Search
..

သတင္းထူး.. ရန္ကုန္-ပုသိမ္လမ္းမၾကီးတြင္ လူသတ္ျပီး ကားကိုယူမႈျဖစ္..။ ကားသမားမ်ား သတိရွိဖို႔လုိပါၿပီ..။

ရန္ကုန္-ေခ်ာင္းသာ သြားတဲ့ Taxi ကားသမားတစ္ဦး အသတ္ခံရျပီး ကားကိုပါယူသြားခံရ

ရန္ကုန္၊ မတ္ ၁၉

လူသတ္ျပီး ကားကိုယူသြားတဲ့ ျဖစ္စဥ္တစ္ခု ဧရာ၀တီတုိင္းေဒသၾကီးေက်ာင္းကုန္းျမိဳ႕နယ္အတြင္းမွာ ျဖစ္ပြားခဲ့ပါတယ္။

ရန္ကုန္-ပုသိမ္လမ္းမၾကီး ေက်ာင္းကုန္းျမိဳ႕နယ္အထဲ မုိင္တိုင္၆၆ အနားမွာ ေသြးအလိမ္းလိမ္းနဲ႔ေသဆံုးေနတဲ့အေလာင္းတစ္ေလာင္းကို သက္ဆိုင္ရာရဲတပ္ဖြဲ႕က မတ္ ၁၈ ရက္ေန႔မွာ ရွာေဖြေတြ႕ရွိခဲ့ရာကေန ရဲတပ္ဖြဲ႕က စံုစမ္းစစ္ေဆးရာမွာ အသတ္ခံရသူဟာ ရန္ကုန္ကေန ေခ်ာင္းသာကို သြားတဲ့ TAXI ကားသမားတစ္ေယာက္ျဖစ္ေနတယ္လုိ႔ ေက်ာင္းကုန္းနယ္ေျမရဲစခန္းရဲ႕ နယ္ထိန္းေခါင္းေဆာင္္ရဲအုပ္ ထြန္းထြန္း၀င္း ကေျပာပါတယ္။

“လမ္းမွာ လူကို သတ္ျပီးကားကိုယူသြားတဲ့ပံုစံပါပဲ။ ကၽြန္ေတာ္တုိ႔သံုးသပ္တာကေတာ့ လူကို ကားေပၚမွာကတည္းက သတ္ခဲ့ျပီး ဒီေနရာမွာလာပစ္သြားတယ္လို႔ ထင္တယ္။ စံုစမ္းၾကည့္ေတာ့ ကားသမားက ၁၇ ရက္ေန႔ ည ၇ နာရီေလာက္မွာ ရန္ကုန္ကထြက္လာတယ္လို႔သိရတယ္။ ေမာင္းလာရင္း လမ္းမွာ ထမင္း၀င္စား ဘာညာနဲ႔ အခင္းျဖစ္တာ ၁၇ နဲ႔ ၁၈ ၾကားေလာက္မွာျဖစ္မယ္လုိ႔ ခန္႔မွန္းထားပါတယ္”လို႔ သူကဆိုပါတယ္။

အသတ္ခံရသူေမာင္းလာတဲ့ DD 9313 Pro Box အျဖဴ​ေရာင္​၊ နံေဘးမွာ အျပာ​ေရာင္​အစင္​းပါတဲ့ ေမာ္ေတာ္ယာဥ္လည္းေပ်ာက္ဆံုးေနျပီး အဆိုပါ ယာဥ္လာေရာက္ေရာင္းခ်သူမ်ိဳး ရွိရင္ေသာ္လည္းေကာင္း ၊ ေမာ္ေတာ္ကိုေတြ႕ရွိရင္ေသာ္လည္းေကာင္း ရဲတပ္ဖြဲ႕ထံ ဆက္သြယ္ေပးဖို႔ ရဲတပ္ဖြဲ႕က နႈိးေဆာ္ထားပါတယ္။

ေသဆံုးသူဟာ လည္ပင္းမွာ ဓားနဲ႔ထိုးထားတဲ့ ဒဏ္ရာ ၃ ခ်က္ရွိတယ္လုိ႔ လည္း ရဲစခန္းကေနသိရပါတယ္။

