Search

ကမၻာေအးဂံုးတားေပၚက ညီမငယ္နဲ႔ ေရႊ တစ္ဆယ္သား

#ကမၻာေအးဂံုးတားေပၚက #ေလးစားစရာညီမငယ္

လူဆင္းရဲေပမယ့္ စိတ္ဓာတ္က တကယ္ေလးစားစရာမို႔လို႔ ႐ွယ္ေပးျခင္းျဖင့္ ဂုဏ္ျပဳၾကပါအံုး။

ရန္ကုန္ၿမိဳ႕ ကမၻာေအးဂံုးတံတားေပၚတြင္ ေတာင္းရမ္းစားေသာက္ေနေသာ အမ်ိဳးသမီးငယ္တစ္ဦး အမိႈက္ထုပ္ထဲမွ ေရႊ (၁၀) က်ပ္သားခန္႔ေကာက္ရခဲ့ေသာ္လည္း ပိုင္႐ွင္ျဖစ္သူထံ ျပန္လည္အပ္ႏွံခဲ့၊

ရန္ကုန္တိုင္းေဒသႀကီး ကမၻာေအး ဘုရားေပၚရိွ ကမၻာေအး ဂံုးတံတားေပၚတြင္ ခရီးသြားမ်ားထံမွ ေတာင္းရမ္းစားေသာက္ေနေသာ မေသာင္းေအး ဆုိသည့္ အမ်ိဳးသမီးတစ္ဦးသည္ အမိႈက္ထုပ္ထဲမွ ေရႊ ( ၁၀) က်ပ္သားခန္႔ ေကာက္ရခဲ့ေသာ္လည္း ပိုင္႐ွင္ျဖစ္သူအား စံုစမ္းကာ ျပန္လည္အပ္ႏွံခဲ့ေၾကာင္း ျပည္တြင္းသတင္းစံုဂ်ာနယ္မွ သိရိွရခဲ့ပါသည္။

အဆိုပါ ျဖစ္စဥ္အား အေသးစိတ္ သိရိွႏိုင္ရန္ ျပည္တြင္းသတင္းစံု ဂ်ာနယ္မွ ကမၻာေအး အမွတ္ (၇) အုပ္ခ်ဳပ္ေရးအဖဲြ႔မွ တာဝန္မႈး ဦးေက်ာ္ထြန္း အား သြားေရာက္ေတြ႔ဆံုေမးျမန္းခဲ့ရာ..

” ဒီမနက္ (၈) နာရီေလာက္က ရံုးနားမွာ အဲ့ဒီခေလးမတစ္ေယာက္တည္း အထုပ္တစ္ထုပ္ဆဲြၿပီး ေယာင္ခ်ာခ်ာလုပ္ေနတယ္။ ဒါနဲ႔ က်ေနာ္လည္း မသကၤာ တာနဲ႔ ခေလးမကိုရံုးကိုေခၚၿပီးေမးတဲ့အခါ သူမနက္က ဂံုးတံတားေပၚမွာ အမိႈက္ထုတ္ ကြၽပ္ကြၽပ္အိတ္အမည္းတစ္အိတ္ေတြ႔ေၾကာင္း၊ ဒီအိတ္ထဲမွာ ထမင္းက်န္ ၊ ဟင္းက်န္မ်ားေတြ႔မလားထင္ၿပီး ႐ွာေဖြမိေၾကာင္း၊ အိတ္ထဲ ႐ွာေနရင္း ခုလို ေရႊ ( ၁၀) က်ပ္သား အတံုးကို ေဘာက္ခ်ာနဲ႔အတူေတြ႔ရေၾကာင္း ၊ ဒါေၾကာင့္ က်ေနာ္တို႔ကဆင့္ ေဘာက္ခ်ာမွာပါတဲ့ နာမည္ထံျပန္လည္အပ္ႏွံခ်င္ေၾကာင္း ေျပာပါတယ္။ ဒါနဲ႔ က်ေနာ္တို႔လည္း ခ်က္ခ်င္းပဲ တာဝန္ရိွသူအခ်င္းခ်င္းခ်ိတ္ဆက္ၿပီး ပိုင္႐ွင္ျဖစ္သူကို ႐ွာေဖြခဲ့ပါတယ္။ သိပ္မၾကာပါဘူး ေဘာက္ခ်ာထဲက လိပ္စာအတိုင္းလိုက္တဲ့အခါမွာ ဒီအမႈိက္ထုပ္ရဲ႕ မူရင္းပိုင္႐ွင္ကို ေတြ႔ရိွခဲ့ပါတယ္။ ပိုင္႐ွင္က ကမၻာေအး မိုးေလဝသ စင္တာနားမွာေနတဲ့ ေဒၚေဆာင္းႏွင္းကိုဆိုတဲ့ အမ်ိဴးသမီးျဖစ္ႁပီး သူမ သားျဖစ္သူအား႐ွင္ျပဳေပးရန္ ေရႊစုေဆာင္းထားစဥ္ အမိႈက္ထုပ္ထဲ မေတာ္တဆ ပါသြားျခင္းျဖစ္တယ္လို႔ေျပာပါတယ္။ ဒါ့အျပင္ ပိုင္႐ွင္ျဖစ္သူ ေဒၚေဆာင္းႏွင္းကိုမွ ေတာင္းစားေနရေသာ္လည္း ႐ိုးသားသည့္ စိတ္ဓာတ္ရိွသည့္ မေသာင္းေအးအား ထိုက္ထိုက္တန္တန္ ျပန္လည္ဂုဏ္ျပဳေပးမည္ျဖစ္ေၾကာင္း က်ေနာ္တို႔ လူုႀကီးေတြေ႐ွ႕မွာ ကတိေပးေျပာၾကားခဲ့ပါတယ္။ ဘာပဲ ျဖစ္ျဖစ္ ဒီလို႐ိုးသားတဲ့ စိတ္ဓာတ္ပိုင္႐ွင္ညီမေလးကိုေတာ့ က်ေနာ္တုိ႔ မေလးစားပဲ မေနႏိုင္ပါဘူး ။ တကယ္ေတာ္ပါတယ္….” ဟု တာဝန္မႈး ဦးေက်ာ္ထြန္းမွ ေျပာၾကားခဲ့ပါသည္ ။

