Search
..

မင္းသမီးလုပ္ရတာ ပင္ပန္းလုိ႔ မလုပ္ေစခ်င္ဘူ ဆိုတဲ့ အကယ္ဒမီ ဝတ္မံႈေရႊရည္

ဝတ္မံႈေရႊရည္တစ္ေယာက္ကေတာ့ မင္းသမီးလုပ္ရတာကို ၿငီးေငြ႔လာေနပါတယ္။ နာမည္ေက်ာ္မင္းသမီး ဝတ္မံႈေရႊရည္က သရုပ္ေဆာင္လုပ္ရတာ အရမ္းပင္ပန္းလို႔ မလုပ္ခ်င္ၾကပါနဲ႔လို႔ ေျပာလိုက္ပါတယ္။

ေအာင္ျမင္ေနတဲ့ မင္းသမီးပီပီ ကားရိုက္မ်ား အဆက္မျပတ္လုပ္ရွိေနလို႔ ေန႔စဥ္ ဆက္တိုက္ ပင္ပန္းမႈဒဏ္ကို ခံေနရတဲ့အတြက္ ကိုယ္ခ်င္းစာလို႔ ေျပာလိုက္တာ ျဖစ္ပါတယ္။

ႏိုဝင္ဘာလ ၁၃ ရက္က သူမရဲ့ ေဖ့စ္ဘြက္စာမ်က္ႏွာမွာ ေရးသားလိုက္တာျဖစ္ပါတယ္။“ဒီေန႔ ပင္ပန္းခ်က္ကေတာ့ ကိုယ္လုပ္ေနတာ မင္းသမီးအလုပ္ေကာဟုတ္ရဲ႕လားလို႔ စစ္တိုက္ေနသလား / boxing ထိုးေနလားလို႔ေတာင္ထင္ရတယ္ ကြယ္ ေခၽြးသံ တရဲႊရဲႊ ေမာဟိုက္ အသက္ရႈ ေတြပါက်ပ္လာတာ ဇာတ္ဝင္ခန္းတစ္ခန္းကို 5 နာရီၾကာေလာက္႐ိုက္လိုက္ရတာကိုး အိမ္ေရာက္တဲ့အထိ အေမာမေျပ သ႐ုပ္ေဆာင္မလုပ္ခ်င္ၾကနဲ႔ေနာ္ ပင္ပန္းမွာစိုးလို” လို႔ ေရးသားထားတာ ျဖစ္ပါတယ္။

ဝတ္မံႈေရႊရည္သူ ၂၀၁၃ ခုႏွစ္က နင္ေစရင္ ဇာတ္ကားျဖင့္ ဇာတ္ေဆာင္ေနရာမွ အကယ္ဒမီဆု၊ ၂၀၁၄ ခုႏွစ္က ႏွလံုးသားျဖင့္ ျပဳလုပ္သည္ ဇာတ္ကားျဖင့္ ဇာတ္ပို႔ေနရာမွ အကယ္ဒမီဆု တို႔ကို ရရွိခဲ့သူျဖစ္သည္။

Photos©Wutt Hmone Shwe Yi

Credit..PannPwint

ဝတ်မှုံရွှေရည်တစ်ယောက်ကတော့ မင်းသမီးလုပ်ရတာကို ငြီးငွေ့လာနေပါတယ်။ နာမည်ကျော်မင်းသမီး ဝတ်မှုံရွှေရည်က သရုပ်ဆောင်လုပ်ရတာ အရမ်းပင်ပန်းလို့ မလုပ်ချင်ကြပါနဲ့လို့ ပြောလိုက်ပါတယ်။

အောင်မြင်နေတဲ့ မင်းသမီးပီပီ ကားရိုက်များ အဆက်မပြတ်လုပ်ရှိနေလို့ နေ့စဉ် ဆက်တိုက် ပင်ပန်းမှုဒဏ်ကို ခံနေရတဲ့အတွက် ကိုယ်ချင်းစာလို့ ပြောလိုက်တာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၃ ရက်က သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ ရေးသားလိုက်တာဖြစ်ပါတယ်။“ဒီနေ့ ပင်ပန်းချက်ကတော့ ကိုယ်လုပ်နေတာ မင်းသမီးအလုပ်ကောဟုတ်ရဲ့လားလို့ စစ်တိုက်နေသလား / boxing ထိုးနေလားလို့တောင်ထင်ရတယ် ကွယ် ချွေးသံ တရွှဲရွှဲ မောဟိုက် အသက်ရှု တွေပါကျပ်လာတာ ဇာတ်ဝင်ခန်းတစ်ခန်းကို 5 နာရီကြာလောက်ရိုက်လိုက်ရတာကိုး အိမ်ရောက်တဲ့အထိ အမောမပြေ သရုပ်ဆောင်မလုပ်ချင်ကြနဲ့နော် ပင်ပန်းမှာစိုးလို” လို့ ရေးသားထားတာ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်သူ ၂၀၁၃ ခုနှစ်က နင်စေရင် ဇာတ်ကားဖြင့် ဇာတ်ဆောင်နေရာမှ အကယ်ဒမီဆု၊ ၂၀၁၄ ခုနှစ်က နှလုံးသားဖြင့် ပြုလုပ်သည် ဇာတ်ကားဖြင့် ဇာတ်ပို့နေရာမှ အကယ်ဒမီဆု တို့ကို ရရှိခဲ့သူဖြစ်သည်။

Photos©Wutt Hmone Shwe Yi

Credit..PannPwint

=
=

Related posts