Search

မိန္းကေလးေတြရဲ႕ စိတ္ကို ေဖာက္ထြင္း ျမင္ခ်င္ပါသလား

မိန္းကေလးေတြရဲ႕ စိတ္ကို ေဖာက္ထြင္း ျမင္ခ်င္ပါသလား??? ေအာက္ကစာကို ဆက္ဖတ္ၾကည့္ပါ…

(၁) မႏႈိင္းနဲ႔

“သူ႔မိန္းမက အိမ္ေထာင္မႈ ဘယ္ေလာက္ထိန္းႏိုင္တယ္၊ သူ႔ခ်စ္သူက ဘယ္လိုၾကင္နာတတ္တယ္”လို႔ ကိုယ့္မိန္းမ၊ ကိုယ့္ခ်စ္သူကုိ တျခားမိန္းကေလးေတြနဲ႔ မႏႈိင္းနဲ႔။ ကိုယ္ခ်စ္တဲ့သူနဲ႔ အတူေနခြင့္ရတာ မဂၤလာတစ္ပါးပါ။ မိန္းကေလးအမ်ားက ကိုယ္ခ်စ္တဲ့လူဆီက ၾကားရတဲ့ ခ်ီးက်ဴးစကားတစ္ခြန္းကို အျခားလူေတြဆီက ၾကားရတဲ့ ခ်ီးက်ဴးစကားေတြထက္ ပိုတန္ဖိုးထားပါတယ္။

(၂) လ်စ္လ်ဴမ႐ႈနဲ႔

မိန္းကေလးေတြရဲ႕ ခံစားမႈအာ႐ံုက လႈပ္႐ွားလြယ္တယ္။ ကိုယ္ခ်စ္တဲ့လူနဲ႔ ပတ္သက္လာရင္မေကာင္းတဲ့ဖက္ ေတြးျမင္လြယ္တယ္။ သဝန္တို၊အူတိုလြယ္တယ္။ ကိုယ္အခက္အခဲၾကံဳတဲ့အခါသူ႔ကို ဖြင့္ေျပာတိုင္ပင္ျပီး မွ်ေဝခံစားမယ္၊သူဝမ္းနည္းအားငယ္တဲ့အခါ လက္ကို တင္းတင္းဆုပ္ကိုင္ျပီး အၾကင္နာေငြ႔ေတြနဲ႔ ကူညီအားေပးမယ္၊အလုပ္မသြားခင္ ပုစဥ္းေရနား အနမ္းေလးနဲ႔ႏႈတ္ဆက္မယ္၊ အိမ္ေရာက္ရင္လည္းျပန္ေရာက္ေၾကာင္း ေပြ႔ဖက္ႏႈတ္ဆက္မယ္။အဲဒီလိုကိုယ့္အတြက္ အပန္းမၾကီးတဲ့ ႏႈတ္ဆက္ျခင္းေတြ၊အျပဳအမူေတြက မိန္းကေလးေတြအတြက္ တစ္သက္လံုး ေတြးတိုင္းၾကည္ႏူးေစႏိုင္ပါတယ္။

(၃) မ်က္ႏွာထား မျပနဲ႔

မိန္းကေလးတစ္ေယာက္ကို ေဒါသမ်က္ႏွာနဲ႔တင္းျပတတ္တဲ့ ေယာက္်ားေလာက္ ၾကည့္ရဆိုးတာမရွိဘူး။ကိုယ္က အျပင္မွာ မအားမလပ္ စီးပြါး႐ွာေနသလိုသူလည္း အိမ္မႈကိစၥ၊ ကေလးေတြနဲ႔ အလုပ္႐ႈပ္ေနတယ္ဆိုသတိရေပးပါ။ ေနာက္ကေန လိုအပ္သမွ် ျဖည့္ဆည္းေပးတဲ့သူ႐ွိလို႔ အျပင္မွာ ကိုယ္စိတ္ခ်လက္ခ် အလုပ္လုပ္ႏိုင္တယ္ဆိုတာ သတိရေပးပါ။ ကိုယ္အလုပ္ကျပန္ေရာက္ရင္ “ မိန္းမေရ.. ပင္ပန္းေနျပီလား” နဲ႔“ မပင္ပန္းပါဘူး.. အျပင္ထြက္ အလုပ္လုပ္တဲ့ေယာက္်ားက ပိုပင္ပန္းတာ” ဆိုတဲ့ အျပန္အလွန္စကားပံုရိပ္ေတြက လွပတဲ့ပန္းခ်ီကားတစ္ခ်ပ္လိုပါပဲ လူကိုၾကည္ႏူးေစပါတယ္။

