Search
..

တစ္ေထာင္တန္ႏွင့္ ငါးေထာင္တန္ လဲလွယ္ေပး၍ ေလးေထာင္ျမတ္သည္ဟုဆုိကာ ပြင့္ျဖဴၿမိဳ႕နယ္ရိွ ေက်းရြာတစ္ခ်ိဳ႕တြင္ လဲလွယ္ေနၾက

တစ္ေထာင္တန္ႏွင့္ ငါးေထာင္တန္ လဲလွယ္ေပး၍ ေလးေထာင္ျမတ္သည္ဟုဆုိကာ ပြင့္ျဖဴၿမိဳ႕နယ္ရိွ ေက်းရြာတစ္ခ်ိဳ႕တြင္ လဲလွယ္ေနၾက

ေငြက်ပ္တစ္ေထာင္တန္ႏွင့္ ေငြငါးေထာင္တန္ လဲလွယ္ေပး၍ ေလးေထာင္ျမတ္သည္ဟုဆုိကာ မေကြးတိုင္းရွိ ေက်းရြာတစ္ခ်ိဳ႕မွ ရြာသားမ်ား လဲလွယ္ေနေၾကာင္း အကုန္သိသတင္းဌာနက စံုစမ္းသိရသည္။

အဆိုပါ လဲလွယ္ေပးမႈမွာ မေကြးတုိင္းေဒသႀကီး ပြင့္ျဖဴၿမဳိ႕နယ္ နပဲကုန္းႏွင့္ ေဗာဓိကုန္းေက်းရြာတြင္ျဖစ္ပြားျပီး ေငြက်ပ္တစ္ေထာင္တန္ေပးပါက ေငြက်ပ္ငါးေထာင္တန္ ႏွင့္ လဲလွယ္ေပးျခင္းေၾကာင့္ ေလးေထာင္ျမတ္သည္ဟုဆုိကာ ရြာသားမ်ားက လဲလွယ္ေပးမႈျဖစ္စဥ္ သည္ ဧၿပီ ၃ရက္ က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆုိပါ ေငြက်ပ္ငါးေထာင္တန္မ်ားအား အတုအစစ္ကို ရြာသားမ်ားမသိရွိေသာ္လည္း ယင္းရြာမွာ ပြင့္ျဖဴၿမဳိ႕နယ္ႏွင့္ အတန္ငယ္ ေ၀းကြာေၾကာင္း ပြင့္ျဖဴၿမဳိ႕နယ္ စိန္မိသားစု မီနီမတ္မွ ဦးထြန္းထြန္း က အကုန္သိ သတင္းဌာနကို အတည္ျပဳေျပာၾကားသည္။

’’ငါးေထာင္တန္က အတုလားအစစ္လား မသိေပမယ့္ ကြ်န္ေတာ့္တပည့္ ေကာင္ေလးရဲ႕ တူမက လဲလုိက္တာ ဒါကုိ ကြ်န္ေတာ့္တပည့္က ကြ်န္ေတာ့္ဆီ အေၾကာင္းၾကားတယ္။ ဘယ္သူေတြက လဲေပးတယ္။ ဘယ္အဖြဲ႔အစည္းကဆုိတာ မသိေပမယ့္ လဲေပးခဲ့တာေတာ့ တကယ္လဲေပးခဲ့တာျဖစ္တယ္ ။ဒါက ေငြအတုလား အစစ္လား မသိဘူး။ အဲဒါနဲ႔ကြ်န္ေတာ္လည္း တစ္ျခား ရြာေတြ အဲ ဒီလုိ ဆက္မျဖစ္ေအာင္ မေကြးတုိင္း အစုိးရအဖြဲ႔က ၀န္ႀကီးခ်ဳပ္ ရဲ႕လူမႈကြန္ရက္ ရယ္၊ ျပည္ခုိင္ၿဖဳိးကေရာ အန္အယ္လ္ဒီကေရာ တက္ၾကြတဲ့ လူေတြကုိ တက္ခ်္တြဲလုိက္တယ္ ’’ဟု ဦးထြန္းထြန္းက ေျပာသည္။

အဆုိပါျဖစ္စဥ္အား အလားတူ မေကြးတုိင္းေဒသႀကီး ေစတုတၱရာတြင္လည္း လဲလွယ္ေပးေနေၾကာင္း ၄င္း စိန္မိသားစု မီနီမတ္မွ ဦးထြန္းထြန္း ေရးသားထားေသာ လူမႈကြန္ရက္ ပုိ႔စ္ေအာက္တြင္ လာေရာက္ေရးသားမႈမ်ား ရွိလာကာ ၄င္းေငြစကၠဴ ငါးေထာင္တန္မ်ားသည္ အတုျဖစ္ႏုိင္ေၾကာင္း သုံးသပ္မႈမ်ားလည္း ေရးသားထားေၾကာင္း သိရသည္။

