Search
..
THE VOICE MYANMAR ဒိုင်တွေကို မျက်လုံးပြူးအောင်လုပ်ပြီး နီနီခင်ဇော်ကို အိမ်ခေါ်သွားမယ်ဆိုတဲ့ ကိုမောင်မောင်အေး
THE VOICE MYANMAR က နည်းပြတွေကို လာနောက်သွားတဲ့ ကိုမောင်မောင်အေး
MRTV 4 ကနေတင်ဆက်ပြသနေတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ ပဟေဋိ တွေဖြစ်သွားခဲ့ပါတယ်။ နည်းပြတွေ နဲ့ ပရိသတ်တွေကို လက်ဖျားခါအောင် လုပ်သွားနိုင်သူကတော့ ကိုမောင်မောင်အေးဘဲဖြစ်ပါတယ်။ သူက နည်းပြလေးယောက် ဇဝေဇဝါ ဖြစ်အောင် လာနောက်သွားခဲ့တာပါ။ ကောင်းဘွိုင်ဦီးထုတ်ကြီးဆောင်း ၊ မျက်မှန်အနက်ကြီးတပ်ပြီး ဆံပင်အရှည်နဲ့ လုံးဝအလန်းစား ဦးချွန်ဖိနပ် တစ်ဒေါက် ဒေါက်နဲ့ စင်ပေါ်မှာ Rock အပြင်းစား အသံနဲ့ “Everytime It Rains” သီချင်းကို တစ်ကယ့်ကို အသံပါ၀ါကောင်းကောင်းနဲ့ဖျော်ဖြေခဲ့ပါတယ်။
ဒီလိုဖျော်ဖြေမှုတွေကြောင့် ထူးခြားနေလို့ နည်းပြတွေအားလုံး လှုပ်လှုပ်ရှားရှားတွေ ဖြစ်ကုန်ကြပါတယ်။အဲ့ဒီအထဲမှာ အရင်ဆုံး ခန့်မှန်းမိတာကတော့ ဟန်ထူးလွင်ပါ ။သူကတော့ စတင်သီဆိုချိန်မှာလဲ ခန့်မှန်းမိခဲ့ပေမယ့် ကျန်တဲ့ ၃ယောက်ကတော့ မသိခဲ့ကြပါဘူး။ နောက်ဆုံးမှာတော့ လင်းလင်းတစ်ယောက်သာလှည့်မကြည့်ဘဲ ကျန်တဲ့နည်းပြ ၃ယောက်လုံးကလှည့်ကြည့် သွားခဲ့ပါတယ်။
The Voice Myanmar Blind Audition episode 5 မှာ ကိုမောင်မောင်အေး ရဲ့ လှည့်ကွက်ကို နည်းပြတွေသာမက ပရိသတ်တွေပါ အံ့အားသင့်ခဲ့ရတာပါ။ သူကလဲ ဒီလိုစနောက်ဖို့အတွက် ငရဲကျသလိုခံစားနေရတဲ့ ဆံပင်အတုကြီး စွတ်ကာ ဒုက္ခခံပြီး စနောက်သွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လဲ သူသီဆိုသွားတဲ့ အသံကောင်းရဲ့လား ဆိုတာကို ပရိသတ်ကြီးက ကြည့်ရှု့ဝေဖန်ပေးလိုက်ကြပါဦးနော် ။
ကိုမောင်မောင်အေးရဲ့ သီဆိုဟန်ကို အားပေးတယ်ဆိုရင် Like & Share လေးလုပ်သွားကြပါဦးနော်။ ချစ်ရပါသောမိုမိုလေးပရိသတ်ကြီး ကျေးဇူးအထူးတင်ရှိပါတယ်။
ကိုကိုမောင်မောင်အေးရဲ့ သီဆိုမှု
=
=
Related posts