Search
..
ကျမ ခါး​ကြောညပ်​လိုက်​တာ ည​နေ ၅နာရီ ..​တော်​​တော်​ ဆိုး​တော့  ပြဖို့ စံပြ​ဆေးခန်း စုံစမ်းလိုက်​ပါတယ်​.”.သမိုင်းက ဆရာဝန်​လာ/မလာ မ​သေချာတဲ့”ဒါနဲ့ ​ကျောက်​​မြောင်း ​ဆေးခန်းက ည ၇နာရီ ပါ​မောက္ခ ဦးသန်းတိုး ကိုပြဖို့ booking ရပါတယ်​.. . ပြပြီး တခါတည်း​လေ့ကျင့်​ခန်းပါ လုပ်​ရ​တော့ ၉နာရီအဲ့အချိန်​…Taxi ငှါးပါတယ်​..
၃၇ဂိတ်​(၆ထပ်​ရုံး)ကို ပို့ခိုင်း​တော့ ဂိတ်​သိမ်းသွားပါပြီ .. .  ဒါနဲ့ ကားသမားကို ​မှော်​ဘီ ထိ ငှါးလိုက်​ပါတယ်​…ကားသမားနဲ့​ဈေးတည့်​​တော့ …. ဆူး​လေက​နေတဆင့်​ သမ္မတ ရုပ်​ရှင်​ရုံ …အဲ့က​နေမှ တဆင့်​ အထက်​ပုစွန်​​တောင်​..စက်​စမ်း ..သင်္ကန်းကျွန်းဖက်​ ​ခေါ်သွား ပါတယ်​…​ဖေ​ဖေက ရန်​ကုန်​ မှာ​ကျောင်းတက်​ခဲ့သူ …ဘယ်​​ရောက်​​နေတယ်​ ဆိုတာ တလမ်းလုံး​ပြောလာတာ​တောင်​…အတင့်​ရဲလိုက်​တဲ့ …ငရဲ ကျမယ့်​​ကောင်​…
Khaing Zinwint
Zin Moe
===========
Taxi သမားရဲ့ လူသတ်​ပစ္စည်​းလုဖို့ ကြံစည်​တာခံရခဲ့ရတဲ့ ဖြစ်ရပ်တစ်ခု
“ကားသမားက ..ကျမ၊​ဖေ​ဖေနဲ့ သမီး​လေးကို.. လူသတ်​ပစ္စည်​းလုဖို့ ကြံစည်​တာခံရပါတယ်​..”
ကျမ ခါး​ကြောညပ်​လိုက်​တာ ည​နေ ၅နာရီ ..​တော်​​တော်​ ဆိုး​တော ့ ပြဖို့ စံပြ​ဆေးခန်​း စုံစမ်​းလိုက်​ပါတယ်​.”.သမိုင်​းက ဆရာဝန်​လာ/မလာ မ​သေချာတဲ့”ဒါနဲ့ ​ကျောက်​​မြောင်​း ​ဆေးခန်​းက ည ရနာရီ ပါ​မောက္ခ ဦးသန်​းတိုး ကိုပြဖို့ booking ရပါတယ်​.. . ပြပြီး တခါတည်​း​လေ့ကျင်​့ခန်​းပါ လုပ်​ရ​တော့ ၉နာရီအဲ့အချိန်​…Taxi ငှါးပါတယ်​..
