Search

ေဟ့ေကာင္ မင္း ဖာေခါင္းစကား မေျပာနဲ႔ စကားကို တည္တည္တံ႕တံ႕ေျပာစမ္း

ေဟ့ေကာင္ မင္း ဖာေခါင္းစကား မေျပာနဲ႔ စကားကို တည္တည္တံ႕တံ႕ေျပာစမ္း

ဖာသည္ပါဆိုမွ ဖာစကားေတြပဲေျပာမွာေပါ့…။

ေကတီဗြီ မာဆတ္နဲ႔ ျပည္႕တန္ဆာလုပ္စား ေနတဲ႔ မိန္းကေလးေတြရဲ႕ဘဝကို စိတ္ဝင္စား ဖြယ္သနားဂရုဏာသက္္ဖြယ္ ရသေျမာက္ ေအာင္တခမ္းတနားေရးဖဲြ႕ထားတဲ႔ သူတို႔ေနာက္ေႀကာင္း စာေပေတြေတာ္ေတာ္မ်ားမ်ားဖတ္ဖူးပါတယ္။

အေဖေသလို႔ အေမမုဆိုးမႀကီးကိုလုပ္ ေႀကြးေနရတဲ႔အေႀကာင္း..။ ေမာင္ေလး ညီမေလးေတြေက်ာင္းထား ေပးရေႀကာင္း..။ အေမအိုကိုေဆးကုေပးေန ရတဲ႔အေႀကာင္း။ ဒီအလုပ္ကို စက္စုပ္ရြံရွာေႀကာင္း ။

ဒါမွမဟုတ္ ေယာက်္ားက ကေလးေတြနဲ႔ပစ္ထားခဲ႔လို႔ ဒီေလာကထဲေရာက္ခဲ႔ေႀကာင္း..။ သစၥာမရွိတဲ႔ ေယာက်္ားတစ္ေယာက္ ေႀကာင့္ ရိုင္းရိုင္းေျပာရ ရင္ဖာေလာကထဲေရာက္လာေႀကာင္းေပါ့။

ဖာသည္ပါဆိုမွ ဖာစကားေတြပဲေျပာမွာေပါ့။

အျပင္ေလာကမွာ လိမ္တဲ႔ညာတဲ႔သူဆို က်မတို႔အခ်င္းခ်င္းေတာင္ ဟဲ႔ေကာင္မစကားကိုအမွန္ဘယ္ေတာ့မွ မေျပာဘူး တအားဖာစကားတတ္တာဆိုတာမ်ိဳး…ေပါ့..။

ဥပမာ ။ ။ ေဟ့ေကာင္ မင္းဖာေခါင္းစကား မေျပာနဲ႔ စကားကိုတည္တည္တံ႕တံ႕ေျပာစမ္းဆိုတာမ်ိဳး ႀကားဖူးမွာပါ

ဖာသည္နဲ႔ဖာေခါင္းဆိုတာ စကားးအမွန္ဘယ္ေတာ့မွမေျပာဘူး

က်မ ဝါသနာအရ ဒီေလာကထဲေရာက္လာရပါတယ္လို႔ ဝန္ခံတဲ႔ ဖာသည္မရွိပါဘူး။

သူတို႔ကိုသနားလို႔ကယ္တင္ႀကည္႔ပါ မရပါဘူး။ အသက္ေမြးဝမ္းေက်ာင္း ပညာသင္ေပးႀကည္႔ စိတ္မဝင္စားပါဘူး ပင္ပင္ပမ္းပမ္းမလုပ္ခ်င္ဘူး

သူတို႔ကသနားေအာင္ေျပာျပပါလိမ့္မယ္

ေယာက်္ားတစ္ေယာက္နဲ႔ေပ်ာ္ပါးခေငြ က ၆၅၀၀ ပါ ေခါင္းကဘယ္ေလာက္ျဖတ္ပါတယ္။ ေနတဲ႔အတြက္အိမ္လခ။ ေနာက္ျပီးစားစရိတ္ ျဖတ္ခံရလို႔ ေယာက်္ားတစ္ဦးနဲ႔ေပ်ာ္ပါးမွ ၁၅၀၀ ပဲရပါတယ္ဆိုရင္ ပန္းရံတစ္ရက္ သုံးေလးေထာင္ရတယ္ လုပ္မလားေမး ေနပူမခံႏိုင္ဘူး..။

