Search
..

တစ္ကမၻာလံုးအေပၚကို အာဏာသက္ေရာက္မယ္ဆိုတဲ့ ေဟာကိန္းထြက္ေပၚေနတဲ့ ႐ုရွားသမၼတ,ပူတင္

တစ္ကမၻာလံုးကို အာဏာသက္ေရာက္မယ္ဆိုတဲ့ ေဟာကိန္းထြက္ေပၚေနတဲ့႐ုရွားသမၼတ,ပူတင္

႐ုရွားႏုိင္ငံမွာ (၆)ႏွစ္တစ္ႀကိမ္ ျပဳလုပ္က်င္းပတဲ့ သမၼတေရြးေကာက္ပြဲကို ျပီးခဲ့တဲ့ တနဂၤေႏြေန႔က က်င္းပခဲ့ရာ သမၼတပူတင္ကပဲ မဲ (၇၆.၆)ရာခိုင္ႏႈန္းနဲ႔ အႏုိင္ရခဲ့ျပီး ေနာက္ထပ္ (၆)ႏွစ္ၾကာ သမၼတရာထူးကို ထမ္းေဆာင္ရေတာ့မွာ ျဖစ္ပါတယ္။ (၆၅)ႏွစ္ရိွျပီျဖစ္တဲ့ သမၼတဟာ (၄)ႀကိမ္ေျမာက္ ျပန္လည္ေရြးေကာက္ တင္ေျမွာက္ခံရျခင္းျဖစ္ျပီး ႐ုရွားႏုိင္ငံေရးကိုလည္း (၁၈)ႏွစ္ၾကာ အုပ္စိုးခဲ့သူ ျဖစ္ပါတယ္။

႐ုရွားႏုိင္ငံကို (၂၀၂၄)ခုႏွစ္အထိ အုပ္စိုးမယ့္ ပူတင္အတြက္ ထူးျခားတဲ့ ခန္႔မွန္းမႈေတြလည္း အခုလိုရိွေနပါတယ္။ အေမရိကန္ကမၻာ့ကုန္သြယ္ေရးစင္တာႀကီးကို အိုစမာဗင္လာဒင္ျဖိဳခ်ခဲ့တဲ့ 9/11 ျဖစ္ရပ္ကိုေတာင္ ႀကိဳတင္ေဟာကိန္းထုတ္ခဲ့တဲ့ ဘူေဂးရီးယား အၾကားအျမင္အဖြားအို Baba Vanga ဟာ သူမ မကြယ္လြန္ခင္မွာ ပူတင္ဟာ ကမၻာႀကီးကို အုပ္စိုးမယ့္သူ ျဖစ္လာမွာျဖစ္ေၾကာင္း ေဟာကိန္းထုတ္္ခဲ့တာပါ။

Baba Vanga ဟာ (၁၉၉၆)ခုႏွစ္ အသက္ (၈၅)ႏွစ္အရြယ္မွာ ကြယ္လြန္ခဲ့တာျဖစ္ျပီး သူမရဲ႕ ေဟာကိန္းတိုင္းက (၈၅)ရာခိုင္ႏႈန္းအထိ မွန္လ်က္ရိွေနပါတယ္။ (၁၉၇၉)ခုႏွစ္တုန္းက Vanga ဟာ ႐ုရွားက ကမၻာ့သခင္ျဖစ္လာမွာ ျဖစ္ျပီး ဥေရာပက အသံုးမဝင္တဲ့ နယ္ေျမျဖစ္လာမွာဆိုကာ ေဟာကိန္းထုတ္ခဲ့ပါတယ္။ သူမရဲ႕ ေဟာကိန္းကေတာ့- “အားလံုးဟာ ေရခဲကဲ့သို႔ အရည္ေပ်ာ္သြားျပီး ဗလာဒီမာရဲ႕ ဂုဏ္က်က္သေရတစ္ခုသာ က်န္ရိွခဲ့မွာျဖစ္တယ္။ ဘယ္သူမွ ႐ုရွားကို တားဆီးလို႔ရႏုိင္မွာ မဟုတ္ဘဲ ကမၻာ့ရဲ႕ အရွင္သခင္ျဖစ္လာလိမ့္မယ္” ဆိုျပီး ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ (၁၈)ႏွစ္ကတည္းက ႐ုရွားသမၼတျဖစ္ခဲ့တဲ့ ပူတင္ဟာ ယခုေရြးေကာက္ပြဲရလဒ္ေၾကာင့္ ေနာက္ထပ္ (၆)ႏွစ္ ဆက္လက္ အုပ္စိုးရဦးမွာလည္းျဖစ္ပါတယ္။ အဖြားအို Vanga ဟာ ယူေကႏုိင္ငံက ဥေရာပအဖြဲ႔အစည္းမွ ႏုတ္ထြက္ျပီး ဥေရာပလည္း (၂၀၁၆)ခုႏွစ္မွာ ပ်က္သုဥ္းမယ္လို႔ ေဟာခဲ့ပါတယ္။ အကုန္မမွန္ေပမယ့္လည္း ယူေကႏုိင္ငံက ဥေရာပထဲက ႏုတ္ထြက္ခဲ့တာကေတာ့ လံုးဝမွန္ေနခဲ့ပါတယ္။