အဆုိပါျဖစ္စဥ္အား ပြင့္ျဖဴၿမဳိ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန သုိ႔ အကုန္သိ သတင္းဌာနက ဧၿပီ ၅ရက္ ညေနပုိင္းတြင္ ဆက္သြယ္ေမးျမန္းရာ ၌ ယင္းျဖစ္စဥ္ကုိမသိရွိေၾကာင္း ရုံးႏွင့္အိမ္သုိ႔သာ အသြားအျပန္ရွိ၍ ျဖစ္စဥ္ကုိ မသိခဲ့ဟု ျပန္လည္ေျဖၾကားခဲ့ေၾကာင္း သိရသည္။

Credit – မင္းသီဟန္( အကုန္သိသတင္းဌာန)

============

တစ်ထောင်တန်နှင့် ငါးထောင်တန် လဲလှယ်ပေး၍ လေးထောင်မြတ်သည်ဟုဆိုကာ ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာတစ်ချို့တွင် လဲလှယ်နေကြ

ငွေကျပ်တစ်ထောင်တန်နှင့် ငွေငါးထောင်တန် လဲလှယ်ပေး၍ လေးထောင်မြတ်သည်ဟုဆိုကာ မကွေးတိုင်းရှိ ကျေးရွာတစ်ချို့မှ ရွာသားများ လဲလှယ်နေကြောင်း အကုန်သိသတင်းဌာနက စုံစမ်းသိရသည်။

အဆိုပါ လဲလှယ်ပေးမှုမှာ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် နပဲကုန်းနှင့် ဗောဓိကုန်းကျေးရွာတွင်ဖြစ်ပွားပြီး ငွေကျပ်တစ်ထောင်တန်ပေးပါက ငွေကျပ်ငါးထောင်တန် နှင့် လဲလှယ်ပေးခြင်းကြောင့် လေးထောင်မြတ်သည်ဟုဆိုကာ ရွာသားများက လဲလှယ်ပေးမှုဖြစ်စဉ် သည် ဧပြီ ၃ရက် က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ငွေကျပ်ငါးထောင်တန်များအား အတုအစစ်ကို ရွာသားများမသိရှိသော်လည်း ယင်းရွာမှာ ပွင့်ဖြူမြို့နယ်နှင့် အတန်ငယ် ဝေးကွာကြောင်း ပွင့်ဖြူမြို့နယ် စိန်မိသားစု မီနီမတ်မှ ဦးထွန်းထွန်း က အကုန်သိ သတင်းဌာနကို အတည်ပြုပြောကြားသည်။

’’ငါးထောင်တန်က အတုလားအစစ်လား မသိပေမယ့် ကျွန်တော့်တပည့် ကောင်လေးရဲ့ တူမက လဲလိုက်တာ ဒါကို ကျွန်တော့်တပည့်က ကျွန်တော့်ဆီ အကြောင်းကြားတယ်။ ဘယ်သူတွေက လဲပေးတယ်။ ဘယ်အဖွဲ့အစည်းကဆိုတာ မသိပေမယ့် လဲပေးခဲ့တာတော့ တကယ်လဲပေးခဲ့တာဖြစ်တယ် ။ဒါက ငွေအတုလား အစစ်လား မသိဘူး။ အဲဒါနဲ့ကျွန်တော်လည်း တစ်ခြား ရွာတွေ အဲ ဒီလို ဆက်မဖြစ်အောင် မကွေးတိုင်း အစိုးရအဖွဲ့က ဝန်ကြီးချုပ် ရဲ့လူမှုကွန်ရက် ရယ်၊ ပြည်ခိုင်ဖြိုးကရော အန်အယ်လ်ဒီကရော တက်ကြွတဲ့ လူတွေကို တက်ချ်တွဲလိုက်တယ် ’’ဟု ဦးထွန်းထွန်းက ပြောသည်။

အဆိုပါဖြစ်စဉ်အား အလားတူ မကွေးတိုင်းဒေသကြီး စေတုတ္တရာတွင်လည်း လဲလှယ်ပေးနေကြောင်း ၄င်း စိန်မိသားစု မီနီမတ်မှ ဦးထွန်းထွန်း ရေးသားထားသော လူမှုကွန်ရက် ပို့စ်အောက်တွင် လာရောက်ရေးသားမှုများ ရှိလာကာ ၄င်းငွေစက္ကူ ငါးထောင်တန်များသည် အတုဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရေးသားထားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သို့ အကုန်သိ သတင်းဌာနက ဧပြီ ၅ရက် ညနေပိုင်းတွင် ဆက်သွယ်မေးမြန်းရာ ၌ ယင်းဖြစ်စဉ်ကိုမသိရှိကြောင်း ရုံးနှင့်အိမ်သို့သာ အသွားအပြန်ရှိ၍ ဖြစ်စဉ်ကို မသိခဲ့ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

Credit – မင်းသီဟန်( အကုန်သိသတင်းဌာန)

=
=

Related posts

Leave a Comment