Search
..

ဘ၀တစ္ပါးမွာ ေျမႀကီးေတြ သယ္ပုုိးေနရေသာ ေဒၚသိန္း ( ျဖစ္ရပ္မွန္ )

ေန႔စဥ္ ေျမႀကီးေတြ ရြက္ၿပီး သယ္ပုုိးေနရေသာ ဘ၀တစ္ပါးက ေဒၚသိန္း ( ျဖစ္ရပ္မွန္ )

ေက်ာင္းကုန္းျမိဳ႔နယ္ ေဒါင့္ႀကီးေက်းရြာသည္ စည္ကားေသာရြာႀကီးတရြာ ျဖစ္ပါသည္။

တိုက္နယ္ေဆးရံု၊ အ-ထ-က ေက်ာင္း၊ စည္ကားစြာ ေရာင္း၀ယ္ေဖာက္ကားေနေသာ ကုန္စံုဆိုင္၊ အထည္ဆိုင္၊ တိုက္တာေပါမ်ားျပီး အိမ္ႀကီးအိမ္ေကာင္းမ်ားႏွင့္ စည္ကားစြာ ရွိပါသည္။

ေဒါင့္ႀကီးရြာတြင္ ေမာင္ကံညိမ္းသည္ ဇနီးႏွင့္ သားသမီးသံုးေယာက္ႏွင့္ေနထိုင္သည္။

သူ၏အမ ေဒၚသိန္းသည္ လြန္ခဲ့ေသာ ၆-ႏွစ္ခန္႔ေလာက္က ကြယ္လြန္ခဲ့ပါသည္။

တေန႔ ညဘက္ ေမာင္ကံညိမ္း အိပ္ေပ်ာ္ေနစဥ္ ထူးဆန္းေသာ အိပ္မက္ကို မက္သည္။

အိပ္မက္ထဲတြင္ အေမျဖစ္သူ ေဒၚသိန္း ေမာႀကီးပန္းႀကီး ေရာက္လာပါသည္။ သူ႔မ်က္ႏွာမွာ ပင္ပန္းေနပံုရသည္။

ေခါင္းေပါင္း ေပါင္းထားျပီး ေျမသယ္ျခင္းတခုလည္း ကိုင္ထားပါသည္။

သူမေခါင္းေပါင္းေပါင္းထားေသာ တဘက္က သူမ ေသဆံုးစဥ္က မ်က္ႏွာအုပ္ထည့္ထားေသာ တဘက္ျဖစ္ပါသည္။

သား ထပါဦး၊ သားကုိ ေျပာစရာရွိတယ္။ အေမေလ အေမေသတဲ့အခ်ိန္ကစျပီး အခုအခ်ိန္အထိ ေျမေတြရြက္သယ္ေနတာ တခါမွ မနားရပါဘူးသားရယ္။

ပင္ပန္းလွပါျပီ။ အေမေလ သားတို႔ ငယ္ငယ္ကတည္းက အေမတို႔ေျခရင္းဘက္က ဆရာဦးေမာင္ျမတုိ႔ ေျမကို အေမ့ေျမဆိုျပီး ျငင္းယူခဲ့ပါတယ္။

ေျမအက်ယ္ တေတာင္ေလာက္ရွိပါတယ္။ ဆရာက ပထမေတာ့ သူ႔ေျမႀကီး၊ ဒီမအူပင္ေလးနဲ႔ အမွတ္အသားလုပ္ထားတယ္လို႔ ေျပာေသးတယ္။

ေနာက္ေတာ့လည္း မသိန္း စိတ္ခ်မ္းသာမယ္ဆို ယူပါလို႔ေျပာခဲ့တယ္။ အေမ ေျမယူထားတာ အခု အႏွစ္ ၃၅-ႏွစ္ေလာက္ရွိျပီ။

အဲဒါေၾကာင့္ သားက ဆရာတုိ႔ေျမကို ဆရာတို႔ ျပန္ယူပါလို႔ေျပာျပီး အေမ့ကို အလွဴတခုလုပ္ျပီး အမွ်အတန္းေပးေ၀ပါ သားရယ္။

အိပ္မက္ကိုလည္း မယံုမၾကည္မရွိပါနဲ႔။ အေမ မွာတဲ့အတိုင္း ဆက္ဆက္လုပ္ေပးပါ။ အေမ ေတာင္းပန္ပါတယ္။

အေမေလ သားကို အိပ္မက္ေပးခ်င္လို႔ အိမ္တြင္းနတ္ေတြေတာင္းပန္ျပီး အိပ္မက္ ေပးရတာပါ။

အေမ သြားေတာ့မယ္ေနာ္ သား-ဟုေျပာျပီး ထြက္သြားပါသည္။ ထြက္သြားေသာအေမ့ကို ေငးၾကည့္ရင္း လန္႔ႏိုးသြားသည္။

