Search
..

သ႐ုပ္ေဆာင္ ဇဏ္ခီ၏ အျမင္….မုန္းတီးေနတဲ့လူေတြဟာ အစြဲတစ္ခုေၾကာင့္ပါ။

ဥပါယ္တံမ်ဥ္သ႐ုပ္ေဆာင္ မင္းသားဇဏ္ခီ၏ လူမ်ဳိးေရး ဘာသာေရးအျမင္

က်ေနာ္ ငယ္ငယ္က အစြဲအားႀကီးႀကီးခဲ့တယ္။ မႏၲေလးသားဆိုေတာ့ သာေတာင္ဆိုးေသး။

မႏၲေလးေလာက္ေကာင္းတာ ဘယ္မွာမွမရိွ။ အစားအေေသာက္ခ်င္း ယွဥ္မလား…

ယဥ္ေက်းမႈခ်င္း ယွဥ္မလား ခမ္းနားမႈခ်င္း ယွဥ္မလား လူလူခ်င္း ယွဥ္မလား အားလံုးနားထား မႏၲေလး မွ မႏၲေလး.. မႏၲေလး မဟာျမတ္္မုနိက ရန္ကုန္က ေရႊတိဂုံ ထက္ပိုသပၸါယ္တယ္လို႔ေတာင္ေတြးမိေသး..

အဲဒါကို စသလိုေနာက္သလိုလာမလုပ္လိုက္နဲ႔ ရန္ျဖစ္ဖို႔အသင့္ဘဲ။

ပဲမစားဘူး ဆင္းရဲတဲ့သူေတြစားလို႔ ဗုဒၶဘာသာဟာအေကာင္းဆံုး ငါ့ ဘုရားကတစ္ျခားဘုရားေတြအားလံုးထက္သာတယ္။

တစ္ျခားဘာသာဝင္တစ္ေယာက္ကမျငင္းလိုက္နဲ႔ပါးစပ္ေတြ လက္ေတြ ပါလာလိမ့္မယ္။

(ငယ္ငယ္က မိုးမႊန္ေအာင္အဆဲသန္ခဲ့ဖူးတယ္)Bon Jovi ဟာကမ႓ာေပၚမွာအေကာင္းဆံုး bandသေဘာမတူသူဟာ ရန္သူ။

ရုပ္ရွင္ထဲကလို လူမည္းေတြ (နီဂရိုး လို႔ေခၚခဲ့ဖူး) ဟာ အျပင္မွာလဲ လူဆိုးႀကီးေတြ.. (Mike Tyson နဲ႔ Eddie Murphy ကိုေတာ့အေသႀကိဳက္)

မြတ္ဆလင္ေတြ အကုန္လံုးဟာ အက်င့္မေကာင္းသူေတြ ျပည္ႀကီးကတရုပ္ေတြဟာ အကုန္အရိုင္းအစိုင္းေတြ တစ္ေယာက္မက်န္။

ထိုထိုေသာအစြဲမ်ားနဲ႔က်ေနာ္ အေမရီးကား ကိုေရာက္ရိွသြားပါတယ္။အေမရိကား မွာမွ New York ကိုေရာက္သြားတာပါ။

New York ၿမိဳ႕ဆိုတာက ကမ႓ာေပၚမွာရိွတဲ့လူမ်ိဳးေတြအကုန္လံုးနီးနီးေပါင္းေနၾကတဲ့ၿမိဳ႕..

မွတ္မိေသးတယ္ ေရာက္စက အေဒၚနဲ႔ၿမိဳ႕ထဲေလ်ွာက္လယ္ေတာ့ နီဂရိုး နီဂရိုး ဆိုၿပီးက်ယ္က်ယ္ေျပာေတာ့ အေဒၚက အသည္းအသန္တားခဲ့ရဖူးတယ္..အဲ့ဒါက က်ြန္ေခတ္တုန္းက အသံုးအႏႈန္း

ေက်ာင္းစတက္ေတာ့ English အတန္းေတြယူတဲ့အခ်ိန္မွာ ကိုယ့္လိုတစ္ျခားႏိုင္ငံက ေရာက္ခါစ immigrants မ်ားတဲ့ class ေတြယူရတယ္။ အဲ့ဒီမွာ ျပည္ႀကီးကတရုပ္ေတြနဲ႔ပက္ပင္းတိုးတာပဲ။ အရိုင္းအစိုင္းေတြဆိုတဲ့ေကာင္ေတြ။ ဘဂၤလားေဒ့(ရွ္) က ကုလားတစ္ခ်ိ ဳ႕လည္းရိွတယ္။ ဒါေပမယ့္လည္း ဒီလိုဘဲ စာအတူတူသင္ၾကရတာေပါ့။

