Search

အစုိးရတပ္နဲ႔ AA လက္နက္ကုိင္အဖဲြ႔ ခ်င္းျပည္နယ္မွာ တုိက္ပဲြေတြဆက္ျဖစ္

ခ်င္းျပည္နယ္ ပလက္၀ေဒသမွာ အစိုးရတပ္မေတာ္နဲ႔ AAေခၚ ရခုိင္လက္နက္ကိုင္တပ္အၾကားတိုက္ပဲြေတြဟာ ဆက္လက္ ျပင္းထန္ေနၿပီး ေဒသခံျပည္သူေတြ ထပ္မံတိမ္းေရွာင္ေနပါတယ္။ စစ္ေရွာင္ျပည္သူေတြထံကို ကူညီကယ္ဆယ္ေရးပစၥည္းေတြ ပို႔ေဆာင္ဖုိ႔ဟာလည္း လံုၿခံဳေရးအေျခအေနေၾကာင့္ မေရာက္ရိွႏိုင္ေသးပါဘူး။ လက္ရိွ ခ်င္းျပည္နယ္အတြင္းက ျဖစ္ပြားတဲ့တုိက္ပဲြ အေျခအေနကို ဗီြအုိေအျမန္မာပိုင္းရဲ့ သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္၀ေဒသမွာ အစိုးရတပ္မေတာ္နဲ႔ AA ေခၚ ရခုိင္လက္နက္ကိုင္တပ္အၾကားမွာ ဒီရက္ပိုင္းအတြင္း တုိက္ပဲြေတြ ပိုမုိျပင္းထန္လာသလို တိုက္ပဲြျဖစ္ပြားတာေတြဟာလည္း ရက္သတၱ ၂ပတ္နီးပါးၾကာျမင့္လာေနၿပီ ျဖစ္ပါတယ္။

ဒီရက္ပိုင္းအတြင္းျဖစ္ပြားတဲ့ တုိက္ပဲြအေျခအေနကို AA ေခၚ ရခုိင္တပ္ဖဲြ႔ရဲ့ ျပန္ၾကားေရးတာ၀န္ခံ ခုိင္သုခက အခုလုိ ေျပာပါတယ္။

“ တိုက္ပဲြကေတာ့ မေန႔ကလည္း ထပ္ၿပီးေတာ့ ေတာ္ေတာ္ျပင္းျပင္းထန္ထန္ျဖစ္တယ္ဗ်။ တိုက္ပဲြျပင္းထန္တာကေတာ့ လြန္ခဲ့တဲ့ ၁၀ရက္ေန႔ကတည္းက တရက္ထက္ တရက္ပိုျပင္းထန္လာတယ္။ ၁၁ရက္ေန႔မွာလည္းပဲ ဗမာ့တပ္မေတာ္ဖက္ကေန အၾကီးအက်ယ္ထိုးစစ္ဆင္တယ္။ ၁၂ရက္ေန႔မွာလည္းပဲ ဒီ ရႊီလိုင္ပြီရြာနားတ၀ိႈက္ရယ္၊ ဒိုးေခ်ာင္း၀ရြာနားတ၀ိႈက္ရယ္၊ ေနာက္ ေဗာဒိေတာင္ဆိုတဲ့ေက်းရြာရယ္၊ ေနာက္ ပြီးလိုင္၀ဆိုတ့ဲရြာနားတ၀ိႈက္ရယ္ ဗမာ့တပ္မေတာ္ကေန လက္နက္ၾကီးေတြနဲ႔ ေဒသတခုလံုးကို ေန႔ေရာညပါ ပစ္လာတာရိွတယ္။

မေန႔က ၁၃ရက္ေန႔မွာ ဗမာ့တပ္မေတာ္ဖက္ကေန ရခိုင္တပ္မေတာ္ အေျချပဳထားတဲ့ေဒသကို အင္အားအလံုးအရင္းနဲ႔ကို ထုိးစစ္ဆင္တာ။ မေန႔က တေနကုန္ ထုိးစစ္ဆင္တယ္။ ည ၉နာရီေက်ာ္ေလာက္မွပဲ ေသနတ္သံကနည္းနည္းတန္႔သြားတယ္။ ဒါေပမယ့္ လက္နက္ၾကီးေတြကေတာ့ အဆက္မျပတ္ပစ္ေနတယ္။”

