Search
..

ကုန္းေဘာင္ေခတ္နန္းတြင္းတရားဝင္လူသတ္ပြဲ

ကုန္းေဘာင္ေခတ္နန္းတြင္းတရားဝင္လူသတ္ပြဲ

ေအာက္ျမန္မာ နိူင္ငံကိုအဂၤလိပ္္တို႕သိမ္းပိုက္ျပီးသကာလ အထက္ျမန္မာျပည္ရွင္ဘုရင္

မင္းတုန္းမင္းသည္ 1878စက္တက္ဘာ 19တြင္အျပင္းအထန္နာမက်န္း ျဖစ္ေတာ္မူသည္။

အိမ္ေရွ႕စံ ကေနာင္မင္းသားျကီးလဲ ျမင္းကြန္း ျမင္းခုံတိုင္ အေရးအခင္းတြင္လုပ္ျကံခံရေသာ ေျကာင့္

အိမ္ ေရွ႕စံအရာ မွာလစ္ဟာလ်က္ ရိွသည္။

ထို႕ေျကာင့္ ကင္းဝန္းမင္းျကီးဦးေကာင္း ၊တိုင္းတာမင္းျကီးႏွင့္ဆင္ျဖဴမရွင္မိဖုရားျကီးတို႕

အိမ္ေရွ႕အရာအတြက္ လဴိ႕ဝွက္စြာ တိုင္ပင္ျကသည္။ဆက္ခံ ႏိူင္ရန္အလားလာ ရိွေသာ

မင္းညီမင္းသား မ်ားကိုစာရင္းျပဳစုျကသည္။

ထို အခ်ိန္ ကနန္းတြင္းအာဏာကို ဆင္ျဖဴမရွင္ မိဖုရားျကီးက ခဴပ္ကိုင္ထားသည္။

ထို လူေရြးပြဲတြင္ အရည္ ခ်င္းရိွေသာ မင္းသားျကီးမ်ား ကို ေက်ာ္ျဖတ္ကာ ေလာင္းရွည္မိဖုရား၏

သားေတာ္ သီေပါ မင္းသားငယ္ ကို အိမ္ေရွ႕အရာအျဖစ္ ထူးဆန္းစြာ ေရြးခ်ယ္သည္။

ကင္းဝန္မင္းျကီးအေနျဖင့္ သီေပါမင္းကို အိမ္ေရွ႕စံ အျဖစ္ ေရြးခ်ယ္ရျခင္းမွာ အေျကာင္းရိွသည္။

ကင္းဝန္မင္းျကီးသည္စည္းမ်ဥ္းခံဘုရင္စနစ္ ကိုလိုလားသည္။

ထို စနစ္ျဖင့္နိူင္ငံေတာ္ ကို ဥေရာပ ႏိူင္ငံမ်ားကဲ႕သို႕ ျပဳျပင္ေျပာင္းလဲလိုသည္။

လက္ရိွက်င့္သုံးေနေသာပေဒသရာဇ္ စနစ္ ကို မနွစ္ျမိဳ႕။

ေအာက္ျမန္မာနိူင္ငံအဂၤလိပ္ လက္ေအာက္သို႕က်ေရာက္ရျခင္းမွာထိုစနစ္၏

အားနည္းခ်က္မ်ားေျကာင့္ဟုယူဆထားသည္။

စည္မ်ဥ္းခံဘုရင္စနစ္ကို၏ အေျကာင္းကိုဓါးထက္သည့္ပေဒသရာဇ္ မင္းသားမ်ားျဖစ္ေသာ

မကၡရာမင္းသား ေညာင္းရမ္းသား သုံးဆယ္မင္းသား မ်ားေရွ႕တြင္ေျပာမိလ်ွင္

ကင္းဝန္မင္းျကီး ေခါင္းျပတ္သြားနိူင္သည္။

ထို႕ေျကာင့္ဘသေဘာထား ေပ်ာ့ေျပာင္းပီး စိတ္ထားနူးညံသည့္ သီေပါမင္းသားသာလ်ွင္

ထိုစနစ္ကို လက္ခံႏိူင္မည္။မိမိတို႕ျကိုးဆြဲရာကမည္။

ထို႕ေျကာင့္သီေပါမင္းသားကို ေရြးခ်ယ္ ျခင္းျဖစ္သည္။

ဆင္ျဖဴမရွင္ မိဖုရားျကီး သီေပါမင္းအား အိမ္ေရွ႕စံအျဖစ္ ေရြးခ်ယ္ရျခင္းမွာ

မိမိသမီးေတာ္မ်ားနွင့္ ေပးစားျပီး တိုင္းျပည္အာဏာ

ကို စိတ္တိုင္းက် ခ်ယ္လွယ္လိုျခင္းေျကာင့္ျဖစ္သည္။

1878ေအာက္တိုဘာ1ရက္ေန႕တြင္ မင္းတုန္းမင္းျကီးနတ္ရြာစံေတာ္မူ သည္။

ထို အခါ ဆင္ျဖဴမရွင္ မိဖုရားျကီးသည္ “မင္းတုန္းမင္းတရား ျကီးသည္ မျကာမီွ

အခ်ိန္အတြင္း နတ္ရြာစံေတာ္မည္ ျဖစ္ပါေသာေျကာင့္သားေတာ္ သမီးေတာ္ မ်ားကို ေနာက္ဆုံးအေနျဖင့္ ျမင္သြားခ်င္သည္။

