Search
..

အွန်လိုင်းပေါ်မှာ လူတွေပြောနေကြတဲ့ ဖိုးတခေတ် မွတ်လအိတောင် စေတီမှာ ဘာလုပ်နေသလဲ

လူတွေပြောနေကြတဲ့ ဖိုးတခေတ် ဘာလုပ်နေသလဲ

လူတွေပြောနေကြတဲ့ ဖိုးတခေတ် ဘာပဲဖြစ်ဖြစ် လေးစားမိပါတယ်

ခုကြည့်လေ အရင်တုန်းကနာမည်သာကြားဖူးတယ်

ဆံတော်ရှင် မုလအိဘုရား ကရင်ပြည်နယ်ရဲ့ အမြင့်ဆုံးတောင်ထွတ်

ပေ ၆၀၀၀ ကျော်အမြင့်မှာ ဘုရားရှင်အမွှေရထား မိုးလအိရသေ့ကြီးက တည်ခဲ့တာ …

ခု အဲဒီဆံတော်ရှင်ဘုရားသို့ အများသူငှာ တက်ရောက်ဖူးမျှော်ရန် လွယ်ကူဖို့ ဖိုးတခေတ်က

သူ့လူ သူ့အင်အား သူ့စရိတ်သူစားပြီး ပြုပြင်နေတဲ့ အပြင် သူ့အသက်မပါ အများသူငှာတောင် စတုဒီသာပါတောတောင်အပေါ်မှာကျွေးနေလိုက်သေး လူတိုင်းမလုပ်နိုင်တဲ့ အလုပ် သူလုပ်နိုင်လို့ လေးစားတာပါ …

19.3.2018 (6:22)am

Photo – Kyan Tine Aung

ကရင်ပြည်နယ်ရှိ ဒေါနတောင်တန်းတွင်အမြင့်ပေပေါင်း(၆၈၂၅)ပေမှာဆုတောင်းပြည့်ဆံတော်ရှင်မုလအိစေတီတော်မြတ်တည်ရှိပါသည်။

ဂေါတမဗုဒ္ဓမြတ်စွာဘုရင်းရှင် (၈)ဝါရတော် မူသောအခါရဟန္တာပေါင်း(၅၀၀) နှင့်ဒေသစာရီဖြန့်ချီတော်မူလေသည်။

မြတ်စွာဘုရားရှင်ကဆံတော်တစ်ဆူကို ကပ္ပရသေ့အားပေးသနားချီးမြှင့်တော်မူခဲ့၏

“ကပ္ပရသေ့”သည်ကြိတ်မြို့စား”ကလာပုမင်း”

နှင့်တိုင်ပင်ကာ သက္ကရာဇ် (၁၁၄) ခုနှစ်ဟေမန္တဥတု နတ်တော်လအတွင်းအလှူအတန်းပွဲလမ်းသဘင်ကြီးကျဟ်ပြုလုပ်ပြီးဆံတော်ရှင်အား”မွတ်လအိ”တောင်ထိပ်တွင်ကျောက်တုံးကျောက်ခဲ အင်္ဂတေသရွတ်ဖြင့်သုတ်လိမ်းဋ္ဌါပနာတိုက်ပြုလုပ်၏ဆံတော်ကိုရွှေကြုတ်နှင့်သွတ်သွင်းဋ္ဌါပနာ၏

ဘုရားရှင်၏ကိုယ်ပွားရုပ်ထု ရှင်ရသေ့၏ကိုယ်ပွားရုပ်ထု ကာလာပုမင်း၏ကိုယ်ပွားရုပ်ထု ရွှေပန်းငွေပန်းနှင့်ပူဇော်ဌာပနာ၏

ဌာပနာပြီးသော်ဖိနပ်တော်(၁၀)တောင် ဉာဏ်တော်(၁၅)တောင်ရှိကျောက်စေတီ တည်ထားကိုးကွယ်ကြသည်။

တောင်ထိပ်ရင်ပြင်အကျယ် အရှေ့အနောက်အတောင်(၄၀)တောင်မြောက်(၂၅)တောင်ရှိ၏ဘုရားစေတီဘွဲ့တော်မှာမွန်တိုင်းရင်းသားဘာသာဖြင့်”ကျိုက်မွတ်လအိ”ခေါ်သည်။ မြန်မာဘာသာရ”အမြဲထင်ပေါ်သောဘုရား”ဟုခေါ်သည်။