တိုက္ပဲြျပင္းထန္တာေၾကာင့္ ေဒသခံ ၂၀၀ေက်ာ္ေလာက္ ထပ္မံထြက္ေျပးေန ရေၾကာင္းလည္း ေျပာပါတယ္။

“ ေဒသတြင္းက ေက်းရြာသားေတြကေတာ့ ေဘးလြတ္တဲ့ေနရာေတြကို ေရွာင္ေနၾကတယ္။ သူတို႔ အဲဒီ ကလက္ေခ်ာင္း၀ အေပၚပိုင္း အဲဒီဖက္မွာေတာ့ စစ္ေရွာင္ျပည္သူေတြ ၂၀၀ ၀န္းက်င္ေလာက္ အဲဒီဖက္ကို ေရာက္ေနၾကၿပီ။ ေနာက္ တျခားေနရာေတြမွာလည္း ေရာက္ေနၾကတယ္။ ”

လက္ရိွျဖစ္ပြားေနတဲ့ တုိက္ပဲြေတြနဲ႔ပတ္သက္ၿပီး အစိုးရဖက္က သတင္းထုတ္ျပန္တာ မရိွပါဘူး။

ခ်င္းျပည္နယ္ အစိုးရအဖဲြ႔က စည္ပင္သာယာေရး၊ လွ်ပ္စစ္နဲ႔ စက္မႈလက္မႈ၀န္ၾကီး ဆလိုင္း အိုက္ဇက္ခင္က သူတုိ႔ ရရိွထားတဲ့ ဒုကၡသည္စာရင္းဟာ ၃၀၀ေက်ာ္ရိွေၾကာင္း ေျပာပါတယ္။

“ ပလက္၀ဖက္က အေျခအေနကေတာ့ တုိက္ပဲြေတြ ရိွေနေသးတယ္လို႔ ၾကားရပါတယ္။ ေလာေလာဆည္ အစိုးရဖက္က တရား၀င္ရတာေတာ့ ၃၀၀ေက်ာ္ေပါ့ေလ။ ေျမျပင္မွာေတာ့ ဒီထက္လည္း မ်ားႏိုင္ပါတယ္။ ဘာလို႔လည္း ဆုိေတာ့ က်ေနာ္တုိ႔ အေနနဲ႔ အတိအက်ေကာက္ယူဖို႔ အခက္အခဲရိွေနဆဲျဖစ္ပါတယ္။ က်ေနာ္တုိ႔ အစိုးရ အေနနဲ႔ကေတာ့ သူတုိ႔အတြက္ လုိအပ္တဲ့ ရိကၡာဆန္၊ ေဆး၀ါး၊ အ၀တ္အထည္ အစရိွတဲ့ဟာေတြကို ေထာက္ပံ့ေပးသြားဖို႔ အစီအစဥ္ရိွပါတယ္။”

စစ္ေရွာင္ ဒုကၡသည္အမ်ားစုဟာ ရွင္းလက္၀ရြာအနီးမွာ ခိုလႈံေနေၾကာင္းလည္း ေျပာပါတယ္။

ပလက္၀ေဒသက ကူညီကယ္ဆယ္ေရးေဆာင္ရြက္ေနသူတဦးကေတာ့ လံုၿခံဳေရးအရ ဒုကၡသည္ေတြဆီ သြားေရာက္ဖုိ႔ ခက္ခဲေနေၾကာင္း ေျပာပါတယ္။

“ အခုလက္ရိွအေနအထားေတာ့ ကူညီေထာက္ပံ့တာ ၿမိဳ႔ေပၚမွာ ေကာ္မတီဖဲြ႔ထားတယ္။ ဒါေပမဲ့ က်ေနာ္တို႔ ဒီ သယ္ယူပို႔ေဆာင္ေရးအပိုင္းမွာ သြားဖုိ႔ လာဖုိ႔ က် နည္းနည္းေတာ့ လံုၿခံဳေရးအပိုင္းကို စဥ္းစားေနတဲ့အတြက္ ေလာေလာဆည္ ဒီေဒသကို စစ္ေရွာင္တဲ့ ေနရာေတြမွာ ေရာက္ဖုိ႔ ဆိုတာ သက္ဆုိင္ရာဌာနေတြနဲ႔ ညိွႏိႈင္းၿပီး လုပ္ေနပါတယ္ခင္ဗ်။ ေလာေလာဆည္မွာ အဲဒီမွာ ဘာပစၥည္းမွ က်ေနာ္တုိ႔ မေရာက္ျဖစ္ေသးဘူးဗ်။”