အိမ္ေဖၚလုပ္မလားေမး ပင္ပမ္းတယ္ ေစ်းေရာင္းမလားေမး ဝါသနာမပါဘူး..။

စက္ခ်ဳပ္သင္ေပးမယ္ တစ္ေယာက္ကို္ေျပာဘူးတယ္ စက္ခ်ဳပ္အခမဲ႔သင္ရင္ စက္ဆရာမရဲ႕ ကေလးထိန္း အဝတ္ေလ်ာ္ မီးပူတိုက္ ထမင္းခ်က္ေတာ့လုပ္ေပးရမယ္ ထမင္းေႀကြးမယ္ ဆရာမရဲ႕ အက်ေလးေတြဆင္မယ္ ပညာသင္လို႔ တတ္ရင္ လက္ခေန႔တြက္ေလးေပးမယ္ ေနာက္ဆိုင္ခဲြတဲ႔အထိကူညီမယ္ဆိုေတာ့ စိတ္ဝင္စားတယ္တဲ႔…။

ဆရာမလင္မယားကလည္း သေဘာမေနာေကာင္းေတာ့ သူ႔ဘဝေလးကယ္တင္ခ်င္လြန္းလို႔ အက်င့္စာရိတၲေကာင္းမြန္ေႀကာင္း အျပည္႔အဝေထာက္ခံျပီးအပ္ေပးလိုက္ပါတယ္။

လစ္ရင္လစ္သလို ေအာ္ဒါလိုက္ ေနာက္ဆုံးစက္ဆိုင္ေရွ႕ ေကာင္ေလးေတြတရုန္းရုန္း ဆရာမေယာက်္ားနဲ႔ အာဝါဟ ဝိဝါဟေတြျဖစ္ကုန္လို႔ ေရာေႀကးေတြေပးလိုက္ရပါတယ္။

ဆရာမနဲ႕က်မနဲ႔ မိတ္ေတြပ်က္ က်မဆိုအေသမုန္းခံခဲ႔ရတာ ဖာစကားယုံၿပီးကယ္တင္မိလို႔ပါ..။

ုျပည္႕တန္ဆာမကို အရင္းအႏွီးထုတ္ေပးႀကည္႕ အဲ႔ပိုက္ဆံကုန္တဲ႔ေန႕ တန္း ျပီး ဖာအိမ္ေရာက္သြားေတာ့တာပါပဲ

မိန္းမေကာင္းကေနဖာျဖစ္သြားတဲ႔ ရာဇဝင္ေတြရွိပါတယ္။

ဖာသည္ကေန ေကာင္းေရာင္း ေကာင္းဝယ္လုပ္စားျပီး မိန္းမေကာင္းျပန္ျဖစ္သြားတာေတာ့ မႀကားဖူးပါဘူး

အေျခခံစိတ္ဓါတ္မေကာင္းေတာ့ ဝါသနာနဲ႔ေပါင္းျပီးျဖစ္သြားတဲ႔ ဖာဇတ္လမ္းေတြ က်မေတာ္ေတာ္မ်ားမ်ား အျပင္ေလာကမွာ လက္ေတြ႕နားေထာင္ဖူးပါတယ္။ ျမင္ဖူးႀကဳံဖူးေတြ႕ဖူးပါတယ္။

ေနာက္ေႀကာင္းေတြကအကုန္နီးနီး တူေနႀကပါတယ္ သနားေအာင္ လုပ္ႀကံဖန္တီးထားတဲ႔ဇတ္လမ္း ကိုယ္ေရးရာဇဝင္အတုေတြနဲ႔မ်က္ရည္က်ေလာက္ေအာင္သရုပ္ေဆာင္ေကာင္းႀကပါတယ္

သူတို႔ေျပာသလိုဆင္းရဲခ်ိဳ႕တဲ႔တုိင္းသာဖာျဖစ္ရမယ္ဆိုရင္ ပန္းရံဆိုတာမရွိပါဘူး အိမ္ေဖၚဆိုတာ မရွိေတာ့ပါဘူး အလုပ္သမား ေန႔စားဆိုတာမရွိေတာ့ဘူး ပလပ္စတစ္ေကာက္တဲ႔သူ့မရွိဘူး ေစ်းေတာင္းေခ့ါင္းေပၚရြက္တဲ႔သူမရွိဘူး ပဲျပဳတ္သည္ဆိုတာမရွိဘူး အကုန္ ဖာတန္းေရာက္ကုန္မွာေပါ့…။