၃ရဂိတ်​(၆ထပ်​ရုံး)ကို ပို့ခိုင်​း​တော့ ဂိတ်​သိမ်​းသွားပါပြီ .. .  ဒါနဲ့ ကားသမားကို ​မှော်​ဘီ ထိ ငှါးလိုက်​ပါတယ်​…ကားသမားနဲ့​စျေးတည်​့​တော့ …. ဆူး​လေက​နေတဆင်​့ သမ္မတ ရုပ်​ရှင်​ရုံ …အဲ့က​နေမှ တဆင်​့ အထက်​ပုစွန်​​တောင်​..စက်​စမ်​း ..သင်္ကန်​းကျွန်​းဖက်​ ​ခေါ်သွား ပါတယ်​…​ဖေ​ဖေက ရန်​ကုန်​ မှာ​ကျောင်​းတက်​ခဲ့သူ …ဘယ်​​ရောက်​​နေတယ်​ ဆိုတာ တလမ်​းလုံး​ပြောလာတာ​တောင်​…အတင်​့ရဲလိုက်​တဲ့ …ငရဲ ကျမယ်​့​ကောင်​…
​မေး​တော့ “အပြန်​ သူတစ်​​ယောက်​တည်​း မို့ သင်္ကန်​းကျွန်​း အ​ဖော်​ ဝင်​​ခေါ်တာတဲ့…”ထားလိုက်​​တော့.. .​ခေါ်ပါ​စေ…
သူလဲ အပြန်​အတွက်​​ပေါ့..သူငယ်​ချင်​း ​ခေါ်ပြီး ​မောင်​းလာတယ်​..သုဝဏ္ဏအားကစားကွင်​း…ပင်​လုံအိမ်​ရာ.. ပြည်​​ထောင်​စုရိပ်​မွန်​ …
​နေရာ​တွေကို ဖြတ်​…​နောက်​ဆုံး (၈၇) ကား​တွေ ဂိတ်​ထိုးထားတဲ့​နေရာ…​​ရောက်​​နေပြီ မသင်္ကာ​တော့ဘူး…
တပည်​့​ကျော်​ ဇင်​လင်​းကို ကို လှမ်​း​မေးတယ်​..သူ့​ဖေ​ဖေ ..က….ကား​ထောင်​ပြီး taxi ဆွဲ​နေ​တော့ လမ်​းကျွမ်​းတယ်​..သူကလဲ သူ့​ဖေကို ​မေး​နေချိန်​ …ကျမတို့က ကား​မောင်​းတဲ့ အ​ကောင်​ကို ​မေးလိုက်​ပါတယ်​”မင်​း ခု ဘယ်​လမ်​းက​နေသွားတာလဲ” လို့ ..”လူပြတ်​တဲ့လမ်​း​တွေချည်​းပါလား” လို့ ​ပြော​လိုက်​တယ်​..”ကျ​နော်​ က ​ရွှေ​ပေါက္ကံ ဖက်​က သွားတာတဲ့”
​”​နေပါအုံး.. .​ရွှေ​ပေါက္ကံက​နေ ဘယ်​ဆက်​သွားမှာလဲ လို့​မေး​တော့ “ပုလဲမြို့သစ်​”တဲ့…ဒါဆို ​အောင်​မင်္ဂလာအ​ဝေး​ပြေး​ရှေ့က လမ်​းမကြီးက​နေသွား​လေကွာ” လို့ “ခု အဲ့လမ်​းမကြီး​ပေါ်ကို တက်​လိုက်​…ခု ​အောင်​မင်္ဂလာ ​ရောက်​ပြီလား” ​လို့ မေး​တော့
“​အောင်​မင်္ဂလာ ​ကျော်​​နေပြီ.”တဲ့…”ဘယ်​လို …​အောင်​မင်္ဂလာ​ကျော်​​နေ​သေး…ပုလဲ မြို့သစ်​လဲ မ​ရောက်​ ဆို​တော့.. .မင်​းက ခု ဒီ​နေရာက​နေ…လမ်​းမကြီး​ပေါ် ထွက်​ရင်​ ဘယ်​နား​ရောက်​မှာလဲ …”လို့ ​မေးလိုက်​​တော့…”​ဇေကမ္ဘာ​ဆောက်​လုပ်​​ရေး..က​နေ ဖြတ်​မှာတဲ့…”ဘုရား​ရေ…ကျမသိတာ​ပေါ့ ..​ဇေကမ္ဘာ​ဆောက်​လုပ်​​ရေး ဝန်​း ဆိုတာ လူအရမ်​းပြတ်​တာ….​ပြောရင်​း ဆက်​သွား​တော့ ​ရွှေ​ပေါက္ကံက​နေ တံတား​လေးကို ဖြတ်​ဖို့ အလုပ်​….​​မြောင်​းတခုကို ဖြတ်​ထိုးထားတဲ့ တံတားက ကျိုး​နေတယ်​..ဖြတ်​မရ​တော့ ​မြောင်​း​ဘေး တစ်​​လျှောက်​ကို ချက်​ချင်​း ​ကွေ့လိုက်​တယ်​…