(၄) ျပိဳင္ၾကတယ္

ေယာက္်ားေတြက အလုပ္ျပိဳင္၊ ရာထူးျပိဳင္သလိုမိန္းကေလးေတြလည္း ကိုယ့္ေယာက္်ား၊ကိုယ့္ကေလးအေၾကာင္း ျပိဳင္တတ္ၾကတယ္။ဒါေၾကာင့္ လူေတြေ႐ွ႕မွာ မိန္းကေလးေတြကိုမေဟာက္၊ မေအာ္ဘဲ အၾကင္နာေတြ၊ ဂ႐ုစိုက္မႈေတြေပးပါ။ တျခားမိန္းကေလးေတြ မနာလိုဝန္တိုျဖစ္ေစေလာက္တဲ့ အခ်စ္ကို ရထားတဲ့မင္းသမီးလို႔ သူ႔ကိုယ္သူထင္ျမင္ေအာင္ ၾကင္နာျပပါ။ သူဟာထက္ျမက္တဲ့ မိန္းကေလးျဖစ္ခဲ့ရင္ ကိုယ့္အေပါင္းသင္းေ႐ွ႕မွာလည္း ကိုယ့္ဟာ မိန္းမကိုဂ႐ုစိုက္ၾကင္နာသူအျဖင့္ သူမ်က္ႏွာသာျပန္ေပးပါလိမ့္မယ္။

(၅) ၾကည့္တတ္တယ္

မိန္းမလွေလးေတြျမင္ရင္ ေယာက္်ားေလးေတြၾကည့္တတ္ၾကသလို ေယာက္်ားေလးေခ်ာေခ်ာေတြကိုျမင္ရင္လည္း မိန္းကေလးေတြ ၾကည့္တတ္ပါတယ္။ဒါကို သဝန္တို၊ စိတ္တိုႏိုင္ေပမယ့္ ေခ်ာတဲ့ေယာက္်ားကိုၾကည့္တဲ့ မိန္းကေလးရဲ႕အၾကည့္က ေခ်ာတဲ့မိန္းကေလးကိုၾကည့္တဲ့ ကိုယ့္အၾကည့္ထက္ရိုးသားပါတယ္။ မိန္းကေလးေတြ ၾကည့္တဲ့အၾကည့္ကလွတဲ့ပစၥည္းတစ္ခု၊ ပန္းခ်ီကားတစ္ခ်ပ္ကို ၾကည့္႐ႈခံစားသလိုပဲ ေယာက္်ားေလးေတြလို ၾကည့္ျပီး စိတ္ကူးယဥ္တာေတြ မပါပါဘူး။

(၆) မ႐ိုက္နဲ႔

မိန္းကေလးတစ္ေယာက္ကို ရုိက္တတ္တဲ့ေယာက္်ားေလာက္ ေအာက္တန္းက်တာ မရွိဘူး။သူ႔ကိုတကယ္ခ်စ္ရင္ အျပန္အလွန္ ေလးစားမႈဆိုတာရွိသင့္တယ္။ လက္မပါသင့္ဘူး။ သူ႔ကိုမခ်စ္ေတာ့ရင္ကိုယ့္ႏွလံုးသားကို ျပန္ေမးၾကည့္ပါ။ သူ႔ကိုေပ်ာ္ေအာင္ဆက္ထားႏိုင္မလား? တကယ္လို႔ မထားႏိုင္ခဲ့ရင္ဆုပ္ကိုင္မထားပါနဲ႔။ လက္လြတ္လိုက္ပါ၊သူလြတ္လပ္ပါေစ။