က်မေတြ႕ဖူးတဲ႔မိန္းကေလးး ေတာ္ေတာ္လွတယ္ ငယ္တယ္ အရိုင္းပန္းေလးပါ ေတာ္ေတာ္ကို ဆင္းရဲႏြမ္းပါးတာပါ

ေတာနယ္ဘက္က ရယ္ျခင္းျပဳံးျခင္းမရွိဘူး မ်က္ႏွာေလးက ဆင္းရဲေတာ့ အရြယ္နဲ႔မလိုက္ေအာင္တည္ျငိမ္ပါတယ္

ဗ်ဴတီပါလာမွာ အပ္ေပးထားတယ္ မနက္အေစာႀကီးထတယ္ ။

ထမင္းခ်က္ အဝတ္ေလ်ာ္ ကေလးထိန္း အိမ္ေဖၚလိုအကုန္လုပ္ေပးရတယ္ အိမ္အလုပ္ေတြ ျမန္ျမန္ျပီးမွ ဆိုင္ရွင္က ဆံပင္ပညာသင္ေပးပါတယ္

သူက ေစတနာပါတယ္။ေခါင္းေလ်ာ္ အႏွိပ္ေကာင္းေတာ့ လာတဲ႔သူက ေခါင္းေလ်ာ္ရင္သူနဲ႕ပဲႏွိပ္ခ်င္ႀကတယ္ ပိုက္ဆံေပးျပီးသင္ထားတဲ႕သူက လုပ္ေပးရင္ ဧည္႕သည္မ်က္လုံးက ဟိုႀကည္႕ဒီႀကည္႕ ဟိုကေလးမေရာ ေမးေမးေနေတာ့ ေနာက္ပိုင္းဆိုင္ရွင္က မ်က္ႏွာသာေပးတယ္။ သူ႕ကို အိမ္ေဖၚလိုမဆက္ဆံေတာ့ပါဘူး ဆံပင္ေလးလွလွပပျပင္ေပးျပီး အဝတ္အစားေလးဆင္ပါတယ္။ ဆယ္စုႏွစ္တစ္စုေက်ာ္တဲ႔အထိ ဆိုင္မွာျမဲတယ္ ဆိုင္ရွင္ရဲ႕ဒုကၡကိုလည္းခံခဲ႔ရေတာ့ ေနာက္ပိုင္းမိသားစုလိုျဖစ္ျပီး ခုဆို အဲ႔ဆိုင္မွာ ပိုင္ရွင္ျပီးရင္သူပါပဲ ။

သူ႕လက္သူေျခမို႕ သူ႔ေမာင္ေလးနဲ႔ သူ႕အေမကို ေခၚထားပါသတဲ႔။

ျမန္မာျပည္မွာ ဆင္းရဲႏြမ္းပါးသူတိုင္း ဖာမျဖစ္ပါဘူး။ မရွက္မေႀကာက္လုပ္စားတတ္ရင္ ထမင္းမငတ္ပါဘူးလို႔ေျပာျပခ်င္တာပါ က်မကေတာ့ ဘယ္ေတာ့မွဖာစကားကိုမယုံပါဘူး ေယာက်္ားေတာ္ေတာ္မ်ားမ်ား ကေတာ့ ဖာစကားယုံျပီး သနားတတ္ႀကတယ္ ကယ္တင္ခ်င္ႀကတယ္ ကိုယ္ခ်င္းေတြတအားစာတတ္ႀကတယ္။