ေမာင္ကံညိမ္းလည္း အိပ္မက္အရ အေမေျပာေသာ ဆရာတို႔လင္မယားထံသြားျပီး ဆရာရယ္-မအူပင္ေဘးက ေျမက ဆရာတုိ႔ေျမဆို။

ကၽြန္ေတာ္တို႔ဘက္ တေတာက္ေလာက္ပါတယ္ မဟုတ္လား။ ဆရာတို႔ျပန္ယူပါ-ဟု ေျပာပါသည္။

ဆရာက-ဆရာ မယူပါဘူး သားရယ္။

မဟုတ္တာ ဆရာရယ္၊ ျပန္ယူပါ။

ဆရာ မယူလည္း ကၽြန္ေတာ္ ျပန္ေပးရမွာပဲ-ဟုေျပာျပီးဆရာ့ျခံစည္းရိုးကိုဖ်က္၍ သူတို႔ဘက္ပါသည့္ မအူပင္မွစ၍ ေမာင္ကံညိမ္းကိုယ္တိုင္ အတင္းကာေပး လိုက္ပါသည္။

ထို႔ေနာက္ အိမ္တြင္ ဘုန္းႀကီးသံုးပါးပင့္ သကၤန္းကပ္၊ ဆြမ္းဆက္ကပ္၍ အေမအား အမွ်အတန္း ေပးေ၀လိုက္ပါသည္။

ထိုေန႔ည၌ ေမာင္ကံညိမ္း အိပ္မက္တြင္ အေမႏွင့္ေတြ႔ရသည္။ အေမသည္ ပထမအိပ္မက္ထဲတြင္ ေတြ႔ရသည့္ ေျမသယ္ျခင္းေတာင္းႏွင့္ မဟုတ္ေတာ့။

ေမာေမာပန္းပန္းလည္း မဟုတ္ေတာ့။ ၀တ္ေကာင္းစားလွႏွင့္ ရႊင္ပ်ေသာမ်က္ႏွာႏွင့္ ျဖစ္သည္။

သူ႔သားျဖစ္သူ၏ လက္ကေလးကိုကိုင္ကာ ေက်းဇူးတင္လို္က္တာ သားရယ္၊ အခု အေမ ေျမမသယ္ရေတာ့ဘူး။ လြတ္လြတ္လပ္လပ္ သြားလို႔လာလို႔ရေနျပီ သား။

ဒါေၾကာင့္ အေမ သြားေတာ့မယ္ေနာ္-ဟု ေျပာဆိုကာ ႏႈတ္ဆက္၍ ထြက္ခြါသြားပါေတာ့သတည္း။

(ကာယကံရွင္၏ ခြင့္ျပဳခ်က္ျဖင့္ တင္ျပပါသည္)

ၾကည္ရႊင္ေအး (ေက်ာင္းကုန္း)

(ျမတ္မဂၤလာ ၂၀၁၀-ခု ဇူလိုင္လ)

============

နေ့စဉ် မြေကြီးတွေ ရွက်ပြီး သယ်ပုုိးနေရသော ဘဝတစ်ပါးက ဒေါ်သိန်း ( ဖြစ်ရပ်မှန် )

ကျောင်းကုန်းမြို့နယ် ဒေါင့်ကြီးကျေးရွာသည် စည်ကားသောရွာကြီးတရွာ ဖြစ်ပါသည်။

တိုက်နယ်ဆေးရုံ၊ အ-ထ-က ကျောင်း၊ စည်ကားစွာ ရောင်းဝယ်ဖောက်ကားနေသော ကုန်စုံဆိုင်၊ အထည်ဆိုင်၊ တိုက်တာပေါများပြီး အိမ်ကြီးအိမ်ကောင်းများနှင့် စည်ကားစွာ ရှိပါသည်။

ဒေါင့်ကြီးရွာတွင် မောင်ကံညိမ်းသည် ဇနီးနှင့် သားသမီးသုံးယောက်နှင့်နေထိုင်သည်။

သူ၏အမ ဒေါ်သိန်းသည် လွန်ခဲ့သော ၆-နှစ်ခန့်လောက်က ကွယ်လွန်ခဲ့ပါသည်။

တနေ့ ညဘက် မောင်ကံညိမ်း အိပ်ပျော်နေစဉ် ထူးဆန်းသော အိပ်မက်ကို မက်သည်။

အိပ်မက်ထဲတွင် အမေဖြစ်သူ ဒေါ်သိန်း မောကြီးပန်းကြီး ရောက်လာပါသည်။ သူ့မျက်နှာမှာ ပင်ပန်းနေပုံရသည်။

ခေါင်းပေါင်း ပေါင်းထားပြီး မြေသယ်ခြင်းတခုလည်း ကိုင်ထားပါသည်။

သူမခေါင်းပေါင်းပေါင်းထားသော တဘက်က သူမ သေဆုံးစဉ်က မျက်နှာအုပ်ထည့်ထားသော တဘက်ဖြစ်ပါသည်။