(၇) ႏူးညံ့ပါ

မိန္းကေလးတစ္ေယာက္ဟာ ဘယ္ေလာက္ပဲထက္ျမက္္ေနပါေစ ေယာက္်ားတစ္ဦးရဲ႕ ဦးေဆာင္ဆံုးျဖတ္မႈကို ပိုအေလးထားၾကတယ္။ ဒါမွကိုယ့္အတြက္ ေဘးကင္းလံုျခံဳတယ္လို႔ ထင္တတ္ၾကတယ္။ မိန္းမေတြဟာ ေယာက္်ားေတြရဲ႕ ႏူးညံ့သိမ္ေမြ႔တာကိုမလြန္ဆန္ႏိုင္ဘူး။ တကယ္လို႔ မိန္းမတစ္ေယာက္ရဲ႕ႏူးညံ့သိမ္ေမြ႔မႈက ေယာက္်ားတစ္ေယာက္ကိုရင္ဆိုင္ဖို႔ လက္နက္ျဖစ္ခဲ့တယ္ဆိုရင္ ေယာက္်ားတစ္ေယာက္ရဲ႕ႏူးညံ့မႈက မိန္းကေလးအတြက္ အဏွျမဴပဲျဖစ္တယ္။ ဒါေပမယ့္ မိန္းကေလးေတြမွာ ေမြးရာပါမိခင္စိတ္ရွိတာေၾကာင့္ တစ္ခါတေလ ကိုယ့္ကိုကေလးေလးတစ္ေယာက္လို အစစအရာရာစိုးရိမ္စိတ္ေတြပိုျပီး ဗ်စ္ေတာက္ဗ်စ္ေတာက္လိုက္ေျပာမယ္၊ အလိုလိုက္တတ္သလို၊ ဟိုဟာမလုပ္နဲ႔ဒီလိုလုပ္လို႔ လိုက္စြက္ဖက္မယ္။ ဒါေတြကို အျပစ္မျမင္ေဗြမယူ၊ ေဒါသမထြက္ဘဲ ႏူးညံ့ေပးပါ။ သူဟာမိခင္စိတ္ရွိတဲ့ မိန္းမသားျဖစ္ေနလို႔ပါပဲ။

(၈) မိသားစုဟာ ပထမ

ေယာက္်ားေတြဟာ အလုပ္ကို တာဝန္ယူရတယ္။ အလုပ္အတြက္ စာရိတၱေကာင္းရတယ္။ အလုပ္ထဲမွာ ေပ်ာ္ရႊင္ေအာင္ေနတတ္ဖို႔နဲ႔ အလုပ္ရဲ႕ေက်းကြ်န္မျဖစ္ဖို႔ သိတတ္ရတယ္။ အလုပ္လုပ္တာဟာမိသားစု ေပ်ာ္ရႊင္ဖို႔အတြက္၊ မိသားစု စားဝတ္ေနေရးအတြက္ဆိုရင္ ကိုယ္ခ်စ္တဲ့သူနဲ႔ ကုိယ့္သားသမီးေတြေပ်ာ္ရႊင္ဖို႔ ကိုယ္နဲ႔အတူေနခြင့္ အခ်ိန္ကိုမၾကာခဏေပးပါ။