အချိန်ကာလကြာသောမုလအိဟုခေါ်တွင်၏

ဆုတောင်းပြည့်ဆံတော်ရှင်စေတီတော်ကို ” ဖူးသူရင်မှာကြည်နူးတောင်းတဲ့ဆုတွေပြည့်စေသည်။”

ဘဝသံသရာအဆက်ဆက်တော်စပ်သူများအားအမျှပေးဝေပါသည်။

Credit – San San Yan

ဗဂေါ (ပဲခူး) ရးဗဂေါ။ ဂေါဝ် (ဝိသေသန)- ဒဒှ်အရာ/ဒှာဲမဒးဂှပ္စိုတ္ သြက္ဂြံဗုႝ။ ဗဂေါဝ် (နာမ်) အရာ/ဒှာဲမေဂါဝ္ဆာဲသပၸဲါ။ အတိုင္ဝင္လၛႝဳဟုီ ဘဂြံ – ဗေဂါ၊ အဓိပၸါယ္ – ဘပဠတုဲမဂြံ။

ျဗဝတ႘ (ျမဝတ႘)

ဗင်လဲာ /ဘင်လှိုင်(ဘင်လိုင်) မုဟ်ဍုင်/သဓီု။ ဗင်/ဘင် – ကဿာဇှော်ဇှော်၊ လိုင် ဒဒှ်ဍာ်မတိတ်ဒဿံင်။

ဘာကဆံင် (ဖားဆောင်း) တြႝဳရးဍဳင္ကေရင္ဍာဲ၊ တြႝဳရးဍဳင္ကေရင္။

ဘာကရး (ဗားကရာ)

ဘာဂတုႝ (ဖယ္ကတာ) တြႝဳရးဍဳင္ကေရင္။ ဘာ – သၛိဒှာဲလက်ာ္မမံင္၊ ဂတုႝ – ဆုမေရက္လဝ္ဖန္လဝ္ သြက္ဂြံစကာပႜဲမပတံသၛိတအ္တုဲတုဲ။

ဘာဂါပ် (ဖားကပ်) တွႝုရးဍုင်ကရေင်။ ဘာ – သၛိဒှာဲလက်ာ္မမံင္။ ဂါပ် – အရာမလိင်/မစိုပ်ဒဿံင် သီုၐါလပါ်။

ဘာထဝ် (ဖဲထော်) ပွိုင်ဍုင်မတ်မလီု။

ဘာပန် (ဖာပွန်) တွႝုရးဍုင်ကရေင်။ ဘာ – သၛိဒှာဲလက်ာ္မမံင္။ ပန် – ဂှန် ၄။

ဘာဖရ (ဖားဗျ) တွႝုရးဍုင်ကရေင်။ ဘာ – သၛိဒှာဲလက်ာ္မမံင္။

ဘာသီ (ဖာသိမ်) တွႝုရးဍုင်ကရေင်။ ဘာ – သၛိဒှာဲလက်ာ္မမံင္၊ သီ – ဒှာဲခမ႘တအ္ မဂရင်ပါတိမုက်။

ဘာတဿအ် (ဗားတမော့)

ဘာမှေအ် (ဗားမဲ့)

ဘာမြေက် (ဗားဗြိုက်)

ဘာအင် (ဘားအံ) တွႝုရးဍုင်ကရေင်။ ဘာ – သၛိဒှာဲလက်ာ္မမံင္။ အင် – ဒှဲာဍ်ာမအံင်ဒှဲာဟွံဇြိုဟ် ဗဝိုက်ဍေဟ်ဇှော်။ (ဝါ) တှံအင်။

မၛးထံင် (ဗိုလ်တထောင်) လ္ဂုင်။ မၛး – ဒဒှ်မတိတ်ဒဿံင် နူတှဟ်၊ ထံင် – ဒှဲာ/သှေဟ်၊ အဓိပ္ပါယ် ဒှဲာဒတန်မနွံမၛး။ ပႜဲထံင် (ပုဇွန်တောင်)ဂှ် ဒွ္ဒှာဲမၛး။