ထိုေျကာင့္ မည္သည့္ တုတ္ဓါးလက္နက္ အပ္တို တစ္ေခ်ာင္းမွ မယူေဆာင္ဘဲ မင္းတုန္းမင္း

ေရွ႕ေမွာက္သို႕အခစားဝင္ျကရမည္””ဟုပရိယာယ္ျဖင့္အမိန္ ႔ထုတ္သည္။ထိုေနာက္ ေျကးတိုက္ေတာ္တြင္ ဖမ္းဆီး ခဴပ္ေနွာင္သည္။

ထိုပရိယာယ္ကိုျကိုတင္ရိပ္စားမိေသာ မင္းသားအခဴိ႕ႏွင့္ နယ္ေဝးသို႕ေရာက္ရိွေနေသာ

မင္းသားအခဴိ႕မွာ လြတ္ေျမာက္သြားျကသည္။့သီေပါမင္းအား အိမ္ေရွ႕စံ အျဖစ္ ဘိသိတ္သြန္းသည္။

ထိုေနာက္ နန္းမလုနိူင္ေအာင္ ဖမ္းဆီးထားေသာမင္းညီမင္းသားမ်ားကို နန္းတြင္းဓေလ့နွင့္အညီသုတ္သင္သည္။

သုတ္သင္ပုံမွာ “မင္းသားတစ္ေယာက္ကိုေက်ာက္ဖ်ာေပါတြင္ ဒူးေထာက္ေနေစသည္။

ထိုေနာက္ဆံထုံးအားေနာက္သို႕ လန္ဆြဲသည္။

လည္မဴိ ကိုဝါးရင္းတုတ္ျဖင့္ ရိုက္၍ေသေစသည္။

ထိုသို႕စီရင္ရျခင္းမွာမင္းဆီမင္းေသြးေျမသို႕ မက်ေစလို႕ေသာေျကာင္ျဖစ္သည္။

ထိုလူသတ္ပြဲမွာ နန္းတြင္းအာဏာပိုင္မ်ားပါဝင္ ပတ္သတ္ခဲ႕ေသာေျကာင့္ ထိုလူသတ္ပြဲကို

အေနာက္နိူင္ငံသားအေဂၤလိပ္တို႕က ကုန္းေဘာင္နန္းတြင္းတရားဝင္ လူသတ္ပြဲဟု အမည္ေပးခဲ႕ျကသည္။

ကိုးကား-ကုန္းေဘာင္ရာဇဝင္

ရဲ ရင့္ ထြန္း

===========

ကုန်းဘောင်ခေတ်နန်းတွင်းတရားဝင်လူသတ်ပွဲ

အောက်မြန်မာ နိူင်ငံကိုအင်္ဂလိပ််တို့သိမ်းပိုက်ပြီးသကာလ အထက်မြန်မာပြည်ရှင်ဘုရင်

မင်းတုန်းမင်းသည် 1878စက်တက်ဘာ 19တွင်အပြင်းအထန်နာမကျန်း ဖြစ်တော်မူသည်။

အိမ်ရှေ့စံ ကနောင်မင်းသားကြီးလဲ မြင်းကွန်း မြင်းခုံတိုင် အရေးအခင်းတွင်လုပ်ကြံခံရသော ကြောင့်

အိမ် ရှေ့စံအရာ မှာလစ်ဟာလျက် ရှိသည်။

ထို့ကြောင့် ကင်းဝန်းမင်းကြီးဦးကောင်း ၊တိုင်းတာမင်းကြီးနှင့်ဆင်ဖြူမရှင်မိဖုရားကြီးတို့

အိမ်ရှေ့အရာအတွက် လိူ့ဝှက်စွာ တိုင်ပင်ကြသည်။ဆက်ခံ နိူင်ရန်အလားလာ ရှိသော

မင်းညီမင်းသား များကိုစာရင်းပြုစုကြသည်။

ထို အချိန် ကနန်းတွင်းအာဏာကို ဆင်ဖြူမရှင် မိဖုရားကြီးက ခူပ်ကိုင်ထားသည်။

ထို လူရွေးပွဲတွင် အရည် ချင်းရှိသော မင်းသားကြီးများ ကို ကျော်ဖြတ်ကာ လောင်းရှည်မိဖုရား၏

သားတော် သီပေါ မင်းသားငယ် ကို အိမ်ရှေ့အရာအဖြစ် ထူးဆန်းစွာ ရွေးချယ်သည်။

ကင်းဝန်မင်းကြီးအနေဖြင့် သီပေါမင်းကို အိမ်ရှေ့စံ အဖြစ် ရွေးချယ်ရခြင်းမှာ အကြောင်းရှိသည်။