(၉) ေယာကၡမဆိုတာလည္း မိဘပဲ

မိန္းမကို တကယ္ခ်စ္ရင္ သူ႔မိဘေတြကုိလည္း ခ်စ္ပါ။ စိတ္ထဲမွာ ဒါကိုယ့္မိဘေတြပဲလို႔ ထည့္ထားပါ။ ေယာကၡမေတြကို ကိုယ့္မိဘအရင္းလို သေဘာထားႏိုင္ရင္သူတို႔ကလည္း ကိုယ့္ကို သားအရင္းလို သေဘာထားၾကပါလိမ့္မယ္။ လူေတြက အသက္ၾကီး အုိမင္းလာရင္ကေလးေလးနဲ႔ တူသြားတတ္သတဲ့။ ဒါေၾကာင့္တစ္ေန႔တစ္ျခား အုိမင္းလာတဲ့ ေယာကၡမ၊ မိဘေတြကိုကေလးတစ္ေယာက္ သေဘာထားျပီး ဂရုစိုက္ပါ၊ျပဳစုပါ။ သူတုိ႔ေပ်ာ္ရႊင္ေအာင္ ေခ်ာ့ျမဴပါ။ ကိုယ္လဲတစ္ေန႔ေန႔မွာ အိုမင္းလာႏိုင္တဲ့အတြက္ၾကည့္မွန္တစ္ခ်ပ္ကို ျပဳလုပ္ေနသလိုပဲကိုယ့္သားသမီးေတြ အတုယူႏိုင္ဖို႔ လူအိုေတြကိုဘယ္လိုဂရုစိုက္ ေလးစားရမယ္ဆိုတာကို သူတို႔သိျမင္ပါေစ။ ဒါမွ ေနာင္တစ္ခ်ိန္မွာ ကိုယ့္ကို သူတို႔ျပန္ေလးစားပါလိမ့္မယ္။

(၁ဝ) သစၥာ၊ ယံုၾကည္ျခင္း၊ ခြင့္လႊတ္ျခင္း၊ နားလည္ျခင္း

လူႏွစ္ေယာက္ေပါင္းစပ္ဖို႔ ဒါေတြလိုအပ္ပါတယ္။ ကိစၥတိုင္းကို ဖြင့္ေျပာ တိုင္ပင္သင့္တယ္ဆိုေပမယ့္ တစ္ခါတေလ မတတ္သာတဲ့အခ်ိန္မွာ ခ်ဳိသာတဲ့မုသားကိုလည္း သံုးႏိုင္ပါတယ္။ ျပႆနာတစ္ခုခုရင္ဆိုင္ရျပီဆိုရင္ မိန္းကေလးကို အျပစ္မတင္ခင္ကိစၥတစ္ခုရဲ႕ အတိမ္၊ အနက္ကို ေဝဖန္ပိုင္းျခားတတ္ဖို႔လိုျပီး ႐ႈေထာင့္ အဖက္ဖက္ကေန အရင္ၾကည့္႐ႈခံစားေပးပါ။ မိန္းကေလးဖက္ကေန ဝင္ေရာက္္ခံစားတတ္ဖို႔လည္း လိုပါလိမ့္မယ္။ ကိုယ္ဟာ သူ႔ရဲ႕အခ်စ္ရဆံုးျဖစ္တဲ့အတြက္ သူ႔ကို နားလည္ေပးပါ။ အားေပးပါ။ ခြင့္လႊတ္ေပးပါ။

Credit: (သိမွတ္​ဖြယ္​ရာ​_​ဗဟုသုတရြာ)

===========

မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်း မြင်ချင်ပါသလား??? အောက်ကစာကို ဆက်ဖတ်ကြည့်ပါ…

(၁) မနှိုင်းနဲ့

“သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက်ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာတတ်တယ်”လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တခြားမိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့်ရတာ မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကားတစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူးစကားတွေထက် ပိုတန်ဖိုးထားပါတယ်။

