Search
..

ဒါမ်ိဳးေတြေၾကာင့္ ကိုယ္၀န္ေဆာင္ေမေမတို႔ သေဘၤာသီး လံုး၀မစားၾကဖို႔ သတိေပးမွ်ေ၀လိုက္ပါတယ္

ကိုယ္၀န္ေဆာင္ေမေမေတြ ဘာလို ့သေဘၤာသီး မစားသင့္တာလဲ

ကိုယ္၀န္ေဆာင္ခ်ိန္မွာ မစားသင့္တဲ့ အစားအစာေတြရဲ ့စာရင္းထဲမွာ သေဘၤာသီးက ထိပ္ဆံုးမွာရွိပါတယ္ ေမေမတို႔ေရ။ သေဘၤာသီးက က်န္းမာေရးကို အေထာက္အကူျပဳတယ္မဟုတ္ဘူးလားလို႔ ေစာဒက တက္ရင္လည္းဟုတ္ပါတယ္။

သေဘာၤသီး အမွည့္က က်န္းမာေရးအတြက္ အေထာက္အကူျပဳတဲ့ ဗီတာမင္ဓာတ္ေတြ ၾကြယ္ၾကြယ္၀၀ မ်ားမ်ားစားစား ပါ၀င္ပါတယ္။ ဒါေပမယ့္လည္း ဘယ္ေလာက္ပဲ ဗီတာမင္ၾကြယ္၀ၾကြယ္၀ ေမေမတို႔အေနနဲ႔ သေဘၤာသီးကို  မစားသင့္တာ ဘာလို႔လဲဆိုတာကို Kalay က မွ်ေ၀ေပးမယ္ေနာ္။

သေဘၤာသီးေတြမွာ ပပိန္း “papain” ဆိုတဲ့ ဓာတ္သဘာ၀ တစ္မ်ိဳးပါ၀င္ေနပါတယ္။ သေဘၤာသီးအစိမ္းေတြမွာဆို ပိုဆိုးပါတယ္။ ပပိန္းက ဓာတုေဗဒ ျဒပ္ေပါင္း တစ္မ်ိဳးျဖစ္ၿပီးေတာ့  သူနဲ႔ထိေတြ႔တဲ့ အရာေတြကို ႏူးေစ ေပ်ာ့ေစတဲ့ ဂုဏ္သတၱိ ရွိေနတယ္တဲ့ ။

ဒါေၾကာင့္လည္း အိမ္မွာ ဆိတ္သားတို႔၊ အမဲသားတို႔လို ႏူးအိမလြယ္တဲ့ အသားေတြခ်က္ရင္ သေဘၤာသီး အစိမ္းထည့္ခ်က္ၾကတာေပါ့။ ေနာက္ၿပီး သေဘၤာသီးရဲ ့ ပပိန္းက ေခ်းခၽြတ္ႏိုင္တဲ့ အစြမ္းလည္းရွိတဲ့အတြက္ သြားေတြကို ျဖဴေဖြးေအာင္ သြားတိုက္ေဆး ထုတ္လုပ္တဲ့အခါ ကုန္ၾကမ္းအျဖစ္ေတာင္ သံုးတယ္တဲ့။

အဲ့ဒီ့လို ဓာတ္သဘာ၀ ေတြရွိတဲ့ သေဘၤာသီးက စားလိုက္လို႔ ဗိုက္ထဲ ေရာက္သြားရင္ ၀မ္းႏူးေစပါတယ္။ ၀မ္းခ်ဳပ္ေနတဲ့ သူေတြအတြက္ အေကာင္းဆံုး ဓာတ္စာ သေဘၤာသီးက သားအိမ္ကို က်ံဳ ့ေစႏိုင္တဲ့ အတြက္ ကိုယ္၀န္လႏုတဲ့ အခ်ိန္စားမိရင္ ေသြးဆင္းၿပီး ကိုယ္၀န္ အဖတ္မတင္ ျဖစ္တတ္ပါတယ္။ သေဘၤာသီးအစိမ္းက ပပိန္းပါ၀င္မႈ ပိုမ်ားလို႔ ယိုးဒယား သေဘၤာသီးေထာင္းတို႔၊ သေဘၤာသီးသုပ္တို႔ကို ကိုယ္၀န္ရွိတဲ့ အခ်ိန္ ဘယ္ေလာက္ပဲ ခ်ဥ္ျခင္းတတ္တတ္ လံုး၀မစားရဘူးေနာ္။

