Search

ဗိုလ္ခ်ဳပ္ေၾကးရုပ္မွ ဗိုလ္ခ်ဳပ္အဂၤေတရုပ္ေျပာင္းသြားသည့္ ကိစၥ

ကသာၿမိဳ႕က ဗိုလ္ခ်ဳပ္ေၾကးရုပ္အေၾကာင္း ေနာက္ဆံုးသိသမွ်….

ဗိုလ္ခ်ဳပ္ေၾကးရုပ္အေၾကာင္း၀ိုင္းေမးၾကေတာ့…

ေနာက္ဆံုးသိသမွ် ေျပာျပရပါေတာ့မယ္။

ဗိုလ္ခ်ဳပ္ေၾကးရုပ္ျဖစ္ေျမာက္ေရးေကာ္မတီ၀င္(၃၀)ခန္႔ရွိပါတယ္။

အရုပ္နဲ႔ ပတ္သက္ၿပီး ဆႏၵအမ်ားဆံုးရိွၾကတာက

ျမင္းစီးေၾကးရုပ္ပါ..။သို႔ေသာ္ ….

ျမင္းစီးေၾကးရုပ္အတြက္ အလွဴေငြကမလံုေလာက္ျဖစ္ေနေတာ့

ေနာက္ဆံုးအစည္းအေ၀းမွာ ေကာ္မတီ၀င္ေတြ မဲခြဲၾကပါတယ္။

အဲဒီမဲခြဲပြဲမွာ . . .

စာေရးဆရာအဲၿငိမ္းသာ က ေၾကးရုပ္ ျဖစ္ၿပီး က်န္တာေတြက အဂၤေတ

ျမင္းစီးရုပ္ ျဖစ္တဲ့အတြက္ ဗိုလ္ခ်ဳပ္ျမင္းစီး အဂၤေတရုပ္လုပ္ရန္ အတည္ျပဳ ဆံုးျဖတ္ခဲ့ၾကပါတယ္။

အဲဒီေန႔ကကၽြန္ေတ္ာတို႔အဖြဲ႕က(၈)မိုင္ ေရတံခြန္ေတာင္တက္ဖို႔ ႀကိဳျပင္ဆင္ထားၾကၿပီး ေတာင္တက္တဲ့ေန႔နဲ႔ သြားတိုက္ေနပါတယ္။

ဒါေပမဲ့ အျပန္အစည္းအေ၀းမွီမယ္မွတ္ၿပီး လမ္းခရီးက ေ၀းေတာ့ အစည္းအေ၀းမမီွေတာ့ပါ..။

ကၽြန္ေတ္ာ၊ ဓါတ္ပံုညီညီေအာင္ နဲ႔ သီဟ တို႔က အစည္းအေ၀းမီွရင္ ေၾကး ရုပ္ကိုပဲ မဲထည့္မွာပါ။ဘာပံုလုပ္လုပ္ တူရင္ၿပီးသာပါပဲ..။

တူဖို႔ေတာ့အေရးႀကီးပါတယ္။ တစ္သက္လံုး ျမင္ေတြ႔ေနရမွာဆိုေတာ့။

အဲဒီေနာက္ပိုင္း မိုးကုတ္ဆရာေတာ္ဦးပညာသာမိ နဲ႔ ေတြ႔ေတာ့

သူကလည္းခရီးလြန္ေနတဲ့အေၾကာင္း ဆရာေတာ္ရိွလည္း ေၾကးရုပ္သာ

ျဖစ္သင့္တယ္ဆိုတဲ့အေၾကာင္း ၊ ျမင္းစီးရုပ္အတြက္ ေငြမမီွလည္း

မတ္တတ္ရပ္ရုပ္အတြက္မွီ၍ ေၾကးရုပ္သာလုပ္သင့္တဲ့အေၾကာင္း မိန္႔ပါတယ္။

အကိုႀကီး ဓါတ္ပံုမာဃစန္၀င္း(ကသာ) ကလည္း အဲဒီေန႔ကက်န္းမာေရးအေျခအေနအရအစည္းအေ၀းမတက္လိုက္ရေပမဲ့