(၂) လျစ်လျူမရှုနဲ့

မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့ ပတ်သက်လာရင်မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊အူတိုလွယ်တယ်။ ကိုယ်အခက်အခဲကြုံတဲ့အခါသူ့ကို ဖွင့်ပြောတိုင်ပင်ပြီး မျှဝေခံစားမယ်၊သူဝမ်းနည်းအားငယ်တဲ့အခါ လက်ကို တင်းတင်းဆုပ်ကိုင်ပြီး အကြင်နာငွေ့တွေနဲ့ ကူညီအားပေးမယ်၊အလုပ်မသွားခင် ပုစဉ်းရေနား အနမ်းလေးနဲ့နှုတ်ဆက်မယ်၊ အိမ်ရောက်ရင်လည်းပြန်ရောက်ကြောင်း ပွေ့ဖက်နှုတ်ဆက်မယ်။အဲဒီလိုကိုယ့်အတွက် အပန်းမကြီးတဲ့ နှုတ်ဆက်ခြင်းတွေ၊အပြုအမူတွေက မိန်းကလေးတွေအတွက် တစ်သက်လုံး တွေးတိုင်းကြည်နူးစေနိုင်ပါတယ်။

(၃) မျက်နှာထား မပြနဲ့

မိန်းကလေးတစ်ယောက်ကို ဒေါသမျက်နှာနဲ့တင်းပြတတ်တဲ့ ယောက်ျားလောက် ကြည့်ရဆိုးတာမရှိဘူး။ကိုယ်က အပြင်မှာ မအားမလပ် စီးပွါးရှာနေသလိုသူလည်း အိမ်မှုကိစ္စ၊ ကလေးတွေနဲ့ အလုပ်ရှုပ်နေတယ်ဆိုသတိရပေးပါ။ နောက်ကနေ လိုအပ်သမျှ ဖြည့်ဆည်းပေးတဲ့သူရှိလို့ အပြင်မှာ ကိုယ်စိတ်ချလက်ချ အလုပ်လုပ်နိုင်တယ်ဆိုတာ သတိရပေးပါ။ ကိုယ်အလုပ်ကပြန်ရောက်ရင် “ မိန်းမရေ.. ပင်ပန်းနေပြီလား” နဲ့“ မပင်ပန်းပါဘူး.. အပြင်ထွက် အလုပ်လုပ်တဲ့ယောက်ျားက ပိုပင်ပန်းတာ” ဆိုတဲ့ အပြန်အလှန်စကားပုံရိပ်တွေက လှပတဲ့ပန်းချီကားတစ်ချပ်လိုပါပဲ လူကိုကြည်နူးစေပါတယ်။

(၄) ပြိုင်ကြတယ်

ယောက်ျားတွေက အလုပ်ပြိုင်၊ ရာထူးပြိုင်သလိုမိန်းကလေးတွေလည်း ကိုယ့်ယောက်ျား၊ကိုယ့်ကလေးအကြောင်း ပြိုင်တတ်ကြတယ်။ဒါကြောင့် လူတွေရှေ့မှာ မိန်းကလေးတွေကိုမဟောက်၊ မအော်ဘဲ အကြင်နာတွေ၊ ဂရုစိုက်မှုတွေပေးပါ။ တခြားမိန်းကလေးတွေ မနာလိုဝန်တိုဖြစ်စေလောက်တဲ့ အချစ်ကို ရထားတဲ့မင်းသမီးလို့ သူ့ကိုယ်သူထင်မြင်အောင် ကြင်နာပြပါ။ သူဟာထက်မြက်တဲ့ မိန်းကလေးဖြစ်ခဲ့ရင် ကိုယ့်အပေါင်းသင်းရှေ့မှာလည်း ကိုယ့်ဟာ မိန်းမကိုဂရုစိုက်ကြင်နာသူအဖြင့် သူမျက်နှာသာပြန်ပေးပါလိမ့်မယ်။