သား ထပါဦး၊ သားကို ပြောစရာရှိတယ်။ အမေလေ အမေသေတဲ့အချိန်ကစပြီး အခုအချိန်အထိ မြေတွေရွက်သယ်နေတာ တခါမှ မနားရပါဘူးသားရယ်။

ပင်ပန်းလှပါပြီ။ အမေလေ သားတို့ ငယ်ငယ်ကတည်းက အမေတို့ခြေရင်းဘက်က ဆရာဦးမောင်မြတို့ မြေကို အမေ့မြေဆိုပြီး ငြင်းယူခဲ့ပါတယ်။

မြေအကျယ် တတောင်လောက်ရှိပါတယ်။ ဆရာက ပထမတော့ သူ့မြေကြီး၊ ဒီမအူပင်လေးနဲ့ အမှတ်အသားလုပ်ထားတယ်လို့ ပြောသေးတယ်။

နောက်တော့လည်း မသိန်း စိတ်ချမ်းသာမယ်ဆို ယူပါလို့ပြောခဲ့တယ်။ အမေ မြေယူထားတာ အခု အနှစ် ၃၅-နှစ်လောက်ရှိပြီ။

အဲဒါကြောင့် သားက ဆရာတို့မြေကို ဆရာတို့ ပြန်ယူပါလို့ပြောပြီး အမေ့ကို အလှူတခုလုပ်ပြီး အမျှအတန်းပေးဝေပါ သားရယ်။

အိပ်မက်ကိုလည်း မယုံမကြည်မရှိပါနဲ့။ အမေ မှာတဲ့အတိုင်း ဆက်ဆက်လုပ်ပေးပါ။ အမေ တောင်းပန်ပါတယ်။

အမေလေ သားကို အိပ်မက်ပေးချင်လို့ အိမ်တွင်းနတ်တွေတောင်းပန်ပြီး အိပ်မက် ပေးရတာပါ။

အမေ သွားတော့မယ်နော် သား-ဟုပြောပြီး ထွက်သွားပါသည်။ ထွက်သွားသောအမေ့ကို ငေးကြည့်ရင်း လန့်နိုးသွားသည်။

မောင်ကံညိမ်းလည်း အိပ်မက်အရ အမေပြောသော ဆရာတို့လင်မယားထံသွားပြီး ဆရာရယ်-မအူပင်ဘေးက မြေက ဆရာတို့မြေဆို။

ကျွန်တော်တို့ဘက် တတောက်လောက်ပါတယ် မဟုတ်လား။ ဆရာတို့ပြန်ယူပါ-ဟု ပြောပါသည်။

ဆရာက-ဆရာ မယူပါဘူး သားရယ်။

မဟုတ်တာ ဆရာရယ်၊ ပြန်ယူပါ။

ဆရာ မယူလည်း ကျွန်တော် ပြန်ပေးရမှာပဲ-ဟုပြောပြီးဆရာ့ခြံစည်းရိုးကိုဖျက်၍ သူတို့ဘက်ပါသည့် မအူပင်မှစ၍ မောင်ကံညိမ်းကိုယ်တိုင် အတင်းကာပေး လိုက်ပါသည်။

ထို့နောက် အိမ်တွင် ဘုန်းကြီးသုံးပါးပင့် သင်္ကန်းကပ်၊ ဆွမ်းဆက်ကပ်၍ အမေအား အမျှအတန်း ပေးဝေလိုက်ပါသည်။

ထိုနေ့ည၌ မောင်ကံညိမ်း အိပ်မက်တွင် အမေနှင့်တွေ့ရသည်။ အမေသည် ပထမအိပ်မက်ထဲတွင် တွေ့ရသည့် မြေသယ်ခြင်းတောင်းနှင့် မဟုတ်တော့။

မောမောပန်းပန်းလည်း မဟုတ်တော့။ ၀တ်ကောင်းစားလှနှင့် ရွှင်ပျသောမျက်နှာနှင့် ဖြစ်သည်။

သူ့သားဖြစ်သူ၏ လက်ကလေးကိုကိုင်ကာ ကျေးဇူးတင်လို်က်တာ သားရယ်၊ အခု အမေ မြေမသယ်ရတော့ဘူး။ လွတ်လွတ်လပ်လပ် သွားလို့လာလို့ရနေပြီ သား။

ဒါကြောင့် အမေ သွားတော့မယ်နော်-ဟု ပြောဆိုကာ နှုတ်ဆက်၍ ထွက်ခွါသွားပါတော့သတည်း။

(ကာယကံရှင်၏ ခွင့်ပြုချက်ဖြင့် တင်ပြပါသည်)

ကြည်ရွှင်အေး (ကျောင်းကုန်း)

(မြတ်မင်္ဂလာ ၂၀၁၀-ခု ဇူလိုင်လ)

=
=

Related posts

Leave a Comment

sorry...

Website is Protected by WordPress Protection from eDarpan.com.