မုက်ပြေင် (မုပ္ပလင်) တွႝုရးဍုင်မန်။

မင်ဂၜန် (မင်ဂလွန်း) ရးဨရာဝတ႘။

မတ်မလီု (မော်လမြိုင်) တွႝုရးဍုင်မန်။ မုဟ္လမၜီဳ – မတ္မလုီ။ မုဟ် – အရာမဒှ်တှုင်၊ လမၜီု (နာမ်) လီု(ကြိ)။ ဒဒှ်မလီုလာ်။ အဓိပ္ပါယ် ဒှဲာမုဟ်(ၐ႘)ဂမၜိဳင္မလုီလာ္ဒဿံင္။ ညးလၛႝဳဟုီ ဟိုတ်နူသဿိင်မတ်ပိ မတ်လီုအာတဲု ညးကော်မတ်မလီု။ ဒုင်သဇိုင် ကုယဿု မတ်မလီုတဲု ပုံသဿိင်မတ်ပိဂှ် အစာကဝိတအ်ဇန်လဝ်။

မတ်လအိတ် (မွတ်လအိဘုရား) တွႝုရးဍုင်ကရေင်။ အဓိပ္ပါယ် ဒယှ်တမႛဝ်။

မတ်လအက် (မွတ်လအပ်ဘုရား) တွႝုရးဍုင်ကရေင်။ အဓိပ္ပါယ် ဒဒှ်မယှ်ဗွဲမလောန်။

မုဟ်ကွေဟ် (မုကွဲ) တ္ကအ်ခဿိုင်။ မုဟ် – တှုင်။ ကွေဟ် – ဆုကွေဟ်။

မုဟ္ခန႘ (မုခနီး) တၠအ္ခဿိဳင္။

မုဟ်ဍုင် (မုဒုံ) တွႝုရးဍုင်မန်။ မုဟ် – မဒှ်အရာမစိုပ်ကှောတ်၊ အဓိပ္ပါယ် ဒေသမဒှ်ကှောတ်ဍုင်။ ကၜာတေအ် ဒှာဲမုဟ္ဍဳင္လဿဳဟ္ဂွ္ ဒွ္ပယ်ႝဳတိရးျဇာ ကုႝ ရးမတ္မလုီ။

မုဟ်တင်/မုဟ်နင်္ဂရာဇ် (မော်တင်) ဨရာဝတ႘။

မုဟ္တဿအ္ (မုတၲမ) တြႝဳရးဍဳင္မန္။

မုဟ်ဒုန် (မုဒွန်း) တ္ကအ်ခဿိုင်။

မုဟ်ဒုန် (မုဒူး) ရေဖြူ။

မုဟ်နာ် (မုနိုင်း) တ္ကအ်ခဿိုင်။

မုဟ်ပန် (မုပွန်) မတ်မလီု။

==============

ဘဒ္ဒန္တဇောတိပါလ မဟာထေရ်မြတ်ကြီး

ဆရာတော်၏အလေ့အထမှာ တောစဉ်တောင်စဉ်တို့တွင် တရားဘာဝနာ အားထုတ်လိုခြင်းသာဖြစ်ပါသည်။ ထို့ကြောင့်လည်း ဝင်းရော်ဆိပ်ကြီးတောရဆရာတော် ဘဒ္ဒန္တဇောတိပါလ မဟာထေရ်ကို ဂိုဏ်းချုပ်အဖြစ်တင်မြှောက်ပြီးသောအခါ ယင်းရွာလွတ်ရွာ နိဂြောဓာရုံကျောင်းဒယကာများက သူတို့၏ကျောင်းမှာပင် အမြဲသီတင်းသုံးဖို့ရန် သံဃာတော်များ၏ရှေ့မှောက်တွင် ပင့်ဖိတ်ကြပါသည်။ ထိုအခါ ဆရာတော်က အောက်ပါအတိုင်း မိန့်တော်မူကြောင်းသိရပါသည်။