ေၾကးရုပ္အတြက္ပဲ အာသီသ ျဖစ္ပါတယ္။

ေၾကးရုပ္အတြက္ အလွဴေငြလွဴထားတဲ့သူေတြကလည္း

ေၾကးရုပ္သာ ျဖစ္သင့္ေၾကာင္း ေျပာပါတယ္။ဖိတ္ထားေပမဲ့ မႏၱေလးခရီးလြန္ေနတဲ့ ကိုပီတာကလည္း ေၾကးရုပ္သာျဖစ္ခ်င္သူပါ။

အဲဒီအတြက္ေၾကာင့္လည္း အလွဴေငြ(ငါးသိန္း)က်ပ္တိတိ ထည့္ခဲ့တာပါ။

ဒါနဲ႔အဂၤေတသံၾကားေတာ့၀ိုင္းေမးၾကေတာ့အဂၤေတရုပ္ဘယ္လိုျဖစ္ရသလည္း ဆိုတဲ့အေပၚ ကၽြန္ေတ္ာၾကားသေလာက္ရွင္းျပခဲ့ပါတယ္။

ဒါေပမဲ့ ျပန္ၿပီး ညိွႏိႈင္းၾကဦးမယ္လို႔ ထင္ခဲ့ပါတယ္။

ဗိုလ္ခ်ဳပ္အရုပ္နဲ႔ပတ္သက္ၿပီး အားလံုးကေတာ့ ေကာင္းေအာင္ လုပ္ၾကျခင္းပါ…။ေကာ္မတီကလည္း ျမင္းရုပ္ႀကီးနဲ႔ ၀င့္၀င့္ၾကြားၾကြား ခန္႔ခန္႔ညားညားျဖစ္ခ်င္တယ္…။

ေငြက မေလာက္ေတာ့ ေလာက္သေလာက္နဲ႔ ျဖစ္ေအာင္လုပ္မယ္ေပါ့။

သူတို႔ဆံုးျဖတ္တာလည္း မမွားပါဘူး သူ႔အျမင္နဲ႔သူပါ။

ကၽြန္ေတ္ာ့တစ္ေယာက္တည္းသေဘာကေတာ့ ေၾကးရုပ္ျဖစ္ခ်င္ပါတယ္။

ဗိုလ္ခ်ဳပ္နဲ႔ တူေအာင္ထုႏိုင္တဲ့၊ Anatomy ကို ႏိုင္တဲ့

ပညာရွင္လည္း ေတြ႔ထားၿပီဆိုေတာ့ ပံုတူဖို႔ စိတ္ေအးရပါတယ္။

ေရွးယခင္က အဂၤေတရုပ္ေတြလုပ္ခဲ့တာမွန္ပါတယ္။ ဒါေပမဲ့ ဒီေခတ္လို

ေၾကးရုပ္ေတြကလည္း မရိွတဲ့အခ်ိန္ဆိုတာ သတိခ်ပ္ၾကပါ။

အားလံုးက ဗိုလ္ခ်ဳပ္ေၾကးရုပ္လုပ္ေနၾကတဲ့အခ်ိန္ ၊

ဗိုလ္ခ်ဳပ္အရုပ္ေတြႀကီးပဲ လုပ္ေနၾကလို႔ ေ၀ဖန္ေနတဲ့အခ်ိန္

ဘယ္သူကဲ့ရဲ႕ကဲ့ရဲ႕ကိုယ့္ၿမိဳ႕မွာလည္း ေၾကးရုပ္သာျဖစ္ေစခ်င္တယ္။

ႏွစ္(၁၀၀)မွသည္ ႏွစ္ေထာင္ေပါင္းမ်ားစြာအထ ေရရွည္တည့္တံ့ေစခ်င္တယ္။

ဘုရားႀကီးက ေၾကးရုပ္ေတြ၊ ကမၻာအႏွံ႕က သမိုင္း၀င္ ေၾကးရုပ္ေတြ

ႏွစ္ကာလၾကာေလ သမိုင္းတန္ဖိုးတက္ေလပါပဲ။ မူလကလက္ရာအတိုင္း ေရရွည္တည္တံ့ခုိင္ၿမဲေနလုိ႔ပါ။

