Search
..

လူငယ္တစ္ဦး၏ ပါးစပ္ထဲမွာ သြား (၂၃၂) ေခ်ာင္းကို ဆရာဝန္မ်ား ဖယ္ရွားေပးခဲ့ရ

လူငယ္တစ္ဦး၏ ပါးစပ္ထဲမွာ သြား (၂၃၂) ေခ်ာင္းကို ဆရာဝန္မ်ား ဖယ္ရွားေပးခဲ့ရ

အိႏိၵယ ႏိုင္ငံမွ သြားဘက္ဆုိင္ရာ ဆရာဝန္မ်ားသည္ (၇)နာရီၾကာ Operation တစ္ရပ္အၿပီးတြင္ ဆယ္ေက်ာ္သက္ လူငယ္တစ္ဦး၏ ပါးစပ္ထဲမွ သြားအေသး (၂၃၂)ေခ်ာင္းကို ဖယ္ရွားေပးခဲ့ေၾကာင္း သိရွိရသည္။

အသက္(၁၇)ႏွစ္ရွိ ေအရွစ္ခ္ဂါဗိုင္သည္ ၎၏ ညာဘက္ပါး႐ိုး၌ ေရာင္ကိုင္းနာက်င္ေနျခင္းေၾကာင့္ သြားဘက္ဆိုင္ရာ ဆရာဝန္မ်ားထံ လာေရာက္ ျပသခဲ့ေၾကာင္း မြမ္ဘိုင္းရွိ JJေဆး႐ံု၊ သြားဘက္ဆုိင္ရာ ဌာန အႀကီးအကဲ ေဒါက္တာ ဆူနန္ဒါဒီဝါရီက ေျပာၾကားခဲ့သည္။

ေက်းရြာေလး တစ္ခုတြင္ ေနထုိင္သည့္ ေအရွစ္ခ္သည္ ပါး႐ိုးမွ နာက်င္မႈကို (၁၈)လလံုးလံုး ခံစားခဲ့ရၿပီးေနာက္ မတတ္သာသည့္အဆံုး မြမ္ဘိုင္းၿမိဳ႕ေပၚ တက္လာကာ ေဆး႐ံုတြင္ ျပသခဲ့ျခင္း ျဖစ္သည္။ ေဒသတြင္း ဆရာဝန္မ်ားက ေအရွစ္ခ္၏ ေဝဒနာကို အမ်ိဳးအမည္ မခြဲျခားႏုိင္ခဲ့ေခ်။

မြမ္ဘိုင္းတြင္ စစ္ေဆးမႈမ်ားအရ ေအရွစ္ခ္၏ ေရာဂါသည္ သြားအေျမာက္အျမား စုဖြဲ႕ျဖစ္ေပၚသည့္ ရွားပါးလွေသာ ေရာဂါတစ္မ်ိဳး ျဖစ္ေၾကာင္း ေဖာ္ထုတ္ႏုိင္ခဲ့သည္။ ထို႔အျပင္၎၏ သြားအေရအတြက္သည္ ကမာၻ႕စံခ်ိန္တင္ အေရအတြက္ထိ မ်ားျပားေနေၾကာင္း ေဒါက္တာ ဆူနန္ဒါက ဆိုသည္။

“ေအရွစ္ခ္ ခံစားေနရတဲ့ ေဝဒနာက သြားေတြအမ်ားႀကီး ျဖစ္ေပၚလာတတ္တဲ့ ႐ႈပ္ေထြးတဲ့ ေရာဂါတစ္ရပ္ ျဖစ္ပါတယ္။ အႀကိတ္တစ္ခုရဲ႕ ပံုမွန္လုပ္ငန္းေဆာင္တာေတြ ေဖာက္ျပန္သြားရာက အခုလို ျဖစ္လာတာပါ။