ညာဖက်​ကို​ပေါ့  ဘယ်​ဖက်​က အမှိုက်​ပုံကြီး… အမှိုက်​​ကောက်​လူငယ်​ နှစ်​​ယောက်​ရှိ​နေတယ်​.. အဲ့ဒီတော့ ညာဖက်​​ကွေ့ရတယ်​.ညာဖက်​က မှောင်​မိုက်​​နေတဲ့လမ်​း..လူ​နေအိမ်​​တွေနဲ့အလှမ်​း​ဝေး​နေပြီ …​ကွေ့မရဘူး.. ခဲဗြုတ်​​တွေ …သံတိုသံစ အပုံကြီးနဲ့..ပိတ်​​နေ​တော့ အတင်​းတိုး​နေ​သေးတာ..ကိုယ်​​တွေ ဆီကိုလဲ ဇင်​လင်​းကို ​ရော…သူ့​ဖေ ​ရောက ဖုန်​းလာ​နေပြီ…Speakerဖွင်​့​ပေးထားလိုက်​တယ်​…”ဆရာမ …ဆင်​း​တော့…​ရွှေ​ပေါက္ကံ​ရောက်​စရာ အ​ကြောင်​းမရှိဘူး..​ဇေကမ္ဘာ​ဆောက်​လုပ်​​ရေး ဝန်​းထဲက ဖြတ်​စရာကို အ​ကြောင်​းမရှိတာ…တဲ့”
ကားသမား ကလဲ မူပျက်​​နေပြီ…အဲ့အချိန်​…ကျမနဲ့ ​ဖေ​ဖေ့ကို ​အော်​တယ်​..”ခင်​ဗျား တို့ လုပ်​တာ နဲ့ လမ်​းမှားကုန်​ပြီတဲ့..”ဖုန်​းထဲကလဲ ဦး​လေး က ပြန်​​အော်​တယ်​…​ဖေ​ဖေကလဲ ထ​အော်​​နေပြီ..”ဟ​ရောင်​…မင်​း ကားတံခါး lock ချထားတာ..ဖွင့်​စမ်​း…”ဆင်​းမယ်​ ဆိုပြီး လုပ်​​တော့.. back ပြန်​ဆုတ်​ ..လာရာလမ်​းပြန်​ထွက်​လာ​တော့ …ရပ်​ကွက်​ထဲက လက်​ဖက်​ရည်​ ဆိုင်​​လေးရယ်​ ကုန်​စုံဆိုင်​​လေးရယ်​ က ပိတ်​ဖို့စီစဉ်​​နေချိန်​ ဝိုင်​းအုံကြည်​့​တော့ လန်​့ပြီးချ​ပေးလိုက်​တာ..
ချ​ပေးတာက လမ်​းခွဲ​လေးတ​နေရာ… .”လမ်​းမ​ပေါ်ချ​ပေးခဲ့မယ်​တဲ့..”.. “မလိုက်​ဘူး လို့…”ဆင်​းခဲ့​တော့ ကုန်​စုံဆိုင်​​က မိသားစု​တွေက ဝိုင်​းကူညီကြတယ်​..ဖြစ်​​ကြောင်​းကုန်​စင်​ ​ပြောပြ​တော့… သူတို့မိသားစုက ​ပြောတယ်​…”အဲ့ဒါ တကယ်​ပဲ လမ်​းမှားသွားလို့…တဲ့ကျမတို့ ခု ဒီလမ်​းခွဲက​နေ ​ဟိုဖက်​မှာလဲ ​ဇေကမ္ဘာထဲဝင်​တဲ့တစ်​​ပေါက်​ရှိ​သေးတယ်​ တဲ့ …အထဲ​ရောက်​တာနဲ့ ​မှောင်​မည်​း ​နေပြီး.. ၄​လောင်​းပြိုင်​၅​လောင်​းပြိုင်​​တွေ အသတ်​ခံထားရတဲ့​နေရာကြီး..တဲ့..