ေနာက္တစ္ခုက တေကာင္းငလ်င္ေၾကာ..။

ကၽြန္ေတာ္တို႔ေဒသေအာက္မွ ကိန္းေအာင္းေနတယ္ ။

၁၉၄၆ စက္တင္ဘာမွာ 7M နဲ႔ 7.5M ႏွစ္ႀကိမ္ျပင္းျပင္းထန္ထန္လႈပ္ခဲ့တယ္။

တစ္လလံုး ညတိုင္း ငလ်င္ငယ္ေတြဆက္တိုက္လႈပ္ခဲ့တယ္။

ကသာမွာရိွတဲ့ေစတီေတြၿပိဳသြားခဲ့တယ္။အခု ေစတီက အဂၤေတရုပ္ေတြအားလံုး

အေဟာင္းမရိွ ငလ်င္ေၾကာင့္က်ဳိးပဲ့ေနတဲ့ ပံုေတြကို ျပန္ျပင္ထားတဲ့အရာေတြခ်ည္း ပဲျဖစ္တယ္။ ေရွးလက္ရာမ်ားမရိွေတာ့။

အင္းေတာ္အင္း အေရွ႕ဖက္တစ္ျခမ္းလံုး အဲဒီလမွာ အဲဒီငလ်င္ေၾကာင့္ ၏

နိမ့္ဆင္းသြားရတယ္၊ အင္းရြာဆိုတဲ့ရြာေလး ေပ်ာက္ကြယ္ခဲ့ရတယ္။

မန္လည္က ၿပိဳက်ပ်က္စီးေနတဲ့ စံေက်ာင္းေတာ္ႀကီးက ငလ်င္ရဲ႕ အရိွန္အဟုန္

ဘယ္ေလာက္ႀကီးလည္း ယေန႔တုိင္သက္ေသျပၿပီး သတိေပးေနတယ္။

မန္လည္ဆရာေတာ္ဘုရားႀကီး တည္ထားတဲ့ ေစတီလည္း ၿပိဳခဲ့တယ္။

ယေန႔တိုင္ ေစတီက ဘီလူးေခါင္းရွစ္ေခါင္း စံေက်ာင္းေဟာင္းေရွ႕

ခင္းက်င္းျပသထားပါတယ္..။

ဒီငလ်င္ေၾကာႀကီးရိွလို႔ ကသာၿမိဳ႕က အထပ္ျမင့္ construction

ေတြဟာသတိထားဖို႔လိုပါတယ္။

တေလာက ၀န္ထမ္းအိမ္ယာအထပ္ျမင့္အေဆာက္အဦမွာ foundation ေတြ နိမ့္နိမ့္ေလးတူးထားတာေတြ႔လို႔ အံ့ၾသမိပါတယ္။

ျပသနာလည္း သူတို႔ ျဖစ္ပါေသးတယ္၊ ေနာက္ပိုင္း စစ္ေဆးေရး၀င္တဲ့အထိျဖစ္ခဲ့ပါတယ္။

ဒါေပမဲ့ ကၽြန္ေတာ့္စိတ္ထဲေတာ့ ငလ်င္ဒဏ္ကို ေသေသခ်ာခ်ာတြက္ၿပီး မတည္ေဆာက္ထားဘူးလို႔ထင္မိပါတယ္။

ဒီလို အေၾကာင္းေတြရိွလို႔ ေရရွည္ တည္တ့့ံရမယ့္၊ အစားထုိး ျပင္လို႔မရတဲ့

ကိစၥေတြမွာ ခုိင္ခန္႔မႈကို အဓိကထားဖို႔ စဥ္းစားရပါတယ္။

ေနာက္တန္ဖိုးထားမႈပါပါတယ္။

ဘုရားမွာ နိဗၺာန္ ကို ကုိယ္စားျပဳတဲ့ ေနရာကို အခုိင္မာဆံုး တန္ဖိုးအႀကီးဆံုးအရာ စိန္နဲ႔ ကိုယ္စားျပဳၿပီး စိန္ဖူး တပ္ဆင္ၾကပါတယ္။

ဆိုလိုတာက တန္ဖိုးရိွတဲ့အရာကို တန္ဖိုးရိွတဲ့ ပစၥည္းျဖင့္ တန္ဆာဆင္ျခင္းပါ..။

ဒါေၾကာင့္ အဂၤေတကို ကၽြန္ေတာ္အားမေပးျခင္းပါ..။

ပံုတူရုပ္မို႔ ႏွာေခါင္းေလးေၾကြလို႔ ျပင္ခ်င္တိုင္းျပင္ မရႏုိင္ပါ။

အကုန္လံုး၀ိုင္းေမးေနၾကလို႔ ကၽြန္ေတာ္ကိုယ္တုိင္ ဗိုလ္ခ်ဳပ္ေၾကးရုပ္ျဖစ္ေျမာက္ေရးအတြက္ ႏုိးေဆာ္စာ တင္ထားခဲ့သူမို႔ အေျပာင္းအလည္းကို အားလံုးသိေစရန္အတြက္လည္း တာ၀န္ရိွသူမို႔
အခုလိုအသိေပးရျခင္းျဖစ္ပါတယ္။