(၅) ကြည့်တတ်တယ်

မိန်းမလှလေးတွေမြင်ရင် ယောက်ျားလေးတွေကြည့်တတ်ကြသလို ယောက်ျားလေးချောချောတွေကိုမြင်ရင်လည်း မိန်းကလေးတွေ ကြည့်တတ်ပါတယ်။ဒါကို သဝန်တို၊ စိတ်တိုနိုင်ပေမယ့် ချောတဲ့ယောက်ျားကိုကြည့်တဲ့ မိန်းကလေးရဲ့အကြည့်က ချောတဲ့မိန်းကလေးကိုကြည့်တဲ့ ကိုယ့်အကြည့်ထက်ရိုးသားပါတယ်။ မိန်းကလေးတွေ ကြည့်တဲ့အကြည့်ကလှတဲ့ပစ္စည်းတစ်ခု၊ ပန်းချီကားတစ်ချပ်ကို ကြည့်ရှုခံစားသလိုပဲ ယောက်ျားလေးတွေလို ကြည့်ပြီး စိတ်ကူးယဉ်တာတွေ မပါပါဘူး။

(၆) မရိုက်နဲ့

မိန်းကလေးတစ်ယောက်ကို ရိုက်တတ်တဲ့ယောက်ျားလောက် အောက်တန်းကျတာ မရှိဘူး။သူ့ကိုတကယ်ချစ်ရင် အပြန်အလှန် လေးစားမှုဆိုတာရှိသင့်တယ်။ လက်မပါသင့်ဘူး။ သူ့ကိုမချစ်တော့ရင်ကိုယ့်နှလုံးသားကို ပြန်မေးကြည့်ပါ။ သူ့ကိုပျော်အောင်ဆက်ထားနိုင်မလား? တကယ်လို့ မထားနိုင်ခဲ့ရင်ဆုပ်ကိုင်မထားပါနဲ့။ လက်လွတ်လိုက်ပါ၊သူလွတ်လပ်ပါစေ။

(၇) နူးညံ့ပါ

မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲထက်မြက််နေပါစေ ယောက်ျားတစ်ဦးရဲ့ ဦးဆောင်ဆုံးဖြတ်မှုကို ပိုအလေးထားကြတယ်။ ဒါမှကိုယ့်အတွက် ဘေးကင်းလုံခြံုတယ်လို့ ထင်တတ်ကြတယ်။ မိန်းမတွေဟာ ယောက်ျားတွေရဲ့ နူးညံ့သိမ်မွေ့တာကိုမလွန်ဆန်နိုင်ဘူး။ တကယ်လို့ မိန်းမတစ်ယောက်ရဲ့နူးညံ့သိမ်မွေ့မှုက ယောက်ျားတစ်ယောက်ကိုရင်ဆိုင်ဖို့ လက်နက်ဖြစ်ခဲ့တယ်ဆိုရင် ယောက်ျားတစ်ယောက်ရဲ့နူးညံ့မှုက မိန်းကလေးအတွက် အဏှမြူပဲဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေမှာ မွေးရာပါမိခင်စိတ်ရှိတာကြောင့် တစ်ခါတလေ ကိုယ့်ကိုကလေးလေးတစ်ယောက်လို အစစအရာရာစိုးရိမ်စိတ်တွေပိုပြီး ဗျစ်တောက်ဗျစ်တောက်လိုက်ပြောမယ်၊ အလိုလိုက်တတ်သလို၊ ဟိုဟာမလုပ်နဲ့ဒီလိုလုပ်လို့ လိုက်စွက်ဖက်မယ်။ ဒါတွေကို အပြစ်မမြင်ဗွေမယူ၊ ဒေါသမထွက်ဘဲ နူးညံ့ပေးပါ။ သူဟာမိခင်စိတ်ရှိတဲ့ မိန်းမသားဖြစ်နေလို့ပါပဲ။