အေး ဒကာတို့ သမင် ဒရယ် ချေငယ် စိုင် ဆတ် ဖွတ် ပဒတ် ကြောင် ယုန်ကောင် စသော တောကောင် သတ္တဝါတို့မည်သည်မှာ သူတို့၏ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သော တောတောင်မှာသာလျှင် အစဉ်ပျော်မွေ့လေ့ရှိပါတယ်။ တောမှာမွေးကာ တောမှာနေ၍ တောဓလေ့ တောသဘာဝ သတ္တဝါဖြစ်သည့်အလျောက် သူတို့၏ မွေးရပ်ဌာနီ ကျက်စားရာခရီး မဟုတ်သော လူတို့၏နေရာ မြို့ရွာများ၌ မည်မျှအဆောက်အအုံ အစားအစာတွေ ပေါများပြည့်စုံ၍ ကောင်းမွန်စေကာမူ ပျော်မွေ့ခြင်းမရှိဘဲ တောတောင်ကိုသာ အမြဲထာဝရ အောက်မေ့တသကြသလို, ထိုအတူပါပဲဟု မိန့်တော်မူကာ ဒကာတို့ ပင့်ဖိတ်ချက်ကို လက်မခံဘဲ ပယ်လိုက်လေ၏။

ထိုမှတစ်ပါး အခြားသော အဝတ်အရုံ အစားအသောက် အပူအအေး စသော ဘေးတို့ကိုလည်း မညည်းမညူ အေးအေးလူလူ သည်းခံတော်မူသည်။ ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါးနှင့် ပတ်သက်လာလျှင်မူ သပ္ပါယ မဖြစ်တာကိုလည်း နှလုံးမသာခြင်း မရှိ။ စိတ်ထိခိုက်ခြင်းကင်းတော်မူကာ မျက်နှာတော်မှာ အမြဲထာဝစဉ် ရွှန်လန်းလျှက်ရှိတော်မူ၏ဟုသိရပါသည်။

အိပ်ရာနှင့် ပတ်သက်၍မူ ယခု သက်တော် ၉၈ နှစ် သိက္ခာတော် ၇၉ ဝါရသည့်အထိ ဆရာတော်ကျောင်းမှာ ညောင်စောင်းခုတင်များမရှိ။ ရှိပါသော်လည်း ယင်းညောင်စောင်းခုတင်ပေါ်မှာ အိပ်လေ့အိပ်ထမရှိပါဟုသိရပါသည်။

သို့သော် ခရီးသွားနေခိုက်အခါ သူတစ်ပါးတို့ကျောင်းမှာ ညောင်စောင်းခုတင်များ ပြင်ဆင်ထားပါမူကား အသင့်အတင့်တော့အိပ်ပါသည်။ ကျိန်းစက်ပါသည်ဟုဆိုပါသည်။

တောရကျောင်းပျော် ဆရာတော်

ဆရာတော်သည် ယခု တည်ရှိလျက်ရှိသော ဝင်းရော်ဆိပ်ကြီး တောရကျောင်းတွင် နှစ်ပေါင်း ၄၃ နှစ်, ၄၃ ဝါကျော် စံပျော်နေထိုင်တော်မူခဲ့သည်ဟု မှတ်တမ်းရှိပါသည်။

အေဒီ ၁၉၂၃ – ၁၉၆၅ ခု (၁၂၈၄ ခုနှစ်မှ ၁၃၂၇ ခုနှစ်)သို့ တိုင်အောင် ၄၃ ဝါ ကာလသာသနာတော် တည်တံ့ထွန်းကားပြန့်ပွားစေခြင်း အလို့ငှာ ဆင်းရဲအမျိုးမျိုး ဒုက္ခအဖုံဖုံ အပင်ပန်းမျိုးစုံခံကာ သီတင်းသုံးနေထိုင်တော်မူခဲ့ပါသည်။