အရမ္းကိုကူညီခ်င္ႀကတယ္ ေယာက်္ားေတာ္ေတာ္မ်ားမ်ားနဲ႔ပါတ္သက္ထားတဲ႔ဖာသည္တစ္ေယာက္မွာ ပါလာႏိုင္တဲ႔HIV နဲ႔တျခားေရာဂါ အေႀကာင္းထက္ ဖာသည္တစ္ေယာက္ရဲ႔႕ေနာက္ေႀကာင္းက ပိုုျပီး စိတ္ဝင္စားဖြယ္ေကာင္းခဲ႔တာလားးဖာသည္ေတြက ပဲစည္းရုံးေရးေကာင္းတာလား။ခုတစ္ေလာဖာ post ေတြ ကိုတခမ္းတနားေရးထားတာေတြ႕ရျပီးCom ေတြမွာမ်က္ရည္ေခ်ာင္းေတြစီးေနတာေတြ႕လို႔ မေနႏိုင္မထိုင္ႏိုင္ဖာသည္မရာဇဝင္ေရးသားလိုက္ရျခင္းျဖစ္ပါတယ္။

ေယာက်္ားေလးေတြပဲ ဒီေလာက္ေတာ့ရွိမွာေပါ့ေနာ္…

Mya’Nan Thida Nwe

==========

ဟေ့ကောင် မင်း ဖာခေါင်းစကား မပြောနဲ့ စကားကို တည်တည်တံ့တံ့ပြောစမ်း

ဖာသည်ပါဆိုမှ ဖာစကားတွေပဲပြောမှာပေါ့…။

ကေတီဗွီ မာဆတ်နဲ့ ပြည့်တန်ဆာလုပ်စား နေတဲ့ မိန်းကလေးတွေရဲ့ဘဝကို စိတ်ဝင်စား ဖွယ်သနားဂရုဏာသက််ဖွယ် ရသမြောက် အောင်တခမ်းတနားရေးဖွဲ့ထားတဲ့ သူတို့နောက်ကြောင်း စာပေတွေတော်တော်များများဖတ်ဖူးပါတယ်။

အဖေသေလို့ အမေမုဆိုးမကြီးကိုလုပ် ကြွေးနေရတဲ့အကြောင်း..။ မောင်လေး ညီမလေးတွေကျောင်းထား ပေးရကြောင်း..။ အမေအိုကိုဆေးကုပေးနေ ရတဲ့အကြောင်း။ ဒီအလုပ်ကို စက်စုပ်ရွံရှာကြောင်း ။

ဒါမှမဟုတ် ယောကျ်ားက ကလေးတွေနဲ့ပစ်ထားခဲ့လို့ ဒီလောကထဲရောက်ခဲ့ကြောင်း..။ သစ္စာမရှိတဲ့ ယောကျ်ားတစ်ယောက် ကြောင့် ရိုင်းရိုင်းပြောရ ရင်ဖာလောကထဲရောက်လာကြောင်းပေါ့။

ဖာသည်ပါဆိုမှ ဖာစကားတွေပဲပြောမှာပေါ့။

အပြင်လောကမှာ လိမ်တဲ့ညာတဲ့သူဆို ကျမတို့အချင်းချင်းတောင် ဟဲ့ကောင်မစကားကိုအမှန်ဘယ်တော့မှ မပြောဘူး တအားဖာစကားတတ်တာဆိုတာမျိုး…ပေါ့..။

ဥပမာ ။ ။ ဟေ့ကောင် မင်းဖာခေါင်းစကား မပြောနဲ့ စကားကိုတည်တည်တံ့တံ့ပြောစမ်းဆိုတာမျိုး ကြားဖူးမှာပါ

ဖာသည်နဲ့ဖာခေါင်းဆိုတာ စကားးအမှန်ဘယ်တော့မှမပြောဘူး

ကျမ ဝါသနာအရ ဒီလောကထဲရောက်လာရပါတယ်လို့ ဝန်ခံတဲ့ ဖာသည်မရှိပါဘူး။

သူတို့ကိုသနားလို့ကယ်တင်ကြည့်ပါ မရပါဘူး။ အသက်မွေးဝမ်းကျောင်း ပညာသင်ပေးကြည့် စိတ်မဝင်စားပါဘူး ပင်ပင်ပမ်းပမ်းမလုပ်ချင်ဘူး

သူတို့ကသနားအောင်ပြောပြပါလိမ့်မယ်

ယောကျ်ားတစ်ယောက်နဲ့ပျော်ပါးခငွေ က ၆၅၀၀ ပါ ခေါင်းကဘယ်လောက်ဖြတ်ပါတယ်။ နေတဲ့အတွက်အိမ်လခ။ နောက်ပြီးစားစရိတ် ဖြတ်ခံရလို့ ယောကျ်ားတစ်ဦးနဲ့ပျော်ပါးမှ ၁၅၀၀ ပဲရပါတယ်ဆိုရင် ပန်းရံတစ်ရက် သုံးလေးထောင်ရတယ် လုပ်မလားမေး နေပူမခံနိုင်ဘူး..။