ေမေမတို႔ အေနနဲ႔လည္း ကိုယ္၀န္ေဆာင္ေတြ လႏုတုန္း သေဘၤာသီး မစားသင့္ဘူးဆိုတာ ၾကားဖူးနား၀ရွိမွာေပါ့။ တခါတေလ တခ်ိဳ ့ ေမေမႀကီးေတြက “အလကားပါ  ငါတို႔တုန္းကလည္း သေဘၤာသီးစားတာပဲ ဘာမွ မျဖစ္ပါဘူး” ဆိုၿပီးေျပာတာလည္းၾကားဖူးမွာပါ။

အဲ့လို ေျပာတာေတြကို သြားၿပီး နားမေယာင္မိပါေစနဲ႔ဦး။ သေဘၤာသီးစားလို႔ရွိရင္ ကိုယ္၀န္မပ်က္ရင္ေတာင္ ေမြးလာတဲ့ ကေလးေလးမွာ ျပႆနာ တစ္ခုခုရွိႏိုင္တယ္တဲ့။ သေဘၤာသီးက ရမယ့္ ဗီတာမင္ေတြကို လိုခ်င္တယ္ဆိုရင္ေတာင္ သေဘၤာသီးစားရမွ မဟုတ္ပါဘူးေနာ္။

ျဖည့္စြက္ေဆး၀ါးေတြကေနလည္း ဗီတာမင္မ်ိဳးစံုကို ျဖည့္လို႔ရပါတယ္။ ေနာက္ဆံုးမွာခ်င္တာကေတာ့ သေဘၤာသီးႀကိဳက္တဲ့ ေမေမတို႔ ကေလးေလးအႏၱရာယ္ကင္းဖို႔ သေဘၤာသီးကို ကိုယ္၀န္လႏုတုန္း ေရွာင္ၾကဥ္လိုက္ပါဦးလို ့ မွ်ေ၀ေပးလိုက္ပါတယ္ေနာ္ ။

Credit: Duwun

==============

ကိုယ်ဝန်ဆောင်မေမေတွေ ဘာလို ့သင်္ဘောသီး မစားသင့်တာလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ မစားသင့်တဲ့ အစားအစာတွေရဲ ့စာရင်းထဲမှာ သင်္ဘောသီးက ထိပ်ဆုံးမှာရှိပါတယ် မေမေတို့ရေ။ သင်္ဘောသီးက ကျန်းမာရေးကို အထောက်အကူပြုတယ်မဟုတ်ဘူးလားလို့ စောဒက တက်ရင်လည်းဟုတ်ပါတယ်။

သဘောင်္သီး အမှည့်က ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဗီတာမင်ဓာတ်တွေ ကြွယ်ကြွယ်ဝဝ များများစားစား ပါ၀င်ပါတယ်။ ဒါပေမယ့်လည်း ဘယ်လောက်ပဲ ဗီတာမင်ကြွယ်ဝကြွယ်ဝ မေမေတို့အနေနဲ့ သင်္ဘောသီးကို  မစားသင့်တာ ဘာလို့လဲဆိုတာကို Kalay က မျှဝေပေးမယ်နော်။

သင်္ဘောသီးတွေမှာ ပပိန်း “papain” ဆိုတဲ့ ဓာတ်သဘာဝ တစ်မျိုးပါ၀င်နေပါတယ်။ သင်္ဘောသီးအစိမ်းတွေမှာဆို ပိုဆိုးပါတယ်။ ပပိန်းက ဓာတုဗေဒ ဒြပ်ပေါင်း တစ်မျိုးဖြစ်ပြီးတော့  သူနဲ့ထိတွေ့တဲ့ အရာတွေကို နူးစေ ပျော့စေတဲ့ ဂုဏ်သတ္တိ ရှိနေတယ်တဲ့ ။

