Search









အောင်အောင်ခိုင်

အမြန်လမ်းမပေါ်တွင်အမျိုးသမီးတစ်ယောက် အရက်မူးလမ်းမပေါ်တွင်အိပ်ပျော်နေကြောင်း

ဒုစရိုက်မှုများတာလဲမပြောကြပါနဲ့ လူသတ်မှုဖြစ်တာလဲမပြောကြပါနဲ့တောင်ငူရယ်

(၁၃.၁၁.၂၀၁၇)မနက်၂နာရီခန့်က တောင်ငူ ထီးလှိုင်အမြန်လမ်းမပေါ်တွင်အသက်၂၆နှစ်အရွယ်အမျိုးသမီးတစ်ယောက်
အရက်မူးလမ်းမပေါ်တွင်အိပ်ပျော်နေကြောင်းမိတ်ဆွေတစ်ဦးမှဖုန်းဆက်အကြောင်းကြားလာပါသည်

အရက်မှုး၍အိပ်ပျော်နေသော အမျိုးသမီးအားထီးလှိုင်အမြန်လမ်းမပေါ်တွင် အခြားကားများတိုက်မိမည်စိုးရိမ်ရ၍ ကျွန်တော်မိတ်ဆွေကားမှ ကာရပ်ပေးထားရပါသည်

တောင်ငူအမှတ်၂စခန်းမှဒုရဲအုပ်လုစိန်းနှင်အဖွဲ့အားအကြောင်းကြား၍အခင်ဖြစ်ရာသို့လိုက်သွားပြီး ၂ရပ်ကွက်ရှိမိဘထံအပ်နှံပေးခဲ့ရပါသည်

အရက်မှုးနေသောအမျိုးသမီးအောက်ပိုင်း ဝတ်စရာမရှိ၍ပုဆိုတစ်ထည် ပေးလိုက်ရပါသည်

(ရဲစိတ်ညစ်တယ်ဆိုတာ ဒါမျိုးကိုပြောတာ)

အောင်အောင်ခိုင်

Related posts

Leave a Comment