အရင္အစည္းအေ၀းမွာ ကၽြန္ေတာ္တစ္ခြန္းေတာ့ ေျပာခဲ့ပါတယ္။

ကၽြန္ေတ္ာတို႔ ေကာ္မတီ သေဘာဆႏၵသည္ ၿမိဳ႕ေနလူထုသေဘာဆႏၵ

မဟုတ္သည့္အတြက္ လူထု အေျချပဳဆႏၵတစ္ခုကို အတည္ျပဳေပးဖို႔

တင္ျပခဲ့ပါတယ္။

ေကာ္မတီအဖြဲ႕လည္း လူထု ဆႏၵကို လစ္လ်ဳမရႈဘူးလို႔ ကၽြန္ေတာ္

ထင္ပါတယ္။

အားလံုးဟာ ကိုယ့္ၿမိဳ႕ကိုယ့္ရြာ ကိုယ့္ေဒသကို ခ်စ္ၾကသူမ်ားသာ…..။

ေကာ္မတီအဖြဲ႕လည္း ေမာေနၾကပါၿပီ…။

ညိဳကိုႏိုင္(ကသာ)

==========

ကသာၿမိဳ႕ ဗိုလ္ခ်ဳပ္ေၾကးရုပ္မွ

ဗိုလ္ခ်ဳပ္အဂၤေတရုပ္ေျပာင္းသြားသည့္

ကိစၥႏွင့္ပတ္သက္ၿပီး ၿမိဳ႕လူထုအား

အသိေပးသင့္သည္ဟုထင္၍ ကၽြန္ေတာ့္ FB မွ ပြင့္လင္းစြာ အသိေပးခဲ့ပါသည္။

ကၽြန္ေတ္ာ့ဆီမွ ေၾကးရုပ္ျဖစ္ေျမာက္ေရးအတြက္

post တင္ခဲ့ဖူးသျဖင့္ ေျပာင္းလည္းသြားရျခင္းကို အသိေပးျခင္းျဖစ္သည္…။

ေနာက္ရည္ရြယ္ခ်က္တစ္ခုမွာ ၿမိဳ႕၏ ဆႏၵကိုသိရန္ျဖစ္သည္။

ထုိ post မ်ားႏွင့္ပတ္သက္၍ အျငင္းပြားဖြယ္မ်ား

ျဖစ္ျခင္းေၾကာင့္ေနာက္ေနာင္ ဗိုလ္ခ်ဳပ္ရုပ္ထုႏွင့္

ပတ္သက္၍မည္သည့္ post မွ ကၽြန္ေတာ့္ wall မွ

တင္မည္မဟုတ္ေတာ့ပါ။

ညိဳကိုႏိုင္(ကသာ)

Nyo Ko Naing ေဖ့ဘုတ္အေကာင့္မွ တဆင့္ကူးယူတင္ျပပါသည္…။

ကသာမြို့က ဗိုလ်ချုပ်ကြေးရုပ်အကြောင်း နောက်ဆုံးသိသမျှ….

ဗိုလ်ချုပ်ကြေးရုပ်အကြောင်းဝိုင်းမေးကြတော့…

နောက်ဆုံးသိသမျှ ပြောပြရပါတော့မယ်။

ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီဝင်(၃၀)ခန့်ရှိပါတယ်။

အရုပ်နဲ့ ပတ်သက်ပြီး ဆန္ဒအများဆုံးရှိကြတာက

မြင်းစီးကြေးရုပ်ပါ..။သို့သော် ….

မြင်းစီးကြေးရုပ်အတွက် အလှူငွေကမလုံလောက်ဖြစ်နေတော့

နောက်ဆုံးအစည်းအဝေးမှာ ကော်မတီဝင်တွေ မဲခွဲကြပါတယ်။

အဲဒီမဲခွဲပွဲမှာ . . .