ဟိုတံတား​လေးကလဲ ကျိုး​နေလို့တဲ့မကျိုးလို့ ဖြတ်​လိုက်​တာနဲ့ ​ဇေကမ္ဘာထဲ ​ရောက်​ပြီတဲ့…”ဇင်​လင်​းကို တို့ သားအဖကလဲ ​မှော်​ဘီ က​နေ လာကြို​နေပြီ…ကျမတို့ သားအဖနဲ့ သမီး​လေးလဲ… ​ဘေးကင်​းသွားပြီ..အိမ်​ဦးနတ်​ ကလဲ အ​ဝေးတ​နေရာက​နေ ဖုန်​းတဂွမ်​ဂွမ်​ဆက်​ စိတ်​ပူ​နေပြီ….ခု ည ၁၂ အတိမှ ​မှော်​ဘီ အိမ်​ကို ပြန်​​ရောက်​ပါတယ်​….
ကျမတို့ ကို တကယ်​ပဲ ကြံစည်​ခဲ့တာ…လူယုတ်​မာ…ကျမ မနက်​ဖြန်​.. ကညန က တဆင်​့ Owner ကို ရှာမှာပါ..အငှါး​မောင်​းသူ ဖြစ်​​နေရင်​ သတိထားဖို့ အ​ကြောင်​းကြားပါမယ်​.. အဲ့ကားက​နေ တခြားကား​ပြောင်​း​မောင်​းရင်​​တော့.. ? ? ?အားလုံး ပဲ သတိ / ဝီရိယ ထားကြပါ…ကျမက ခါး​ဆေးခန်​းပြလာတဲ့ ဂီလာန၊ ကျမ ​ဖေ​ဖေက က​လေး​လေး ချီထား​တော့ … သင်္ကန်​းကျွန်​းမသွားခင်​ကတည်​းက အကြံရှိပုံပါပဲ…
ကျမတို့ ​မြေးအဘိုး ၃​ယောက်​ ​သေ​ဘေးက သီသီ​လေး လွတ်​ခဲ့ပါတယ်​…တံတား​လေးကျိုး​နေတာကို ​ကျေးဇူးတင်​မိပါတယ်​…မနက်​/ည​တွေ ပဌာန်​းရွတ်​…ဘုရားတရား လုပ်​​နေခဲ့မိတာ​တွေအတွက်​…. မမြင်​ရတဲ့ နတ်​​ကောင်​းနတ်​မြတ်​​တွေကို ​ကျေးဇူးတင်​ပါတယ်​.. ….”အားလုံး ပဲ…Grab ကိုပဲ ငှါးစီးကြပါ…ကျမလို သတိလက်​လွတ်​မဖြစ်​မိပါ​စေနဲ့…အကယ်​၍.. .. ​ဖေ​ဖေသာ…ရန်​ကုန်​ မြို့ လမ်​း​တွေကို မကျွမ်​းကျင်​ခဲ့ရင်​…..? ? ? အကယ်​၍ ကျမသာ ..​မြောက်​ဥက္ကလာလမ်​း​တွေကို မကျွမ်​းကျင်​ခဲ့ရင်​.. ..? ? ?အကယ်​၍ ကျမတပည်​့သာ..သူ့အ​ဖေကို ​ရွှေ​ပေါက္ကံအ​ကြောင်​း မ​မေးဖြစ်​ခဲ့ရင်​……? ? ?
အကယ်​၍ တံတား​လေးသာ ကျိုးမ​နေခဲ့ရင်​…..? ? ?အကယ်​၍.. တံတား​လေးကိုသာ ဖြတ်​ပြီးသွားရင်​….? ? ? ? ?
(ခု …post ကို ကား Owner ပဲ မြင်​မြင်​​မောင်​းတဲ့ Driver ပဲ မြင်​မြင်​ကျမဖက်​က Welcome ပါ…
တရားရုံး နဲ့. ကျမရဲ့ အ​မေး​တွေကို ​ကောင်​း​ကောင်​း​ဖြေဖို့ပါ တခါတည်​း ပြင်​ဆင်​ ထားပါ )
Khaing Zinwint
Zin Moe
=
=
Related posts