ယခုကစျပီးေတာ့လည္း Baba Vanga ေဟာခဲ့တဲ့ ပူတင္ရဲ႕ အာဏာႀကီးမားမႈ တကယ္ျဖစ္လာႏုိင္မလားဆိုတာ စိတ္ဝင္စားစြာနဲ႔ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

White (Shwemom)

Ref: Dailymail, CNN

============

တစ်ကမ္ဘာလုံးကို အာဏာသက်ရောက်မယ်ဆိုတဲ့ ဟောကိန်းထွက်ပေါ်နေတဲ့ရုရှားသမ္မတ,ပူတင်

ရုရှားနိုင်ငံမှာ (၆)နှစ်တစ်ကြိမ် ပြုလုပ်ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့ရာ သမ္မတပူတင်ကပဲ မဲ (၇၆.၆)ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့ပြီး နောက်ထပ် (၆)နှစ်ကြာ သမ္မတရာထူးကို ထမ်းဆောင်ရတော့မှာ ဖြစ်ပါတယ်။ (၆၅)နှစ်ရှိပြီဖြစ်တဲ့ သမ္မတဟာ (၄)ကြိမ်မြောက် ပြန်လည်ရွေးကောက် တင်မြှောက်ခံရခြင်းဖြစ်ပြီး ရုရှားနိုင်ငံရေးကိုလည်း (၁၈)နှစ်ကြာ အုပ်စိုးခဲ့သူ ဖြစ်ပါတယ်။

ရုရှားနိုင်ငံကို (၂၀၂၄)ခုနှစ်အထိ အုပ်စိုးမယ့် ပူတင်အတွက် ထူးခြားတဲ့ ခန့်မှန်းမှုတွေလည်း အခုလိုရှိနေပါတယ်။ အမေရိကန်ကမ္ဘာ့ကုန်သွယ်ရေးစင်တာကြီးကို အိုစမာဗင်လာဒင်ဖြိုချခဲ့တဲ့ 9/11 ဖြစ်ရပ်ကိုတောင် ကြိုတင်ဟောကိန်းထုတ်ခဲ့တဲ့ ဘူဂေးရီးယား အကြားအမြင်အဖွားအို Baba Vanga ဟာ သူမ မကွယ်လွန်ခင်မှာ ပူတင်ဟာ ကမ္ဘာကြီးကို အုပ်စိုးမယ့်သူ ဖြစ်လာမှာဖြစ်ကြောင်း ဟောကိန်းထုတ််ခဲ့တာပါ။

Baba Vanga ဟာ (၁၉၉၆)ခုနှစ် အသက် (၈၅)နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး သူမရဲ့ ဟောကိန်းတိုင်းက (၈၅)ရာခိုင်နှုန်းအထိ မှန်လျက်ရှိနေပါတယ်။ (၁၉၇၉)ခုနှစ်တုန်းက Vanga ဟာ ရုရှားက ကမ္ဘာ့သခင်ဖြစ်လာမှာ ဖြစ်ပြီး ဥရောပက အသုံးမဝင်တဲ့ နယ်မြေဖြစ်လာမှာဆိုကာ ဟောကိန်းထုတ်ခဲ့ပါတယ်။ သူမရဲ့ ဟောကိန်းကတော့- “အားလုံးဟာ ရေခဲကဲ့သို့ အရည်ပျော်သွားပြီး ဗလာဒီမာရဲ့ ဂုဏ်ကျက်သရေတစ်ခုသာ ကျန်ရှိခဲ့မှာဖြစ်တယ်။ ဘယ်သူမှ ရုရှားကို တားဆီးလို့ရနိုင်မှာ မဟုတ်ဘဲ ကမ္ဘာ့ရဲ့ အရှင်သခင်ဖြစ်လာလိမ့်မယ်” ဆိုပြီး ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ (၁၈)နှစ်ကတည်းက ရုရှားသမ္မတဖြစ်ခဲ့တဲ့ ပူတင်ဟာ ယခုရွေးကောက်ပွဲရလဒ်ကြောင့် နောက်ထပ် (၆)နှစ် ဆက်လက် အုပ်စိုးရဦးမှာလည်းဖြစ်ပါတယ်။ အဖွားအို Vanga ဟာ ယူကေနိုင်ငံက ဥရောပအဖွဲ့အစည်းမှ နုတ်ထွက်ပြီး ဥရောပလည်း (၂၀၁၆)ခုနှစ်မှာ ပျက်သုဉ်းမယ်လို့ ဟောခဲ့ပါတယ်။ အကုန်မမှန်ပေမယ့်လည်း ယူကေနိုင်ငံက ဥရောပထဲက နုတ်ထွက်ခဲ့တာကတော့ လုံးဝမှန်နေခဲ့ပါတယ်။

ယခုကစပြီးတော့လည်း Baba Vanga ဟောခဲ့တဲ့ ပူတင်ရဲ့ အာဏာကြီးမားမှု တကယ်ဖြစ်လာနိုင်မလားဆိုတာ စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

White (Shwemom)

Ref: Dailymail, CNN

=
=

Related posts