စာရေးဆရာအဲငြိမ်းသာ က ကြေးရုပ် ဖြစ်ပြီး ကျန်တာတွေက အင်္ဂတေ

မြင်းစီးရုပ် ဖြစ်တဲ့အတွက် ဗိုလ်ချုပ်မြင်းစီး အင်္ဂတေရုပ်လုပ်ရန် အတည်ပြု ဆုံးဖြတ်ခဲ့ကြပါတယ်။

အဲဒီနေ့ကကျွန်တေ်ာတို့အဖွဲ့က(၈)မိုင် ရေတံခွန်တောင်တက်ဖို့ ကြိုပြင်ဆင်ထားကြပြီး တောင်တက်တဲ့နေ့နဲ့ သွားတိုက်နေပါတယ်။

ဒါပေမဲ့ အပြန်အစည်းအဝေးမှီမယ်မှတ်ပြီး လမ်းခရီးက ဝေးတော့ အစည်းအဝေးမမှီတော့ပါ..။

ကျွန်တေ်ာ၊ ဓါတ်ပုံညီညီအောင် နဲ့ သီဟ တို့က အစည်းအဝေးမှီရင် ကြေး ရုပ်ကိုပဲ မဲထည့်မှာပါ။ဘာပုံလုပ်လုပ် တူရင်ပြီးသာပါပဲ..။

တူဖို့တော့အရေးကြီးပါတယ်။ တစ်သက်လုံး မြင်တွေ့နေရမှာဆိုတော့။

အဲဒီနောက်ပိုင်း မိုးကုတ်ဆရာတော်ဦးပညာသာမိ နဲ့ တွေ့တော့

သူကလည်းခရီးလွန်နေတဲ့အကြောင်း ဆရာတော်ရှိလည်း ကြေးရုပ်သာ

ဖြစ်သင့်တယ်ဆိုတဲ့အကြောင်း ၊ မြင်းစီးရုပ်အတွက် ငွေမမှီလည်း

မတ်တတ်ရပ်ရုပ်အတွက်မှီ၍ ကြေးရုပ်သာလုပ်သင့်တဲ့အကြောင်း မိန့်ပါတယ်။

အကိုကြီး ဓါတ်ပုံမာဃစန်ဝင်း(ကသာ) ကလည်း အဲဒီနေ့ကကျန်းမာရေးအခြေအနေအရအစည်းအဝေးမတက်လိုက်ရပေမဲ့

ကြေးရုပ်အတွက်ပဲ အာသီသ ဖြစ်ပါတယ်။

ကြေးရုပ်အတွက် အလှူငွေလှူထားတဲ့သူတွေကလည်း

ကြေးရုပ်သာ ဖြစ်သင့်ကြောင်း ပြောပါတယ်။ဖိတ်ထားပေမဲ့ မန္တလေးခရီးလွန်နေတဲ့ ကိုပီတာကလည်း ကြေးရုပ်သာဖြစ်ချင်သူပါ။

အဲဒီအတွက်ကြောင့်လည်း အလှူငွေ(ငါးသိန်း)ကျပ်တိတိ ထည့်ခဲ့တာပါ။

ဒါနဲ့အင်္ဂတေသံကြားတော့ဝိုင်းမေးကြတော့အင်္ဂတေရုပ်ဘယ်လိုဖြစ်ရသလည်း ဆိုတဲ့အပေါ် ကျွန်တေ်ာကြားသလောက်ရှင်းပြခဲ့ပါတယ်။

ဒါပေမဲ့ ပြန်ပြီး ညှိနှိုင်းကြဦးမယ်လို့ ထင်ခဲ့ပါတယ်။

ဗိုလ်ချုပ်အရုပ်နဲ့ပတ်သက်ပြီး အားလုံးကတော့ ကောင်းအောင် လုပ်ကြခြင်းပါ…။ကော်မတီကလည်း မြင်းရုပ်ကြီးနဲ့ ၀င့်ဝင့်ကြွားကြွား ခန့်ခန့်ညားညားဖြစ်ချင်တယ်…။