အိမ်ဖေါ်လုပ်မလားမေး ပင်ပမ်းတယ် စျေးရောင်းမလားမေး ဝါသနာမပါဘူး..။

စက်ချုပ်သင်ပေးမယ် တစ်ယောက်ကို်ပြောဘူးတယ် စက်ချုပ်အခမဲ့သင်ရင် စက်ဆရာမရဲ့ ကလေးထိန်း အဝတ်လျော် မီးပူတိုက် ထမင်းချက်တော့လုပ်ပေးရမယ် ထမင်းကြွေးမယ် ဆရာမရဲ့ အကျလေးတွေဆင်မယ် ပညာသင်လို့ တတ်ရင် လက်ခနေ့တွက်လေးပေးမယ် နောက်ဆိုင်ခွဲတဲ့အထိကူညီမယ်ဆိုတော့ စိတ်ဝင်စားတယ်တဲ့…။

ဆရာမလင်မယားကလည်း သဘောမနောကောင်းတော့ သူ့ဘဝလေးကယ်တင်ချင်လွန်းလို့ အကျင့်စာရိတ္တကောင်းမွန်ကြောင်း အပြည့်အဝထောက်ခံပြီးအပ်ပေးလိုက်ပါတယ်။

လစ်ရင်လစ်သလို အော်ဒါလိုက် နောက်ဆုံးစက်ဆိုင်ရှေ့ ကောင်လေးတွေတရုန်းရုန်း ဆရာမယောကျ်ားနဲ့ အာဝါဟ ဝိဝါဟတွေဖြစ်ကုန်လို့ ရောကြေးတွေပေးလိုက်ရပါတယ်။

ဆရာမနဲ့ကျမနဲ့ မိတ်တွေပျက် ကျမဆိုအသေမုန်းခံခဲ့ရတာ ဖာစကားယုံပြီးကယ်တင်မိလို့ပါ..။

ုပြည့်တန်ဆာမကို အရင်းအနှီးထုတ်ပေးကြည့် အဲ့ပိုက်ဆံကုန်တဲ့နေ့ တန်း ပြီး ဖာအိမ်ရောက်သွားတော့တာပါပဲ

မိန်းမကောင်းကနေဖာဖြစ်သွားတဲ့ ရာဇဝင်တွေရှိပါတယ်။

ဖာသည်ကနေ ကောင်းရောင်း ကောင်းဝယ်လုပ်စားပြီး မိန်းမကောင်းပြန်ဖြစ်သွားတာတော့ မကြားဖူးပါဘူး

အခြေခံစိတ်ဓါတ်မကောင်းတော့ ဝါသနာနဲ့ပေါင်းပြီးဖြစ်သွားတဲ့ ဖာဇတ်လမ်းတွေ ကျမတော်တော်များများ အပြင်လောကမှာ လက်တွေ့နားထောင်ဖူးပါတယ်။ မြင်ဖူးကြုံဖူးတွေ့ဖူးပါတယ်။

နောက်ကြောင်းတွေကအကုန်နီးနီး တူနေကြပါတယ် သနားအောင် လုပ်ကြံဖန်တီးထားတဲ့ဇတ်လမ်း ကိုယ်ရေးရာဇဝင်အတုတွေနဲ့မျက်ရည်ကျလောက်အောင်သရုပ်ဆောင်ကောင်းကြပါတယ်

သူတို့ပြောသလိုဆင်းရဲချို့တဲ့တိုင်းသာဖာဖြစ်ရမယ်ဆိုရင် ပန်းရံဆိုတာမရှိပါဘူး အိမ်ဖေါ်ဆိုတာ မရှိတော့ပါဘူး အလုပ်သမား နေ့စားဆိုတာမရှိတော့ဘူး ပလပ်စတစ်ကောက်တဲ့သူ့မရှိဘူး စျေးတောင်းခေ့ါင်းပေါ်ရွက်တဲ့သူမရှိဘူး ပဲပြုတ်သည်ဆိုတာမရှိဘူး အကုန် ဖာတန်းရောက်ကုန်မှာပေါ့…။