ပထမေတာ့ ကၽြန္ေတာ္တုိ႔ သူ႔ရဲ႕သြား အေပၚယံမွာ ဖံုးေနတဲ့ အလႊာေတြကို ဖြင့္ထုတ္လုိ႔ မရဘူး။ ေနာက္ဆံုး ေဆာက္ရယ္၊ တူရယ္ကိုပါ သံုးၿပီး ဖယ္ပစ္ရတယ္။ ေနာက္ေတာ့ ပုလဲလံုးေလးေတြလိုမ်ိဳး သြားေလးေတြကို တစ္ခုခ်င္း ေတြ႕လာရတယ္။ ကၽြန္ေတာ္တုိ႔ အဲဒါေတြကို ျဖည္းျဖည္းခ်င္း ဖယ္ထုတ္ရတယ္။

ပုလဲအ႐ိုင္းတံုး ေသးေသးေလေတြလုိပဲ။ အဲဒီပုလဲေတြကို ဖယ္ထုတ္ေနရင္း ကၽြန္ေတာ္တုိ႔ပါ ေတာ္ေတာ္ ပင္ပန္း ႏြမ္းနယ္လာတယ္။ စုစုေပါင္း သြားေသးေသးေလး (၂၃၂)ခုကို ကၽြန္ေတာ္တုိ႔ ဖယ္ရွားေပးႏုိင္ခဲ့တယ္”ဟု ေဒါက္တာ ဆူနန္ဒါက ေျပာၾကားခဲ့သည္။

ဇူလုိင္(၂၁)ရက္ေန႔က ျပဳလုပ္ခဲ့သည့္ Operationတြင္ သြားဘက္ဆိုင္ရာ အထူးကု ဆရာဝန္ႀကီးႏွစ္ဦးႏွင့္ လက္ေထာက္ႏွစ္ဦးတို႔က ကူညီခဲ့ရသည္။ အျခား သြားဘက္ဆိုင္ရာ ဆရာဝန္ တစ္ဦးျဖစ္သည့္ ေဒါက္တာ ဒီဝါရီက ေအရွစ္ခ္၏ ျဖစ္ရပ္သည္ ရွားပါးလြန္းသည့္ အေျခအေန တစ္ရပ္ဟု ဆိုသည္။

“ကၽြန္မရဲ႕ လုပ္သက္ ႏွစ္ေပါင္း(၃၀)ရွိၿပီ။ တစ္ခါမွ ဒါမ်ိဳးမႀကံဳဖူးဘူး။ ဆရာဝန္ တစ္ေယာက္အေနနဲ႔ေတာ့ ဒီကုသမႈဟာ စိတ္လႈပ္ရွားစရာ အေျခအေန တစ္ခုပါပဲ”ဟု ေဒါက္တာ ဒီဝါရီက မွတ္ခ်က္ေပးခဲ့သည္။

သူမက “ေဆးဘက္ဆိုင္ရာ စစ္တမ္းေတြ အရေတာ့ အေပၚေမး႐ိုးမွာ သြားေသးေသးေလးေတြ ျဖစ္ေပၚလာလို႔ (၃၇)ေခ်ာင္းထိ ႏုတ္ေပးခဲ့ရဖူးတဲ့ ျဖစ္စဥ္မ်ိဳး ရွိခဲ့ဖူးပါတယ္။ ဒါေပမဲ့ ေအရွစ္ခ္မွာေတာ့ အႀကိတ္က ေမး႐ိုးရဲ႕ အတြင္းပိုင္း ခပ္နက္နက္ကို ေရာက္ေနတယ္။ အဲဒီမွာတင္ သြားေတြ ရာနဲ႔ခ်ီ ျဖစ္ေပၚလာတာပါပဲ”ဟုလည္း ရွင္းျပခဲ့သည္။