(၈) မိသားစုဟာ ပထမ

ယောက်ျားတွေဟာ အလုပ်ကို တာဝန်ယူရတယ်။ အလုပ်အတွက် စာရိတ္တကောင်းရတယ်။ အလုပ်ထဲမှာ ပျော်ရွှင်အောင်နေတတ်ဖို့နဲ့ အလုပ်ရဲ့ကျေးကျွန်မဖြစ်ဖို့ သိတတ်ရတယ်။ အလုပ်လုပ်တာဟာမိသားစု ပျော်ရွှင်ဖို့အတွက်၊ မိသားစု စားဝတ်နေရေးအတွက်ဆိုရင် ကိုယ်ချစ်တဲ့သူနဲ့ ကိုယ့်သားသမီးတွေပျော်ရွှင်ဖို့ ကိုယ်နဲ့အတူနေခွင့် အချိန်ကိုမကြာခဏပေးပါ။

(၉) ယောက္ခမဆိုတာလည်း မိဘပဲ

မိန်းမကို တကယ်ချစ်ရင် သူ့မိဘတွေကိုလည်း ချစ်ပါ။ စိတ်ထဲမှာ ဒါကိုယ့်မိဘတွေပဲလို့ ထည့်ထားပါ။ ယောက္ခမတွေကို ကိုယ့်မိဘအရင်းလို သဘောထားနိုင်ရင်သူတို့ကလည်း ကိုယ့်ကို သားအရင်းလို သဘောထားကြပါလိမ့်မယ်။ လူတွေက အသက်ကြီး အိုမင်းလာရင်ကလေးလေးနဲ့ တူသွားတတ်သတဲ့။ ဒါကြောင့်တစ်နေ့တစ်ခြား အိုမင်းလာတဲ့ ယောက္ခမ၊ မိဘတွေကိုကလေးတစ်ယောက် သဘောထားပြီး ဂရုစိုက်ပါ၊ပြုစုပါ။ သူတို့ပျော်ရွှင်အောင် ချော့မြူပါ။ ကိုယ်လဲတစ်နေ့နေ့မှာ အိုမင်းလာနိုင်တဲ့အတွက်ကြည့်မှန်တစ်ချပ်ကို ပြုလုပ်နေသလိုပဲကိုယ့်သားသမီးတွေ အတုယူနိုင်ဖို့ လူအိုတွေကိုဘယ်လိုဂရုစိုက် လေးစားရမယ်ဆိုတာကို သူတို့သိမြင်ပါစေ။ ဒါမှ နောင်တစ်ချိန်မှာ ကိုယ့်ကို သူတို့ပြန်လေးစားပါလိမ့်မယ်။

(၁ဝ) သစ္စာ၊ ယုံကြည်ခြင်း၊ ခွင့်လွှတ်ခြင်း၊ နားလည်ခြင်း

လူနှစ်ယောက်ပေါင်းစပ်ဖို့ ဒါတွေလိုအပ်ပါတယ်။ ကိစ္စတိုင်းကို ဖွင့်ပြော တိုင်ပင်သင့်တယ်ဆိုပေမယ့် တစ်ခါတလေ မတတ်သာတဲ့အချိန်မှာ ချိုသာတဲ့မုသားကိုလည်း သုံးနိုင်ပါတယ်။ ပြဿနာတစ်ခုခုရင်ဆိုင်ရပြီဆိုရင် မိန်းကလေးကို အပြစ်မတင်ခင်ကိစ္စတစ်ခုရဲ့ အတိမ်၊ အနက်ကို ဝေဖန်ပိုင်းခြားတတ်ဖို့လိုပြီး ရှုထောင့် အဖက်ဖက်ကနေ အရင်ကြည့်ရှုခံစားပေးပါ။ မိန်းကလေးဖက်ကနေ ဝင်ရောက််ခံစားတတ်ဖို့လည်း လိုပါလိမ့်မယ်။ ကိုယ်ဟာ သူ့ရဲ့အချစ်ရဆုံးဖြစ်တဲ့အတွက် သူ့ကို နားလည်ပေးပါ။ အားပေးပါ။ ခွင့်လွှတ်ပေးပါ။

Credit: (သိမှတ်​ဖွယ်​ရာ​_​ဗဟုသုတရွာ)

Related posts

Leave a Comment