မေသာင္းေအး ေကာက္ရခဲ့ေသာ ေရႊ (၁၀) က်ပ္သားမွာ ကာလတန္ဖိုးအားျဖင့္ က်ပ္သိန္း (၉၀) နီးပါးခန္႔ရိွၿပီး ၎အေနျဖင့္ ေရာင္းမစားျဖစ္ဘဲ ပိုင္႐ွင္ျဖစ္သူထံ ခ်က္ခ်င္းျပန္လည္အပ္ႏွံခဲ့၍ ေလးစားစရာ စိတ္ဓာတ္ပိုင္႐ွင္ျဖစ္ေၾကာင္း ျပည္တြင္းသတင္းစံု ဂ်ာနယ္မွ ဂုဏ္ျပဳေဖာ္ျပလိုက္ရပါသည္။

ယခုအခါအဆိုပါ ညီမငယ္မွာ ေနစရာမရိွ၍ ကမၻာေအး ဂံုးေက်ာ္တံတားေပၚတြင္ ညအိပ္ေနရေၾကာင္းလည္းသိရိွပါသည္။

ျပည္တြင္းသတင္းစံု ဂ်ာနယ္

တိုက္ (376)၊ အခန္း (66-D) ၊ အထက္ပန္းဆိုးတန္းလမ္း၊ ရန္ကုန္။

Credit>>*YTH

===========

#ကမ္ဘာအေးဂုံးတားပေါ်က #လေးစားစရာညီမငယ်

လူဆင်းရဲပေမယ့် စိတ်ဓာတ်က တကယ်လေးစားစရာမို့လို့ ရှယ်ပေးခြင်းဖြင့် ဂုဏ်ပြုကြပါအုံး။

ရန်ကုန်မြို့ ကမ္ဘာအေးဂုံးတံတားပေါ်တွင် တောင်းရမ်းစားသောက်နေသော အမျိုးသမီးငယ်တစ်ဦး အမှိုက်ထုပ်ထဲမှ ရွှေ (၁၀) ကျပ်သားခန့်ကောက်ရခဲ့သော်လည်း ပိုင်ရှင်ဖြစ်သူထံ ပြန်လည်အပ်နှံခဲ့၊

ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေး ဘုရားပေါ်ရှိ ကမ္ဘာအေး ဂုံးတံတားပေါ်တွင် ခရီးသွားများထံမှ တောင်းရမ်းစားသောက်နေသော မသောင်းအေး ဆိုသည့် အမျိုးသမီးတစ်ဦးသည် အမှိုက်ထုပ်ထဲမှ ရွှေ ( ၁၀) ကျပ်သားခန့် ကောက်ရခဲ့သော်လည်း ပိုင်ရှင်ဖြစ်သူအား စုံစမ်းကာ ပြန်လည်အပ်နှံခဲ့ကြောင်း ပြည်တွင်းသတင်းစုံဂျာနယ်မှ သိရှိရခဲ့ပါသည်။

အဆိုပါ ဖြစ်စဉ်အား အသေးစိတ် သိရှိနိုင်ရန် ပြည်တွင်းသတင်းစုံ ဂျာနယ်မှ ကမ္ဘာအေး အမှတ် (၇) အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်မှုး ဦးကျော်ထွန်း အား သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာ..

