္ပါတယ္

စကားတစ္ခြန္းေၾကာင့္ဘဝေျပာင္းခဲ့သူ

စီးပြားေရး လုပ္ငန္းရွင္ တစ္ေယာက္ဟာ လမ္းေဘးမွာ ခဲတံေလးေတြ ေရာင္းၿပီး ေငြေတာင္းေနတဲ့ လူတစ္ေယာက္ရဲ႕ ခြက္ထဲကို တစ္ေဒၚလာ ထည့္လိုက္ပါတယ္။ၿပီးေတာ့ သုတ္သီးသုတ္ပ်ာနဲ႔ ရထားေပၚကို ေျပးတက္ သြားပါတယ္။ ေနာက္မွ သတိရၿပီး ရထားေပၚက ျပန္ဆင္းလာကာ ေစာေစာက သူေငြထည့္ေပးခဲ့တဲ့ သူဆီ ျပန္သြားၿပီး ခြက္ထဲက ခဲတံ တစ္ေခ်ာင္းကို ႏိႈက္ယူလိုက္ပါတယ္။ ၿပီးေတာ့ သူက အေလာတႀကီး ျဖစ္ေနလို႔ ေငြထည့္ျပီး ခဲတံယူဖို႔ ေမ့သြားတယ္လို႔ ၿပံဳးျပၿပီး ေျပာပါတယ္။

ေနာက္ၿပီး သူက ေငြေတာင္းေနသူကို ေျပာတယ္။

“ခင္ဗ်ားလည္း ကၽြန္ေတာ့္လို စီးပြားေရး လုပ္ငန္းရွင္တစ္ေယာက္ပဲေလ။ ခင္ဗ်ားမွာ ေရာင္းစရာေတြ ရွိေနၿပီး ဒါေတြကို သင့္တင့္မွ်တတဲ့ ေစ်းႏႈန္း သတ္မွတ္ထားတာပဲ မဟုတ္လား။ ႀကိဳးစားပါ။”လို႔ ေျပာၿပီး ရထားေပၚ

တက္သြားခဲ့ပါတယ္။

ေနာင္ႏွစ္ေပါင္းမ်ားစြာၾကာတဲ့အခါ လူမႈေရး ပြဲလမ္းသဘင္ တစ္ခုမွာ သားသားနားနား ၀တ္စားထားတဲ့ သူတစ္ေယာက္က စီးပြားေရး လုပ္ငန္းရွင္ ႀကီးထံလာၿပီး သူ႔ကိုယ္သူ မိတ္ဆက္ပါတယ္။

“ခင္ဗ်ားကေတာ့ ကၽြန္ေတာ့္ကို မွတ္မိမွာ မဟုတ္ေပမယ့္ ခင္ဗ်ားကို ကၽြန္ေတာ္ ဘယ္ေတာ့မွာ ေမ့မွာ မဟုတ္ပါဘူး။ ခင္ဗ်ားနဲ႔ မေတြ႕မီ အခ်ိန္အထိေတာ့ ကၽြန္ေတာ္ဟာ ခဲတံေလးေတြ ေရာင္းတဲ့ သူေတာင္းစား တစ္ေယာက္ပါပဲ။

ဒါေပမယ့္ ခင္ဗ်ားက ကၽြန္ေတာ့္ကို စီးပြားေရး လုပ္ငန္းရွင္ပဲလို႔ ေျပာသြားခဲ့တဲ့ အခ်ိန္က စၿပီး၊ ကၽြန္ေတာ္ဟာ စီးပြားေရး လုပ္ငန္းရွင္ ျဖစ္သြားတယ္” လို႔ ေျပာခဲ့ပါတယ္။

သူဟာ သူ႔ကိုယ္သူ သူေတာင္းစားပဲ လို႔ ေတြးေတာထားတဲ့ အျမင္ကေန ႐ုတ္တရက္ စကားတစ္ခြန္းေၾကာင့္ သူ႔အေတြးေတြ ေျပာင္းသြားတယ္။ သူ႔ကိုယ္သူ အဲ့ဒီအခ်ိန္ကစၿပီး သူဟာ စီးပြားေရး လုပ္ငန္းရွင္ တစ္ေယာက္ပဲလို႔ ေတြးေတာခဲ့တယ္။

စီးပြားေရး လုပ္ငန္းရွင္ တစ္ေယာက္လို စတင္ က်င့္သံုး ျပဳမူခဲ့တယ္။ သူအေတြးေတြဟာ သူ႔ဘ၀ရဲ႕ ပဲ့တင္သံေတြပါပဲ။