မွတ်လအိ, မွတ်လအတ် တောတောင်ဘုရားဖူး

ဆရာတော်ဘုရားသည် သက်တော်နုနယ် ဝါတော်ငယ်စဉ်အခါ ကျန်းမာနေတော်မူသော အချိန်တုန်းက ဘုရားဖူး အလွန်ဝါသနာပါသည်ဟုဆို၏။ အထူးသဖြင့် ရာဇဝင်လာ နာမည်ကြီးသော မွန်ပြည်နယ်, ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းအတွင်းရှိ မွတ်လအိ, မွတ်လအတ်, ဒေငလွတ်ခေါ် ဆေးတောင်စသော ဝေးရပ်ဌာနီ တောကြီးပမာ တောင်ကြီးသေလာရှိ သမိုင်းဝင် ဘုရားစေတီတို့ကို နွေရာသီအခါ စာပြန်ပွဲအပြီး ဖူးမြော်လေ့ရှိ၏။ ဘုရားဖူးသက်သက် မဟုတ်ဘဲ ရောက်လေရာဌာနတိုင်းတွင် မည်မျှအခက်အခဲရှိပါစေ အဓိဋ္ဌာန်ပါရမီ ၇ ရက် ဆောက်တည်ပြီး တရားဘာဝနာကို ကြိုးစားအားထုတ် ကျင့်သုံးခဲ့၏ဟု သိရှိရပါသည်။

ယင်းမွတ်လအိ, မွတ်လအတ် ဆေးတောင်စသော ဆံတော်ရှင်သမိုင်းဝင် ဘုရားစေတီတို့သည် ယိုးဒယားနယ်စပ်ရောက်လုနီးပါး လူတို့နေထိုင်ရာမြို့ရွာတို့မှ အလွန်ဝေးလံသော တောကြီးမျက်မည်း တောင်စဉ် ၇ ထပ်တို့အလယ်၌တည်ရှိသောကြောင့် လူတို့အရောက်အပေါက် အလွန်နည်းလှ၏။ ရောက်သော်လည်း တစ်နေ့နှင့်တစ်ညထက် ပို၍မနေနိုင်ပါဟုဆိုကြပါသည်။

တစ်ရံရောအခါက မိုးကောင်းကင်တွင် ဈာန်ပျံနေသော ဆရာတော်ကြီးတစ်ပါးကို လေယာဉ်ပျံပေါ်မှ ဖူးတွေ့ရသည်ဟုဆိုရာ အချို့ကလည်း ထိုဆရာတော်ကြီးမှာ အခြားမဟုတ် ကော့ခပုံဆရာတော်ကြီးဖြစ်ကြောင်း ဆိုကြသူများရှိပါသည်။ ထိုအဆိုကို အောက်ပါအတိုင်း အရှင်ဝေဒဂုက မှတ်တမ်းပြုခဲ့ပါသည်။

ဆရာတော်သည် ယင်းသို့ တရားဘာဝနာများ ကြိုးစားပွားများ ကျင့်သုံးအားထုတ်ရင်း အေဒီ ၁၉၇၈ (၁၃၄၀ ခုနှစ်)တွင် ကောလဟလသတင်းတစ်ခု ဖြစ်ပွားခဲ့၏။ ဖြစ်ပွားပုံကား ယင်းနှစ်တွင် လေယာဉ်မှူးများ လေယာဉ်ကိုမောင်းနှင်၍ ပျံသန်းနေစဉ် အာကာသ၌ ဘုန်းကြီးတစ်ပါးကို တွေ့မြင်ခဲ့သည်ဆို၏။ ထိုဘုန်းကြီးကို ဓာတ်ပုံရိုက်ပြီးယူလာရာ အာကာသမှ ရလာသော ဓာတ်ပုံရှင်ဘုန်းကြီး၏ ရုပ်ပုံကလည်း ဆရာတော်၏ ရုပ်ပုံကဲ့သို့ပင် မျက်စိ၏ထောင့်တစ်နေရာ လက်ယာဘက် နဖူးစွန်း၌ အမည်းအမှတ်တစ်ခု ပါရှိနေပြန်သည်။ သို့ကြောင့် လုပ်သားပြည်သူများက ဆရာတော်အစစ်ပဲလို့ ယူဆပြီး အပြေးအလွှား တအံ့တသြ ကောလာဟလသတင်း ပြန့်ပွားခဲ့၏။ ဆရာတော်ကြီးကမူ ယင်းသို့ သတင်းဖြစ်ပွားနေကြောင်းကို မည်သို့မျှ ထွေထွေထူးထူး ပြောတော်မမူဘဲ မိမိအားထုတ်မြဲ တရားကိုသာ နေ့နေ့ ညည ကြိုးကြိုးစားစား အားထုတ်တော်မူလျက်ရှိသည်ဟု သိရပါသည်။