ဒီလ ၉ရက္ေန႔ကေတာ့ AA အပါအ၀င္ လက္နက္ကိုင္အဖဲြ႔ ၇ဖဲြ႔နဲ႔ ဖဲြ႔စည္းထားတဲ့ FPNCC ေခၚ ျပည္ေထာင္စု ႏိုင္ငံေရးေဆြးေႏြးေရးေကာ္မတီအဖဲြ႔၀င္ေတြနဲ႔ တရုတ္ႏိုင္ငံျခားေရး၀န္ၾကီးဌာန အာရွေရးရာ အထူးကိုယ္စားလွယ္ ဆြန္ေကာ့ရွန္ဟာ ျမန္မာျပည္ၿငိမ္းခ်မ္းေရးအတြက္တရုတ္ႏိုင္ငံကူမင္းၿမိဳ႔မွာ ေတြ႔ဆံုေဆြးေႏြးခဲ့ပါတယ္။

ဒီေဆြးေႏြးပဲြမွာ အစိုးရတပ္မေတာ္ဖက္က ပေလာင္၊ ကိုးကန္႔၊ AA တို႔နဲ႔ ႏိုင္ငံေရးေဆြးေႏြးမယ့္ အလားအလာအေပၚ PSLF ပေလာင္ျပည္နယ္ လြတ္ေျမာက္ေရးတပ္ဦးရဲ႕ အေထြေထြအတြင္းေရးမွဴး တာ့ဘုန္းေက်ာ္က ေျပာပါတယ္။

“မစၥတာ ဆြန္ေကာ္ရွန္း လာေျပာျပခ်က္အရ က်ေနာ္တုိ႔ ေမးၾကည့္တာကေတာ့ က်ေနာ္တို႔ ၃ဖဲြ႔အေပၚ သေဘာထားေပါ့။ ျမန္မာ့တပ္မေတာ္သေဘာထား ဘယ္လုိ ရိွလဲ ေမးေတာ့။ ျမန္မာ့တပ္မေတာ္က သေဘာထားေတာ့ ေျပာင္းပါၿပီ၊ ေတြ႔ခ်င္စိတ္ေတာ့ရိွပါတယ္။ ဒါေပမဲ့ တျခားအဖဲြ႔အစည္းမ်ားလို တန္းတူရည္တူေတာ့ မေတြ႔ႏိုင္ဘူး။ အခြင့္အေရးေတာ့ရမွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။ အထူးသျဖင့္ AA ဆိုရင္ ေတြ႔ဆံုေဆြးေႏြးဖို႔ မျဖစ္ႏိုင္ဘူး။ ျမန္မာ့တပ္မေတာ္က သူ႔ကို မေတြ႔ႏိုင္ဘူးဆုိတဲ့သေဘာထားမ်ိဳး မစၥတာဆြန္ေကာ္ရွန္းက က်ေနာ္တို႔ကို လာရွင္းျပထားပါတယ္။ ”

ပေလာင္၊ ကိုးကန္႔နဲ႔ AA အဖဲြ႔ေတြဟာ ဦးသိန္းစိန္အစိုးရက ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ ဖိတ္ေခၚၿပီးေနာက္မွ ဖဲြ႔စည္းတဲ့အဖဲြ႔ေတြျဖစ္တာေၾကာင့္နဲ႔ AA အဖဲြ႔က ရခုိင္ျပည္နယ္ အၾကမ္းဖက္ တုိက္ခုိက္တာေတြျဖစ္ပြားခ်ိန္မွာ စစ္ေရးအရ ထုိးႏွက္တဲ့အတြက္ ဒါကိုအၾကမ္းဖက္လုပ္ရပ္အျဖစ္ သတ္မွတ္တာေၾကာင့္လို႔ ေျပာပါတယ္။

