Search
..
Credit: DVB
============
ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်နှင့်တိုင်း ဝန်ကြီး ၆ ဦးကို နုတ်ထွက်စာတင်ခိုင်းထား…
ဝန်ကြီး ချုပ်အပါအဝင် ပြည်နယ်နဲ့တိုင်းဒေသကြီးက ၀န်ကြီး တချို့ကို ပြောင်းလဲ အစားထိုးခန့်အပ်ဖို့ ပြင်ဆင်ထားပြီးပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်မှုဆောင် အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ဒီဗွီဘီကိုပြောပါတယ်။
လက်ရှိအချိန်မှာ ဝန်ကြီးချုပ်တဦးအပါအဝင် တိုင်းနဲ့ပြည်နယ်တချို့က ဝန်ကြီး ၆ ဦးကို နုတ်ထွက်စာ တင်ခိုင်းထားတာနဲ့ပတ်သက်ပြီး ဦးဉာဏ်ဝင်းက အတည်ပြောကြားခဲ့တာပါ။
“ဝန်ကြီးချုပ်အပါအဝင် တိုင်းဝန်ကြီးတချို့ကို ပြောင်းလဲခန့်အပ်ဖို့ အစိုးရအဖွဲ့က ပါတီကို တင်ပြထားတာရှိပါတယ်။ ဧရာဝတီတိုင်းက ဝန်ကြီးချုပ်ရယ် အခြားတစ်ယောက်ရယ်၊ ပဲခူးတိုင်းနဲ့ မကွေးတိုင်းနဲ့ပေါ့။ ဘာကြောင့်လဲဆိုတာကတော့ ပါတီအနေနဲ့က ပြောလို့မရပါဘူး။ ဒါပေမယ့် အစိုးရအဖွဲ့မှာ ဒီအပြောင်းအလဲလုပ်မယ် ဝန်ကြီးတွေနေရာကို အစားထိုးဖို့ ပြင်ဆင်ထားပြီးပါပြီ” လို ့ဦးဉာဏ်ဝင်းက ပြောပါတယ်။
လက်ရှိအချိန်မှာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်နဲ့ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးစိုးမြင့်၊ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်းတို့က ၀န်ကြီးရာထူးက နုတ်ထွက်ဖို့ စာတင်ထားပါတယ်။
သတင်း၊ ဓာတ်ပုံ – ပြည့်ဘုန်းအောင်
Credit: DVB
=
=
Related posts