ေအရွစ္ခ္၏ ဖခင္ျဖစ္သူ ဆူရက္ရွ္ဂါဗိုင္က ၎၏သားသည္ ဆုိးရြားသည့္ နာက်င္မႈ ေဝဒနာကို လေပါင္းအေတာ္မ်ားမ်ား ခံစားေနခဲ့ရေၾကာင္း ဆိုသည္။ “ကၽြန္ေတာ္လည္း ဆရာဝန္တခ်ိဳ႕ဆီက အႀကံယူခဲ့ေပမယ့္ အေျဖရွာမေတြ႕တာေၾကာင့္ မႀကံတတ္ေတာ့ဘဲ သူ႔ကို မြမ္ဘိုင္းၿမိဳ႕ေပၚ ေခၚလာတာပါ”ဟု ဆူရက္ရွ္က ေျပာၾကားခဲ့သည္။

Credit : 7day Daily

==============

လူငယ်တစ်ဦး၏ ပါးစပ်ထဲမှာ သွားအသေး (၂၃၂)ချောင်းကို ဆရာဝန်များ ဖယ်ရှားပေးခဲ့

အိန္ဒိယ နိုင်ငံမှ သွားဘက်ဆိုင်ရာ ဆရာဝန်များသည် (၇)နာရီကြာ Operation တစ်ရပ်အပြီးတွင် ဆယ်ကျော်သက် လူငယ်တစ်ဦး၏ ပါးစပ်ထဲမှ သွားအသေး (၂၃၂)ချောင်းကို ဖယ်ရှားပေးခဲ့ကြောင်း သိရှိရသည်။

အသက်(၁၇)နှစ်ရှိ အေရှစ်ခ်ဂါဗိုင်သည် ၎င်း၏ ညာဘက်ပါးရိုး၌ ရောင်ကိုင်းနာကျင်နေခြင်းကြောင့် သွားဘက်ဆိုင်ရာ ဆရာဝန်များထံ လာရောက် ပြသခဲ့ကြောင်း မွမ်ဘိုင်းရှိ JJဆေးရုံ၊ သွားဘက်ဆိုင်ရာ ဌာန အကြီးအကဲ ဒေါက်တာ ဆူနန်ဒါဒီဝါရီက ပြောကြားခဲ့သည်။

ကျေးရွာလေး တစ်ခုတွင် နေထိုင်သည့် အေရှစ်ခ်သည် ပါးရိုးမှ နာကျင်မှုကို (၁၈)လလုံးလုံး ခံစားခဲ့ရပြီးနောက် မတတ်သာသည့်အဆုံး မွမ်ဘိုင်းမြို့ပေါ် တက်လာကာ ဆေးရုံတွင် ပြသခဲ့ခြင်း ဖြစ်သည်။ ဒေသတွင်း ဆရာဝန်များက အေရှစ်ခ်၏ ဝေဒနာကို အမျိုးအမည် မခွဲခြားနိုင်ခဲ့ချေ။

မွမ်ဘိုင်းတွင် စစ်ဆေးမှုများအရ အေရှစ်ခ်၏ ရောဂါသည် သွားအမြောက်အမြား စုဖွဲ့ဖြစ်ပေါ်သည့် ရှားပါးလှသော ရောဂါတစ်မျိုး ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ ထို့အပြင်၎င်း၏ သွားအရေအတွက်သည် ကမ္ဘာ့စံချိန်တင် အရေအတွက်ထိ များပြားနေကြောင်း ဒေါက်တာ ဆူနန်ဒါက ဆိုသည်။

“အေရှစ်ခ် ခံစားနေရတဲ့ ဝေဒနာက သွားတွေအများကြီး ဖြစ်ပေါ်လာတတ်တဲ့ ရှုပ်ထွေးတဲ့ ရောဂါတစ်ရပ် ဖြစ်ပါတယ်။ အကြိတ်တစ်ခုရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေ ဖောက်ပြန်သွားရာက အခုလို ဖြစ်လာတာပါ။