တစ္ခုက US မွာကဒီမွာလို လူမ်ိ ဳးေရး ဘာသာေရးျပႆ နာ သိပ္မရိွေတာ့ အဲ့ဒီ့အေၾကာင္းေတြမေျပာၾကေတာ့ အခ်ိန္တစ္ခုအတြင္းမွာ သူငယ္ခ်င္းေတြျဖစ္သြားတာပါဘဲ။ Immigrants ေတြ ခ်င္းအတူတူပိုၿပီးေတာင္တစ္ေယာက္နဲ႔တစ္ေယာက္နားလည္လို႔ရတယ္။ ေနာက္ပိုင္းမွာ ေအာ္ geopolitics ဆိုတာဒါပါလားဆိုတာသေဘာေပါက္သြားတယ္။ေသေလာက္ေအာင္တစ္ေယာက္နဲ႔တစ္ေယာက္မုန္းတဲ့

လူမ်ိ ဳးေတြ တစ္ျခားႏိုင္ငံမွာၾကေတာ့ မိတ္ေဆြအရင္းႀကီးေတြျဖစ္လို႔ရေနတယ္။ ဒီအေတြးေတြကေနာက္ပိုင္းမွဝင္လာတာပါ။

Power of one ဆိုတဲ့ ေခါင္းစဥ္ဘယ္ကရလဲဆိုတာေျပာျပခ်င္တယ္။ က်ေနာ္ ငယ္ငယ္က basketball သမားတစ္ေယာက္ပါ။ Professional level ကိုသြားခ်င္ခဲ့ဖူးတယ္။ ေက်ာင္းဆင္းၿပီဆိုရင္ အိမ္ျပန္ဗိုက္ျဖည့္ၿပီးတာနဲ႔ ကြင္းကိုဦးဆံုးေရာက္ေအာင္သြားတယ္။ တစ္ေယာက္မွမရိွေတာ့တဲ့အခ်ိန္ထိကစားတယ္။ ေခ်ြးရႊဲရင္လဲဖို႔ အက်ီ ၤ သံုးထည္ပါတယ္။ သံုးထည္စလံုးရႊဲတယ္။ ဒီလိုနဲ႔ တစ္ရက္မွာ က်ေနာ္ေဆာ့ရင္းနဲ႔ ဒူးေခါက္သြားၿပီးဘယ္လိုမွထလို႔မရေအာင္ျဖစ္သြားတယ္ ကြင္းထဲမွာ တစ္နာရီေလာက္ထိုင္ၿပီးမွ အိမ္ကိုေထာ့နဲ႔ေထာ့နဲ႔ ျပန္ခဲ့ရတယ္။ ဒူးက က်ြဲေကာသီးအေသး တစ္လံုးစာေလာက္ေယာင္ေနၿပီး sofa ေပၚပတ္လက္။

အဲ့ဒီအေတာတြင္းမွာ အိမ္ကိုဘယ္သူေရာက္လာလည္းဆိုေတာ့ basketball ကစားဖက္ တရုပ္ျပည္ကသူငယ္ခ်င္းေရာက္လာတယ္။ လူနာေမးေပါ့ေလ။ေနာက္ေန႔ၾကေတာ့ သူ႔အေမကိုယ္တိုင္လိုက္လာၿပီး ေဆးအိုး ေဆးျမစ္ေတြပါယူလာၿပီး ေဆးေတြေပါင္းပါေလေရာ။ သူငယ္ခ်င္းကရွင္းျပတယ္ သူ႔အေမကေဆးဆရာျဖစ္ေၾကာင္း အရိုးအေၾကာ ကိစၥေတြလဲက်ြမ္းက်င္ေၾကာင္း။

အေဒၚႀကီးကေတာ့ အဂၤလိပ္စာမတတ္ေတာ့ ၿပံဳးၿပီးပဲၾကည့္ေနတယ္။ ေဆးလဲရေရာ အေအးခံၿပီး က်ေနာ့္ဒူးေခါင္းကို ေသေသခ်ာခ်ာေဆးလူးေပးတယ္။ ၁၅မိနစ္ေလာက္ၾကာတယ္။ ၿပီးေတာ့ေဆးအံုေပးၿပီး ပတ္တီးစည္းေပးတယ္။ စိတ္ထဲမွာ အားလဲနာတယ္ ထူးလဲထူးဆန္း တဲ့ခံစားခ်က္မ်ိ ဳးျဖစ္မိတယ္။ ျပန္ခါနီးက်ေတာ့ ေဆးအိုးအၿပီးေပးခဲ့ၿပီး ေနာက္ေန႔ေတြ ဘယ္ႏွစ္ႀကိမ္ ဘယ္လိုလိမ္းဖို႔ေသခ်ာမွာၿပီးမွျပန္သြားတယ္။