” ဒီမနက် (၈) နာရီလောက်က ရုံးနားမှာ အဲ့ဒီခလေးမတစ်ယောက်တည်း အထုပ်တစ်ထုပ်ဆွဲပြီး ယောင်ချာချာလုပ်နေတယ်။ ဒါနဲ့ ကျနော်လည်း မသင်္ကာ တာနဲ့ ခလေးမကိုရုံးကိုခေါ်ပြီးမေးတဲ့အခါ သူမနက်က ဂုံးတံတားပေါ်မှာ အမှိုက်ထုတ် ကျွပ်ကျွပ်အိတ်အမည်းတစ်အိတ်တွေ့ကြောင်း၊ ဒီအိတ်ထဲမှာ ထမင်းကျန် ၊ ဟင်းကျန်များတွေ့မလားထင်ပြီး ရှာဖွေမိကြောင်း၊ အိတ်ထဲ ရှာနေရင်း ခုလို ရွှေ ( ၁၀) ကျပ်သား အတုံးကို ဘောက်ချာနဲ့အတူတွေ့ရကြောင်း ၊ ဒါကြောင့် ကျနော်တို့ကဆင့် ဘောက်ချာမှာပါတဲ့ နာမည်ထံပြန်လည်အပ်နှံချင်ကြောင်း ပြောပါတယ်။ ဒါနဲ့ ကျနော်တို့လည်း ချက်ချင်းပဲ တာဝန်ရှိသူအချင်းချင်းချိတ်ဆက်ပြီး ပိုင်ရှင်ဖြစ်သူကို ရှာဖွေခဲ့ပါတယ်။ သိပ်မကြာပါဘူး ဘောက်ချာထဲက လိပ်စာအတိုင်းလိုက်တဲ့အခါမှာ ဒီအမှိုက်ထုပ်ရဲ့ မူရင်းပိုင်ရှင်ကို တွေ့ရှိခဲ့ပါတယ်။ ပိုင်ရှင်က ကမ္ဘာအေး မိုးလေဝသ စင်တာနားမှာနေတဲ့ ဒေါ်ဆောင်းနှင်းကိုဆိုတဲ့ အမျိူးသမီးဖြစ်ပြီး သူမ သားဖြစ်သူအားရှင်ပြုပေးရန် ရွှေစုဆောင်းထားစဉ် အမှိုက်ထုပ်ထဲ မတော်တဆ ပါသွားခြင်းဖြစ်တယ်လို့ပြောပါတယ်။ ဒါ့အပြင် ပိုင်ရှင်ဖြစ်သူ ဒေါ်ဆောင်းနှင်းကိုမှ တောင်းစားနေရသော်လည်း ရိုးသားသည့် စိတ်ဓာတ်ရှိသည့် မသောင်းအေးအား ထိုက်ထိုက်တန်တန် ပြန်လည်ဂုဏ်ပြုပေးမည်ဖြစ်ကြောင်း ကျနော်တို့ လူုကြီးတွေရှေ့မှာ ကတိပေးပြောကြားခဲ့ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဒီလိုရိုးသားတဲ့ စိတ်ဓာတ်ပိုင်ရှင်ညီမလေးကိုတော့ ကျနော်တို့ မလေးစားပဲ မနေနိုင်ပါဘူး ။ တကယ်တော်ပါတယ်….” ဟု တာဝန်မှုး ဦးကျော်ထွန်းမှ ပြောကြားခဲ့ပါသည် ။

မသောင်းအေး ကောက်ရခဲ့သော ရွှေ (၁၀) ကျပ်သားမှာ ကာလတန်ဖိုးအားဖြင့် ကျပ်သိန်း (၉၀) နီးပါးခန့်ရှိပြီး ၎င်းအနေဖြင့် ရောင်းမစားဖြစ်ဘဲ ပိုင်ရှင်ဖြစ်သူထံ ချက်ချင်းပြန်လည်အပ်နှံခဲ့၍ လေးစားစရာ စိတ်ဓာတ်ပိုင်ရှင်ဖြစ်ကြောင်း ပြည်တွင်းသတင်းစုံ ဂျာနယ်မှ ဂုဏ်ပြုဖော်ပြလိုက်ရပါသည်။

ယခုအခါအဆိုပါ ညီမငယ်မှာ နေစရာမရှိ၍ ကမ္ဘာအေး ဂုံးကျော်တံတားပေါ်တွင် ညအိပ်နေရကြောင်းလည်းသိရှိပါသည်။

ပြည်တွင်းသတင်းစုံ ဂျာနယ်

တိုက် (376)၊ အခန်း (66-D) ၊ အထက်ပန်းဆိုးတန်းလမ်း၊ ရန်ကုန်။

Credit>>*YTH

=
Loading...
=

Related posts