ငွေက မလောက်တော့ လောက်သလောက်နဲ့ ဖြစ်အောင်လုပ်မယ်ပေါ့။

သူတို့ဆုံးဖြတ်တာလည်း မမှားပါဘူး သူ့အမြင်နဲ့သူပါ။

ကျွန်တေ်ာ့တစ်ယောက်တည်းသဘောကတော့ ကြေးရုပ်ဖြစ်ချင်ပါတယ်။

ဗိုလ်ချုပ်နဲ့ တူအောင်ထုနိုင်တဲ့၊ Anatomy ကို နိုင်တဲ့

ပညာရှင်လည်း တွေ့ထားပြီဆိုတော့ ပုံတူဖို့ စိတ်အေးရပါတယ်။

ရှေးယခင်က အင်္ဂတေရုပ်တွေလုပ်ခဲ့တာမှန်ပါတယ်။ ဒါပေမဲ့ ဒီခေတ်လို

ကြေးရုပ်တွေကလည်း မရှိတဲ့အချိန်ဆိုတာ သတိချပ်ကြပါ။

အားလုံးက ဗိုလ်ချုပ်ကြေးရုပ်လုပ်နေကြတဲ့အချိန် ၊

ဗိုလ်ချုပ်အရုပ်တွေကြီးပဲ လုပ်နေကြလို့ ဝေဖန်နေတဲ့အချိန်

ဘယ်သူကဲ့ရဲ့ကဲ့ရဲ့ကိုယ့်မြို့မှာလည်း ကြေးရုပ်သာဖြစ်စေချင်တယ်။

နှစ်(၁၀၀)မှသည် နှစ်ထောင်ပေါင်းများစွာအထ ရေရှည်တည့်တံ့စေချင်တယ်။

ဘုရားကြီးက ကြေးရုပ်တွေ၊ ကမ္ဘာအနှံ့က သမိုင်းဝင် ကြေးရုပ်တွေ

နှစ်ကာလကြာလေ သမိုင်းတန်ဖိုးတက်လေပါပဲ။ မူလကလက်ရာအတိုင်း ရေရှည်တည်တံ့ခိုင်မြဲနေလို့ပါ။

နောက်တစ်ခုက တကောင်းငလျင်ကြော..။

ကျွန်တော်တို့ဒေသအောက်မှ ကိန်းအောင်းနေတယ် ။

၁၉၄၆ စက်တင်ဘာမှာ 7M နဲ့ 7.5M နှစ်ကြိမ်ပြင်းပြင်းထန်ထန်လှုပ်ခဲ့တယ်။

တစ်လလုံး ညတိုင်း ငလျင်ငယ်တွေဆက်တိုက်လှုပ်ခဲ့တယ်။

ကသာမှာရှိတဲ့စေတီတွေပြိုသွားခဲ့တယ်။အခု စေတီက အင်္ဂတေရုပ်တွေအားလုံး

အဟောင်းမရှိ ငလျင်ကြောင့်ကျိုးပဲ့နေတဲ့ ပုံတွေကို ပြန်ပြင်ထားတဲ့အရာတွေချည်း ပဲဖြစ်တယ်။ ရှေးလက်ရာများမရှိတော့။

အင်းတော်အင်း အရှေ့ဖက်တစ်ခြမ်းလုံး အဲဒီလမှာ အဲဒီငလျင်ကြောင့် ၏

နိမ့်ဆင်းသွားရတယ်၊ အင်းရွာဆိုတဲ့ရွာလေး ပျောက်ကွယ်ခဲ့ရတယ်။

မန်လည်က ပြိုကျပျက်စီးနေတဲ့ စံကျောင်းတော်ကြီးက ငလျင်ရဲ့ အရှိန်အဟုန်

ဘယ်လောက်ကြီးလည်း ယနေ့တိုင်သက်သေပြပြီး သတိပေးနေတယ်။

မန်လည်ဆရာတော်ဘုရားကြီး တည်ထားတဲ့ စေတီလည်း ပြိုခဲ့တယ်။

ယနေ့တိုင် စေတီက ဘီလူးခေါင်းရှစ်ခေါင်း စံကျောင်းဟောင်းရှေ့

ခင်းကျင်းပြသထားပါတယ်..။

ဒီငလျင်ကြောကြီးရှိလို့ ကသာမြို့က အထပ်မြင့် construction

တွေဟာသတိထားဖို့လိုပါတယ်။

တလောက ၀န်ထမ်းအိမ်ယာအထပ်မြင့်အဆောက်အဦမှာ foundation တွေ နိမ့်နိမ့်လေးတူးထားတာတွေ့လို့ အံ့သြမိပါတယ်။

ပြသနာလည်း သူတို့ ဖြစ်ပါသေးတယ်၊ နောက်ပိုင်း စစ်ဆေးရေးဝင်တဲ့အထိဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ကျွန်တော့်စိတ်ထဲတော့ ငလျင်ဒဏ်ကို သေသေချာချာတွက်ပြီး မတည်ဆောက်ထားဘူးလို့ထင်မိပါတယ်။