အဲ့ဒီ့ တရုပ္သူငယ္ခ်င္းက သူ႔ႏိုင္ငံမွာတုန္းက basketball အသင္းရဲ႕ captain။ အရမ္းေတာ္တယ္။ ေျပာ႐ရင္ က်ေနာ့္ရဲ႕ၿပိဳင္ဘက္။ သူသာျဖစ္ခဲ့ရင္ က်ေနာ္ေဆးသြားလိမ္းေပးဖို႔ေန လူနာေတာင္သြားေမးျဖစ္မွာမဟုတ္ဘူး။

ခုနက က်ေနာ္ေျပာတဲ့ ထူးဆန္းတဲ့ခံစားခ်က္ဆိုတာ တကယ္ေတာ့ ေမတၱာပါ။ ကရုဏာသက္သက္ ေစတနာသက္သက္ နဲ႔ တတ္ႏိုင္တာေလးကူညီေပးသြားတာ။ အဲ့ဒီ့ ေမတၱာ အစြမ္းကဘယ္ေလာက္ႀကီးသလဲဆိုရင္ က်ေနာ့္လိုအစြဲႀကီးတဲ့ေကာင္ အစြဲျပဳတ္သြားတယ္။ ေနာက္ေနာင္ ျပည္ႀကီးကတရုပ္ေတြဆိုၿပီး ဘယ္ေသာအခါမွေျပာမထြက္ေတာ့။ ရိုင္းတဲ့သူေတြေတြ႕လည္း တစ္ဦးတစ္ေယာက္စီသက္သက္ပဲေတြးေတာ့တယ္။ Individualism ကိုနားလည္သြားတယ္။

လူမ်ိ ဳးလိုက္ မုန္းတီးဖို႔ဆိုတာ တကယ္ေတာ့ ဘယ္လိုမွသဘာဝမက်သလို ဘယ္လိုမွလည္းမျဖစ္ႏိုင္ပါဘူး။ မုန္းတီးေနတဲ့လူေတြဟာ အစြဲတစ္ခုေၾကာင့္ပါ။ လူမ်ိ ဳးတိုင္း ဘာသာတိုင္း ႏိုင္ငံတိုင္းမွာ ေကာင္းသူ နဲ႔ ဆိုးသူ ဆိုတာအၿမဲရိွတယ္။ ဆင္းလံုးေခ်ာ လူမ်ိ ဳးစုဆိုတာ ဘယ္တုန္းကမွမရိွခဲ့သလို ဘယ္ေသာအခါမွလည္းရိွလာမွာမဟုတ္ပါဘူး။

Copy

Zenn Kyi (ဇဏ္ခီ)

============

ဥပါယ်တံမျဉ်သရုပ်ဆောင် မင်းသားဇဏ်ခီ၏ လူမျိုးရေး ဘာသာရေးအမြင်

ကျနော် ငယ်ငယ်က အစွဲအားကြီးကြီးခဲ့တယ်။ မန္တလေးသားဆိုတော့ သာတောင်ဆိုးသေး။

မန္တလေးလောက်ကောင်းတာ ဘယ်မှာမှမရှိ။ အစားအေသောက်ချင်း ယှဉ်မလား…

ယဉ်ကျေးမှုချင်း ယှဉ်မလား ခမ်းနားမှုချင်း ယှဉ်မလား လူလူချင်း ယှဉ်မလား အားလုံးနားထား မန္တလေး မှ မန္တလေး.. မန္တလေး မဟာမြတ််မုနိက ရန်ကုန်က ရွှေတိဂုံ ထက်ပိုသပ္ပါယ်တယ်လို့တောင်တွေးမိသေး..

အဲဒါကို စသလိုနောက်သလိုလာမလုပ်လိုက်နဲ့ ရန်ဖြစ်ဖို့အသင့်ဘဲ။

ပဲမစားဘူး ဆင်းရဲတဲ့သူတွေစားလို့ ဗုဒ္ဓဘာသာဟာအကောင်းဆုံး ငါ့ ဘုရားကတစ်ခြားဘုရားတွေအားလုံးထက်သာတယ်။

တစ်ခြားဘာသာဝင်တစ်ယောက်ကမငြင်းလိုက်နဲ့ပါးစပ်တွေ လက်တွေ ပါလာလိမ့်မယ်။

(ငယ်ငယ်က မိုးမွှန်အောင်အဆဲသန်ခဲ့ဖူးတယ်)Bon Jovi ဟာကမ႓ာပေါ်မှာအကောင်းဆုံး bandသဘောမတူသူဟာ ရန်သူ။