FPNCC အဖဲြ႔ကေတာ့ မၾကာမီရက္ပိုင္းအတြင္းမွာ ေဆြးေႏြးပဲြက်င္းပၿပီး အစိုးရနဲ႔ ေတြ႔ဆံုေရးအေပၚ အေျဖရွာဖုိ႔ ရိွေနပါတယ္။

ဒီလ ၈ရက္ေန႔ ပလက္၀ၿမိဳ႔နယ္အတြင္း တိုက္ခုိက္မႈမွာ စက္မႈလက္မႈသိပံၸေက်ာင္းသားတဦးေသဆံုးခဲ့ရသလို အမ်ိဳးသမီး ၃ေယာက္လည္း ထိခုိက္ဒဏ္ရာရခဲ့ပါတယ္။ အစိုးရနဲ႔ တပ္မေတာ္ဖက္ကေတာ့ AA အဖဲြ႔က အရပ္သားစက္ေလွကို ပစ္ခတ္လို႔ ထိခုိက္ေသဆံုးတာလုိ႔ သတင္းထုတ္ျပန္ေပမဲ့ AA အဖဲြ႔က စစ္တပ္ရိကၡာတင္ေလွကို တိုက္ခိုက္စဥ္ လမ္းၾကံဳလုိက္လာသူေတြ ထိခုိက္တာလုိ႔ တံု႔ျပန္ထားပါတယ္။

ကိုမိုးေဇာ္ / ဗြီအိုေအ (ျမန္မာပုိင္း)

ချင်းပြည်နယ် ပလက်ဝဒေသမှာ အစိုးရတပ်မတော်နဲ့ AAခေါ် ရခိုင်လက်နက်ကိုင်တပ်အကြားတိုက်ပွဲတွေဟာ ဆက်လက် ပြင်းထန်နေပြီး ဒေသခံပြည်သူတွေ ထပ်မံတိမ်းရှောင်နေပါတယ်။ စစ်ရှောင်ပြည်သူတွေထံကို ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဆောင်ဖို့ဟာလည်း လုံခြုံရေးအခြေအနေကြောင့် မရောက်ရှိနိုင်သေးပါဘူး။ လက်ရှိ ချင်းပြည်နယ်အတွင်းက ဖြစ်ပွားတဲ့တိုက်ပွဲ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသမှာ အစိုးရတပ်မတော်နဲ့ AA ခေါ် ရခိုင်လက်နက်ကိုင်တပ်အကြားမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာသလို တိုက်ပွဲဖြစ်ပွားတာတွေဟာလည်း ရက်သတ္တ ၂ပတ်နီးပါးကြာမြင့်လာနေပြီ ဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်းဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေကို AA ခေါ် ရခိုင်တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက အခုလို ပြောပါတယ်။

“ တိုက်ပွဲကတော့ မနေ့ကလည်း ထပ်ပြီးတော့ တော်တော်ပြင်းပြင်းထန်ထန်ဖြစ်တယ်ဗျ။ တိုက်ပွဲပြင်းထန်တာကတော့ လွန်ခဲ့တဲ့ ၁၀ရက်နေ့ကတည်းက တရက်ထက် တရက်ပိုပြင်းထန်လာတယ်။ ၁၁ရက်နေ့မှာလည်းပဲ ဗမာ့တပ်မတော်ဖက်ကနေ အကြီးအကျယ်ထိုးစစ်ဆင်တယ်။ ၁၂ရက်နေ့မှာလည်းပဲ ဒီ ရွှီလိုင်ပွီရွာနားတဝှိုက်ရယ်၊ ဒိုးချောင်းဝရွာနားတဝှိုက်ရယ်၊ နောက် ဗောဒိတောင်ဆိုတဲ့ကျေးရွာရယ်၊ နောက် ပွီးလိုင်ဝဆိုတဲ့ရွာနားတဝှိုက်ရယ် ဗမာ့တပ်မတော်ကနေ လက်နက်ကြီးတွေနဲ့ ဒေသတခုလုံးကို နေ့ရောညပါ ပစ်လာတာရှိတယ်။