မိမိအေတြး ပံုရိပ္ထဲမွာ “ငါဟာ သူေတာင္းစားပဲ”လို႔ ေတြးပါမ်ားရင္ “ငါဟာ သူေတာင္းစားပဲ” ဆိုတဲ့ အသံသာ အထပ္ထပ္ ျပန္ၾကားေနရမွာပါ။ “ငါဟာလုပ္ငန္းရွင္ပဲ” လို႔ ေတြးလိုက္တာနဲ႔ “ငါဟာ လုပ္ငန္းရွင္ပဲ” ဆိုတဲ့အေတြး ပဲ့တင္သံ ျပန္လာမွာ အေသအခ်ာပါပဲ။

ေနာက္ၿပီး ဒီပံုျပင္ေလးထဲက စီးပြားေရး လုပ္ငန္းရွင္ႀကီးလို သင္လည္း သူတစ္ပါးကို အေကာင္းျမင္ၿပီး စိတ္ခြန္အား ျဖစ္ေစမယ့္ စကားလံုးေတြနဲ႔ ကူညီႏိုင္ပါတယ္။

လူေတြရဲ႕ ခႏၶာကိုယ္ထဲမွာ ပါရမီေတြ၊ အစြမ္းအစေတြ ရွိေနၾကပါတယ္။ ဒါေတြကိုသင္က ႏႈိးဆြေပးလုိက္႐ံုနဲ႔ သူ႔ကိုယ္ထဲက အစြမ္းအစေတြဟာ အၿငိမ္မေနႏိုင္ပဲ စြမ္းအားေတြ အျဖစ္ ထြက္ေပၚကာ သူ႔ဘ၀တစ္ခုလံုးကို ေျပာင္းလဲ သြားေစႏိုင္ ပါေသးတယ္။ ဒီလိုနည္းနဲ႔ သင္က လူေတြရဲ႕ ဘ၀ေတြကို တိုးတက္ ေအာင္ျမင္သြားေအာင္ ေစတနာ စိတ္ဓာတ္ အျပည့္နဲ႔ ကူညီေပးမယ္ဆိုရင္ သင့္ကူညီမႈရဲ႕ ပဲ့တင္သံေတြဟာ သင့္ထံ ျပန္လာမွာ မလြဲမေသြပါပဲ။

တျခားသူေတြရဲ႕ဘ၀ကို ျမႇင့္တင္ေပးျခင္း အားျဖင့္ သင္ကိုယ္တိုင္လည္း ေသခ်ာေပါက္ တိုးတက္ ေအာင္ျမင္လာမွာ ျဖစ္တယ္ဆိုတာ အာမခံပါတယ္။

သင္ျပဳတဲ့ကံ၊ ပဲ့တင္သံ၊ သင့္ထံ ျပန္လာမွာပဲ ျဖစ္ပါတယ္။

Credit ဖူးေက်ာ္ဇင္ (Future Wave)

===========

စကားတစ်ခွန်းကြောင့်ဘဝပြောင်းခဲ့သူ

စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ဟာ လမ်းဘေးမှာ ခဲတံလေးတွေ ရောင်းပြီး ငွေတောင်းနေတဲ့ လူတစ်ယောက်ရဲ့ ခွက်ထဲကို တစ်ဒေါ်လာ ထည့်လိုက်ပါတယ်။ပြီးတော့ သုတ်သီးသုတ်ပျာနဲ့ ရထားပေါ်ကို ပြေးတက် သွားပါတယ်။ နောက်မှ သတိရပြီး ရထားပေါ်က ပြန်ဆင်းလာကာ စောစောက သူငွေထည့်ပေးခဲ့တဲ့ သူဆီ ပြန်သွားပြီး ခွက်ထဲက ခဲတံ တစ်ချောင်းကို နှိုက်ယူလိုက်ပါတယ်။ ပြီးတော့ သူက အလောတကြီး ဖြစ်နေလို့ ငွေထည့်ပြီး ခဲတံယူဖို့ မေ့သွားတယ်လို့ ပြုံးပြပြီး ပြောပါတယ်။

နောက်ပြီး သူက ငွေတောင်းနေသူကို ပြောတယ်။

“ခင်ဗျားလည်း ကျွန်တော့်လို စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ပဲလေ။ ခင်ဗျားမှာ ရောင်းစရာတွေ ရှိနေပြီး ဒါတွေကို သင့်တင့်မျှတတဲ့ စျေးနှုန်း သတ်မှတ်ထားတာပဲ မဟုတ်လား။ ကြိုးစားပါ။”လို့ ပြောပြီး ရထားပေါ်