ကင်းဝန်မင်းကြီးသည်စည်းမျဉ်းခံဘုရင်စနစ် ကိုလိုလားသည်။

ထို စနစ်ဖြင့်နိူင်ငံတော် ကို ဥရောပ နိူင်ငံများကဲ့သို့ ပြုပြင်ပြောင်းလဲလိုသည်။

လက်ရှိကျင့်သုံးနေသောပဒေသရာဇ် စနစ် ကို မနှစ်မြို့။

အောက်မြန်မာနိူင်ငံအင်္ဂလိပ် လက်အောက်သို့ကျရောက်ရခြင်းမှာထိုစနစ်၏

အားနည်းချက်များကြောင့်ဟုယူဆထားသည်။

စည်မျဉ်းခံဘုရင်စနစ်ကို၏ အကြောင်းကိုဓါးထက်သည့်ပဒေသရာဇ် မင်းသားများဖြစ်သော

မက္ခရာမင်းသား ညောင်းရမ်းသား သုံးဆယ်မင်းသား များရှေ့တွင်ပြောမိလျှင်

ကင်းဝန်မင်းကြီး ခေါင်းပြတ်သွားနိူင်သည်။

ထို့ကြောင့်ဘသဘောထား ပျော့ပြောင်းပီး စိတ်ထားနူးညံသည့် သီပေါမင်းသားသာလျှင်

ထိုစနစ်ကို လက်ခံနိူင်မည်။မိမိတို့ကြိုးဆွဲရာကမည်။

ထို့ကြောင့်သီပေါမင်းသားကို ရွေးချယ် ခြင်းဖြစ်သည်။

ဆင်ဖြူမရှင် မိဖုရားကြီး သီပေါမင်းအား အိမ်ရှေ့စံအဖြစ် ရွေးချယ်ရခြင်းမှာ

မိမိသမီးတော်များနှင့် ပေးစားပြီး တိုင်းပြည်အာဏာ

ကို စိတ်တိုင်းကျ ချယ်လှယ်လိုခြင်းကြောင့်ဖြစ်သည်။

1878အောက်တိုဘာ1ရက်နေ့တွင် မင်းတုန်းမင်းကြီးနတ်ရွာစံတော်မူ သည်။

ထို အခါ ဆင်ဖြူမရှင် မိဖုရားကြီးသည် “မင်းတုန်းမင်းတရား ကြီးသည် မကြာမှီ

အချိန်အတွင်း နတ်ရွာစံတော်မည် ဖြစ်ပါသောကြောင့်သားတော် သမီးတော် များကို နောက်ဆုံးအနေဖြင့် မြင်သွားချင်သည်။

ထိုကြောင့် မည်သည့် တုတ်ဓါးလက်နက် အပ်တို တစ်ချောင်းမှ မယူဆောင်ဘဲ မင်းတုန်းမင်း

ရှေ့မှောက်သို့အခစားဝင်ကြရမည်””ဟုပရိယာယ်ဖြင့်အမိန် ့ထုတ်သည်။ထိုနောက် ကြေးတိုက်တော်တွင် ဖမ်းဆီး ခူပ်နှောင်သည်။

ထိုပရိယာယ်ကိုကြိုတင်ရိပ်စားမိသော မင်းသားအခိူ့နှင့် နယ်ဝေးသို့ရောက်ရှိနေသော

မင်းသားအခိူ့မှာ လွတ်မြောက်သွားကြသည်။့သီပေါမင်းအား အိမ်ရှေ့စံ အဖြစ် ဘိသိတ်သွန်းသည်။

ထိုနောက် နန်းမလုနိူင်အောင် ဖမ်းဆီးထားသောမင်းညီမင်းသားများကို နန်းတွင်းဓလေ့နှင့်အညီသုတ်သင်သည်။

သုတ်သင်ပုံမှာ “မင်းသားတစ်ယောက်ကိုကျောက်ဖျာပေါတွင် ဒူးထောက်နေစေသည်။

ထိုနောက်ဆံထုံးအားနောက်သို့ လန်ဆွဲသည်။

လည်မိူ ကိုဝါးရင်းတုတ်ဖြင့် ရိုက်၍သေစေသည်။

ထိုသို့စီရင်ရခြင်းမှာမင်းဆီမင်းသွေးမြေသို့ မကျစေလို့သောကြောင်ဖြစ်သည်။

ထိုလူသတ်ပွဲမှာ နန်းတွင်းအာဏာပိုင်များပါဝင် ပတ်သတ်ခဲ့သောကြောင့် ထိုလူသတ်ပွဲကို

အနောက်နိူင်ငံသားအင်္ဂေလိပ်တို့က ကုန်းဘောင်နန်းတွင်းတရားဝင် လူသတ်ပွဲဟု အမည်ပေးခဲ့ကြသည်။

ကိုးကား-ကုန်းဘောင်ရာဇဝင်

ရဲ ရင့် ထွန်း

=
=

Related posts