မနေ့က ၁၃ရက်နေ့မှာ ဗမာ့တပ်မတော်ဖက်ကနေ ရခိုင်တပ်မတော် အခြေပြုထားတဲ့ဒေသကို အင်အားအလုံးအရင်းနဲ့ကို ထိုးစစ်ဆင်တာ။ မနေ့က တနေကုန် ထိုးစစ်ဆင်တယ်။ ည ၉နာရီကျော်လောက်မှပဲ သေနတ်သံကနည်းနည်းတန့်သွားတယ်။ ဒါပေမယ့် လက်နက်ကြီးတွေကတော့ အဆက်မပြတ်ပစ်နေတယ်။”

တိုက်ပွဲပြင်းထန်တာကြောင့် ဒေသခံ ၂၀၀ကျော်လောက် ထပ်မံထွက်ပြေးနေ ရကြောင်းလည်း ပြောပါတယ်။

“ ဒေသတွင်းက ကျေးရွာသားတွေကတော့ ဘေးလွတ်တဲ့နေရာတွေကို ရှောင်နေကြတယ်။ သူတို့ အဲဒီ ကလက်ချောင်းဝ အပေါ်ပိုင်း အဲဒီဖက်မှာတော့ စစ်ရှောင်ပြည်သူတွေ ၂၀၀ ၀န်းကျင်လောက် အဲဒီဖက်ကို ရောက်နေကြပြီ။ နောက် တခြားနေရာတွေမှာလည်း ရောက်နေကြတယ်။ ”

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အစိုးရဖက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။

ချင်းပြည်နယ် အစိုးရအဖွဲ့က စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဆလိုင်း အိုက်ဇက်ခင်က သူတို့ ရရှိထားတဲ့ ဒုက္ခသည်စာရင်းဟာ ၃၀၀ကျော်ရှိကြောင်း ပြောပါတယ်။

“ ပလက်ဝဖက်က အခြေအနေကတော့ တိုက်ပွဲတွေ ရှိနေသေးတယ်လို့ ကြားရပါတယ်။ လောလောဆည် အစိုးရဖက်က တရားဝင်ရတာတော့ ၃၀၀ကျော်ပေါ့လေ။ မြေပြင်မှာတော့ ဒီထက်လည်း များနိုင်ပါတယ်။ ဘာလို့လည်း ဆိုတော့ ကျနော်တို့ အနေနဲ့ အတိအကျကောက်ယူဖို့ အခက်အခဲရှိနေဆဲဖြစ်ပါတယ်။ ကျနော်တို့ အစိုးရ အနေနဲ့ကတော့ သူတို့အတွက် လိုအပ်တဲ့ ရိက္ခာဆန်၊ ဆေးဝါး၊ အဝတ်အထည် အစရှိတဲ့ဟာတွေကို ထောက်ပံ့ပေးသွားဖို့ အစီအစဉ်ရှိပါတယ်။”

စစ်ရှောင် ဒုက္ခသည်အများစုဟာ ရှင်းလက်ဝရွာအနီးမှာ ခိုလှုံနေကြောင်းလည်း ပြောပါတယ်။

ပလက်ဝဒေသက ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတဦးကတော့ လုံခြံုရေးအရ ဒုက္ခသည်တွေဆီ သွားရောက်ဖို့ ခက်ခဲနေကြောင်း ပြောပါတယ်။

“ အခုလက်ရှိအနေအထားတော့ ကူညီထောက်ပံ့တာ မြို့ပေါ်မှာ ကော်မတီဖွဲ့ထားတယ်။ ဒါပေမဲ့ ကျနော်တို့ ဒီ သယ်ယူပို့ဆောင်ရေးအပိုင်းမှာ သွားဖို့ လာဖို့ ကျ နည်းနည်းတော့ လုံခြံုရေးအပိုင်းကို စဉ်းစားနေတဲ့အတွက် လောလောဆည် ဒီဒေသကို စစ်ရှောင်တဲ့ နေရာတွေမှာ ရောက်ဖို့ ဆိုတာ သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းပြီး လုပ်နေပါတယ်ခင်ဗျ။ လောလောဆည်မှာ အဲဒီမှာ ဘာပစ္စည်းမှ ကျနော်တို့ မရောက်ဖြစ်သေးဘူးဗျ။”