ဒီလို အကြောင်းတွေရှိလို့ ရေရှည် တည်တ့့ံရမယ့်၊ အစားထိုး ပြင်လို့မရတဲ့

ကိစ္စတွေမှာ ခိုင်ခန့်မှုကို အဓိကထားဖို့ စဉ်းစားရပါတယ်။

နောက်တန်ဖိုးထားမှုပါပါတယ်။

ဘုရားမှာ နိဗ္ဗာန် ကို ကိုယ်စားပြုတဲ့ နေရာကို အခိုင်မာဆုံး တန်ဖိုးအကြီးဆုံးအရာ စိန်နဲ့ ကိုယ်စားပြုပြီး စိန်ဖူး တပ်ဆင်ကြပါတယ်။

ဆိုလိုတာက တန်ဖိုးရှိတဲ့အရာကို တန်ဖိုးရှိတဲ့ ပစ္စည်းဖြင့် တန်ဆာဆင်ခြင်းပါ..။

ဒါကြောင့် အင်္ဂတေကို ကျွန်တော်အားမပေးခြင်းပါ..။

ပုံတူရုပ်မို့ နှာခေါင်းလေးကြွေလို့ ပြင်ချင်တိုင်းပြင် မရနိုင်ပါ။

အကုန်လုံးဝိုင်းမေးနေကြလို့ ကျွန်တော်ကိုယ်တိုင် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးအတွက် နိုးဆော်စာ တင်ထားခဲ့သူမို့ အပြောင်းအလည်းကို အားလုံးသိစေရန်အတွက်လည်း တာဝန်ရှိသူမို့
အခုလိုအသိပေးရခြင်းဖြစ်ပါတယ်။

အရင်အစည်းအဝေးမှာ ကျွန်တော်တစ်ခွန်းတော့ ပြောခဲ့ပါတယ်။

ကျွန်တေ်ာတို့ ကော်မတီ သဘောဆန္ဒသည် မြို့နေလူထုသဘောဆန္ဒ

မဟုတ်သည့်အတွက် လူထု အခြေပြုဆန္ဒတစ်ခုကို အတည်ပြုပေးဖို့

တင်ပြခဲ့ပါတယ်။

ကော်မတီအဖွဲ့လည်း လူထု ဆန္ဒကို လစ်လျုမရှုဘူးလို့ ကျွန်တော်

ထင်ပါတယ်။

အားလုံးဟာ ကိုယ့်မြို့ကိုယ့်ရွာ ကိုယ့်ဒေသကို ချစ်ကြသူများသာ…..။

ကော်မတီအဖွဲ့လည်း မောနေကြပါပြီ…။

ညိုကိုနိုင်(ကသာ)

==========

ကသာမြို့ ဗိုလ်ချုပ်ကြေးရုပ်မှ

ဗိုလ်ချုပ်အင်္ဂတေရုပ်ပြောင်းသွားသည့်

ကိစ္စနှင့်ပတ်သက်ပြီး မြို့လူထုအား

အသိပေးသင့်သည်ဟုထင်၍ ကျွန်တော့် FB မှ ပွင့်လင်းစွာ အသိပေးခဲ့ပါသည်။

ကျွန်တေ်ာ့ဆီမှ ကြေးရုပ်ဖြစ်မြောက်ရေးအတွက်

post တင်ခဲ့ဖူးသဖြင့် ပြောင်းလည်းသွားရခြင်းကို အသိပေးခြင်းဖြစ်သည်…။

နောက်ရည်ရွယ်ချက်တစ်ခုမှာ မြို့၏ ဆန္ဒကိုသိရန်ဖြစ်သည်။

ထို post များနှင့်ပတ်သက်၍ အငြင်းပွားဖွယ်များ

ဖြစ်ခြင်းကြောင့်နောက်နောင် ဗိုလ်ချုပ်ရုပ်ထုနှင့်

ပတ်သက်၍မည်သည့် post မှ ကျွန်တော့် wall မှ

တင်မည်မဟုတ်တော့ပါ။

ညိုကိုနိုင်(ကသာ)

Nyo Ko Naing ဖေ့ဘုတ်အကောင့်မှ တဆင့်ကူးယူတင်ပြပါသည်…။

Related posts