ပထမတော့ ကျွန်တော်တို့ သူ့ရဲ့သွား အပေါ်ယံမှာ ဖုံးနေတဲ့ အလွှာတွေကို ဖွင့်ထုတ်လို့ မရဘူး။ နောက်ဆုံး ဆောက်ရယ်၊ တူရယ်ကိုပါ သုံးပြီး ဖယ်ပစ်ရတယ်။ နောက်တော့ ပုလဲလုံးလေးတွေလိုမျိုး သွားလေးတွေကို တစ်ခုချင်း တွေ့လာရတယ်။ ကျွန်တော်တို့ အဲဒါတွေကို ဖြည်းဖြည်းချင်း ဖယ်ထုတ်ရတယ်။

ပုလဲအရိုင်းတုံး သေးသေးလေတွေလိုပဲ။ အဲဒီပုလဲတွေကို ဖယ်ထုတ်နေရင်း ကျွန်တော်တို့ပါ တော်တော် ပင်ပန်း နွမ်းနယ်လာတယ်။ စုစုပေါင်း သွားသေးသေးလေး (၂၃၂)ခုကို ကျွန်တော်တို့ ဖယ်ရှားပေးနိုင်ခဲ့တယ်”ဟု ဒေါက်တာ ဆူနန်ဒါက ပြောကြားခဲ့သည်။

ဇူလိုင်(၂၁)ရက်နေ့က ပြုလုပ်ခဲ့သည့် Operationတွင် သွားဘက်ဆိုင်ရာ အထူးကု ဆရာဝန်ကြီးနှစ်ဦးနှင့် လက်ထောက်နှစ်ဦးတို့က ကူညီခဲ့ရသည်။ အခြား သွားဘက်ဆိုင်ရာ ဆရာဝန် တစ်ဦးဖြစ်သည့် ဒေါက်တာ ဒီဝါရီက အေရှစ်ခ်၏ ဖြစ်ရပ်သည် ရှားပါးလွန်းသည့် အခြေအနေ တစ်ရပ်ဟု ဆိုသည်။

“ကျွန်မရဲ့ လုပ်သက် နှစ်ပေါင်း(၃၀)ရှိပြီ။ တစ်ခါမှ ဒါမျိုးမကြုံဖူးဘူး။ ဆရာဝန် တစ်ယောက်အနေနဲ့တော့ ဒီကုသမှုဟာ စိတ်လှုပ်ရှားစရာ အခြေအနေ တစ်ခုပါပဲ”ဟု ဒေါက်တာ ဒီဝါရီက မှတ်ချက်ပေးခဲ့သည်။

သူမက “ဆေးဘက်ဆိုင်ရာ စစ်တမ်းတွေ အရတော့ အပေါ်မေးရိုးမှာ သွားသေးသေးလေးတွေ ဖြစ်ပေါ်လာလို့ (၃၇)ချောင်းထိ နုတ်ပေးခဲ့ရဖူးတဲ့ ဖြစ်စဉ်မျိုး ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အေရှစ်ခ်မှာတော့ အကြိတ်က မေးရိုးရဲ့ အတွင်းပိုင်း ခပ်နက်နက်ကို ရောက်နေတယ်။ အဲဒီမှာတင် သွားတွေ ရာနဲ့ချီ ဖြစ်ပေါ်လာတာပါပဲ”ဟုလည်း ရှင်းပြခဲ့သည်။

အေရှစ်ခ်၏ ဖခင်ဖြစ်သူ ဆူရက်ရှ်ဂါဗိုင်က ၎င်း၏သားသည် ဆိုးရွားသည့် နာကျင်မှု ဝေဒနာကို လပေါင်းအတော်များများ ခံစားနေခဲ့ရကြောင်း ဆိုသည်။ “ကျွန်တော်လည်း ဆရာဝန်တချို့ဆီက အကြံယူခဲ့ပေမယ့် အဖြေရှာမတွေ့တာကြောင့် မကြံတတ်တော့ဘဲ သူ့ကို မွမ်ဘိုင်းမြို့ပေါ် ခေါ်လာတာပါ”ဟု ဆူရက်ရှ်က ပြောကြားခဲ့သည်။

Credit : 7day Daily

=
=

Related posts

Leave a Comment

sorry...

Website is Protected by WordPress Protection from eDarpan.com.