ေလာေလာဆယ္ ဒီျဖစ္စဥ္နဲ႔ပတ္သတ္ျပီး ေက်ာင္းကုန္းရဲစခန္းမွာ လူသတ္မႈပုဒ္မ ၃၀၂ နဲ႔အမႈဖြင့္အေရးယူထားတယ္လို႔ ရဲအုပ္ ထြန္းထြန္း၀င္းကဆိုပါတယ္။

AF-178

Photo – Yin Htoo Maw

Credit: popular news

=============

ရန်ကုန်-ချောင်းသာ သွားတဲ့ Taxi ကားသမားတစ်ဦး အသတ်ခံရပြီး ကားကိုပါယူသွားခံရ

ရန်ကုန်၊ မတ် ၁၉

လူသတ်ပြီး ကားကိုယူသွားတဲ့ ဖြစ်စဉ်တစ်ခု ဧရာဝတီတိုင်းဒေသကြီးကျောင်းကုန်းမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့ပါတယ်။

ရန်ကုန်-ပုသိမ်လမ်းမကြီး ကျောင်းကုန်းမြို့နယ်အထဲ မိုင်တိုင်၆၆ အနားမှာ သွေးအလိမ်းလိမ်းနဲ့သေဆုံးနေတဲ့အလောင်းတစ်လောင်းကို သက်ဆိုင်ရာရဲတပ်ဖွဲ့က မတ် ၁၈ ရက်နေ့မှာ ရှာဖွေတွေ့ရှိခဲ့ရာကနေ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရာမှာ အသတ်ခံရသူဟာ ရန်ကုန်ကနေ ချောင်းသာကို သွားတဲ့ TAXI ကားသမားတစ်ယောက်ဖြစ်နေတယ်လို့ ကျောင်းကုန်းနယ်မြေရဲစခန်းရဲ့ နယ်ထိန်းခေါင်းဆောင််ရဲအုပ် ထွန်းထွန်းဝင်း ကပြောပါတယ်။

“လမ်းမှာ လူကို သတ်ပြီးကားကိုယူသွားတဲ့ပုံစံပါပဲ။ ကျွန်တော်တို့သုံးသပ်တာကတော့ လူကို ကားပေါ်မှာကတည်းက သတ်ခဲ့ပြီး ဒီနေရာမှာလာပစ်သွားတယ်လို့ ထင်တယ်။ စုံစမ်းကြည့်တော့ ကားသမားက ၁၇ ရက်နေ့ ည ၇ နာရီလောက်မှာ ရန်ကုန်ကထွက်လာတယ်လို့သိရတယ်။ မောင်းလာရင်း လမ်းမှာ ထမင်းဝင်စား ဘာညာနဲ့ အခင်းဖြစ်တာ ၁၇ နဲ့ ၁၈ ကြားလောက်မှာဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်”လို့ သူကဆိုပါတယ်။

အသတ်ခံရသူမောင်းလာတဲ့ DD 9313 Pro Box အဖြူ​ရောင်​၊ နံဘေးမှာ အပြာ​ရောင်​အစင်​းပါတဲ့ မော်တော်ယာဉ်လည်းပျောက်ဆုံးနေပြီး အဆိုပါ ယာဉ်လာရောက်ရောင်းချသူမျိုး ရှိရင်သော်လည်းကောင်း ၊ မော်တော်ကိုတွေ့ရှိရင်သော်လည်းကောင်း ရဲတပ်ဖွဲ့ထံ ဆက်သွယ်ပေးဖို့ ရဲတပ်ဖွဲ့က နှိုးဆော်ထားပါတယ်။

သေဆုံးသူဟာ လည်ပင်းမှာ ဓားနဲ့ထိုးထားတဲ့ ဒဏ်ရာ ၃ ချက်ရှိတယ်လို့ လည်း ရဲစခန်းကနေသိရပါတယ်။

လောလောဆယ် ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး ကျောင်းကုန်းရဲစခန်းမှာ လူသတ်မှုပုဒ်မ ၃၀၂ နဲ့အမှုဖွင့်အရေးယူထားတယ်လို့ ရဲအုပ် ထွန်းထွန်းဝင်းကဆိုပါတယ်။

AF-178

Photo – Yin Htoo Maw

Credit: popular news

=
=

Related posts