ရုပ်ရှင်ထဲကလို လူမည်းတွေ (နီဂရိုး လို့ခေါ်ခဲ့ဖူး) ဟာ အပြင်မှာလဲ လူဆိုးကြီးတွေ.. (Mike Tyson နဲ့ Eddie Murphy ကိုတော့အသေကြိုက်)

မွတ်ဆလင်တွေ အကုန်လုံးဟာ အကျင့်မကောင်းသူတွေ ပြည်ကြီးကတရုပ်တွေဟာ အကုန်အရိုင်းအစိုင်းတွေ တစ်ယောက်မကျန်။

ထိုထိုသောအစွဲများနဲ့ကျနော် အမေရီးကား ကိုရောက်ရှိသွားပါတယ်။အမေရိကား မှာမှ New York ကိုရောက်သွားတာပါ။

New York မြို့ဆိုတာက ကမ႓ာပေါ်မှာရှိတဲ့လူမျိုးတွေအကုန်လုံးနီးနီးပေါင်းနေကြတဲ့မြို့..

မှတ်မိသေးတယ် ရောက်စက အဒေါ်နဲ့မြို့ထဲလျှောက်လယ်တော့ နီဂရိုး နီဂရိုး ဆိုပြီးကျယ်ကျယ်ပြောတော့ အဒေါ်က အသည်းအသန်တားခဲ့ရဖူးတယ်..အဲ့ဒါက ကျွန်ခေတ်တုန်းက အသုံးအနှုန်း

ကျောင်းစတက်တော့ English အတန်းတွေယူတဲ့အချိန်မှာ ကိုယ့်လိုတစ်ခြားနိုင်ငံက ရောက်ခါစ immigrants များတဲ့ class တွေယူရတယ်။ အဲ့ဒီမှာ ပြည်ကြီးကတရုပ်တွေနဲ့ပက်ပင်းတိုးတာပဲ။ အရိုင်းအစိုင်းတွေဆိုတဲ့ကောင်တွေ။ ဘင်္ဂလားဒေ့(ရှ်) က ကုလားတစ်ချိ ု့လည်းရှိတယ်။ ဒါပေမယ့်လည်း ဒီလိုဘဲ စာအတူတူသင်ကြရတာပေါ့။

တစ်ခုက US မှာကဒီမှာလို လူမျိ ုးရေး ဘာသာရေးပြဿ နာ သိပ်မရှိတော့ အဲ့ဒီ့အကြောင်းတွေမပြောကြတော့ အချိန်တစ်ခုအတွင်းမှာ သူငယ်ချင်းတွေဖြစ်သွားတာပါဘဲ။ Immigrants တွေ ချင်းအတူတူပိုပြီးတောင်တစ်ယောက်နဲ့တစ်ယောက်နားလည်လို့ရတယ်။ နောက်ပိုင်းမှာ အော် geopolitics ဆိုတာဒါပါလားဆိုတာသဘောပေါက်သွားတယ်။သေလောက်အောင်တစ်ယောက်နဲ့တစ်ယောက်မုန်းတဲ့

လူမျိ ုးတွေ တစ်ခြားနိုင်ငံမှာကြတော့ မိတ်ဆွေအရင်းကြီးတွေဖြစ်လို့ရနေတယ်။ ဒီအတွေးတွေကနောက်ပိုင်းမှဝင်လာတာပါ။

Power of one ဆိုတဲ့ ခေါင်းစဉ်ဘယ်ကရလဲဆိုတာပြောပြချင်တယ်။ ကျနော် ငယ်ငယ်က basketball သမားတစ်ယောက်ပါ။ Professional level ကိုသွားချင်ခဲ့ဖူးတယ်။ ကျောင်းဆင်းပြီဆိုရင် အိမ်ပြန်ဗိုက်ဖြည့်ပြီးတာနဲ့ ကွင်းကိုဦးဆုံးရောက်အောင်သွားတယ်။ တစ်ယောက်မှမရှိတော့တဲ့အချိန်ထိကစားတယ်။ ချွေးရွှဲရင်လဲဖို့ အကျီ င်္ သုံးထည်ပါတယ်။ သုံးထည်စလုံးရွှဲတယ်။ ဒီလိုနဲ့ တစ်ရက်မှာ ကျနော်ဆော့ရင်းနဲ့ ဒူးခေါက်သွားပြီးဘယ်လိုမှထလို့မရအောင်ဖြစ်သွားတယ် ကွင်းထဲမှာ တစ်နာရီလောက်ထိုင်ပြီးမှ အိမ်ကိုထော့နဲ့ထော့နဲ့ ပြန်ခဲ့ရတယ်။ ဒူးက ကျွဲကောသီးအသေး တစ်လုံးစာလောက်ယောင်နေပြီး sofa ပေါ်ပတ်လက်။