ကျမတွေ့ဖူးတဲ့မိန်းကလေးး တော်တော်လှတယ် ငယ်တယ် အရိုင်းပန်းလေးပါ တော်တော်ကို ဆင်းရဲနွမ်းပါးတာပါ

တောနယ်ဘက်က ရယ်ခြင်းပြုံးခြင်းမရှိဘူး မျက်နှာလေးက ဆင်းရဲတော့ အရွယ်နဲ့မလိုက်အောင်တည်ငြိမ်ပါတယ်

ဗျူတီပါလာမှာ အပ်ပေးထားတယ် မနက်အစောကြီးထတယ် ။

ထမင်းချက် အဝတ်လျော် ကလေးထိန်း အိမ်ဖေါ်လိုအကုန်လုပ်ပေးရတယ် အိမ်အလုပ်တွေ မြန်မြန်ပြီးမှ ဆိုင်ရှင်က ဆံပင်ပညာသင်ပေးပါတယ်

သူက စေတနာပါတယ်။ခေါင်းလျော် အနှိပ်ကောင်းတော့ လာတဲ့သူက ခေါင်းလျော်ရင်သူနဲ့ပဲနှိပ်ချင်ကြတယ် ပိုက်ဆံပေးပြီးသင်ထားတဲ့သူက လုပ်ပေးရင် ဧည့်သည်မျက်လုံးက ဟိုကြည့်ဒီကြည့် ဟိုကလေးမရော မေးမေးနေတော့ နောက်ပိုင်းဆိုင်ရှင်က မျက်နှာသာပေးတယ်။ သူ့ကို အိမ်ဖေါ်လိုမဆက်ဆံတော့ပါဘူး ဆံပင်လေးလှလှပပပြင်ပေးပြီး အဝတ်အစားလေးဆင်ပါတယ်။ ဆယ်စုနှစ်တစ်စုကျော်တဲ့အထိ ဆိုင်မှာမြဲတယ် ဆိုင်ရှင်ရဲ့ဒုက္ခကိုလည်းခံခဲ့ရတော့ နောက်ပိုင်းမိသားစုလိုဖြစ်ပြီး ခုဆို အဲ့ဆိုင်မှာ ပိုင်ရှင်ပြီးရင်သူပါပဲ ။

သူ့လက်သူခြေမို့ သူ့မောင်လေးနဲ့ သူ့အမေကို ခေါ်ထားပါသတဲ့။

မြန်မာပြည်မှာ ဆင်းရဲနွမ်းပါးသူတိုင်း ဖာမဖြစ်ပါဘူး။ မရှက်မကြောက်လုပ်စားတတ်ရင် ထမင်းမငတ်ပါဘူးလို့ပြောပြချင်တာပါ ကျမကတော့ ဘယ်တော့မှဖာစကားကိုမယုံပါဘူး ယောကျ်ားတော်တော်များများ ကတော့ ဖာစကားယုံပြီး သနားတတ်ကြတယ် ကယ်တင်ချင်ကြတယ် ကိုယ်ချင်းတွေတအားစာတတ်ကြတယ်။

အရမ်းကိုကူညီချင်ကြတယ် ယောကျ်ားတော်တော်များများနဲ့ပါတ်သက်ထားတဲ့ဖာသည်တစ်ယောက်မှာ ပါလာနိုင်တဲ့HIV နဲ့တခြားရောဂါ အကြောင်းထက် ဖာသည်တစ်ယောက်ရဲ့့နောက်ကြောင်းက ပိုုပြီး စိတ်ဝင်စားဖွယ်ကောင်းခဲ့တာလားးဖာသည်တွေက ပဲစည်းရုံးရေးကောင်းတာလား။ခုတစ်လောဖာ post တွေ ကိုတခမ်းတနားရေးထားတာတွေ့ရပြီးCom တွေမှာမျက်ရည်ချောင်းတွေစီးနေတာတွေ့လို့ မနေနိုင်မထိုင်နိုင်ဖာသည်မရာဇဝင်ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။

ယောကျ်ားလေးတွေပဲ ဒီလောက်တော့ရှိမှာပေါ့နော်…

Mya’Nan Thida Nwe

Related posts

Leave a Comment