အေဒီ ၁၉၇၈ ခု စက်တင်ဘာလ ၉ ရက် စနေနေ့ (၁၃၄၀ ခုနှစ် တော်သလင်းလဆန်း ၈ ရက် ) ဆရာတော်၏မွေးနေ့တွင် သံဃာ့ဆွမ်းကျွေးလှူဒါန်းပွဲကို နှစ်စဉ်မပျက် ကျင်းပပြုလုပ်လာခဲ့ရာ ထိုနှစ်ထိုနေ့တွင်လည်း ယင်းသံဃာ့ဆွမ်းကျွေးပွဲကြီးကို အကြီးအကျယ်ပြုလုပ်ပါသည်။

ဤနေ့ ဤအချိန်အခါမျိုးရောက်လာ၍ ဆရာတော်ကြီး၏ မူလ တပည့်ရင်း အရှင်ဦးဣန္ဒောဘာသ (ဇာတိ ဝင်းရော်ဆိပ်ကြီးရွာ, ပဝတ္တိ ဘီလူးကျွန်း, ချောင်းဆုံမြို့နယ်, ရွာလွတ်ရွာ, သတိပဋ္ဌာန်ကျောင်း)က မိမိ၏ဆရာရင်းကို ဖူးမြော်ပူဇော်လိုသော ဆန္ဒဖြင့် ဆရာတော်ကျောင်းသို့ ကြွသွားလေရာ မော်တော်ကားလမ်းမှ ကျောင်းသို့အထိ ၂ မိုင်အတွင်း တောလမ်းတစ်လျှောက်တွင် ပျားပန်းခပ်မျှ လူတွေသွားနေကြသည်ကို တွေ့ရသဖြင့် အလွန်အံ့သြကာ အောက်ပါအတိုင်း ပြန်လည်မိန့်ကြားခဲ့ပါသည်။

ထိုအခါ အရှင်ဣန္ဒောဘာသက လူတွေ ဒီလောက်များပြားတာ ဘယ်ကိုသွားကြမလို့လဲဟု မေးကြည့်သောအခါ ထိုလူစုသည် သံဖြူဇရပ်မြို့နယ် ဝါဂရူးကျေးရွာမှ ရွာသူရွာသား ဒကာများဖြစ်ကြပြီး အရှင်ဘုရား တပည့်တော်တို့ တစ်ဆင့်စကား သတင်းကြားဖူးသည်မှာ ဤတောင်ပေါ်တောရ ရေတံခွန်ကျောင်း တန်ခိုးဈာန်ဖြင့် ပျံသန်းပြီးကြွနိုင်တယ်လို့ ကြားရပါတယ်ဘုရား, သူတစ်ပါးပြောပါ များလွန်းလို့ မရောက်ဖူးတာနဲ့ ဆရာတော်ကြီးဆီကို ယခုလို အရောက်သွားနေရပါတယ်ဘုရား ဤကဲ့သို့ ဝါးဂရူးရွာမှ ဒါယကာများ၏ ပြောစကားကို နားနှင့်ဆတ်ဆတ် ကြားလိုက်ရပါသည်။

ထိုမျှမကသေးမိမိသည် ဆရာတော်ကြီးကျောင်းသို့ ရောက်သွားသောအခါ၌လည်း ကျောင်းအောက်လှေကားရင်းမှစ၍ တစ်ကျောင်းလုံး ပရိသတ်များပြည့်ကျပ်နေသဖြင့် ကျောင်းတက်ခွင့်မရဘဲနေစဉ်, ထိအခါ လူငယ်ဒါယကာတစ်ယောက်က ကျောင်းအောက်သို့ဆင်းလာပြီးလျှင် အရှင်ဘုရား ဒီကို ကြွပါဘုရားဟုဆိုပြီး ၄င်း ဒါယကာနှင့်အတူ သိမ်တွင်းသို့ ဝင်သွားပြီးလျှင် အပေါ်ထပ်သို့ တက်သွားရပါသည်ဟုဒမှတ်တမ်းတင်ထားပါသည်။

ရဟန္တာနှင့် ရဟန်းထူးများ မောင်ပန်းမွှေး၏စာအုပ်မှကူးယူ ဖော်ပြပါသည်။စာ(၅၁၃-၅၁၅) ဆက်လက်ဖော်ပြပါမည်။

လှိုင်မျိုးမင်း

 

=
=

Related posts