အဲ့ဒီအတောတွင်းမှာ အိမ်ကိုဘယ်သူရောက်လာလည်းဆိုတော့ basketball ကစားဖက် တရုပ်ပြည်ကသူငယ်ချင်းရောက်လာတယ်။ လူနာမေးပေါ့လေ။နောက်နေ့ကြတော့ သူ့အမေကိုယ်တိုင်လိုက်လာပြီး ဆေးအိုး ဆေးမြစ်တွေပါယူလာပြီး ဆေးတွေပေါင်းပါလေရော။ သူငယ်ချင်းကရှင်းပြတယ် သူ့အမေကဆေးဆရာဖြစ်ကြောင်း အရိုးအကြော ကိစ္စတွေလဲကျွမ်းကျင်ကြောင်း။

အဒေါ်ကြီးကတော့ အင်္ဂလိပ်စာမတတ်တော့ ပြုံးပြီးပဲကြည့်နေတယ်။ ဆေးလဲရရော အအေးခံပြီး ကျနော့်ဒူးခေါင်းကို သေသေချာချာဆေးလူးပေးတယ်။ ၁၅မိနစ်လောက်ကြာတယ်။ ပြီးတော့ဆေးအုံပေးပြီး ပတ်တီးစည်းပေးတယ်။ စိတ်ထဲမှာ အားလဲနာတယ် ထူးလဲထူးဆန်း တဲ့ခံစားချက်မျိ ုးဖြစ်မိတယ်။ ပြန်ခါနီးကျတော့ ဆေးအိုးအပြီးပေးခဲ့ပြီး နောက်နေ့တွေ ဘယ်နှစ်ကြိမ် ဘယ်လိုလိမ်းဖို့သေချာမှာပြီးမှပြန်သွားတယ်။

အဲ့ဒီ့ တရုပ်သူငယ်ချင်းက သူ့နိုင်ငံမှာတုန်းက basketball အသင်းရဲ့ captain။ အရမ်းတော်တယ်။ ပြောရရင် ကျနော့်ရဲ့ပြိုင်ဘက်။ သူသာဖြစ်ခဲ့ရင် ကျနော်ဆေးသွားလိမ်းပေးဖို့နေ လူနာတောင်သွားမေးဖြစ်မှာမဟုတ်ဘူး။

ခုနက ကျနော်ပြောတဲ့ ထူးဆန်းတဲ့ခံစားချက်ဆိုတာ တကယ်တော့ မေတ္တာပါ။ ကရုဏာသက်သက် စေတနာသက်သက် နဲ့ တတ်နိုင်တာလေးကူညီပေးသွားတာ။ အဲ့ဒီ့ မေတ္တာ အစွမ်းကဘယ်လောက်ကြီးသလဲဆိုရင် ကျနော့်လိုအစွဲကြီးတဲ့ကောင် အစွဲပြုတ်သွားတယ်။ နောက်နောင် ပြည်ကြီးကတရုပ်တွေဆိုပြီး ဘယ်သောအခါမှပြောမထွက်တော့။ ရိုင်းတဲ့သူတွေတွေ့လည်း တစ်ဦးတစ်ယောက်စီသက်သက်ပဲတွေးတော့တယ်။ Individualism ကိုနားလည်သွားတယ်။

လူမျိ ုးလိုက် မုန်းတီးဖို့ဆိုတာ တကယ်တော့ ဘယ်လိုမှသဘာဝမကျသလို ဘယ်လိုမှလည်းမဖြစ်နိုင်ပါဘူး။ မုန်းတီးနေတဲ့လူတွေဟာ အစွဲတစ်ခုကြောင့်ပါ။ လူမျိ ုးတိုင်း ဘာသာတိုင်း နိုင်ငံတိုင်းမှာ ကောင်းသူ နဲ့ ဆိုးသူ ဆိုတာအမြဲရှိတယ်။ ဆင်းလုံးချော လူမျိ ုးစုဆိုတာ ဘယ်တုန်းကမှမရှိခဲ့သလို ဘယ်သောအခါမှလည်းရှိလာမှာမဟုတ်ပါဘူး။

Copy

Zenn Kyi (ဇဏ်ခီ)

=
=

Related posts

Leave a Comment