ဒါကြောင့်လည်း အိမ်မှာ ဆိတ်သားတို့၊ အမဲသားတို့လို နူးအိမလွယ်တဲ့ အသားတွေချက်ရင် သင်္ဘောသီး အစိမ်းထည့်ချက်ကြတာပေါ့။ နောက်ပြီး သင်္ဘောသီးရဲ ့ ပပိန်းက ချေးချွတ်နိုင်တဲ့ အစွမ်းလည်းရှိတဲ့အတွက် သွားတွေကို ဖြူဖွေးအောင် သွားတိုက်ဆေး ထုတ်လုပ်တဲ့အခါ ကုန်ကြမ်းအဖြစ်တောင် သုံးတယ်တဲ့။

အဲ့ဒီ့လို ဓာတ်သဘာဝ တွေရှိတဲ့ သင်္ဘောသီးက စားလိုက်လို့ ဗိုက်ထဲ ရောက်သွားရင် ၀မ်းနူးစေပါတယ်။ ၀မ်းချုပ်နေတဲ့ သူတွေအတွက် အကောင်းဆုံး ဓာတ်စာ သင်္ဘောသီးက သားအိမ်ကို ကျုံ ့စေနိုင်တဲ့ အတွက် ကိုယ်ဝန်လနုတဲ့ အချိန်စားမိရင် သွေးဆင်းပြီး ကိုယ်ဝန် အဖတ်မတင် ဖြစ်တတ်ပါတယ်။ သင်္ဘောသီးအစိမ်းက ပပိန်းပါ၀င်မှု ပိုများလို့ ယိုးဒယား သင်္ဘောသီးထောင်းတို့၊ သင်္ဘောသီးသုပ်တို့ကို ကိုယ်ဝန်ရှိတဲ့ အချိန် ဘယ်လောက်ပဲ ချဉ်ခြင်းတတ်တတ် လုံးဝမစားရဘူးနော်။

မေမေတို့ အနေနဲ့လည်း ကိုယ်ဝန်ဆောင်တွေ လနုတုန်း သင်္ဘောသီး မစားသင့်ဘူးဆိုတာ ကြားဖူးနားဝရှိမှာပေါ့။ တခါတလေ တချို ့ မေမေကြီးတွေက “အလကားပါ  ငါတို့တုန်းကလည်း သင်္ဘောသီးစားတာပဲ ဘာမှ မဖြစ်ပါဘူး” ဆိုပြီးပြောတာလည်းကြားဖူးမှာပါ။

အဲ့လို ပြောတာတွေကို သွားပြီး နားမယောင်မိပါစေနဲ့ဦး။ သင်္ဘောသီးစားလို့ရှိရင် ကိုယ်ဝန်မပျက်ရင်တောင် မွေးလာတဲ့ ကလေးလေးမှာ ပြဿနာ တစ်ခုခုရှိနိုင်တယ်တဲ့။ သင်္ဘောသီးက ရမယ့် ဗီတာမင်တွေကို လိုချင်တယ်ဆိုရင်တောင် သင်္ဘောသီးစားရမှ မဟုတ်ပါဘူးနော်။

ဖြည့်စွက်ဆေးဝါးတွေကနေလည်း ဗီတာမင်မျိုးစုံကို ဖြည့်လို့ရပါတယ်။ နောက်ဆုံးမှာချင်တာကတော့ သင်္ဘောသီးကြိုက်တဲ့ မေမေတို့ ကလေးလေးအန္တရာယ်ကင်းဖို့ သင်္ဘောသီးကို ကိုယ်ဝန်လနုတုန်း ရှောင်ကြဉ်လိုက်ပါဦးလို ့ မျှဝေပေးလိုက်ပါတယ်နော် ။

Credit: Duwun

=
=

Related posts

Leave a Comment

sorry...

Website is Protected by WordPress Protection from eDarpan.com.