ဒီလ ၉ရက်နေ့ကတော့ AA အပါအဝင် လက်နက်ကိုင်အဖွဲ့ ရဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ FPNCC ခေါ် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေးကော်မတီအဖွဲ့ဝင်တွေနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန်ကော့ရှန်ဟာ မြန်မာပြည်ငြိမ်းချမ်းရေးအတွက်တရုတ်နိုင်ငံကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ အစိုးရတပ်မတော်ဖက်က ပလောင်၊ ကိုးကန့်၊ AA တို့နဲ့ နိုင်ငံရေးဆွေးနွေးမယ့် အလားအလာအပေါ် PSLF ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးရဲ့ အထွေထွေအတွင်းရေးမှူး တာ့ဘုန်းကျော်က ပြောပါတယ်။

“မစ္စတာ ဆွန်ကော်ရှန်း လာပြောပြချက်အရ ကျနော်တို့ မေးကြည့်တာကတော့ ကျနော်တို့ ၃ဖွဲ့အပေါ် သဘောထားပေါ့။ မြန်မာ့တပ်မတော်သဘောထား ဘယ်လို ရှိလဲ မေးတော့။ မြန်မာ့တပ်မတော်က သဘောထားတော့ ပြောင်းပါပြီ၊ တွေ့ချင်စိတ်တော့ရှိပါတယ်။ ဒါပေမဲ့ တခြားအဖွဲ့အစည်းများလို တန်းတူရည်တူတော့ မတွေ့နိုင်ဘူး။ အခွင့်အရေးတော့ရမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အထူးသဖြင့် AA ဆိုရင် တွေ့ဆုံဆွေးနွေးဖို့ မဖြစ်နိုင်ဘူး။ မြန်မာ့တပ်မတော်က သူ့ကို မတွေ့နိုင်ဘူးဆိုတဲ့သဘောထားမျိုး မစ္စတာဆွန်ကော်ရှန်းက ကျနော်တို့ကို လာရှင်းပြထားပါတယ်။ ”

ပလောင်၊ ကိုးကန့်နဲ့ AA အဖွဲ့တွေဟာ ဦးသိန်းစိန်အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ပြီးနောက်မှ ဖွဲ့စည်းတဲ့အဖွဲ့တွေဖြစ်တာကြောင့်နဲ့ AA အဖွဲ့က ရခိုင်ပြည်နယ် အကြမ်းဖက် တိုက်ခိုက်တာတွေဖြစ်ပွားချိန်မှာ စစ်ရေးအရ ထိုးနှက်တဲ့အတွက် ဒါကိုအကြမ်းဖက်လုပ်ရပ်အဖြစ် သတ်မှတ်တာကြောင့်လို့ ပြောပါတယ်။

FPNCC အဖွဲ့ကတော့ မကြာမီရက်ပိုင်းအတွင်းမှာ ဆွေးနွေးပွဲကျင်းပပြီး အစိုးရနဲ့ တွေ့ဆုံရေးအပေါ် အဖြေရှာဖို့ ရှိနေပါတယ်။

ဒီလ ၈ရက်နေ့ ပလက်ဝမြို့နယ်အတွင်း တိုက်ခိုက်မှုမှာ စက်မှုလက်မှုသိပ္ပံကျောင်းသားတဦးသေဆုံးခဲ့ရသလို အမျိုးသမီး ၃ယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အစိုးရနဲ့ တပ်မတော်ဖက်ကတော့ AA အဖွဲ့က အရပ်သားစက်လှေကို ပစ်ခတ်လို့ ထိခိုက်သေဆုံးတာလို့ သတင်းထုတ်ပြန်ပေမဲ့ AA အဖွဲ့က စစ်တပ်ရိက္ခာတင်လှေကို တိုက်ခိုက်စဉ် လမ်းကြံုလိုက်လာသူတွေ ထိခိုက်တာလို့ တုံ့ပြန်ထားပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)

Related posts

Leave a Comment