တက်သွားခဲ့ပါတယ်။

နောင်နှစ်ပေါင်းများစွာကြာတဲ့အခါ လူမှုရေး ပွဲလမ်းသဘင် တစ်ခုမှာ သားသားနားနား ၀တ်စားထားတဲ့ သူတစ်ယောက်က စီးပွားရေး လုပ်ငန်းရှင် ကြီးထံလာပြီး သူ့ကိုယ်သူ မိတ်ဆက်ပါတယ်။

“ခင်ဗျားကတော့ ကျွန်တော့်ကို မှတ်မိမှာ မဟုတ်ပေမယ့် ခင်ဗျားကို ကျွန်တော် ဘယ်တော့မှာ မေ့မှာ မဟုတ်ပါဘူး။ ခင်ဗျားနဲ့ မတွေ့မီ အချိန်အထိတော့ ကျွန်တော်ဟာ ခဲတံလေးတွေ ရောင်းတဲ့ သူတောင်းစား တစ်ယောက်ပါပဲ။

ဒါပေမယ့် ခင်ဗျားက ကျွန်တော့်ကို စီးပွားရေး လုပ်ငန်းရှင်ပဲလို့ ပြောသွားခဲ့တဲ့ အချိန်က စပြီး၊ ကျွန်တော်ဟာ စီးပွားရေး လုပ်ငန်းရှင် ဖြစ်သွားတယ်” လို့ ပြောခဲ့ပါတယ်။

သူဟာ သူ့ကိုယ်သူ သူတောင်းစားပဲ လို့ တွေးတောထားတဲ့ အမြင်ကနေ ရုတ်တရက် စကားတစ်ခွန်းကြောင့် သူ့အတွေးတွေ ပြောင်းသွားတယ်။ သူ့ကိုယ်သူ အဲ့ဒီအချိန်ကစပြီး သူဟာ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ပဲလို့ တွေးတောခဲ့တယ်။

စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်လို စတင် ကျင့်သုံး ပြုမူခဲ့တယ်။ သူအတွေးတွေဟာ သူ့ဘဝရဲ့ ပဲ့တင်သံတွေပါပဲ။

မိမိအတွေး ပုံရိပ်ထဲမှာ “ငါဟာ သူတောင်းစားပဲ”လို့ တွေးပါများရင် “ငါဟာ သူတောင်းစားပဲ” ဆိုတဲ့ အသံသာ အထပ်ထပ် ပြန်ကြားနေရမှာပါ။ “ငါဟာလုပ်ငန်းရှင်ပဲ” လို့ တွေးလိုက်တာနဲ့ “ငါဟာ လုပ်ငန်းရှင်ပဲ” ဆိုတဲ့အတွေး ပဲ့တင်သံ ပြန်လာမှာ အသေအချာပါပဲ။

နောက်ပြီး ဒီပုံပြင်လေးထဲက စီးပွားရေး လုပ်ငန်းရှင်ကြီးလို သင်လည်း သူတစ်ပါးကို အကောင်းမြင်ပြီး စိတ်ခွန်အား ဖြစ်စေမယ့် စကားလုံးတွေနဲ့ ကူညီနိုင်ပါတယ်။

လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ပါရမီတွေ၊ အစွမ်းအစတွေ ရှိနေကြပါတယ်။ ဒါတွေကိုသင်က နှိုးဆွပေးလိုက်ရုံနဲ့ သူ့ကိုယ်ထဲက အစွမ်းအစတွေဟာ အငြိမ်မနေနိုင်ပဲ စွမ်းအားတွေ အဖြစ် ထွက်ပေါ်ကာ သူ့ဘဝတစ်ခုလုံးကို ပြောင်းလဲ သွားစေနိုင် ပါသေးတယ်။ ဒီလိုနည်းနဲ့ သင်က လူတွေရဲ့ ဘဝတွေကို တိုးတက် အောင်မြင်သွားအောင် စေတနာ စိတ်ဓာတ် အပြည့်နဲ့ ကူညီပေးမယ်ဆိုရင် သင့်ကူညီမှုရဲ့ ပဲ့တင်သံတွေဟာ သင့်ထံ ပြန်လာမှာ မလွဲမသွေပါပဲ။

တခြားသူတွေရဲ့ဘဝကို မြှင့်တင်ပေးခြင်း အားဖြင့် သင်ကိုယ်တိုင်လည်း သေချာပေါက် တိုးတက် အောင်မြင်လာမှာ ဖြစ်တယ်ဆိုတာ အာမခံပါတယ်။

သင်ပြုတဲ့ကံ၊ ပဲ့တင်သံ၊ သင့်ထံ ပြန်လာမှာပဲ ဖြစ်ပါတယ်။

Credit ဖူးကျော်ဇင် (Future Wave)

=
=

Related posts

Leave a Comment

sorry...

Website is Protected by WordPress Protection from eDarpan.com.